iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ့္ကမၻာႀကီးတစ္စစီျဖစ္သြားၿပီလုိ႔ ထင္တဲ့အခ်ိန္မွာ ကုိယ္မေမ့သင့္တဲ့အခ်က္ေတြ အေတာ္မ်ားမ်ားရွိပါတယ္။ အခုေဖာ္ျပမယ့္ အခ်က္ေတြကို ႏွလံုးသြင္းလိုက္ရင္ ကိုယ္ရင္ဆုိင္ေနရတဲ့ ေလာကဓံကို လက္ပန္းမက်စတမ္း ေက်ာ္လႊားျဖတ္သန္းႏိုင္မွာပါ။

၁. တစ္ခုဆံုးရံႈးသြားတာနဲ႔ တစ္ဘဝလံုး ပ်က္သုန္းသြားတာ မဟုတ္ဘူး။ ကိုယ့္ပတ္ဝန္းက်င္ကို အာရံုစိုက္ၾကည့္လုိက္ရင္ ကိုယ္ကံေကာင္းတာေတြကို ျမင္ႏိုင္မွာပါ။ အဲဒီေက်းဇူးတင္စိတ္နဲ႔ ဘဝကို ဆက္လက္ျဖတ္သန္းနိုင္ပါတယ္။

၂. အဆုိးမွန္သမွ် ယာယီအခိုက္အတန္႔ပါပဲ။ ဒီအခုိက္အတန္႔မွာ ေတာင့္ခံထားဖို႔ပဲ လုိပါတယ္။

၃. ဒုကၡေတြကို ေက်ာ္လႊားဖို႔ ကိုယ့္မွာ အင္အားအလံုအေလာက္ရွိပါတယ္။ ကိုယ့္ကိုယ္ကုိ ယံုၾကည္စိတ္တစ္ခုပဲ လုိတာပါ။

၄. အေျခအေနကို ကိုယ္ထိန္းခ်ဳပ္ႏိုင္ပါတယ္။ အရင္က မထြက္ဖူးတဲ့ စြမ္းရည္ေတြကို အခုတစ္ခါမွာ စမ္းသပ္ၾကည့္လုိက္ပါ။

၅. အတိတ္ကလည္း ဒီလုိအခက္အခဲေတြ အမ်ားႀကီးကို ေက်ာ္လႊားဖူးၿပီးၿပီပဲ။ အခုတစ္ခါလည္း ေက်ာ္လႊားႏိုင္မွာပါ။

၆. ကိုယ္စုိးရြံ႕ေနတဲ့ ျပႆနာေတြ တကယ္ျဖစ္လာဖုိ႔ အခ်ိန္အၾကာႀကီးလုိပါေသးတယ္။ လူ႔ဘဝဟာ တုိေတာင္းပါတယ္။ ဒီၾကားထဲက ကာလမွာ ကိုယ္စိုးရိမ္ေနတာေတြ တကယ္ျဖစ္လာမယ္လို႔လည္း အတပ္မေျပာႏိုင္ပါဘူး။

၇. အကူအညီေတာင္းတာဟာ ေပ်ာ့ညံံ့တာမဟုတ္ပါဘူး။ ကိုယ္လုိအပ္တဲ့အခ်ိန္မွာ အကူအညီေတာင္းသလုိ သူမ်ားလုိအပ္တဲ့အခ်ိန္မွာလည္း အျပန္အလွန္ကူညီေပးဖို႔ပဲလုိပါတယ္။ ဒါဟာ ၾကင္နာျခင္းရဲ႕ သေကၤတျဖစ္ပါတယ္။

မုန္တုိင္းၿပီးရင္ ေလေျပလာမယ္ဆိုတဲ့ စကားရွိပါတယ္။ အခက္ခဲဆံုးအခ်ိန္ေတြ ရွိလာခဲ့ရင္ ဇြဲရွိရွိနဲ႔ သည္းခံလုိက္ပါ။ ေမွ်ာ္လင့္ခ်က္ေတြကို မစြန္႔လႊတ္လုိက္ပါနဲ႔။ သန္းေခါင္ေက်ာ္တဲ့အခါ အရုဏ္ဦးရဲ႕အလင္းေရာင္ေလး ေသခ်ာေပါက္ ေရာက္လာပါလိမ့္မယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:စုျပည့္စံု

#Unicode Version

ကိုယ့်ကမ္ဘာကြီးတစ်စစီဖြစ်သွားပြီလို့ ထင်တဲ့အချိန်မှာ ကိုယ်မမေ့သင့်တဲ့အချက်တွေ အတော်များများရှိပါတယ်။ အခုဖော်ပြမယ့် အချက်တွေကို နှလုံးသွင်းလိုက်ရင် ကိုယ်ရင်ဆိုင်နေရတဲ့ လောကဓံကို လက်ပန်းမကျစတမ်း ကျော်လွှားဖြတ်သန်းနိုင်မှာပါ။

၁. တစ်ခုဆုံးရှုံးသွားတာနဲ့ တစ်ဘဝလုံး ပျက်သုန်းသွားတာ မဟုတ်ဘူး။ ကိုယ့်ပတ်ဝန်းကျင်ကို အာရုံစိုက်ကြည့်လိုက်ရင် ကိုယ်ကံကောင်းတာတွေကို မြင်နိုင်မှာပါ။ အဲဒီကျေးဇူးတင်စိတ်နဲ့ ဘဝကို ဆက်လက်ဖြတ်သန်းနိုင်ပါတယ်။

၂. အဆိုးမှန်သမျှ ယာယီအခိုက်အတန့်ပါပဲ။ ဒီအခိုက်အတန့်မှာ တောင့်ခံထားဖို့ပဲ လိုပါတယ်။

၃. ဒုက္ခတွေကို ကျော်လွှားဖို့ ကိုယ့်မှာ အင်အားအလုံအလောက်ရှိပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်တစ်ခုပဲ လိုတာပါ။

၄. အခြေအနေကို ကိုယ်ထိန်းချုပ်နိုင်ပါတယ်။ အရင်က မထွက်ဖူးတဲ့ စွမ်းရည်တွေကို အခုတစ်ခါမှာ စမ်းသပ်ကြည့်လိုက်ပါ။

၅. အတိတ်ကလည်း ဒီလိုအခက်အခဲတွေ အများကြီးကို ကျော်လွှားဖူးပြီးပြီပဲ။ အခုတစ်ခါလည်း ကျော်လွှားနိုင်မှာပါ။

၆. ကိုယ်စိုးရွံ့နေတဲ့ ပြဿနာတွေ တကယ်ဖြစ်လာဖို့ အချိန်အကြာကြီးလိုပါသေးတယ်။ လူ့ဘဝဟာ တိုတောင်းပါတယ်။ ဒီကြားထဲက ကာလမှာ ကိုယ်စိုးရိမ်နေတာတွေ တကယ်ဖြစ်လာမယ်လို့လည်း အတပ်မပြောနိုင်ပါဘူး။

၇. အကူအညီတောင်းတာဟာ ပျော့ညံံ့တာမဟုတ်ပါဘူး။ ကိုယ်လိုအပ်တဲ့အချိန်မှာ အကူအညီတောင်းသလို သူများလိုအပ်တဲ့အချိန်မှာလည်း အပြန်အလှန်ကူညီပေးဖို့ပဲလိုပါတယ်။ ဒါဟာ ကြင်နာခြင်းရဲ့ သင်္ကေတဖြစ်ပါတယ်။

မုန်တိုင်းပြီးရင် လေပြေလာမယ်ဆိုတဲ့ စကားရှိပါတယ်။ အခက်ခဲဆုံးအချိန်တွေ ရှိလာခဲ့ရင် ဇွဲရှိရှိနဲ့ သည်းခံလိုက်ပါ။ မျှော်လင့်ချက်တွေကို မစွန့်လွှတ်လိုက်ပါနဲ့။ သန်းခေါင်ကျော်တဲ့အခါ အရုဏ်ဦးရဲ့အလင်းရောင်လေး သေချာပေါက် ရောက်လာပါလိမ့်မယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:စုပြည့်စုံ
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top