iMyanmarHouse.com - Best Property Website for Myanmar
×

ဘက္တီးရီးယားေတြ ေပ်ာက္ပ်က္ဖို႔ သင့္ပါးစပ္ကို ေလ့က်င့္ခန္း လုပ္ေပးဖို႔ လိုပါတယ္။ နယ္သာလန္က စမ္းသပ္ခ်က္တစ္ခုမွာ ပီေကဝါးတာဟာ သင့္ပါးစပ္ကို သန္႔ေစေၾကာင္း ေတြ႕႐ွိရပါတယ္။

ေလ့လာခ်က္မွာ ပါဝင္သူ တစ္ဦးတစ္ေယာက္စီကို သၾကားမပါတဲ့ ပီေက ၁၀ မိနစ္ေလာက္ ဝါးခိုင္းပါတယ္။ ဝါးၿပီးတဲ့ ပီေကဖတ္ေတြကို ေလ့လာၾကည့္ရာမွာ ပီေကဖတ္တစ္ခုျခင္းစီမွာ ဘက္တီးရီးယား သန္း ၁၀၀ ေလာက္ ကပ္ၿငိပါလာတာ ေတြ႕ရပါတယ္။

3-plus-watch

အဲဒီပမာဏဟာ ပါးစပ္ထဲမွာ ႐ွိသမ်ွ ဘက္တီးရီးယား အားလံုးနဲ႔ စာၾကည့္ရင္ နည္းနည္းေလးဆိုေပမယ့္ အက်ိဳးသက္ေရာက္မႈေတြ ႐ွိပါတယ္။ သြားေပါက္နည္းတာ၊ သြားဖံုး ပို က်န္းမာလာတာ၊ ခံတြင္းနံ႔ပိုေကာင္းတာတို႔ ျဖစ္ေစပါတယ္။

ပီေကဝါးလိုက္တာနဲ႔ သင့္သြားမွာ ကပ္ၿငိေနတဲ့ အစာ အပုိင္းအစေလးေတြနဲ႔ ခ်ိဳးေတြကို ႐ွင္းထုတ္ေပးလို႔ပါလို႔ စမ္းသပ္သူက ေျပာပါတယ္။ အဲဒီ စမ္းသပ္ခ်က္ကို ပီေကကုမၸဏီ Wrigley က မတည္ထားတာပါ။ ဒါေပမယ့္ ပီေကဝါးျခင္းမွာ အျခား ဘာအက်ိဳးေတြ ႐ွိေနပါေသးသလဲ??

ဒီေခါင္းစဥ္ေအာက္မွာ ေလ့လာခ်က္ေတြ အမ်ားႀကီး႐ွိၿပီး ေသခ်ာတာ တစ္ခုကေတာ့ ပီေကဝါးတာဟာ သင့္ပါးစပ္ထဲက ဘက္တီးရီးယား အေရအတြက္ ေလ်ာ့ခ်ဖို႔ အရမ္း အက်ိဳးသက္ေရာက္တယ္ ဆိုတာပါပဲ။

အဲဒါဟာ ပီေကဝါးျခင္းက တံေတြးပိုထြက္ေအာင္ လွံု႔ေဆာ္ေပးႏိုင္လို႔လဲ ပါပါတယ္။ တံေတြးဟာ ဗက္တီးရီးယား ေသေစႏိုင္ၿပီး သင့္သြားဖံုးသားကုိလဲ ပိုၿပီး က်န္းမာေစပါတယ္။

သြားပြတ္ႀကိဳးသံုးျခင္းဟာ သြားၾကားထဲမွာ႐ွိတဲ့ ဗက္တီးရီးယားေတြကို ႐ွင္းပစ္ႏိုင္လို႔ အေကာင္းဆံုး ဘက္တီးရီးယား သတ္နည္း ျဖစ္ေနဆဲပါပဲ။ ပီေကကေတာ့ သြား မ်က္ႏွာျပင္ေတြကိုပဲ ႐ွင္းႏိုင္တာပါ။

အဲဒါေၾကာင့္ ပီေကတစ္ခုကို သြားပြတ္ႀကိဳးအစားထိုးလို႔ မျမင္ပါနဲ႔။ ပိုေကာင္းေအာင္ ျဖည့္ဆည္းေပးႏိုင္တဲ့ အရာတစ္ခုအျဖစ္ စဥ္းစားပါ။ ဒါမွမဟုတ္ ယာယီသံုး၊ အေရးေပၚသံုး သံုးရတဲ့ အရာတစ္ခုလုိ စဥ္းစားပါ။

ဘယ္လိုပီေကက အေကာင္းဆံုးလဲ ဆိုတာေတာ့ သင့္အေပၚပဲ မူတည္ပါတယ္။ သၾကားမပါဖို႔ေတာ့ သတိထားပါ။

သင့္ပါးစပ္ထဲက ဘက္တီးရယားဟာ ပံုမွန္ ပီေကေတြမွာပါတဲ့ သၾကားကုိ အခ်ဥ္ေဖာက္ၿပီး အက္ဆစ္ ျဖစ္ေစပါတယ္။ ဒါေပမယ့္ သၾကားမပါတဲ့ ပီေကေတြရဲ႕ အခ်ိဳဓာတ္ကေတာ့ အဲဒီလို မျဖစ္ေစပါဘူး။

ဘယ္ေလာက္ ဝါးသင့္လဲဆိုတာကေတာ့ ၁၀ မိနစ္ပါပဲ။ အဲဒီထက္ ေက်ာ္သြားရင္ ပီေကထံမွာ ကပ္ေနမယ့္ ဘက္တီးရီးယားေတြ ပါးစပ္ထဲ ျပန္လြတ္ႏိုင္လို႔ပါ။ အရသာလဲ ေပ်ာက္သြားေလာက္ပါၿပီ။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit :gelteman magazine

#Unicode Version
ဘက်တီးရီးယားတွေ ပျောက်ပျက်ဖို့ သင့်ပါးစပ်ကို လေ့ကျင့်ခန်း လုပ်ပေးဖို့ လိုပါတယ်။ နယ်သာလန်က စမ်းသပ်ချက်တစ်ခုမှာ ပီကေဝါးတာဟာ သင့်ပါးစပ်ကို သန့်စေကြောင်း တွေ့ရှိရပါတယ်။

လေ့လာချက်မှာ ပါဝင်သူ တစ်ဦးတစ်ယောက်စီကို သကြားမပါတဲ့ ပီကေ ၁၀ မိနစ်လောက် ဝါးခိုင်းပါတယ်။ ဝါးပြီးတဲ့ ပီကေဖတ်တွေကို လေ့လာကြည့်ရာမှာ ပီကေဖတ်တစ်ခုခြင်းစီမှာ ဘက်တီးရီးယား သန်း ၁၀၀ လောက် ကပ်ငြိပါလာတာ တွေ့ရပါတယ်။

3-plus-watch

အဲဒီပမာဏဟာ ပါးစပ်ထဲမှာ ရှိသမျှ ဘက်တီးရီးယား အားလုံးနဲ့ စာကြည့်ရင် နည်းနည်းလေးဆိုပေမယ့် အကျိုးသက်ရောက်မှုတွေ ရှိပါတယ်။ သွားပေါက်နည်းတာ၊ သွားဖုံး ပို ကျန်းမာလာတာ၊ ခံတွင်းနံ့ပိုကောင်းတာတို့ ဖြစ်စေပါတယ်။

ပီကေဝါးလိုက်တာနဲ့ သင့်သွားမှာ ကပ်ငြိနေတဲ့ အစာ အပိုင်းအစလေးတွေနဲ့ ချိုးတွေကို ရှင်းထုတ်ပေးလို့ပါလို့ စမ်းသပ်သူက ပြောပါတယ်။ အဲဒီ စမ်းသပ်ချက်ကို ပီကေကုမ္ပဏီ Wrigley က မတည်ထားတာပါ။ ဒါပေမယ့် ပီကေဝါးခြင်းမှာ အခြား ဘာအကျိုးတွေ ရှိနေပါသေးသလဲ??

ဒီခေါင်းစဉ်အောက်မှာ လေ့လာချက်တွေ အများကြီးရှိပြီး သေချာတာ တစ်ခုကတော့ ပီကေဝါးတာဟာ သင့်ပါးစပ်ထဲက ဘက်တီးရီးယား အရေအတွက် လျော့ချဖို့ အရမ်း အကျိုးသက်ရောက်တယ် ဆိုတာပါပဲ။

အဲဒါဟာ ပီကေဝါးခြင်းက တံတွေးပိုထွက်အောင် လှုံ့ဆော်ပေးနိုင်လို့လဲ ပါပါတယ်။ တံတွေးဟာ ဗက်တီးရီးယား သေစေနိုင်ပြီး သင့်သွားဖုံးသားကိုလဲ ပိုပြီး ကျန်းမာစေပါတယ်။

သွားပွတ်ကြိုးသုံးခြင်းဟာ သွားကြားထဲမှာရှိတဲ့ ဗက်တီးရီးယားတွေကို ရှင်းပစ်နိုင်လို့ အကောင်းဆုံး ဘက်တီးရီးယား သတ်နည်း ဖြစ်နေဆဲပါပဲ။ ပီကေကတော့ သွား မျက်နှာပြင်တွေကိုပဲ ရှင်းနိုင်တာပါ။

အဲဒါကြောင့် ပီကေတစ်ခုကို သွားပွတ်ကြိုးအစားထိုးလို့ မမြင်ပါနဲ့။ ပိုကောင်းအောင် ဖြည့်ဆည်းပေးနိုင်တဲ့ အရာတစ်ခုအဖြစ် စဉ်းစားပါ။ ဒါမှမဟုတ် ယာယီသုံး၊ အရေးပေါ်သုံး သုံးရတဲ့ အရာတစ်ခုလို စဉ်းစားပါ။

ဘယ်လိုပီကေက အကောင်းဆုံးလဲ ဆိုတာတော့ သင့်အပေါ်ပဲ မူတည်ပါတယ်။ သကြားမပါဖို့တော့ သတိထားပါ။

သင့်ပါးစပ်ထဲက ဘက်တီးရယားဟာ ပုံမှန် ပီကေတွေမှာပါတဲ့ သကြားကို အချဉ်ဖောက်ပြီး အက်ဆစ် ဖြစ်စေပါတယ်။ ဒါပေမယ့် သကြားမပါတဲ့ ပီကေတွေရဲ့ အချိုဓာတ်ကတော့ အဲဒီလို မဖြစ်စေပါဘူး။

ဘယ်လောက် ဝါးသင့်လဲဆိုတာကတော့ ၁၀ မိနစ်ပါပဲ။ အဲဒီထက် ကျော်သွားရင် ပီကေထံမှာ ကပ်နေမယ့် ဘက်တီးရီးယားတွေ ပါးစပ်ထဲ ပြန်လွတ်နိုင်လို့ပါ။ အရသာလဲ ပျောက်သွားလောက်ပါပြီ။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit :gelteman magazine

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top