iMyanmarHouse.com - Best Property Website for Myanmar
×

တခါတရံ ကြ်ႏု္ပ္တုိ႔ ဖုန္းကို အိမ္ထဲထိ ယူသြားတတ္ၾကပါတယ္။ ဒါ သိပ္အႏၱရာယ္မ်ားတဲ့ အေလ့အက်င့္တစ္ခုျဖစ္ပါတယ္။ ကိုယ္ကိုယ္တုိင္နဲ႔ အျခားသူေတြကို ေရာဂါပိုးေတြနဲ႔ ထိေတြ႔ေစႏုိင္ပါတယ္။ လက္ကေဆးစရာရွိိတာကိုေဆးျပီး ဖုန္းကိုင္မယ္ဆုိရင္ေတာင္ လက္ေဆးရတာ အေႏွာင့္အယွက္ျဖစ္ေစႏုိင္သလို ဖုန္းေပၚကပ္ပါလာတဲ့ ဘက္တီးရီးယားပိုးေတြအားလုံး လက္ေပၚျပန္ေရာက္သြားပါလိမ့္မယ္လုိ႔ တစ္ကုိယ္ေရသန္႔ရွင္းေရးဆုိင္ရာ ကြ်မ္းက်င္သူ ေဒါက္တာ Lisa Ackerley က ဆိုပါတယ္။

ဗုိင္းရပ္စ္ေရာဂါပုိးနဲ႔ မစင္အညမ္းအေၾကးကူးေျပာင္းမွာ စိုးရိမ္ပါက အိမ္သာထဲ ဖုန္းမယူသြားသင့္ဘူးလုိ႔ Queen Mary's တကၠသိုလ္ ဇီဝေဆးဝါးသိပၸံဘာသာရပ္ဆုိင္ရာ ဒါရုိက္တာ ေဒါက္တာ Ron Cutler က ေျပာဆိုခဲ့ပါတယ္။ အညစ္အေၾကးပမာဏက အိမ္သာရိွတဲ့ေနရာေပၚမူတည္ျပီး မ်ားစြာ ျခားနားတယ္လုိ႔ သူက ဆုိပါတယ္။

ရုံးေသးေသးေလးက ျပသနာမျဖစ္ႏုိင္ေပမယ့္ ေရာဂါပုိးမႊားေတြ အဆင့္ဆင့္ပ်ံ႕ႏွံ႔ေနႏုိင္တဲ့ ေဆးရုံ သုိ႔မဟုတ္ အေပ်ာ္စီးသေဘၤာေတြကေတာ့ တျခားစီျဖစ္ပါတယ္။ ေရာဂါပုိးကူးစက္တာ လက္တစ္ခုတည္းကေနမဟုတ္ပါဘူး။ အိမ္ေရဆဲြခ်ရာက အမႈန္အမႊားေတြဟာ ၆ ေပဝန္းက်င္အထိ ကူးႏုိင္ေၾကာင္း ေဒါက္တာ Ackerley က ေျပာဆိုခဲ့ပါတယ္။ ဒါေၾကာင့္ သြားတုိက္တံေတြကို အိမ္သာနဲ႔ နီးနီးကပ္ကပ္ မထားသင့္သလုိ ဖုန္းကိုလည္း အိမ္သာေရတိုင္ကီေပၚ မထားသင့္ပါဘူး။

ေရာဂါပိုးေတြဟာ ဖုန္းေပၚ ၂ရက္မက အသက္ရွင္ေနႏုိင္ၾကပါတယ္။ ဖုန္းပူေႏြးက ဘက္တီးရီးေတြအတြက္ ေကာင္းမြန္တဲ့ ဝန္းက်င္ျဖစ္ေစတာပါ။ သၾကားလုံးေတြကိုင္ျပီး ဖုန္းမွာ ေစးကပ္ကပ္က်န္ပါက ဘက္တီးရီးပုိးေတြအတြက္ ပိုလုိ႔ေတာင္ေကာင္းမြန္တဲ့ ေနရာတစ္ခုျဖစ္တယ္လုိ႔ ေဒါက္တာ Ackerley က ေျပာဆိုခဲ့ပါတယ္။ ဒီေတာ့ လက္ကို ဆပ္ျပာနဲ႔ ေဆးေၾကာျပီး အိမ္သာမတက္ခင္ ဖုန္းကို အျပင္မွာထားခဲ့ဖုိ႔ မေမ့ပါနဲ႔။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : trend myanmar

#Unicode Version

 တခါတရံ ကျွနု်ပ်တို့ ဖုန်းကို အိမ်ထဲထိ ယူသွားတတ်ကြပါတယ်။ ဒါ သိပ်အန္တရာယ်များတဲ့ အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်နဲ့ အခြားသူတွေကို ရောဂါပိုးတွေနဲ့ ထိတွေ့စေနိုင်ပါတယ်။ လက်ကဆေးစရာရှိတာကိုဆေးပြီး ဖုန်းကိုင်မယ်ဆိုရင်တောင် လက်ဆေးရတာ အနှောင့်အယှက်ဖြစ်စေနိုင်သလို ဖုန်းပေါ်ကပ်ပါလာတဲ့ ဘက်တီးရီးယားပိုးတွေအားလုံး လက်ပေါ်ပြန်ရောက်သွားပါလိမ့်မယ်လို့ တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ Lisa Ackerley က ဆိုပါတယ်။

ဗိုင်းရပ်စ်ရောဂါပိုးနဲ့ မစင်အညမ်းအကြေးကူးပြောင်းမှာ စိုးရိမ်ပါက အိမ်သာထဲ ဖုန်းမယူသွားသင့်ဘူးလို့ Queen Mary's တက္ကသိုလ် ဇီဝဆေးဝါးသိပ္ပံဘာသာရပ်ဆိုင်ရာ ဒါရိုက်တာ ဒေါက်တာ Ron Cutler က ပြောဆိုခဲ့ပါတယ်။ အညစ်အကြေးပမာဏက အိမ်သာရှိတဲ့နေရာပေါ်မူတည်ပြီး များစွာ ခြားနားတယ်လို့ သူက ဆိုပါတယ်။

ရုံးသေးသေးလေးက ပြသနာမဖြစ်နိုင်ပေမယ့် ရောဂါပိုးမွှားတွေ အဆင့်ဆင့်ပျံ့နှံ့နေနိုင်တဲ့ ဆေးရုံ သို့မဟုတ် အပျော်စီးသင်္ဘောတွေကတော့ တခြားစီဖြစ်ပါတယ်။ ရောဂါပိုးကူးစက်တာ လက်တစ်ခုတည်းကနေမဟုတ်ပါဘူး။ အိမ်ရေဆွဲချရာက အမှုန်အမွှားတွေဟာ ၆ ပေဝန်းကျင်အထိ ကူးနိုင်ကြောင်း ဒေါက်တာ Ackerley က ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် သွားတိုက်တံတွေကို အိမ်သာနဲ့ နီးနီးကပ်ကပ် မထားသင့်သလို ဖုန်းကိုလည်း အိမ်သာရေတိုင်ကီပေါ် မထားသင့်ပါဘူး။

ရောဂါပိုးတွေဟာ ဖုန်းပေါ် ၂ရက်မက အသက်ရှင်နေနိုင်ကြပါတယ်။ ဖုန်းပူနွေးက ဘက်တီးရီးတွေအတွက် ကောင်းမွန်တဲ့ ဝန်းကျင်ဖြစ်စေတာပါ။ သကြားလုံးတွေကိုင်ပြီး ဖုန်းမှာ စေးကပ်ကပ်ကျန်ပါက ဘက်တီးရီးပိုးတွေအတွက် ပိုလို့တောင်ကောင်းမွန်တဲ့ နေရာတစ်ခုဖြစ်တယ်လို့ ဒေါက်တာ Ackerley က ပြောဆိုခဲ့ပါတယ်။ ဒီတော့ လက်ကို ဆပ်ပြာနဲ့ ဆေးကြောပြီး အိမ်သာမတက်ခင် ဖုန်းကို အပြင်မှာထားခဲ့ဖို့ မမေ့ပါနဲ့။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : trend myanmar


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top