iMyanmarHouse.com - Best Property Website for Myanmar
×

Beautyblenderေတြက ႏွစ္ေပါင္းေတာ္ေတာ္ၾကာၾကာအထိ မိတ္ကပ္လိမ္းတဲ့အခါ အဓိကပံ့ပိုးေပးတဲ့ မိတ္ကပ္လိမ္းတဲ့ပစၥည္းေတြအျဖစ္ ရွိေနခဲ့တာပါ။ အခုဆိုရင္ Silispongeေတြနဲ႔ Miracle Diamond Spongeေတြအထိ အမ်ိဳးမ်ိဳးထြက္ရွိေနပါတယ္။ ဒါေပမယ့္ တကယ့္ Beauty Blenderေတြက ေရျမွပ္ေတြ မဟုတ္ေသးဘူးဆုိရင္ ဘာေတြမ်ားျဖစ္မလဲ။ မိတ္ကပ္ပညာရွင္ေတာ္ေတာ္မ်ားမ်ားက မဲေပးၾကတာကေတာ့ ဘရပ္ရွ္ေတြပါ။ ဒါေပမယ့္ ဘရပ္ရွ္တိုင္းေတာ့ မဟုတ္ပါဘူး။

MAC Cosmetics ရဲ႕ senior vice president Matthew Waithesmithကေန Kim Kardashianတို႔ရဲ႕ မိတ္ကပ္ဆရာ Stephen Moleskiအထိ အကုန္လံုးက ဘဲဥပံု ဘရပ္ရွ္ေတြသာ အေကာင္းဆံုးလို႔ ဆုိပါတယ္။ မိတ္ကပ္ဆရာေတြပဲ ဘဲဥပံုဘရပ္ရွ္ေတြကို သံုးဖို႔ ေထာက္ခံတာ မဟုတ္ပါဘူး။ Kylie Jennerနဲ႔ Lottie Tomlinsonလုိ အေက်ာ္အေမာ္ေတြလည္း ဘဲဥပံု ဘရပ္ရွ္ေတြကို သံုးၾကပါတယ္။ ဒါေပမယ့္ သူတို႔ဘာေၾကာင့္ ေရြးခ်ယ္စရာအမ်ားႀကီးရွိတဲ့ၾကားက ဘဲဥပံုဘရပ္ရွ္ေတြကိုသံုးၾကလဲဆုိတာ သိသင့္တဲ့အခ်က္ေလးေတြရွိပါတယ္။

၁-ေခ်ာေမြ႔တယ္
ဘဲဥပံု ဘရပ္ရွ္ေတြက အေမႊးမွ်င္ေလးေတြ ေထာင္ေပါင္းမ်ားစြာနဲ႔ျပဳလုပ္ထားၿပီး အလြန္ေခ်ာေမြ႔ၿပီး Blendလုပ္ရတာ အရမ္းလြယ္ကူေစပါတယ္။ ႏူးညံ့တဲ့အတြက္ မ်က္ႏွာကို ထိတဲ့အခါ စူးတာ၊ၾကမ္းတာေတြ မျဖစ္ႏိုင္ပါဘူး။ Oval Brushေတြက မ်က္ႏွာကို Contourလုပ္တဲ့အခါ အတိအက်ျဖစ္ေစၿပီး ဘယ္လိုမ်က္ႏွာက်မ်ိဳးကိုမဆို အေကာင္းဆံုးBlending လုပ္လုိ႔ရပါတယ္။

၂-အမိ်ဳးမ်ိဳးသံုးလို႔ရတယ္
ဘဲဥပံု ဘရပ္ရွ္ေတြက ေဖာင္ေဒးရွင္းလိမ္းတဲ့အခါမွာတင္ ေကာင္းမြန္တာ မဟုတ္ပါဘူး သင့္စိတ္ႀကိဳက္ Moisturizerေတြနဲ႔ အုိင္းရွဲဒိုးေတြလိမ္းတဲ့အခါလည္း သံုးလို႕ရပါတယ္။ Giorgio Armaniရဲ႕ Beauty Face Designerျဖစ္သူ  Tim Quinnဟာလည္း ဘဲဥပံု ဘရပ္ရွ္ေတြရဲ႕ ပရိသတ္တစ္ေယာက္ပါပဲ။ "ကၽြန္ေတာ္ ဒီဘဲဥပံု ဘရပ္ရွ္ေတြကို တကယ္ႏွစ္သက္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူတုိ႕က ဘယ္အျပစ္အနာမဆို ဖံုးကြယ္ေပးႏိုင္လို႔ပါ” လို႔ Tim Quinnကဆုိပါတယ္ ။ဒါ့အျပင္ Kylie Jennerဆုိရင္လည္း Moisturizerလိမ္းတဲ့အခါမွာ Oval Brushေတြကို သံုးတယ္လုိ႔ဆုိပါတယ္။

၃-အရည္အေသြးျပည့္၀တယ္
Oval Brushေတြမွာ ပါတဲ့ အေမႊးႏုေလးေတြက အရွည္တူညီၾကၿပီး မ်က္ႏွာျပင္ကလည္း တစ္ညီတည္းျဖစ္ပါတယ္။ တစ္ညီတည္းျဖစ္တဲ့အတြက္ေၾကာင့္ မိတ္ကပ္လိမ္းတဲ့အခါ အထူးသျဖင့္ ေပါင္ဒါမႈန္႔လိုမ်ိဳးေတြလိမ္းတဲ့အခါ ဘရပ္ရွ္ၾကားထဲကို က်မသြားဘဲ မ်က္ႏွာျပင္ေပၚမွာတင္ က်န္ေနႏိုင္ပါတယ္။ မ်က္ႏွာကို လိမ္းတဲ့အခါ မ်က္ႏွာတစ္ခုလံုးကို ညီညီညာညာနဲ႔လိမ္းလို႕ရပါတယ္။

၄-ကုိယ္တုိင္အသံုးျပဳႏိုင္ဖို႔ ျပဳလုပ္ထားတယ္
ကြ်န္မတို႔ေန႔စဥ္ မိတ္ကပ္လိမ္းတဲ့အခါ မိတ္ကပ္ဆရာနဲ႔ေတာ့ အၿမဲတမ္းမလိမ္းျဖစ္ပါဘူး။ ေန႔စဥ္ကိုယ္တုိင္ လြယ္လြယ္ကူလူ လိမ္းႏိုင္ဖို႔အတြက္ကလည္း ဒီဘဲဥပံုဘရပ္ရွပ္ေတြ ထုတ္ရတဲ့ေနာက္အေၾကာင္းရင္းတစ္ခုပါ။ လက္ကုိင္ခပ္ေကြးေကြး၊ အေမႊးႏုႏု၊ညီညာတဲ့မ်က္ႏွာျပင္နဲ႔ ဘရပ္ရွ္ေလးေတြက သင့္ကို တကယ့္ပေရာ္ဖက္ရွင္နယ္တစ္ေလာက္လုိ မိတ္ကပ္လိမ္းတဲ့အခါ ကူညီေပးႏိုင္မွာပါ။ Artis brushesေတြကေတာ့ ယခုအခ်ိန္မွာ နာမည္အႀကီးဆံုး လူႀကိဳက္အမ်ားဆံုးျဖစ္ၿပီးေတာ့ ပထမဆံုးထြက္လာတဲ့ ဘဲဥပံု ဘရပ္ရွ္ေတြလည္းျဖစ္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : trend myanmar

#Unicode Version

 Beautyblenderတွေက နှစ်ပေါင်းတော်တော်ကြာကြာအထိ မိတ်ကပ်လိမ်းတဲ့အခါ အဓိကပံ့ပိုးပေးတဲ့ မိတ်ကပ်လိမ်းတဲ့ပစ္စည်းတွေအဖြစ် ရှိနေခဲ့တာပါ။ အခုဆိုရင် Silispongeတွေနဲ့ Miracle Diamond Spongeတွေအထိ အမျိုးမျိုးထွက်ရှိနေပါတယ်။ ဒါပေမယ့် တကယ့် Beauty Blenderတွေက ရေမြှပ်တွေ မဟုတ်သေးဘူးဆိုရင် ဘာတွေများဖြစ်မလဲ။ မိတ်ကပ်ပညာရှင်တော်တော်များများက မဲပေးကြတာကတော့ ဘရပ်ရှ်တွေပါ။ ဒါပေမယ့် ဘရပ်ရှ်တိုင်းတော့ မဟုတ်ပါဘူး။

MAC Cosmetics ရဲ့ senior vice president Matthew Waithesmithကနေ Kim Kardashianတို့ရဲ့ မိတ်ကပ်ဆရာ Stephen Moleskiအထိ အကုန်လုံးက ဘဲဥပုံ ဘရပ်ရှ်တွေသာ အကောင်းဆုံးလို့ ဆိုပါတယ်။ မိတ်ကပ်ဆရာတွေပဲ ဘဲဥပုံဘရပ်ရှ်တွေကို သုံးဖို့ ထောက်ခံတာ မဟုတ်ပါဘူး။ Kylie Jennerနဲ့ Lottie Tomlinsonလို အကျော်အမော်တွေလည်း ဘဲဥပုံ ဘရပ်ရှ်တွေကို သုံးကြပါတယ်။ ဒါပေမယ့် သူတို့ဘာကြောင့် ရွေးချယ်စရာအများကြီးရှိတဲ့ကြားက ဘဲဥပုံဘရပ်ရှ်တွေကိုသုံးကြလဲဆိုတာ သိသင့်တဲ့အချက်လေးတွေရှိပါတယ်။

၁-ချောမွေ့တယ်
ဘဲဥပုံ ဘရပ်ရှ်တွေက အမွှေးမျှင်လေးတွေ ထောင်ပေါင်းများစွာနဲ့ပြုလုပ်ထားပြီး အလွန်ချောမွေ့ပြီး Blendလုပ်ရတာ အရမ်းလွယ်ကူစေပါတယ်။ နူးညံ့တဲ့အတွက် မျက်နှာကို ထိတဲ့အခါ စူးတာ၊ကြမ်းတာတွေ မဖြစ်နိုင်ပါဘူး။ Oval Brushတွေက မျက်နှာကို Contourလုပ်တဲ့အခါ အတိအကျဖြစ်စေပြီး ဘယ်လိုမျက်နှာကျမျိုးကိုမဆို အကောင်းဆုံးBlending လုပ်လို့ရပါတယ်။

၂-အမျိုးမျိုးသုံးလို့ရတယ်
ဘဲဥပုံ ဘရပ်ရှ်တွေက ဖောင်ဒေးရှင်းလိမ်းတဲ့အခါမှာတင် ကောင်းမွန်တာ မဟုတ်ပါဘူး သင့်စိတ်ကြိုက် Moisturizerတွေနဲ့ အိုင်းရှဲဒိုးတွေလိမ်းတဲ့အခါလည်း သုံးလို့ရပါတယ်။ Giorgio Armaniရဲ့ Beauty Face Designerဖြစ်သူ  Tim Quinnဟာလည်း ဘဲဥပုံ ဘရပ်ရှ်တွေရဲ့ ပရိသတ်တစ်ယောက်ပါပဲ။ "ကျွန်တော် ဒီဘဲဥပုံ ဘရပ်ရှ်တွေကို တကယ်နှစ်သက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ဘယ်အပြစ်အနာမဆို ဖုံးကွယ်ပေးနိုင်လို့ပါ” လို့ Tim Quinnကဆိုပါတယ် ။ဒါ့အပြင် Kylie Jennerဆိုရင်လည်း Moisturizerလိမ်းတဲ့အခါမှာ Oval Brushတွေကို သုံးတယ်လို့ဆိုပါတယ်။

၃-အရည်အသွေးပြည့်ဝတယ်
Oval Brushတွေမှာ ပါတဲ့ အမွှေးနုလေးတွေက အရှည်တူညီကြပြီး မျက်နှာပြင်ကလည်း တစ်ညီတည်းဖြစ်ပါတယ်။ တစ်ညီတည်းဖြစ်တဲ့အတွက်ကြောင့် မိတ်ကပ်လိမ်းတဲ့အခါ အထူးသဖြင့် ပေါင်ဒါမှုန့်လိုမျိုးတွေလိမ်းတဲ့အခါ ဘရပ်ရှ်ကြားထဲကို ကျမသွားဘဲ မျက်နှာပြင်ပေါ်မှာတင် ကျန်နေနိုင်ပါတယ်။ မျက်နှာကို လိမ်းတဲ့အခါ မျက်နှာတစ်ခုလုံးကို ညီညီညာညာနဲ့လိမ်းလို့ရပါတယ်။

၄-ကိုယ်တိုင်အသုံးပြုနိုင်ဖို့ ပြုလုပ်ထားတယ်
ကျွန်မတို့နေ့စဉ် မိတ်ကပ်လိမ်းတဲ့အခါ မိတ်ကပ်ဆရာနဲ့တော့ အမြဲတမ်းမလိမ်းဖြစ်ပါဘူး။ နေ့စဉ်ကိုယ်တိုင် လွယ်လွယ်ကူလူ လိမ်းနိုင်ဖို့အတွက်ကလည်း ဒီဘဲဥပုံဘရပ်ရှပ်တွေ ထုတ်ရတဲ့နောက်အကြောင်းရင်းတစ်ခုပါ။ လက်ကိုင်ခပ်ကွေးကွေး၊ အမွှေးနုနု၊ညီညာတဲ့မျက်နှာပြင်နဲ့ ဘရပ်ရှ်လေးတွေက သင့်ကို တကယ့်ပရော်ဖက်ရှင်နယ်တစ်လောက်လို မိတ်ကပ်လိမ်းတဲ့အခါ ကူညီပေးနိုင်မှာပါ။ Artis brushesတွေကတော့ ယခုအချိန်မှာ နာမည်အကြီးဆုံး လူကြိုက်အများဆုံးဖြစ်ပြီးတော့ ပထမဆုံးထွက်လာတဲ့ ဘဲဥပုံ ဘရပ်ရှ်တွေလည်းဖြစ်ပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : trend myanmar


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top