iMyanmarHouse.com - Best Property Website for Myanmar
×

ေဟာက္ တတ္တဲ့အက်င့္ေၾကာင့္ လူစိမ္းေတြနဲ႔ ညအိပ္ညေန ခရီးထြက္ရဖို႔ စိတ္ညစ္ရသလို အိမ္ေထာင္ေရးမွာလည္း အေႏွာင့္အယွက္ ျဖစ္ေစပါတယ္။

အိပ္ေပ်ာ္စဥ္မွာ ေဟာက္တတ္တဲ့အက်င့္ဟာ ခ်က္ခ်င္း ေပ်ာက္သြားႏိုင္တဲ့အရာ မဟုတ္ေပမဲ့ ကိုယ့္ရဲ႕ ေန႔စဥ္ ေနထုိင္မႈပံုစံေတြ ေျပာင္းလဲျခင္းနဲ႔ တတ္ကၽြမ္းသူနဲ႔ ကုသျခင္းတုိ႔နဲ႔ ေပ်ာက္ကင္းႏုိင္ပါတယ္။
ေဟာက္တာဟာ ကိုယ့္ရဲ႕ေနထုိင္မႈပံုစံနဲ႔ ဆက္စပ္ေနတတ္တာေၾကာင့္ ေျပာင္းလဲမႈေလး အနည္းငယ္ လုပ္လိုက္႐ံုပဲ။

၁။ က်န္းမာသန္စြမ္းတဲ့ ခႏၶာကိုယ္
အနည္းငယ္ ကိုယ္အေလးခ်ိန္မ်ားတာနဲ႔ ေဟာက္တတ္လာႏိုင္ပါတယ္။ သင့္ရဲ႕ လည္ပင္းတစ္ဝိုက္မွာရွိတဲ့ အဆီတစ္သွ်ဴးေတြက ေလလမ္းေၾကာင္းကို ညႇစ္ထားၿပီး ေလဟာ ေခ်ာေခ်ာေမြ႕ေမြ႕ဝင္ထြက္လုိ႔ မရေတာ့လို႔ပါ။

၂။ပက္လက္အိပ္ခ်ိန္မွာ သင့္ရဲ႕ လွ်ာ၊ ေမးေစ့နဲ႔ ေမးစိေအာက္က အစီတစ္လွ်ဴးေတြဟာ ေပ်ာ့သြားၿပီး အသက္႐ွဴလမ္းေၾကာင္းကို ညႇစ္ထားပါတယ္။ ေဘးတစ္ေစာင္း အိပ္ျခင္းအားျဖင့္ အဲဒီလုိမျဖစ္ေအာင္ ကာကြယ္ေပးႏုိင္ပါတယ္။

၃။ အိပ္ရာဝင္ခါနီး အရက္မေသာက္ပါနဲ႔
သာမန္ညဘက္အခ်ိန္ေတြထက္ အရက္ေသာက္ခ်ိန္မွာ ၾကြက္သားေတြက ပိုၿပီး ေပ်ာ့ေနတတ္ၿပီး အိပ္ခ်ိန္မွာ ေဟာက္တတ္ပါတယ္။

၄။ ေဆးလိပ္ျဖတ္ သို႔မဟုတ္ ေဆးလိပ္ေလွ်ာ့ေသာက္ပါ
ေဆးလိပ္ေငြ႕ဟာ ႏွာေခါင္းေပါက္နဲ႔ လည္ေခ်ာင္းရဲ႕ နံရံေတြကို ေရာင္ကိုင္းၿပီး သလိပ္ေတြ ျဖစ္ေစပါတယ္။ ႏွာေခါင္းလမ္းေၾကာင္းေတြမွာ ပိတ္ေနရင္ ႏွာေခါင္းကေန အသက္႐ွဴရခက္သြားၿပီး ေဟာက္ျခင္းကို ျဖစ္ေပၚေစတာပါ။

၅။ ႏွာေခါင္းလမ္းေၾကာင္းမ်ား ရွင္းေနပါေစ
ႏွာေခါင္းလမ္းေၾကာင္း ရွင္းေနမွ ပါးစပ္နဲ႔ အသက္မ႐ွဴဘဲ ႏွာေခါင္းနဲ႔ အသက္႐ွဴႏုိင္မွာပါ။ ႏွာေခါင္းထဲမွာ မရွင္းလင္းဘဲ ပိတ္သလိုလို ျဖစ္ေနရင္ ႐ွဴေဆးတစ္ခုခု သံုးပါ။ ဆရာဝန္နဲ႔တိုင္ပင္ပါ။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : duwun

#Unicode Version

ဟောက် တတ်တဲ့အကျင့်ကြောင့် လူစိမ်းတွေနဲ့ ညအိပ်ညနေ ခရီးထွက်ရဖို့ စိတ်ညစ်ရသလို အိမ်ထောင်ရေးမှာလည်း အနှောင့်အယှက် ဖြစ်စေပါတယ်။

အိပ်ပျော်စဉ်မှာ ဟောက်တတ်တဲ့အကျင့်ဟာ ချက်ချင်း ပျောက်သွားနိုင်တဲ့အရာ မဟုတ်ပေမဲ့ ကိုယ့်ရဲ့ နေ့စဉ် နေထိုင်မှုပုံစံတွေ ပြောင်းလဲခြင်းနဲ့ တတ်ကျွမ်းသူနဲ့ ကုသခြင်းတို့နဲ့ ပျောက်ကင်းနိုင်ပါတယ်။
ဟောက်တာဟာ ကိုယ့်ရဲ့နေထိုင်မှုပုံစံနဲ့ ဆက်စပ်နေတတ်တာကြောင့် ပြောင်းလဲမှုလေး အနည်းငယ် လုပ်လိုက်ရုံပဲ။

၁။ ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်
အနည်းငယ် ကိုယ်အလေးချိန်များတာနဲ့ ဟောက်တတ်လာနိုင်ပါတယ်။ သင့်ရဲ့ လည်ပင်းတစ်ဝိုက်မှာရှိတဲ့ အဆီတစ်သျှူးတွေက လေလမ်းကြောင်းကို ညှစ်ထားပြီး လေဟာ ချောချောမွေ့မွေ့ဝင်ထွက်လို့ မရတော့လို့ပါ။

၂။ပက်လက်အိပ်ချိန်မှာ သင့်ရဲ့ လျှာ၊ မေးစေ့နဲ့ မေးစိအောက်က အစီတစ်လျှူးတွေဟာ ပျော့သွားပြီး အသက်ရှူလမ်းကြောင်းကို ညှစ်ထားပါတယ်။ ဘေးတစ်စောင်း အိပ်ခြင်းအားဖြင့် အဲဒီလိုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

၃။ အိပ်ရာဝင်ခါနီး အရက်မသောက်ပါနဲ့
သာမန်ညဘက်အချိန်တွေထက် အရက်သောက်ချိန်မှာ ကြွက်သားတွေက ပိုပြီး ပျော့နေတတ်ပြီး အိပ်ချိန်မှာ ဟောက်တတ်ပါတယ်။

၄။ ဆေးလိပ်ဖြတ် သို့မဟုတ် ဆေးလိပ်လျှော့သောက်ပါ
ဆေးလိပ်ငွေ့ဟာ နှာခေါင်းပေါက်နဲ့ လည်ချောင်းရဲ့ နံရံတွေကို ရောင်ကိုင်းပြီး သလိပ်တွေ ဖြစ်စေပါတယ်။ နှာခေါင်းလမ်းကြောင်းတွေမှာ ပိတ်နေရင် နှာခေါင်းကနေ အသက်ရှူရခက်သွားပြီး ဟောက်ခြင်းကို ဖြစ်ပေါ်စေတာပါ။

၅။ နှာခေါင်းလမ်းကြောင်းများ ရှင်းနေပါစေ
နှာခေါင်းလမ်းကြောင်း ရှင်းနေမှ ပါးစပ်နဲ့ အသက်မရှူဘဲ နှာခေါင်းနဲ့ အသက်ရှူနိုင်မှာပါ။ နှာခေါင်းထဲမှာ မရှင်းလင်းဘဲ ပိတ်သလိုလို ဖြစ်နေရင် ရှူဆေးတစ်ခုခု သုံးပါ။ ဆရာဝန်နဲ့တိုင်ပင်ပါ။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : duwun

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top