iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္ဝန္ရျခင္း
ဆရာရွင့္
နားနဲ႔ မနာ ဖ၀ါးနဲ႔ နာပါ၊ ကၽြန္မက အသက္ ၂၂ ရွိၿပီျဖစ္တဲ့ အပ်ိဳပါ၊ ေက်ာင္းသူပါ ဆရာရဲ႕
အသက္ ၁၈ ႏွစ္ျပည့္မွ ဖတ္ပါ ဆုိတာေတြလည္း ဖတ္ၿပီးပါၿပီ အလြန္ ဗဟုသုတ ရပါတယ္၊ ကၽြန္မ
သိခ်င္တာေလး ေမးပါရေစ။ဆရာေရးထားတာက
oral sex က ကုိယ္၀န္ မရႏုိင္ဘူးလုိ႔ ဖတ္ရပါတယ္၊ ေယာက်္ားေလး သုတ္ပိုး မိန္းကေလး ကုိယ္ထဲ၀င္မွ
ကုိယ္၀န္ရွိတာလားရွင္၊ ေယာက္်ာေလး အရည္ နဲ႔ မိန္းကေလး အဂၤါ ထိေတြ႔မိရင္ေရာ ကိုယ္၀န္ ရႏုိင္ပါသလားရွင္ဆရာ ကၽြန္မကို ေက်းဇူးျပဳၿပီး ေျဖၾကားေပးပါ။

ေျဖ။ ကိုယ္၀န္ရွိသြားတယ္ဆိုတာကိုတိတိက်က်ေျပာရရင္ ေယာက္်ား လိင္အဂၤါကေနထြက္တဲ့ သုတ္ရည္နဲ႔ မိန္းကေလး ရဲ႕ မ်ိဳးဥ တနည္းနည္းနဲ႔ထိေတြ႔၊ ေပါင္းစပ္မွ ျဖစ္တာပါ။ လြယ္တယ္ဆိုလဲ ဟုတ္တယ္၊ ခက္ခဲတယ္ ဆိုျပန္ရင္လဲ မွန္တယ္။တခါတည္း ဆက္ဆံတာနဲ႔ ကုိယ္၀န္ရွိသြားတတ္သလို အိမ္ေထာင္ရက္သား က်တာ ႏွစ္ေတြ ၾကာတာေတာင္မွသားသမီး မထြန္းကားတာလဲ ရွိတယ္။

(သုတ္ရည္ဆိုတာ)
လိင္စိတ္ျဖစ္ေပၚလာလို႔ ေယာက္်ားအဂၤါထိပ္မွာ စိုလာတဲ့ (စီမင္) ဆိုတဲ့အရည္ မဟုတ္ပါ။ မိန္းကေလးေတြမွာလဲလိင္စိတ္ျဖစ္လာရင္ မိန္းမအဂၤါမွာ စိုလာတာမ်ိဳး ျဖစ္ပါတယ္။ ေယာက္်ား - မိန္းမ ႏွစ္ေယာက္ လံုးမွာဒီအရည္မ်ိဳးက ကုိယ္၀န္ မေဆာင္ေစႏိုင္ပါ။ လိင္ဆက္ဆံရင္ (လိင္အဂၤါ ႏွစ္ခု ထိစပ္ျခင္းလုပ္ရင္)အဆင္ေျပ ေခ်ာေမြ႔ေအာင္ ျပဳျပင္ေပးမႈတခုသာ ျဖစ္ပါတယ္။

လိင္ဆက္ဆံစိတ္ျပည့္၀သြားခ်ိန္မွာ ထြက္လာတဲ့အရည္ကိုသာ သုတ္ရည္ေခၚတယ္။ အထဲမွာ သုတ္ပိုးေတြပါတယ္။ သုတ္ပိုးေတြကက်န္းမာသန္စြမ္းရမယ္။ အရည္အတြက္ကလဲ မနည္းရဘူး။ ဒါမွ ကိုယ္၀န္ ေဆာင္ေစႏိုင္တယ္။ သုတ္ရည္ဆိုတာ(စီမင္)လို စိမ့္ထြက္ေနတာ မဟုတ္ဘဲ၊ အရွိန္နဲ႔ ပန္းထြက္လာတာပါ။

ေယာက္်ားျဖစ္ျဖစ္မိန္းမျဖစ္ျဖစ္ လိင္ဆက္ဆံတာ မလုပ္ဘဲလဲ လိင္စိတ္ျပည့္၀သြားေအာင္ တျခားနည္းနဲ႔ လုပ္ရင္ေယာက္်ားမွာ သုတ္ရည္ ထြက္ေစႏိုင္သလို၊ မိန္းမမွာလဲ ေနာက္အရည္တမ်ိဳး ထြက္ေစႏိုင္တယ္။
ဒါမ်ိဳးကို တနည္းအားျဖင့္ ဆႏၵျပည့္၀သြားတယ္၊ (ကလိုင္းမက္စ္) ေရာက္တယ္၊ (ေအာ္ဂဇင္) ရတယ္လို႔
ေခၚတယ္။ အရပ္စကားနဲ႔ ဆိုရင္ “ၿပီး” သြားတယ္ေပါ့။ မိန္းမေတြမွာ (ေအာ္ဂဇင္) မရဘဲနဲ႔ ကိုယ္၀န္ေဆာင္သြားႏိုင္တယ္။

ေယာက္်ား မွာေတာ့ (ေအာ္ဂဇင္) ရလို႔ သုတ္ရည္ ထြက္မွသာ ကိုယ္၀န္ ေဆာင္ေစႏိုင္တယ္။
လိင္ဆက္ဆံတာမဟုတ္ဘဲလဲ (ေအာ္ဂဇင္) ရေစႏိုင္တယ္။ (မာစတာေဘးရွင္း) လို႔ေခၚတယ္။ နည္းအမ်ိဳးမ်ိဳး ရွိတယ္။(အိုရယ္လ္) ပါးစပ္သံုးနည္းကလဲ တခုအပါအ၀င္ျဖစ္တယ္။ မိမိလက္နဲ႔ မိမိဖါသာ သာယာမႈရေအာင္ လုပ္တာကိုအမ်ားဆံုး လုပ္ၾကတယ္။ ဒီေခတ္မွာေတာ့ မိန္းမေတြအတြက္ (တြိဳင္း) ေခၚ ပစၥည္းကရိယာ အမ်ိဳးမ်ိဳးသံုးတာေတြ ရွိသလို ေယာက္်ားေတြ အတြက္လဲ တျခား (တြိဳင္း)ေတြ ရွိတယ္။

ကိုယ္၀န္ရွိေစဘို႔ေနာက္ထပ္ လိုေသးတဲ့ အေျခအေနေတြကေတာ့ မိန္းမဟာ အသက္အရြယ္အားျဖင့္ အပ်ိဳေဖၚ ၀င္ၿပီး၊ ေသြးဆံုးခ်ိန္မတိုင္ခင္ျဖစ္ရမယ္။ လစဥ္ရာသီ လာေနသူ ျဖစ္ရမယ္။ ရာသီလာရက္ ႏွစ္ခါအၾကား လအလည္ ရက္မွာ မ်ိဳးဥအိမ္(အိုဗရီ) ကေန မ်ိဳးဥ (အိုဗမ္) ထြက္ရမယ္။ ေနာက္ သူနဲ႔ဆက္ဆံသူ ေယာက္်ားကလဲ လူပ်ိဳ ျဖစ္ၿပီးသူ ျဖစ္ရမယ္။

က်ား-မ ကြာတာတခ်က္ကေတာ့ ေယာက္်ားေတြမွာ အမ်ိဳးသမီးမ်ားလို ေသြးဆံုး-သားဆံုး ဆိုတာ ျဖစ္ေလ့မရွိပါ။

အဲလိုအရည္အခ်င္းေတြျပည့္သူ ေယာက္်ားနဲ႔ မိန္းမ ႏွစ္ေယာက္ လိင္ဆက္ဆံၾကမယ္။ အတိအက် ေျပာရရင္
လိင္အဂၤါ ႏွစ္ခု ထိစပ္မႈကို အခ်ိန္ အတိုင္းအတာတခုထိလုပ္မယ္။ ေယာက္်ား အၿပီးသတ္ခ်ိန္
(လိင္စိတ္ ျပည့္၀ခ်ိန္၊ ကလိုင္းမက္စ္ ေရာက္ခ်ိန္၊) မွာ က်ားလိင္အဂၤါက မေမြးလမ္းေၾကာင္း
(ဗဂ်ိဳင္းနာ) ထဲမွာ ထားေနတံုး သုတ္လႊတ္ ရမယ္။ မိန္းကေလးက ဆႏၵျပည့္၀ခ်င္မွ ျပည့္၀သြားပါမယ္။
ဒါေပမဲ့ ကုိယ္၀န္ရသြားႏိုင္တယ္။

ဘယ္ရက္မွာျဖစ္ျဖစ္
လိင္ဆက္ဆံရင္ ေယာက္်ားျဖစ္သူက စိတ္ဆႏၵျပည့္လို႔ သုတ္ရည္ထြက္ခ်ိန္မွာ မိန္းကေလး ရဲ႕ ေမြးလမ္း အဂၤါအျပင္မွာသုတ္ရည္ကို ထုတ္လႊတ္ရင္ ကုိယ္၀န္မေဆာင္ေစႏိုင္ပါ။ အတိအက် ျဖစ္ေအာင္ လုပ္ဘို႔ေတာ့ လိုတာေပါ့။ေသခ်ာေအာင္ ေရးရရင္ ေယာက္်ားေလးဟာ လိင္ဆက္ဆံေနတံုး အခ်ိန္ ၾကာေစ ခ်င္တာေၾကာင့္ သုတ္ရည္မထြက္ေသးေအာင္ စိတ္ကိုထိန္းမယ္။ ထိန္းႏိုင္အံုးေတာ့ ၁ စက္ေလာက္ တြက္သြားရင္ ၁ စက္ထဲမွာသုတ္ပိုး အရည္အတြက္ သိန္းနဲ႔ခ်ီပါတာမို႔ ကုိယ္၀န္ရေစႏိုင္တယ္။ (ကြန္ဒြမ္) ဟာ HIV ပိုးကူးမွာကို
ကာကြယ္တဲ့ျပင္ သုတ္ရည္အားလံုး မိန္းမကုိယ္ထဲ မ၀င္လို႔ ကုိယ္၀န္မေဆာင္တာ ျဖစ္ပါတယ္။

“ေယာက်္ားေလးအရည္
နဲ႔ မိန္းကေလးအဂၤါ ထိေတြ႔မိရင္ေရာ ကိုယ္၀န္ရႏုိင္ပါသလား။” အရည္ဟာ သုတ္ရည္ ျဖစ္ရမယ္၊
သုတ္ရည္ျဖစ္အံုးေတာ့ မိန္းကေလးအဂၤါနဲ႔ ထိေတြ႔မိယံုနဲ႔ ကိုယ္၀န္မရေသးပါ။ အထဲကို ၀င္ရပါမယ္။
အထဲဆိုတာ (ဗဂ်ိဳင္းနား) အတြင္း၊ အတြင္းဆိုတာေတာင္မွ အထဲေရာက္ေလေလ ကုိယ္၀န္ရႏိုင္ေလ
ျဖစ္တယ္။

(ဗဂ်ိဳင္းနား)
အဆံုးမွာ အထက္ကရွိေနတာက သားအိမ္အ၀ျဖစ္တယ္။ သားအိမ္အ၀ဆိုတာ ေစ့ထားတဲ့ ပါးစပ္လို ေနတာ။
အဲဒီအထဲကို သုတ္ရည္ထဲက သုတ္ပိုးေတြ ၀င္သြားမယ္။ သုတ္ရည္ဟာ တျခားအရည္မ်ိဳးလို မဟုတ္ဘူး။
ဆြဲေဆာင္မႈအား ရွိတယ္။ သူသြားရမဲ့လမ္း သူသိသလိုဘဲ။ သာမန္အရည္ဆိုတာမ်ိဳးက (ဂရယ္ဗတီ)
ကမၻာ့ဆြဲအားအရ စီးဆင္းတာ။ သုတ္ရည္ၾကေတာ့ သံလိုက္သေဘာမ်ိဳး ဖိုဓါတ္-မဓါတ္ ဆြဲေဆာင္မႈအရ
တခုကေန တခုဆီ သြားေပါင္းစပ္ႏိုင္စြမ္းရွိတယ္။ သုတ္ပိုးကုိ ဆြဲေဆာင္ေနတာက သားအိမ္ အေပၚပိုင္းနားကမ်ိဳးဥအိမ္ကေန ထြက္ထားတဲ့ မ်ိဳးဥျဖစ္တယ္။ သူတို႔ႏွစ္မ်ိဳး သားအိမ္မွာ ဖူးဇာဆံုတာနဲ႔
ကုိယ္၀န္ရွိလာတယ္။

သတိထားဘို႔
တခ်က္က ေယာက္်ားသုတ္ရည္ဟာ လိင္ဆက္ဆံတာ မဟုတ္ဘဲ မိန္းကေလးရဲ႕ (ဗဂ်ိဳင္းနား) အတြင္းကို
တနည္းနည္းနဲ႔ ၀င္ရင္လဲ ကုိယ္၀န္ရေစႏိုင္တယ္။ သဘာ၀မဟုတ္နည္းနဲ႔ ကေလးရေအာင္လုပ္ယူတာက
ဒီနည္း သံုးတာ ျဖစ္ပါတယ္။ တႏွစ္မွာ တခါသာပြင့္တဲ့ ပိေတာက္ပန္းလို၊ မ-မ်ိဳးဥဟာ တလ မွာ
၁ ႀကိမ္သာ ထြက္တယ္။ သုတ္ပိုးေရာ မ-မ်ိဳးဥေရာဟာ ရက္ နည္းနည္း ရွင္ေနႏိုင္တယ္။ မ-မ်ိဳးဥ
မထြက္ခင္ ေရာက္ေနၿပီးသား က်ားသုတ္ပိုး၊ က်ားသုတ္ပိုး ၀င္မလာခင္ ထြက္ထားၿပီး မ-မ်ိဳးဥတို႔
ေတြ႔ဆံု၊ ေပါင္းစပ္လို႔လဲ ကုိယ္၀န္ ရေစႏိုင္တယ္။

ဒါ့ေၾကာင့္မိန္းကေလးက ရာသီလာၿပီး ၁ ပါတ္(၇ ရက္) နဲ႔ မလာခင္ ၁ ပါတ္(၇ရက္) ဆိုတဲ့ ၁၄ ရက္အတြင္း
ေယာက္်ားနဲ႔ လိင္ဆက္ဆံရင္ ကုိယ္၀န္ေဆာင္ဘို႔ အခြင့္အလမ္း နည္းပါတယ္။ က်န္ ၂ ပါတ္မွာ
ဆက္ဆံရင္ ကုိယ္၀န္ ရတတ္တယ္။ ပိေတာက္ပန္းမ်ားလဲ မညွိဳးမခ်င္း ေမႊးလြန္းၾကတယ္ မဟုတ္ပါလား။


Credit: ေဒါက္တာတင့္ေဆြ
 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကိုယ်ဝန်ရခြင်း
ဆရာရှင့်
နားနဲ့ မနာ ဖဝါးနဲ့ နာပါ၊ ကျွန်မက အသက် ၂၂ ရှိပြီဖြစ်တဲ့ အပျိုပါ၊ ကျောင်းသူပါ ဆရာရဲ့
အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ ဆိုတာတွေလည်း ဖတ်ပြီးပါပြီ အလွန် ဗဟုသုတ ရပါတယ်၊ ကျွန်မ
သိချင်တာလေး မေးပါရစေ။ဆရာရေးထားတာက
oral sex က ကိုယ်ဝန် မရနိုင်ဘူးလို့ ဖတ်ရပါတယ်၊ ယောကျ်ားလေး သုတ်ပိုး မိန်းကလေး ကိုယ်ထဲဝင်မှ
ကိုယ်ဝန်ရှိတာလားရှင်၊ ယောက်ျာလေး အရည် နဲ့ မိန်းကလေး အင်္ဂါ ထိတွေ့မိရင်ရော ကိုယ်ဝန် ရနိုင်ပါသလားရှင်ဆရာ ကျွန်မကို ကျေးဇူးပြုပြီး ဖြေကြားပေးပါ။

ဖြေ။ ကိုယ်ဝန်ရှိသွားတယ်ဆိုတာကိုတိတိကျကျပြောရရင် ယောက်ျား လိင်အင်္ဂါကနေထွက်တဲ့ သုတ်ရည်နဲ့ မိန်းကလေး ရဲ့ မျိုးဥ တနည်းနည်းနဲ့ထိတွေ့၊ ပေါင်းစပ်မှ ဖြစ်တာပါ။ လွယ်တယ်ဆိုလဲ ဟုတ်တယ်၊ ခက်ခဲတယ် ဆိုပြန်ရင်လဲ မှန်တယ်။တခါတည်း ဆက်ဆံတာနဲ့ ကိုယ်ဝန်ရှိသွားတတ်သလို အိမ်ထောင်ရက်သား ကျတာ နှစ်တွေ ကြာတာတောင်မှသားသမီး မထွန်းကားတာလဲ ရှိတယ်။

(သုတ်ရည်ဆိုတာ)
လိင်စိတ်ဖြစ်ပေါ်လာလို့ ယောက်ျားအင်္ဂါထိပ်မှာ စိုလာတဲ့ (စီမင်) ဆိုတဲ့အရည် မဟုတ်ပါ။ မိန်းကလေးတွေမှာလဲလိင်စိတ်ဖြစ်လာရင် မိန်းမအင်္ဂါမှာ စိုလာတာမျိုး ဖြစ်ပါတယ်။ ယောက်ျား - မိန်းမ နှစ်ယောက် လုံးမှာဒီအရည်မျိုးက ကိုယ်ဝန် မဆောင်စေနိုင်ပါ။ လိင်ဆက်ဆံရင် (လိင်အင်္ဂါ နှစ်ခု ထိစပ်ခြင်းလုပ်ရင်)အဆင်ပြေ ချောမွေ့အောင် ပြုပြင်ပေးမှုတခုသာ ဖြစ်ပါတယ်။

လိင်ဆက်ဆံစိတ်ပြည့်ဝသွားချိန်မှာ ထွက်လာတဲ့အရည်ကိုသာ သုတ်ရည်ခေါ်တယ်။ အထဲမှာ သုတ်ပိုးတွေပါတယ်။ သုတ်ပိုးတွေကကျန်းမာသန်စွမ်းရမယ်။ အရည်အတွက်ကလဲ မနည်းရဘူး။ ဒါမှ ကိုယ်ဝန် ဆောင်စေနိုင်တယ်။ သုတ်ရည်ဆိုတာ(စီမင်)လို စိမ့်ထွက်နေတာ မဟုတ်ဘဲ၊ အရှိန်နဲ့ ပန်းထွက်လာတာပါ။

ယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ် လိင်ဆက်ဆံတာ မလုပ်ဘဲလဲ လိင်စိတ်ပြည့်ဝသွားအောင် တခြားနည်းနဲ့ လုပ်ရင်ယောက်ျားမှာ သုတ်ရည် ထွက်စေနိုင်သလို၊ မိန်းမမှာလဲ နောက်အရည်တမျိုး ထွက်စေနိုင်တယ်။
ဒါမျိုးကို တနည်းအားဖြင့် ဆန္ဒပြည့်ဝသွားတယ်၊ (ကလိုင်းမက်စ်) ရောက်တယ်၊ (အော်ဂဇင်) ရတယ်လို့
ခေါ်တယ်။ အရပ်စကားနဲ့ ဆိုရင် “ပြီး” သွားတယ်ပေါ့။ မိန်းမတွေမှာ (အော်ဂဇင်) မရဘဲနဲ့ ကိုယ်ဝန်ဆောင်သွားနိုင်တယ်။

ယောက်ျား မှာတော့ (အော်ဂဇင်) ရလို့ သုတ်ရည် ထွက်မှသာ ကိုယ်ဝန် ဆောင်စေနိုင်တယ်။
လိင်ဆက်ဆံတာမဟုတ်ဘဲလဲ (အော်ဂဇင်) ရစေနိုင်တယ်။ (မာစတာဘေးရှင်း) လို့ခေါ်တယ်။ နည်းအမျိုးမျိုး ရှိတယ်။(အိုရယ်လ်) ပါးစပ်သုံးနည်းကလဲ တခုအပါအဝင်ဖြစ်တယ်။ မိမိလက်နဲ့ မိမိဖါသာ သာယာမှုရအောင် လုပ်တာကိုအများဆုံး လုပ်ကြတယ်။ ဒီခေတ်မှာတော့ မိန်းမတွေအတွက် (တွိုင်း) ခေါ် ပစ္စည်းကရိယာ အမျိုးမျိုးသုံးတာတွေ ရှိသလို ယောက်ျားတွေ အတွက်လဲ တခြား (တွိုင်း)တွေ ရှိတယ်။

ကိုယ်ဝန်ရှိစေဘို့နောက်ထပ် လိုသေးတဲ့ အခြေအနေတွေကတော့ မိန်းမဟာ အသက်အရွယ်အားဖြင့် အပျိုဖေါ် ဝင်ပြီး၊ သွေးဆုံးချိန်မတိုင်ခင်ဖြစ်ရမယ်။ လစဉ်ရာသီ လာနေသူ ဖြစ်ရမယ်။ ရာသီလာရက် နှစ်ခါအကြား လအလည် ရက်မှာ မျိုးဥအိမ်(အိုဗရီ) ကနေ မျိုးဥ (အိုဗမ်) ထွက်ရမယ်။ နောက် သူနဲ့ဆက်ဆံသူ ယောက်ျားကလဲ လူပျို ဖြစ်ပြီးသူ ဖြစ်ရမယ်။

ကျား-မ ကွာတာတချက်ကတော့ ယောက်ျားတွေမှာ အမျိုးသမီးများလို သွေးဆုံး-သားဆုံး ဆိုတာ ဖြစ်လေ့မရှိပါ။

အဲလိုအရည်အချင်းတွေပြည့်သူ ယောက်ျားနဲ့ မိန်းမ နှစ်ယောက် လိင်ဆက်ဆံကြမယ်။ အတိအကျ ပြောရရင်
လိင်အင်္ဂါ နှစ်ခု ထိစပ်မှုကို အချိန် အတိုင်းအတာတခုထိလုပ်မယ်။ ယောက်ျား အပြီးသတ်ချိန်
(လိင်စိတ် ပြည့်ဝချိန်၊ ကလိုင်းမက်စ် ရောက်ချိန်၊) မှာ ကျားလိင်အင်္ဂါက မမွေးလမ်းကြောင်း
(ဗဂျိုင်းနာ) ထဲမှာ ထားနေတုံး သုတ်လွှတ် ရမယ်။ မိန်းကလေးက ဆန္ဒပြည့်ဝချင်မှ ပြည့်ဝသွားပါမယ်။
ဒါပေမဲ့ ကိုယ်ဝန်ရသွားနိုင်တယ်။

ဘယ်ရက်မှာဖြစ်ဖြစ်
လိင်ဆက်ဆံရင် ယောက်ျားဖြစ်သူက စိတ်ဆန္ဒပြည့်လို့ သုတ်ရည်ထွက်ချိန်မှာ မိန်းကလေး ရဲ့ မွေးလမ်း အင်္ဂါအပြင်မှာသုတ်ရည်ကို ထုတ်လွှတ်ရင် ကိုယ်ဝန်မဆောင်စေနိုင်ပါ။ အတိအကျ ဖြစ်အောင် လုပ်ဘို့တော့ လိုတာပေါ့။သေချာအောင် ရေးရရင် ယောက်ျားလေးဟာ လိင်ဆက်ဆံနေတုံး အချိန် ကြာစေ ချင်တာကြောင့် သုတ်ရည်မထွက်သေးအောင် စိတ်ကိုထိန်းမယ်။ ထိန်းနိုင်အုံးတော့ ၁ စက်လောက် တွက်သွားရင် ၁ စက်ထဲမှာသုတ်ပိုး အရည်အတွက် သိန်းနဲ့ချီပါတာမို့ ကိုယ်ဝန်ရစေနိုင်တယ်။ (ကွန်ဒွမ်) ဟာ HIV ပိုးကူးမှာကို
ကာကွယ်တဲ့ပြင် သုတ်ရည်အားလုံး မိန်းမကိုယ်ထဲ မဝင်လို့ ကိုယ်ဝန်မဆောင်တာ ဖြစ်ပါတယ်။

“ယောကျ်ားလေးအရည်
နဲ့ မိန်းကလေးအင်္ဂါ ထိတွေ့မိရင်ရော ကိုယ်ဝန်ရနိုင်ပါသလား။” အရည်ဟာ သုတ်ရည် ဖြစ်ရမယ်၊
သုတ်ရည်ဖြစ်အုံးတော့ မိန်းကလေးအင်္ဂါနဲ့ ထိတွေ့မိယုံနဲ့ ကိုယ်ဝန်မရသေးပါ။ အထဲကို ဝင်ရပါမယ်။
အထဲဆိုတာ (ဗဂျိုင်းနား) အတွင်း၊ အတွင်းဆိုတာတောင်မှ အထဲရောက်လေလေ ကိုယ်ဝန်ရနိုင်လေ
ဖြစ်တယ်။

(ဗဂျိုင်းနား)
အဆုံးမှာ အထက်ကရှိနေတာက သားအိမ်အဝဖြစ်တယ်။ သားအိမ်အဝဆိုတာ စေ့ထားတဲ့ ပါးစပ်လို နေတာ။
အဲဒီအထဲကို သုတ်ရည်ထဲက သုတ်ပိုးတွေ ဝင်သွားမယ်။ သုတ်ရည်ဟာ တခြားအရည်မျိုးလို မဟုတ်ဘူး။
ဆွဲဆောင်မှုအား ရှိတယ်။ သူသွားရမဲ့လမ်း သူသိသလိုဘဲ။ သာမန်အရည်ဆိုတာမျိုးက (ဂရယ်ဗတီ)
ကမ္ဘာ့ဆွဲအားအရ စီးဆင်းတာ။ သုတ်ရည်ကြတော့ သံလိုက်သဘောမျိုး ဖိုဓါတ်-မဓါတ် ဆွဲဆောင်မှုအရ
တခုကနေ တခုဆီ သွားပေါင်းစပ်နိုင်စွမ်းရှိတယ်။ သုတ်ပိုးကို ဆွဲဆောင်နေတာက သားအိမ် အပေါ်ပိုင်းနားကမျိုးဥအိမ်ကနေ ထွက်ထားတဲ့ မျိုးဥဖြစ်တယ်။ သူတို့နှစ်မျိုး သားအိမ်မှာ ဖူးဇာဆုံတာနဲ့
ကိုယ်ဝန်ရှိလာတယ်။

သတိထားဘို့
တချက်က ယောက်ျားသုတ်ရည်ဟာ လိင်ဆက်ဆံတာ မဟုတ်ဘဲ မိန်းကလေးရဲ့ (ဗဂျိုင်းနား) အတွင်းကို
တနည်းနည်းနဲ့ ဝင်ရင်လဲ ကိုယ်ဝန်ရစေနိုင်တယ်။ သဘာဝမဟုတ်နည်းနဲ့ ကလေးရအောင်လုပ်ယူတာက
ဒီနည်း သုံးတာ ဖြစ်ပါတယ်။ တနှစ်မှာ တခါသာပွင့်တဲ့ ပိတောက်ပန်းလို၊ မ-မျိုးဥဟာ တလ မှာ
၁ ကြိမ်သာ ထွက်တယ်။ သုတ်ပိုးရော မ-မျိုးဥရောဟာ ရက် နည်းနည်း ရှင်နေနိုင်တယ်။ မ-မျိုးဥ
မထွက်ခင် ရောက်နေပြီးသား ကျားသုတ်ပိုး၊ ကျားသုတ်ပိုး ဝင်မလာခင် ထွက်ထားပြီး မ-မျိုးဥတို့
တွေ့ဆုံ၊ ပေါင်းစပ်လို့လဲ ကိုယ်ဝန် ရစေနိုင်တယ်။

ဒါ့ကြောင့်မိန်းကလေးက ရာသီလာပြီး ၁ ပါတ်(၇ ရက်) နဲ့ မလာခင် ၁ ပါတ်(၇ရက်) ဆိုတဲ့ ၁၄ ရက်အတွင်း
ယောက်ျားနဲ့ လိင်ဆက်ဆံရင် ကိုယ်ဝန်ဆောင်ဘို့ အခွင့်အလမ်း နည်းပါတယ်။ ကျန် ၂ ပါတ်မှာ
ဆက်ဆံရင် ကိုယ်ဝန် ရတတ်တယ်။ ပိတောက်ပန်းများလဲ မညှိုးမချင်း မွှေးလွန်းကြတယ် မဟုတ်ပါလား။


Credit: ဒေါက်တာတင့်ဆွေ

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top