iMyanmarHouse.com - Best Property Website for Myanmar
×

မ်က္ႏွာအေရျပားႏုႏုကို ဓာတုပစၥည္းေတြပါတဲ့ ဆပ္ျပာေတြ၊ မ်က္ႏွာသစ္ေဆးေတြ၊   အသားအေရထိန္းသိမ္းတဲ့ပစၥည္းေတြမသံုးဘဲ   သဘာ၀နည္းလမ္းက်က် မ်က္ႏွာသန္႔စင္ခ်င္သူေတြအတြက္ ဘယ္လိုအရာ ေတြသံုးစြဲႏုိင္သလဲဆိုတာ သိထားရေအာင္လို႔ ေဖာ္ျပေပးလိုက္ပါတယ္။

ႏြားႏို႔ - အေရျပားဆဲလ္ေသေတြ ကို ဖယ္ရွားေပးၿပီး အေရျပားအစို ဓာတ္ကို သဘာ၀အတိုင္းထိန္း သိမ္းခ်င္တယ္ဆိုရင္ေတာ့ မက်ဳိ ခ်က္ရေသးတဲ့ ႏြားႏို႔နဲ႔သာ မ်က္ႏွာသစ္ပါ။ ယားယံမႈေတြ သက္သာ ေစတဲ့အျပင္ အနာတရေတြကို လည္း ေပ်ာက္ကင္းေစပါတယ္။

သၾကား - အေရာင္ခြၽတ္ထားတဲ့ သၾကားကို မႈန္႔ညက္ေနေအာင္ ႀကိတ္ၿပီး အုန္းဆီ၊ သံလြင္ဆီ (သို႔ မဟုတ္) ေရနဲ႔ေရာၿပီး ခပ္ပ်စ္ပ်စ္ အေနအထားလုပ္ကာ မ်က္ႏွာ သစ္ေပးႏိုင္ပါတယ္။

သေဘၤာသီး - ဗီတာမင္ဘီ၊ စီ၊ သတၱဳဓာတ္၊ အင္ဇိုင္းမ္တို႔ ႂကြယ္၀တဲ့ သေဘၤာသီးနဲ႔ မ်က္ႏွာသစ္တာ ပဲျဖစ္ျဖစ္၊ သေဘၤာသီးနဲ႔ ပ်ားရည္၊ ႏွင္းဆီေရတို႔ေရာစပ္ထားတဲ့ အ ႏွစ္နဲ႔ ေပါင္းတင္ၿပီး မ်က္ႏွာသစ္ ေပးရင္ အသားအေရကို

၀င္းပစို ျပည္ေစပါတယ္။

အုတ္ဂ်ဳံမႈန္႔ - အုတ္ဂ်ဳံမႈန္႔အနည္း ငယ္ကို ေရ (ဒါမွမဟုတ္) ဆီတစ္မ်ဳိးမ်ဳိးနဲ႔ အႏွစ္လုပ္ၿပီး မ်က္ႏွာသန္႔စင္ေပးႏုိင္ပါတယ္။

ပ်ားရည္ - အေရျပားျပႆနာေတြ ရဲ႕ သဘာ၀ေဆး၀ါးျဖစ္တဲ့ ပ်ား ရည္နဲ႔ မ်က္ႏွာသစ္ေပးရင္ အသားအေရစိုစိုျပည္ျပည္ ျဖစ္ေစပါတယ္။

အုန္းဆီ - အုန္းဆီလက္ဖက္ရည္ ဇြန္းတစ္ဇြန္းခပ္ယူၿပီး လက္၀ါးထဲ ထည့္ပြတ္ၿပီး   မ်က္ႏွာတစ္၀ိုက္ ကို သုတ္လိမ္းပါ။ အ၀တ္သန္႔ သန္႔တစ္ခုကို ေရေႏြးေႏြးနဲ႔ စိမ္ၿပီး အရည္ညႇစ္ၿပီး မ်က္ႏွာေပၚခဏ အုပ္ေပးထားပါ။ မိနစ္၀က္ေလာက္ေနရင္ မ်က္ႏွာေပၚက ဆီေတြကို အ၀တ္နဲ႔ သုတ္လိုက္တဲ့အခါ သန္႔ စင္စိုျပည္ေနေစမွာပါ။

Credit : 7Day Daily

 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မျက်နှာအရေပြားနုနုကို ဓာတုပစ္စည်းတွေပါတဲ့ ဆပ်ပြာတွေ၊ မျက်နှာသစ်ဆေးတွေ၊   အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေမသုံးဘဲ   သဘာဝနည်းလမ်းကျကျ မျက်နှာသန့်စင်ချင်သူတွေအတွက် ဘယ်လိုအရာ တွေသုံးစွဲနိုင်သလဲဆိုတာ သိထားရအောင်လို့ ဖော်ပြပေးလိုက်ပါတယ်။

နွားနို့ - အရေပြားဆဲလ်သေတွေ ကို ဖယ်ရှားပေးပြီး အရေပြားအစို ဓာတ်ကို သဘာဝအတိုင်းထိန်း သိမ်းချင်တယ်ဆိုရင်တော့ မကျို ချက်ရသေးတဲ့ နွားနို့နဲ့သာ မျက်နှာသစ်ပါ။ ယားယံမှုတွေ သက်သာ စေတဲ့အပြင် အနာတရတွေကို လည်း ပျောက်ကင်းစေပါတယ်။

သကြား - အရောင်ချွတ်ထားတဲ့ သကြားကို မှုန့်ညက်နေအောင် ကြိတ်ပြီး အုန်းဆီ၊ သံလွင်ဆီ (သို့ မဟုတ်) ရေနဲ့ရောပြီး ခပ်ပျစ်ပျစ် အနေအထားလုပ်ကာ မျက်နှာ သစ်ပေးနိုင်ပါတယ်။

သင်္ဘောသီး - ဗီတာမင်ဘီ၊ စီ၊ သတ္တုဓာတ်၊ အင်ဇိုင်းမ်တို့ ကြွယ်ဝတဲ့ သင်္ဘောသီးနဲ့ မျက်နှာသစ်တာ ပဲဖြစ်ဖြစ်၊ သင်္ဘောသီးနဲ့ ပျားရည်၊ နှင်းဆီရေတို့ရောစပ်ထားတဲ့ အ နှစ်နဲ့ ပေါင်းတင်ပြီး မျက်နှာသစ် ပေးရင် အသားအရေကို

ဝင်းပစို ပြည်စေပါတယ်။

အုတ်ဂျုံမှုန့် - အုတ်ဂျုံမှုန့်အနည်း ငယ်ကို ရေ (ဒါမှမဟုတ်) ဆီတစ်မျိုးမျိုးနဲ့ အနှစ်လုပ်ပြီး မျက်နှာသန့်စင်ပေးနိုင်ပါတယ်။

ပျားရည် - အရေပြားပြဿနာတွေ ရဲ့ သဘာဝဆေးဝါးဖြစ်တဲ့ ပျား ရည်နဲ့ မျက်နှာသစ်ပေးရင် အသားအရေစိုစိုပြည်ပြည် ဖြစ်စေပါတယ်။

အုန်းဆီ - အုန်းဆီလက်ဖက်ရည် ဇွန်းတစ်ဇွန်းခပ်ယူပြီး လက်ဝါးထဲ ထည့်ပွတ်ပြီး   မျက်နှာတစ်ဝိုက် ကို သုတ်လိမ်းပါ။ အဝတ်သန့် သန့်တစ်ခုကို ရေနွေးနွေးနဲ့ စိမ်ပြီး အရည်ညှစ်ပြီး မျက်နှာပေါ်ခဏ အုပ်ပေးထားပါ။ မိနစ်ဝက်လောက်နေရင် မျက်နှာပေါ်က ဆီတွေကို အဝတ်နဲ့ သုတ်လိုက်တဲ့အခါ သန့် စင်စိုပြည်နေစေမှာပါ။

Credit : 7Day Daily



 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top