iMyanmarHouse.com - Best Property Website for Myanmar
×

ဒီေန႕လို ခရစၥမတ္ေန႕ေလးမွာ ကိုယ့္ခ်စ္သူကို ခရစၥမတ္လက္ေဆာင္ေပးခ်င္တာပဲျဖစ္ျဖစ္၊ ရိုမန္တစ္ဆန္တဲ့ လက္ေဆာင္တစ္ခု ေပးခ်င္တာမ်ိဳးပဲျဖစ္ျဖစ္ ေရြးခ်ယ္ဖုိ႕အသင့္ေတာ္ဆံုး လက္ေဆာင္ကေတာ့ I Love You ဖန္ပုလင္းေလးေတြပါပဲ။ တစ္ခ်ိဳ႕က်ေတာ့ တစ္ႏွစ္ပတ္လံုး စာရြက္ေလးေတြေပၚ ကိုယ့္ခ်စ္သူကို ဘာ့ေၾကာင့္ခ်စ္ရသလဲဆုိျပီး တစ္ရက္ခ်င္းစီ ေရးခ်သြားကာ ႏွစ္ပတ္လည္ေန႕မွာ ကိုယ့္ခ်စ္သူကို လက္ေဆာင္ေပးတာမ်ိဳးလည္းရွိပါတယ္။ တစ္ခ်ိဳ႕က်ေတာ့လည္း စာရြက္ေခါက္ ဘယ္ႏွစ္ခုဆုိတာကို သိပ္အေရးတၾကီးမလုပ္ပဲ ကုိယ္သေဘာက်တဲ့ အခ်က္ေတြအားလံုး ေရးခ်ျပီး ပုလဲေလးထဲထည့္ ေပးတတ္ၾကပါတယ္။

ဒီပုလင္းေတြ ကိုယ့္ခ်စ္သူကုိ ေပးမယ္ဆုိရင္ လုပ္ေဆာင္ရမွာေတြက လြယ္ကူပါတယ္။ ကိုယ့္အိမ္မွာရွိျပီးသား အလွဆံုး ဖန္ပုလင္းေလးေတြကို ဖဲၾကိဳးေလး ပတ္ျပီး သူ႕ကိုကိုယ္ ဘာ့ေၾကာင့္ခ်စ္သလဲ၊ သူ႕ကိုခ်စ္ရတဲ့ အေၾကာင္းရင္းေတြက ဘာေတြလဲ၊ သူနဲ႕ကိုယ္ၾကားက အမွတ္တရေလးေတြက ဘာျဖစ္တယ္ဆုိတာကို စာရြက္ေလးေတြေပၚ ခ်ေရးျပီး လိပ္ထည့္ရံုပါပဲ။ စာရြက္ကိုေတာ့ ျဖစ္ႏိုင္ရင္ အလွစာရြက္ေလးေတြ ၀ယ္ျပီး အပုိင္းအပုိင္းေလးေတြ ကတ္ေၾကးနဲ႕ညွပ္ပါ။ အဲ့ဒီအေပၚမွာ နံပါတ္ေလးေတြ တပ္ျပီး နံပါတ္စဥ္လိုက္ ေရးခ်ရမွာပါ။

ဒီဖန္ပုလင္းေလးကို ခ်စ္သူကိုေပးျခင္းအားျဖင့္ ဘာေတြထူးျခားသလဲဆုိေတာ့
၁။ ဒီလက္ေဆာင္က ကိုယ္တုိင္ဖန္တီးလုပ္ေဆာင္ရတာမို႕ အျခားလူဆီမွာ မရွိႏိုင္ပါဘူး။ သင့္ခ်စ္သူက သင့္ရဲ႕အထူးလက္ေဆာင္ကို ပုိင္ဆုိင္ရသလိုပါပဲ။

၂။ ကုိယ္သူ႕ကို ဘာေတြေျပာခ်င္သလဲ၊ ဘာေတြသိေစခ်င္သလဲဆုိတာကို သူေရာ ကိုယ္ေရာ ႏွစ္ဦးစလံုး မွတ္မွတ္ထင္ထင္ရွိေနပါလိမ့္မယ္။

၃။ ဒီစာရြက္ေခါက္ေလးေတြ ဖြင့္ဖတ္တုိင္း သင့္ခ်စ္သူမ်က္ႏွာေပၚ အျပံဳးပြင့္ေလးေတြ ဆင္ျမန္းေပးျပီးသား ျဖစ္သြားမွာပါ။

၄။ ဒီရာသီအတြက္သာမက အခ်ိန္တုိင္းအတြက္ ခ်စ္စရာေကာင္းတဲ့ လက္ေဆာင္ေလးပါ။

၅။ ေစ်းမၾကီးေပမယ့္ သင္ဖန္တီးမႈေၾကာင့္ သင္တုိ႕ႏွစ္ဦးစလံုး အမွတ္တရျဖစ္ရံုသာမက ေပ်ာ္ရႊင္ရပါလိမ့္မယ္။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : trend myanmar

#Unicode Version

ဒီနေ့လို ခရစ္စမတ်နေ့လေးမှာ ကိုယ့်ချစ်သူကို ခရစ္စမတ်လက်ဆောင်ပေးချင်တာပဲဖြစ်ဖြစ်၊ ရိုမန်တစ်ဆန်တဲ့ လက်ဆောင်တစ်ခု ပေးချင်တာမျိုးပဲဖြစ်ဖြစ် ရွေးချယ်ဖို့အသင့်တော်ဆုံး လက်ဆောင်ကတော့ I Love You ဖန်ပုလင်းလေးတွေပါပဲ။ တစ်ချို့ကျတော့ တစ်နှစ်ပတ်လုံး စာရွက်လေးတွေပေါ် ကိုယ့်ချစ်သူကို ဘာ့ကြောင့်ချစ်ရသလဲဆိုပြီး တစ်ရက်ချင်းစီ ရေးချသွားကာ နှစ်ပတ်လည်နေ့မှာ ကိုယ့်ချစ်သူကို လက်ဆောင်ပေးတာမျိုးလည်းရှိပါတယ်။ တစ်ချို့ကျတော့လည်း စာရွက်ခေါက် ဘယ်နှစ်ခုဆိုတာကို သိပ်အရေးတကြီးမလုပ်ပဲ ကိုယ်သဘောကျတဲ့ အချက်တွေအားလုံး ရေးချပြီး ပုလဲလေးထဲထည့် ပေးတတ်ကြပါတယ်။

ဒီပုလင်းတွေ ကိုယ့်ချစ်သူကို ပေးမယ်ဆိုရင် လုပ်ဆောင်ရမှာတွေက လွယ်ကူပါတယ်။ ကိုယ့်အိမ်မှာရှိပြီးသား အလှဆုံး ဖန်ပုလင်းလေးတွေကို ဖဲကြိုးလေး ပတ်ပြီး သူ့ကိုကိုယ် ဘာ့ကြောင့်ချစ်သလဲ၊ သူ့ကိုချစ်ရတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ၊ သူနဲ့ကိုယ်ကြားက အမှတ်တရလေးတွေက ဘာဖြစ်တယ်ဆိုတာကို စာရွက်လေးတွေပေါ် ချရေးပြီး လိပ်ထည့်ရုံပါပဲ။ စာရွက်ကိုတော့ ဖြစ်နိုင်ရင် အလှစာရွက်လေးတွေ ဝယ်ပြီး အပိုင်းအပိုင်းလေးတွေ ကတ်ကြေးနဲ့ညှပ်ပါ။ အဲ့ဒီအပေါ်မှာ နံပါတ်လေးတွေ တပ်ပြီး နံပါတ်စဉ်လိုက် ရေးချရမှာပါ။

ဒီဖန်ပုလင်းလေးကို ချစ်သူကိုပေးခြင်းအားဖြင့် ဘာတွေထူးခြားသလဲဆိုတော့
၁။ ဒီလက်ဆောင်က ကိုယ်တိုင်ဖန်တီးလုပ်ဆောင်ရတာမို့ အခြားလူဆီမှာ မရှိနိုင်ပါဘူး။ သင့်ချစ်သူက သင့်ရဲ့အထူးလက်ဆောင်ကို ပိုင်ဆိုင်ရသလိုပါပဲ။

၂။ ကိုယ်သူ့ကို ဘာတွေပြောချင်သလဲ၊ ဘာတွေသိစေချင်သလဲဆိုတာကို သူရော ကိုယ်ရော နှစ်ဦးစလုံး မှတ်မှတ်ထင်ထင်ရှိနေပါလိမ့်မယ်။

၃။ ဒီစာရွက်ခေါက်လေးတွေ ဖွင့်ဖတ်တိုင်း သင့်ချစ်သူမျက်နှာပေါ် အပြုံးပွင့်လေးတွေ ဆင်မြန်းပေးပြီးသား ဖြစ်သွားမှာပါ။

၄။ ဒီရာသီအတွက်သာမက အချိန်တိုင်းအတွက် ချစ်စရာကောင်းတဲ့ လက်ဆောင်လေးပါ။

၅။ ဈေးမကြီးပေမယ့် သင်ဖန်တီးမှုကြောင့် သင်တို့နှစ်ဦးစလုံး အမှတ်တရဖြစ်ရုံသာမက ပျော်ရွှင်ရပါလိမ့်မယ်။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : trend myanmar


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top