iMyanmarHouse.com - Best Property Website for Myanmar
×

၁။ ဆရာရွင့္ ဗိုက္ခြဲျပီးေမြးတာ ဘယ္ေလာက္ႀကာမွ အနာက်က္တာလဲသိခ်င္ပါတယ္။ တခ်ိဳ႕က ၄ လ ေလာက္မွ သက္သာတယ္လို႔ ေျပာလို႔ပါသိခ်င္ပါတယ္ရွင့္။ ဗိုက္ခြဲေမြးရင္ေရွာင္သင့္တဲ႔အခ်က္ေတြကို ေျပာျပေပးပါေနာ္။

၂။ သမီးက ဗိုက္ခဲြၿပီး ကေလးေမြးထားတာ ၈ ရက္ေျမာက္ေန႔ရိွေနပါၿပီ။ ခ်ဳပ္ရိုးက နာၿပီးစပ္သလိုျဖစ္ပါတယ္။ ခြဲၿပီးစမွာ အဲဒီလို ျဖစ္တတ္ပါလားရွင့္။ ခ်ဳပ္ရိုးက ဘယ္အခ်ိန္ေလာက္မွာက်က္ၿပီး သြားႏိုင္လာႏိုင္ပါသလဲရွင့္။ ေဘးေစာင္းအိပ္လို႔လဲ မရေသးပါဘူးရွင့္။

ဗိုက္ခြဲတာတိုင္းမွာ အေရျပား၊ အဆီ၊ ၾကြက္သား၊ အရြတ္လႊာ၊ ဗိုက္ဖံုးလႊာဆိုျပီး၊ ၄ ထပ္၊ အဆင့္ဆင့္ ခြဲရ၊ ခ်ဳပ္ရတယ္။ ကေလးဖြါးတာဆိုရင္ သားအိမ္ကိုပါ ၃ ထပ္ခ်ဳပ္ေပးရတယ္။ နာတာမွာ ခံစားမႈ မတူတာရွိတယ္။ ဗိုက္ကို တခါမက ခြဲရသူေတြဆိုရင္ သတိထားစရာတခုရွိတယ္။ တခါခြဲတိုင္း တြယ္ကပ္ျဖစ္စဥ္ ျဖစ္ၾကရတယ္။ တြယ္ကပ္မႈေၾကာင့္ နာတတ္တယ္။ Adhesion ခြဲစိတ္ရရင္ တြယ္ကပ္မႈျဖစ္တယ္စာတပုဒ္သပ္သပ္ ေရးထားပါတယ္။ လိုအပ္ရင္ စစ္ေဆးျပဳျပင္ေပးမယ္။

ခြဲစိတ္မႈမွာ အေသးစားနဲ႔ အၾကီးစားရွိတယ္။ ဗိုက္ခြဲရရင္ေတာ့ အၾကီးစားထဲမွာပါမယ္။ ေမ့ေဆးနဲ႔ခြဲတာနဲ႔ ခါးထံုေဆးနဲ႔ ခြဲရတာေတြလဲ အၾကီးစားလို႔ ေယဘုယ် ေျပာႏိုင္တယ္။ အနာ၊ ဒဏ္ရာနဲ႔ ခြဲစိတ္နာေတြက အေပၚယံအေရျပား က်က္ဘို႔ (၈) ရက္ထက္မေစာင့္ရပါ။ ေခါင္းပိုင္းဆို (၅) ရက္သာ ၾကာတယ္။ STO ခ်ဳပ္ရိုးေျဖတဲ့ရက္ေတြျဖစ္ပါတယ္။ အရိုးက်ိဳးထားတာက အခ်ိန္ပိုယူပါမယ္။ အေရျပားေအာက္က အဆီ၊ ၾကြက္သားနဲ႔ အဂၤါအစိတ္အပိုင္းေတြလဲ ရက္တူေလာက္မွာ အနာက်က္ပါတယ္။ အၾကမ္းဖ်ဥ္း ႏွစ္ပါတ္ (၁၄ ရက္) ဆိုရင္ အနာေကာင္းေကာင္းက်က္ျပီလို႔ ေျပာႏိုင္တယ္။ ပိုးဝင္လို႔ အနာရင္းတာ၊ ခ်ဳပ္ရိုးေၾကာင္းဟသြားတာ၊ ပြင့္သြားတာ မဟုတ္ရင္ေျပာတာျဖစ္ပါတယ္။

ဗိုက္ကိုအၾကီးစားခြဲစိတ္မႈလုပ္ျပီး ခ်ဳပ္ရိုးေၾကာင္းတခုလံုး ဟပြင့္ထြက္ထြက္တာမ်ိဳးက ရက္ေစ့လို႔ ခ်ဳပ္ရိုးေျဖတဲ့ရက္မွာဘဲ ျဖစ္တယ္။ ကြ်န္ေတာ့္ဆရာဝန္သက္တမ္းအတြင္း အနည္းဆံုး (၃) ေယာက္ေလာက္ေတြ႔ရဘူးတယ္။ ျပန္ခ်ဳပ္ရာမွာ အထူးစီမံျပီး ခ်ဳပ္ေပးရတယ္။ အဲလိုလူမ်ိဳးကေတာ့ ေနာက္တခါ ခ်ဳပ္ရိုးျဖည္ဘို႔ ရက္ပိုေစာင့္ရမယ္။ ခ်ဳပ္ရိုးမွာ လံုးလံုးေလးေတြလိုစမ္းေတြ႔တာက စိုးရိမ္စရာမရွိပါ။ အေရျပားကိုခ်ဳပ္တဲ့ အပ္ျခည္၊ ေအာက္က အလႊာေတြကို ခ်ဳပ္တဲ့ အသားျဖစ္ခ်ဳပ္ၾကိဳး (ကက္ဂတ္) ေတြက အမာရြတ္ျဖစ္စဥ္မွာ စုေနလို႔သာျဖစ္ပါမယ္။ ၾကာေလ အသားက်ေလ ျဖစ္မယ္။ တကယ္လို႔ ေနရာတခုစီေလာက္မွာ အနာလို ပန္းေရာင္၊ အနီေရာင္ ေနရာေလးေတြ ရွိရင္ေတာ့ အထဲက ခ်ဳပ္ရိုးစေလး ထြက္ခ်င္လို႔ေနမယ္။ ထုတ္ေပးလိုက္ရင္ ေပ်ာက္သြားပါမယ္။

ခြဲစိတ္ျပီးေနာက္ ေမ့ေဆး၊ ထံုေဆးပ်ယ္တာနဲ႔ လႈပ္ရွားမႈစႏိုင္တယ္။ စလဲစသင့္တယ္။ (ဟာနီယာ) အူက်တာကို ခြဲစိတ္တာ၊ (ပလပ္စတစ္) ခြဲစိတ္တာစတဲ့ တခ်ိဳ႕ ခြ်င္းခ်က္ကလြဲရင္ ေျပာတာျဖစ္ပါတယ္။ အသက္ၾကီးသူေတြဆိုရင္ ေျခေထာက္လႈပ္ရွားမႈ မျဖစ္မေနလုပ္ေစတယ္။ လမ္းေလွ်ာက္ႏိုင္တာလဲ ရက္မၾကာပါ။ ေလ့က်င့္ခန္းလုပ္တာမ်ိဳးအတြက္ အနည္း-အမ်ားနဲ႔ အျပင္း-အေျပာ့ကြာမယ္။ ဘာလုပ္လုပ္ ေျဖးေျဖး၊ နည္းနည္းကေန စသင့္တယ္။ ၄ ပါတ္ဆိုရင္ မခြဲစိတ္ခင္ကလို လုပ္ႏိုင္ပါျပီ။ ခြဲထားတဲ့ေနရာအတြက္သာ ေစာင့္ၾကရတာျဖစ္ပါတယ္။ လက္ကို ခြဲထားသူက ဗယ္လီေလ့က်င့္ခန္း လုပ္လို႔ရပါတယ္။

အမ်ိဳးသမီးေတြ တင္ပါးဆံုေနရာ၊ ေမြးဖြါးလမ္းမွာ ခြဲစိတ္ရသူဆိုရင္ (ကီဂယ္လ္) ေလ့က်င့္ခန္းလိုမ်ိဳးကေတာ့ (၂) ပါတ္ ထက္ပိုျပီး ေစာင့္စရာမလိုပါ။ သားအိမ္နဲ႔ ေမြးလမ္း (ဗဂ်ိဳင္းနား)၊ ဆီးလမ္းအားေကာင္းေစဘို႔လုပ္နည္းကို ဆိုလိုတာပါ။ သားအိမ္-ဆီးအိမ္က်တာ သက္သာေစတယ္။ စာတပုဒ္သပ္သပ္ ေရးထားပါတယ္။ ေလ့က်င့္ခန္းနဲ႔အတူ၊ အစားအေသာက္နဲ႔ လိုမဲ့ေဆးေတြလဲ ကူသင့္တယ္။ ဥပမာ မွ်တလံုေလာက္တဲ့ အာဟာရ စားေသာက္ရမယ္။ (တစ္ရွဴး) ေတြ အသစ္ျဖစ္ေစေအာင္ (ပရိုတင္း) ဓါတ္ မနည္းေစရပါ။ ၾကြက္သား အားေကာင္းေအာင္ (ပိုတက္ဆီယမ္) အပိုေဆာင္းလိုႏိုင္တယ္။ (ပိုတက္ဆီယမ္) မ်ားတဲ့အစားအေသာက္ေတြ လိုမယ္။ ဗီတာမင္ (စီ) လဲ ၅ဝဝ မီလီဂရမ္ ေသာက္တာ ေကာင္းပါတယ္။

Chimose လိုေဆးေပးတာအတြက္ ခြဲစိတ္ဆရာဝန္တိုင္းက ေကာင္းတယ္-မေကာင္းဘူးဆိုတာ သေဘာထားမတူၾကပါ။
ခြဲစိတ္မႈနည္းနာေတြ ပါဖက္ျဖစ္ရင္ ခြဲစိတ္တာအတြက္ ပိုးေသေဆး မေပးတာလဲရွိတယ္။ တခ်ိဳ႕ ခြဲစိတ္မႈေတြမွာေတာ့ မခြဲခင္ကတည္းက ပိုးေသေဆးေပးထားရတယ္။

Episiotomy ဆိုတာ ရိုးရိုးေမြးရသူေတြမွာ အထူးသျဖင့္ သားဦးမွာ လိုအပ္လို႔ ေမြးလမ္းခ်ဲ႕ျပီးျပန္ခ်ဳပ္တာကိုေခၚတယ္။ ၃ ထပ္ခ်ဳပ္တယ္။ ၅-၆-၇ ရက္မွာ ခ်ဳပ္ရိုးျဖည္တယ္။ ခ်ဳပ္ရိုးအဆင္မေျပျဖစ္တတ္တယ္။ စိုးရိမ္စရာမရွိပါ။ ခ်ဳပ္ရိုးျဖည္ျပီးမွ အနာက်န္ေနရင္ ေဆးထည့္ေနရမယ္။ အနာေဘးမွာသာ အရက္ျပန္လိမ္းပါ။ အနာအထဲကို Betadine/Cipladine cream လိမ္းေဆးလိမ္းပါ။ အနာမၾကီးရင္ ေရခ်ိဳးလို႔ရတယ္။ Dettol ဒက္ေတာရည္ ပိုးသန္႔ေဆးသံုးႏိုင္တယ္။ ေရအိမ္သံုးျပီးတိုင္ အေပ်ာ့စားနဲ႔ ေဆးပါ။ အလိုလို အသားႏုတက္လာပါမယ္။ အေနာေသးရင္ ဘာမွထပ္လိုပ္စရာမလိုပါ။ တခ်ိဳ႕ကိုေတာ့ ျပန္ခ်ဳပ္ေပးရတယ္။ ေအးေအးေဆးေဆး ရက္ေရြးျပီး လုပ္ႏိုင္ပါတယ္။ ေမြးျပီးစ ဆင္းတာေတြလည္း ရပ္ပါေစ။ ခ်ဳပ္ရင္လည္း ခ်ဲ႕တံုးကလိုပဲ ထံုေဆးနဲ႔ ၃ ထပ္ခ်ဳပ္တယ္။ တခ်ိဳ႕ကေတာ့ ဒိထက္ပိုလိုတာလည္းရွိတယ္။ ဗဂ်ိဳင္းနားအတြင္းကိုပါ ျပင္ေပးႏိုင္တယ္။ နဂိုအေနလိုျပ္န္ရခ်င္ရင္လုပ္ေပးႏိုင္တယ္။ ကီဂယ္ေလ့က်င့္ခန္းလည္းလုပ္ပါ။
အနာက်က္တာေႏွးသူေတြ ဆီးခ်ိဳစစ္ပါ။

Credit:ေဒါက္တာတင့္ေဆြ

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

၁။ ဆရာရှင့် ဗိုက်ခွဲပြီးမွေးတာ ဘယ်လောက်ကြာမှ အနာကျက်တာလဲသိချင်ပါတယ်။ တချို့က ၄ လ လောက်မှ သက်သာတယ်လို့ ပြောလို့ပါသိချင်ပါတယ်ရှင့်။ ဗိုက်ခွဲမွေးရင်ရှောင်သင့်တဲ့အချက်တွေကို ပြောပြပေးပါနော်။

၂။ သမီးက ဗိုက်ခွဲပြီး ကလေးမွေးထားတာ ၈ ရက်မြောက်နေ့ရှိနေပါပြီ။ ချုပ်ရိုးက နာပြီးစပ်သလိုဖြစ်ပါတယ်။ ခွဲပြီးစမှာ အဲဒီလို ဖြစ်တတ်ပါလားရှင့်။ ချုပ်ရိုးက ဘယ်အချိန်လောက်မှာကျက်ပြီး သွားနိုင်လာနိုင်ပါသလဲရှင့်။ ဘေးစောင်းအိပ်လို့လဲ မရသေးပါဘူးရှင့်။

ဗိုက်ခွဲတာတိုင်းမှာ အရေပြား၊ အဆီ၊ ကြွက်သား၊ အရွတ်လွှာ၊ ဗိုက်ဖုံးလွှာဆိုပြီး၊ ၄ ထပ်၊ အဆင့်ဆင့် ခွဲရ၊ ချုပ်ရတယ်။ ကလေးဖွါးတာဆိုရင် သားအိမ်ကိုပါ ၃ ထပ်ချုပ်ပေးရတယ်။ နာတာမှာ ခံစားမှု မတူတာရှိတယ်။ ဗိုက်ကို တခါမက ခွဲရသူတွေဆိုရင် သတိထားစရာတခုရှိတယ်။ တခါခွဲတိုင်း တွယ်ကပ်ဖြစ်စဉ် ဖြစ်ကြရတယ်။ တွယ်ကပ်မှုကြောင့် နာတတ်တယ်။ Adhesion ခွဲစိတ်ရရင် တွယ်ကပ်မှုဖြစ်တယ်စာတပုဒ်သပ်သပ် ရေးထားပါတယ်။ လိုအပ်ရင် စစ်ဆေးပြုပြင်ပေးမယ်။

ခွဲစိတ်မှုမှာ အသေးစားနဲ့ အကြီးစားရှိတယ်။ ဗိုက်ခွဲရရင်တော့ အကြီးစားထဲမှာပါမယ်။ မေ့ဆေးနဲ့ခွဲတာနဲ့ ခါးထုံဆေးနဲ့ ခွဲရတာတွေလဲ အကြီးစားလို့ ယေဘုယျ ပြောနိုင်တယ်။ အနာ၊ ဒဏ်ရာနဲ့ ခွဲစိတ်နာတွေက အပေါ်ယံအရေပြား ကျက်ဘို့ (၈) ရက်ထက်မစောင့်ရပါ။ ခေါင်းပိုင်းဆို (၅) ရက်သာ ကြာတယ်။ STO ချုပ်ရိုးဖြေတဲ့ရက်တွေဖြစ်ပါတယ်။ အရိုးကျိုးထားတာက အချိန်ပိုယူပါမယ်။ အရေပြားအောက်က အဆီ၊ ကြွက်သားနဲ့ အင်္ဂါအစိတ်အပိုင်းတွေလဲ ရက်တူလောက်မှာ အနာကျက်ပါတယ်။ အကြမ်းဖျဉ်း နှစ်ပါတ် (၁၄ ရက်) ဆိုရင် အနာကောင်းကောင်းကျက်ပြီလို့ ပြောနိုင်တယ်။ ပိုးဝင်လို့ အနာရင်းတာ၊ ချုပ်ရိုးကြောင်းဟသွားတာ၊ ပွင့်သွားတာ မဟုတ်ရင်ပြောတာဖြစ်ပါတယ်။

ဗိုက်ကိုအကြီးစားခွဲစိတ်မှုလုပ်ပြီး ချုပ်ရိုးကြောင်းတခုလုံး ဟပွင့်ထွက်ထွက်တာမျိုးက ရက်စေ့လို့ ချုပ်ရိုးဖြေတဲ့ရက်မှာဘဲ ဖြစ်တယ်။ ကျွန်တော့်ဆရာဝန်သက်တမ်းအတွင်း အနည်းဆုံး (၃) ယောက်လောက်တွေ့ရဘူးတယ်။ ပြန်ချုပ်ရာမှာ အထူးစီမံပြီး ချုပ်ပေးရတယ်။ အဲလိုလူမျိုးကတော့ နောက်တခါ ချုပ်ရိုးဖြည်ဘို့ ရက်ပိုစောင့်ရမယ်။ ချုပ်ရိုးမှာ လုံးလုံးလေးတွေလိုစမ်းတွေ့တာက စိုးရိမ်စရာမရှိပါ။ အရေပြားကိုချုပ်တဲ့ အပ်ခြည်၊ အောက်က အလွှာတွေကို ချုပ်တဲ့ အသားဖြစ်ချုပ်ကြိုး (ကက်ဂတ်) တွေက အမာရွတ်ဖြစ်စဉ်မှာ စုနေလို့သာဖြစ်ပါမယ်။ ကြာလေ အသားကျလေ ဖြစ်မယ်။ တကယ်လို့ နေရာတခုစီလောက်မှာ အနာလို ပန်းရောင်၊ အနီရောင် နေရာလေးတွေ ရှိရင်တော့ အထဲက ချုပ်ရိုးစလေး ထွက်ချင်လို့နေမယ်။ ထုတ်ပေးလိုက်ရင် ပျောက်သွားပါမယ်။

ခွဲစိတ်ပြီးနောက် မေ့ဆေး၊ ထုံဆေးပျယ်တာနဲ့ လှုပ်ရှားမှုစနိုင်တယ်။ စလဲစသင့်တယ်။ (ဟာနီယာ) အူကျတာကို ခွဲစိတ်တာ၊ (ပလပ်စတစ်) ခွဲစိတ်တာစတဲ့ တချို့ ချွင်းချက်ကလွဲရင် ပြောတာဖြစ်ပါတယ်။ အသက်ကြီးသူတွေဆိုရင် ခြေထောက်လှုပ်ရှားမှု မဖြစ်မနေလုပ်စေတယ်။ လမ်းလျှောက်နိုင်တာလဲ ရက်မကြာပါ။ လေ့ကျင့်ခန်းလုပ်တာမျိုးအတွက် အနည်း-အများနဲ့ အပြင်း-အပြော့ကွာမယ်။ ဘာလုပ်လုပ် ဖြေးဖြေး၊ နည်းနည်းကနေ စသင့်တယ်။ ၄ ပါတ်ဆိုရင် မခွဲစိတ်ခင်ကလို လုပ်နိုင်ပါပြီ။ ခွဲထားတဲ့နေရာအတွက်သာ စောင့်ကြရတာဖြစ်ပါတယ်။ လက်ကို ခွဲထားသူက ဗယ်လီလေ့ကျင့်ခန်း လုပ်လို့ရပါတယ်။

အမျိုးသမီးတွေ တင်ပါးဆုံနေရာ၊ မွေးဖွါးလမ်းမှာ ခွဲစိတ်ရသူဆိုရင် (ကီဂယ်လ်) လေ့ကျင့်ခန်းလိုမျိုးကတော့ (၂) ပါတ် ထက်ပိုပြီး စောင့်စရာမလိုပါ။ သားအိမ်နဲ့ မွေးလမ်း (ဗဂျိုင်းနား)၊ ဆီးလမ်းအားကောင်းစေဘို့လုပ်နည်းကို ဆိုလိုတာပါ။ သားအိမ်-ဆီးအိမ်ကျတာ သက်သာစေတယ်။ စာတပုဒ်သပ်သပ် ရေးထားပါတယ်။ လေ့ကျင့်ခန်းနဲ့အတူ၊ အစားအသောက်နဲ့ လိုမဲ့ဆေးတွေလဲ ကူသင့်တယ်။ ဥပမာ မျှတလုံလောက်တဲ့ အာဟာရ စားသောက်ရမယ်။ (တစ်ရှူး) တွေ အသစ်ဖြစ်စေအောင် (ပရိုတင်း) ဓါတ် မနည်းစေရပါ။ ကြွက်သား အားကောင်းအောင် (ပိုတက်ဆီယမ်) အပိုဆောင်းလိုနိုင်တယ်။ (ပိုတက်ဆီယမ်) များတဲ့အစားအသောက်တွေ လိုမယ်။ ဗီတာမင် (စီ) လဲ ၅ဝဝ မီလီဂရမ် သောက်တာ ကောင်းပါတယ်။

Chimose လိုဆေးပေးတာအတွက် ခွဲစိတ်ဆရာဝန်တိုင်းက ကောင်းတယ်-မကောင်းဘူးဆိုတာ သဘောထားမတူကြပါ။
ခွဲစိတ်မှုနည်းနာတွေ ပါဖက်ဖြစ်ရင် ခွဲစိတ်တာအတွက် ပိုးသေဆေး မပေးတာလဲရှိတယ်။ တချို့ ခွဲစိတ်မှုတွေမှာတော့ မခွဲခင်ကတည်းက ပိုးသေဆေးပေးထားရတယ်။

Episiotomy ဆိုတာ ရိုးရိုးမွေးရသူတွေမှာ အထူးသဖြင့် သားဦးမှာ လိုအပ်လို့ မွေးလမ်းချဲ့ပြီးပြန်ချုပ်တာကိုခေါ်တယ်။ ၃ ထပ်ချုပ်တယ်။ ၅-၆-၇ ရက်မှာ ချုပ်ရိုးဖြည်တယ်။ ချုပ်ရိုးအဆင်မပြေဖြစ်တတ်တယ်။ စိုးရိမ်စရာမရှိပါ။ ချုပ်ရိုးဖြည်ပြီးမှ အနာကျန်နေရင် ဆေးထည့်နေရမယ်။ အနာဘေးမှာသာ အရက်ပြန်လိမ်းပါ။ အနာအထဲကို Betadine/Cipladine cream လိမ်းဆေးလိမ်းပါ။ အနာမကြီးရင် ရေချိုးလို့ရတယ်။ Dettol ဒက်တောရည် ပိုးသန့်ဆေးသုံးနိုင်တယ်။ ရေအိမ်သုံးပြီးတိုင် အပျော့စားနဲ့ ဆေးပါ။ အလိုလို အသားနုတက်လာပါမယ်။ အနောသေးရင် ဘာမှထပ်လိုပ်စရာမလိုပါ။ တချို့ကိုတော့ ပြန်ချုပ်ပေးရတယ်။ အေးအေးဆေးဆေး ရက်ရွေးပြီး လုပ်နိုင်ပါတယ်။ မွေးပြီးစ ဆင်းတာတွေလည်း ရပ်ပါစေ။ ချုပ်ရင်လည်း ချဲ့တုံးကလိုပဲ ထုံဆေးနဲ့ ၃ ထပ်ချုပ်တယ်။ တချို့ကတော့ ဒိထက်ပိုလိုတာလည်းရှိတယ်။ ဗဂျိုင်းနားအတွင်းကိုပါ ပြင်ပေးနိုင်တယ်။ နဂိုအနေလိုြပ်န်ရချင်ရင်လုပ်ပေးနိုင်တယ်။ ကီဂယ်လေ့ကျင့်ခန်းလည်းလုပ်ပါ။
အနာကျက်တာနှေးသူတွေ ဆီးချိုစစ်ပါ။



Credit:ဒေါက်တာတင့်ဆွေ



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top