iMyanmarHouse.com - Best Property Website for Myanmar
×

အစားအေသာက္ေတြ အရသာရွိေစဖို႔ အခ်ိဳမႈန႔္ကို ေနရာတကာ သုံးေလ့ရွိၾကပါတယ္။ အထူးသျဖင့္ တ႐ုတ္ အစားအစာအမ်ားစု၊ ဟင္းသီးဟင္း႐ြက္ဘူးေတြ၊ စြပ္ျပဳတ္နဲ႕ျပဳျပင္မြမ္းမံထားတဲ့ အသားေတြမွာ ထည့္ၾကပါတယ္။

အခ်ိဳမႈန႔္ရဲ႕အဓိက ဓာတုပစၥည္းက Monosodium Glutamate (MSG) ျဖစ္ၿပီး အေမရိကန္လိုနိုင္ငံက အစားအေသာက္ ကြပ္ကဲမႈအဖြဲ႕FDA ကေတာ့ ေယဘုယ်အားျဖင့္ အႏၲရာယ္မရွိဘူးလို႔သာ သတ္မွတ္ထားေပမယ့္ အျငင္းပြားၾကတာေတြ ရွိလာၾကတာမို႔အစားအေသာက္ေတြမွာ MSG ပါဝင္မႈကို စာတမ္းကပ္ဖို႔ေတာ့ ၫႊန္ၾကားလာပါတယ္။ ဆယ္စုႏွစ္ေပါင္းမ်ား စြာခ်ီၿပီး အရသာအတြက္ သုံးလာတဲ့ ဒီအခ်ိဳမႈန႔္မွာ စားၿပီးရင္ တခ်ိဳ႕လကၡဏာေတြ ရွိလာတာ ေတြ႕ၾကရတယ္လို႔ဆိုပါတယ္။

အခ်ိဳမႈန႔္ ပါတာေတြ စားၿပီးရင္ ေခါင္းကိုက္၊ အေရျပားေတြနီ၊ ေခြၽးေတြျပန္၊ မ်က္ႏွာႀကီးတင္းေနသလိုျဖစ္၊ ထုံတာ၊ က်င္ တာေတြ ခံစားရ၊ ႏွလုံးခုန္ျမန္၊ ရင္ဘတ္ေအာင့္၊ ပ်ိဳ႕အန္၊ အားနည္း စတာေတြျဖစ္တဲ့သူေတြရွိတယ္လို႔ ဆိုပါတယ္။ သုေတ သနျပဳခ်က္ေတြအရေတာ့ လူနည္းစုမွာသာ ျဖစ္ၿပီး တိတိက်က် အခ်ိဳမႈန႔္ေၾကာင့္လို႔ သက္ေသျပစရာလည္းမေတြ႕ဘူးဆို ျပန္ပါတယ္။ ေနာက္ၿပီး အခ်ိန္တိုခံစားရတဲ့ ဒီလကၡဏာေတြက ဘာကုသမႈမွ မလိုဘဲ သက္သာသြားတတ္တာမို႔ အခ်ိဳမႈန႔္ စားလို႔ ျဖစ္တယ္ထင္ရင္ ေရွာင္ဖို႔သာ ေျပာၾကပါတယ္။

အခ်ိဳမႈန႔္ထဲက MSG အေၾကာင္း

တခ်ိဳ႕ကလည္း MSG စားရင္ ပန္းနာရင္က်ပ္၊ ေခါင္းကိုက္၊ ဦးေႏွာက္ ထိခိုက္ေစလိမ့္မယ္လို႔ ေျပာၾကသလို အစားအစာ ကြပ္ကဲသူေတြကလည္း အႏၲရာယ္မရွိဘူးလို႔ ဆိုၾကျပန္တာပါ။ တကယ္ေတာ့ အခ်ိဳမႈန့္ရဲ႕ အဓိကပစၥည္း MSG က အရ သာအတြက္ အေတာ္အဆင္ေျပတာပါ။
လူမွာ လိုအပ္တဲ့ အမိုင္နိုအက္ဆစ္အႏြယ္ဝင္ ဂလူတားမိတ္နဲ႕ ဆိုယီယမ္ ေပါင္းထားတာေပါ့။ ဂလူတားမိတ္က ခႏၶာကိုယ္ ထဲမွာလည္း ထုတ္လုပ္ၿပီး အစားအေသာက္ေတြမွာလည္း ပါဝင္တဲ့ လုပ္ငန္းေဆာင္တာေတြ လုပ္ေဆာင္ေပးတဲ့ အမိုင္နို အက္ဆစ္ပါ။ ကစီဓာတ္ေတြကို အခ်ဥ္ေဖာက္ရင္ ဂလူတားမိတ္ဓာတ္ရသလို သဘာဝအစားအစာေတြမွာလည္း ပါဝင္ေန တာပါ။ MSG က အေျခခံအရသာျဖစ္တဲ့ ခ်ိဳ၊ ခ်ဥ္၊ငန္၊ခါး ဆိုတဲ့ အရသာေတြကို အားျဖည့္ေပးတာပါ။

ဘာေၾကာင့္ အႏၲရာယ္ရွိတယ္ ထင္ၾကသလဲ

MSG ရဲ႕ glutarmate ဂလူတားမိတ္က ဦးေႏွာက္ထဲက အာ႐ုံသတင္းပို႔သမားပါ။ အထူးသျဖင့္တက္ႂကြလႈပ္ရွားမႈနဲ႕ ပတ္ သက္တဲ့ အာ႐ုံေတြကို ဆဲလ္ေတြဆီ သတင္းပို႔ေပးတာေပါ့။ ပမာဏမ်ားရင္ အဆိပ္အေတာက္ ျဖစ္ေစတဲ့ excitotoxin လို႔ ေခၚၾကပါတယ္။ ဦးေႏွာက္ကို ထိခိုက္ေစနိုင္တယ္လို႔ ယူဆၾကတာပါ။ နည္းနည္းပါးပါးက ျပႆနာမေတြ႕ရဘဲ သိပ္မ်ားရင္ ေတာ့ ဦးေႏွာက္ထိခိုက္ေစတာကို ႂကြက္ေတြမွာ စမ္းသပ္ေတြ႕ရတယ္ဆိုပါတယ္။

တခ်ိဳ႕ကေတာ့လည္း MSG စားၿပီးရင္ ေခါင္းကိုက္၊ ႂကြက္သားေတြ ေတာင့္တင္း၊ ထုံက်ဥ္တာေတြျဖစ္၊ အားနည္းၿပီး အေရ ျပားေတြ နီရဲလာတာမ်ိဳး ျဖစ္ၾကတယ္လို႔ ဆိုၿပီး ဒါကို တ႐ုတ္စားေသာက္ဆိုင္ လကၡဏာစု Chinese restaurant syndrome လို႔ေတာင္ ေခၚၾကျပန္ပါတယ္။ ဒါေပမယ့္ လူတေယာက္နဲ႕ တေယာက္ တုံ႕ျပန္တာ မတူသလို စားတဲ့ပမာဏ အနည္းအမ်ားေပၚလိုက္ၿပီးလည္း မတူညီၾကတာ ေတြ႕ရတယ္လို႔ ဆိုပါတယ္။ တခ်ိဳ႕လည္း စားလိုက္ရင္ ပန္းနာ၊ ရင္က်ပ္ ထလာတတ္တယ္ဆိုျပန္ပါတယ္။ အေသအခ်ာဆက္ႏြယ္မႈေတာ့ ရွာမရျပန္ပါဘူး။

အခ်ိဳမႈန႔္ပါလို႔ အရသာရွိတဲ့ အစားအစာကိုစားလို႔ ေက်နပ္ႏွစ္သိမ့္မႈရရင္ ခဏခဏမစားျဖစ္ေတာ့တာမို႔ ကယ္လိုရီ မတက္ ဝိတ္က်ေစတယ္လို႔ တခ်ိဳ႕ဆိုသလို စားေကာင္းလို႔ ခဏခဏစာရင္း ဝိတ္တက္ေစတယ္လို႔ ျငင္းသူေတြကလည္း ျငင္းျပန္ ပါတယ္။

ဘာလုပ္ၾကမလဲ
အခ်ိဳမႈန႔္ထဲက MSG နဲ႕ ပတ္သက္ရင္ အႏၲရာယ္လုံးဝမရွိလို႔ ဆိုတဲ့အျမင္နဲ႕ ဦးေႏွာက္ထိခိုက္ေစတယ္ ဆိုတဲ့အျမင္ဆိုၿပီး အစြန္းႏွစ္ဖက္ အခ်င္းမ်ားေနၾကတာပါ။ ဒါကို ၾကည့္ၿပီး ရွင္းလင္းတဲ့ ေကာက္ခ်က္ဆြဲေတြကေတာ့ ပမာဏသင့္တင့္႐ုံစား တာက ျပႆနာမရွိဘူး ဆိုတာပါဘဲ။
အရမ္း အမ်ားႀကီးကို တႀကိမ္တည္း တေန႕မွာ စားမိရင္ေတာင္မွ အႏၲရာယ္ရွိနိုင္တယ္လို႔လည္း ဆိုၾကပါတယ္။ လူေတြ ရဲ႕ တုံ႕ျပန္မႈ၊ ခံနိုင္ရည္ေတြအေပၚ မူတည္ေနတာမို႔ တေန႕ ဘယ္ေလာက္စားရမယ္လို႔ ပမာဏကို သတ္မွတ္ဖို႔ကလည္း ခက္ ခဲျပန္တဲ့အတြက္ ကိုယ့္ဘာသာ ခ်င့္ခ်ိန္ရမွာပါ။

မ်က္စိစုံမွိတ္ျငင္းဆန္ေနတာမ်ိဳး ျဖစ္ေစ၊ ေပ်ာ္ေပ်ာ္ႀကီးစားေနတာမ်ိဳး ျဖစ္ေစ အစြန္းႏွစ္ဖက္ကို ေရွာင္ၾကဥ္နိုင္ၾကရင္ အဆင္ ေျပမွာပါ။

ကိုယ့္အေတြ႕အႀကဳံေပၚ မူတည္ၿပီး စားလို႔ မတည့္သလို ခံစားရရင္ မစားပါနဲ႕လို႔ ရိုးရိုးရွင္းရွင္း မွတ္ခ်က္ေပးတဲ့ပညာရွင္ ေတြလည္းရွိပါတယ္။ ပုံမွန္ နည္းနည္းပါးပါးစားေနၿပီး ဘာမွ မျဖစ္ရင္ အထူးအေထြ ေရွာင္ၾကဥ္ေနစရာမလိုဘူးလို႔ ဆိုပါ တယ္။

အထူးသျဖင့္ေတာ့ အိတ္ေတြ၊ ဘူးေတြ၊ ပလတ္စတစ္ထုတ္ေတြနဲ႕ အသင့္စားနိုင္ေအာင္ စီမံထားတဲ့ အစားအေသာက္ေတြ မွာ MSG ပါဝင္မႈမ်ားတာမို႔အဲဒါေတြကေတာ့ အေထြေထြက်န္းမာေရးအတြက္ပါ ေရွာင္ၾကဥ္သင့္တယ္လို႔ ဆိုပါတယ္။

ျဖစ္နိုင္ရင္ေတာ့ အခ်ိဳမႈန့္နည္းနည္းပါးပါးသာပါဝင္တဲ့ အာဟာရျပည့္စုံမွ်တေအာင္ စီမံထားတဲ့ အစားအစာေတြစားသုံး တာကေတာ့ စိတ္အခ်ရဆုံးလို႔သာ ေကာက္ခ်က္ခ်က္ခ် ဆုံးျဖတ္ေပးၾကတာကို ေတြ႕ရတဲ့အေၾကာင္း ဗဟုသုတ ေဝမွ်ေပး လိုက္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:Irrawaddy

#Unicode Version

အစားအသောက်တွေ အရသာရှိစေဖို့ အချိုမှုန့်ကို နေရာတကာ သုံးလေ့ရှိကြပါတယ်။ အထူးသဖြင့် တရုတ် အစားအစာအများစု၊ ဟင်းသီးဟင်းရွက်ဘူးတွေ၊ စွပ်ပြုတ်နဲ့ပြုပြင်မွမ်းမံထားတဲ့ အသားတွေမှာ ထည့်ကြပါတယ်။

အချိုမှုန့်ရဲ့အဓိက ဓာတုပစ္စည်းက Monosodium Glutamate (MSG) ဖြစ်ပြီး အမေရိကန်လိုနိုင်ငံက အစားအသောက် ကွပ်ကဲမှုအဖွဲ့FDA ကတော့ ယေဘုယျအားဖြင့် အန္တရာယ်မရှိဘူးလို့သာ သတ်မှတ်ထားပေမယ့် အငြင်းပွားကြတာတွေ ရှိလာကြတာမို့အစားအသောက်တွေမှာ MSG ပါဝင်မှုကို စာတမ်းကပ်ဖို့တော့ ညွှန်ကြားလာပါတယ်။ ဆယ်စုနှစ်ပေါင်းများ စွာချီပြီး အရသာအတွက် သုံးလာတဲ့ ဒီအချိုမှုန့်မှာ စားပြီးရင် တချို့လက္ခဏာတွေ ရှိလာတာ တွေ့ကြရတယ်လို့ဆိုပါတယ်။

အချိုမှုန့် ပါတာတွေ စားပြီးရင် ခေါင်းကိုက်၊ အရေပြားတွေနီ၊ ချွေးတွေပြန်၊ မျက်နှာကြီးတင်းနေသလိုဖြစ်၊ ထုံတာ၊ ကျင် တာတွေ ခံစားရ၊ နှလုံးခုန်မြန်၊ ရင်ဘတ်အောင့်၊ ပျို့အန်၊ အားနည်း စတာတွေဖြစ်တဲ့သူတွေရှိတယ်လို့ ဆိုပါတယ်။ သုတေ သနပြုချက်တွေအရတော့ လူနည်းစုမှာသာ ဖြစ်ပြီး တိတိကျကျ အချိုမှုန့်ကြောင့်လို့ သက်သေပြစရာလည်းမတွေ့ဘူးဆို ပြန်ပါတယ်။ နောက်ပြီး အချိန်တိုခံစားရတဲ့ ဒီလက္ခဏာတွေက ဘာကုသမှုမှ မလိုဘဲ သက်သာသွားတတ်တာမို့ အချိုမှုန့် စားလို့ ဖြစ်တယ်ထင်ရင် ရှောင်ဖို့သာ ပြောကြပါတယ်။

အချိုမှုန့်ထဲက MSG အကြောင်း

တချို့ကလည်း MSG စားရင် ပန်းနာရင်ကျပ်၊ ခေါင်းကိုက်၊ ဦးနှောက် ထိခိုက်စေလိမ့်မယ်လို့ ပြောကြသလို အစားအစာ ကွပ်ကဲသူတွေကလည်း အန္တရာယ်မရှိဘူးလို့ ဆိုကြပြန်တာပါ။ တကယ်တော့ အချိုမှုန့်ရဲ့ အဓိကပစ္စည်း MSG က အရ သာအတွက် အတော်အဆင်ပြေတာပါ။
လူမှာ လိုအပ်တဲ့ အမိုင်နိုအက်ဆစ်အနွယ်ဝင် ဂလူတားမိတ်နဲ့ ဆိုယီယမ် ပေါင်းထားတာပေါ့။ ဂလူတားမိတ်က ခန္ဓာကိုယ် ထဲမှာလည်း ထုတ်လုပ်ပြီး အစားအသောက်တွေမှာလည်း ပါဝင်တဲ့ လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ပေးတဲ့ အမိုင်နို အက်ဆစ်ပါ။ ကစီဓာတ်တွေကို အချဉ်ဖောက်ရင် ဂလူတားမိတ်ဓာတ်ရသလို သဘာဝအစားအစာတွေမှာလည်း ပါဝင်နေ တာပါ။ MSG က အခြေခံအရသာဖြစ်တဲ့ ချို၊ ချဉ်၊ငန်၊ခါး ဆိုတဲ့ အရသာတွေကို အားဖြည့်ပေးတာပါ။

ဘာကြောင့် အန္တရာယ်ရှိတယ် ထင်ကြသလဲ

MSG ရဲ့ glutarmate ဂလူတားမိတ်က ဦးနှောက်ထဲက အာရုံသတင်းပို့သမားပါ။ အထူးသဖြင့်တက်ကြွလှုပ်ရှားမှုနဲ့ ပတ် သက်တဲ့ အာရုံတွေကို ဆဲလ်တွေဆီ သတင်းပို့ပေးတာပေါ့။ ပမာဏများရင် အဆိပ်အတောက် ဖြစ်စေတဲ့ excitotoxin လို့ ခေါ်ကြပါတယ်။ ဦးနှောက်ကို ထိခိုက်စေနိုင်တယ်လို့ ယူဆကြတာပါ။ နည်းနည်းပါးပါးက ပြဿနာမတွေ့ရဘဲ သိပ်များရင် တော့ ဦးနှောက်ထိခိုက်စေတာကို ကြွက်တွေမှာ စမ်းသပ်တွေ့ရတယ်ဆိုပါတယ်။

တချို့ကတော့လည်း MSG စားပြီးရင် ခေါင်းကိုက်၊ ကြွက်သားတွေ တောင့်တင်း၊ ထုံကျဉ်တာတွေဖြစ်၊ အားနည်းပြီး အရေ ပြားတွေ နီရဲလာတာမျိုး ဖြစ်ကြတယ်လို့ ဆိုပြီး ဒါကို တရုတ်စားသောက်ဆိုင် လက္ခဏာစု Chinese restaurant syndrome လို့တောင် ခေါ်ကြပြန်ပါတယ်။ ဒါပေမယ့် လူတယောက်နဲ့ တယောက် တုံ့ပြန်တာ မတူသလို စားတဲ့ပမာဏ အနည်းအများပေါ်လိုက်ပြီးလည်း မတူညီကြတာ တွေ့ရတယ်လို့ ဆိုပါတယ်။ တချို့လည်း စားလိုက်ရင် ပန်းနာ၊ ရင်ကျပ် ထလာတတ်တယ်ဆိုပြန်ပါတယ်။ အသေအချာဆက်နွယ်မှုတော့ ရှာမရပြန်ပါဘူး။

အချိုမှုန့်ပါလို့ အရသာရှိတဲ့ အစားအစာကိုစားလို့ ကျေနပ်နှစ်သိမ့်မှုရရင် ခဏခဏမစားဖြစ်တော့တာမို့ ကယ်လိုရီ မတက် ဝိတ်ကျစေတယ်လို့ တချို့ဆိုသလို စားကောင်းလို့ ခဏခဏစာရင်း ဝိတ်တက်စေတယ်လို့ ငြင်းသူတွေကလည်း ငြင်းပြန် ပါတယ်။

ဘာလုပ်ကြမလဲ
အချိုမှုန့်ထဲက MSG နဲ့ ပတ်သက်ရင် အန္တရာယ်လုံးဝမရှိလို့ ဆိုတဲ့အမြင်နဲ့ ဦးနှောက်ထိခိုက်စေတယ် ဆိုတဲ့အမြင်ဆိုပြီး အစွန်းနှစ်ဖက် အချင်းများနေကြတာပါ။ ဒါကို ကြည့်ပြီး ရှင်းလင်းတဲ့ ကောက်ချက်ဆွဲတွေကတော့ ပမာဏသင့်တင့်ရုံစား တာက ပြဿနာမရှိဘူး ဆိုတာပါဘဲ။
အရမ်း အများကြီးကို တကြိမ်တည်း တနေ့မှာ စားမိရင်တောင်မှ အန္တရာယ်ရှိနိုင်တယ်လို့လည်း ဆိုကြပါတယ်။ လူတွေ ရဲ့ တုံ့ပြန်မှု၊ ခံနိုင်ရည်တွေအပေါ် မူတည်နေတာမို့ တနေ့ ဘယ်လောက်စားရမယ်လို့ ပမာဏကို သတ်မှတ်ဖို့ကလည်း ခက် ခဲပြန်တဲ့အတွက် ကိုယ့်ဘာသာ ချင့်ချိန်ရမှာပါ။

မျက်စိစုံမှိတ်ငြင်းဆန်နေတာမျိုး ဖြစ်စေ၊ ပျော်ပျော်ကြီးစားနေတာမျိုး ဖြစ်စေ အစွန်းနှစ်ဖက်ကို ရှောင်ကြဉ်နိုင်ကြရင် အဆင် ပြေမှာပါ။

ကိုယ့်အတွေ့အကြုံပေါ် မူတည်ပြီး စားလို့ မတည့်သလို ခံစားရရင် မစားပါနဲ့လို့ ရိုးရိုးရှင်းရှင်း မှတ်ချက်ပေးတဲ့ပညာရှင် တွေလည်းရှိပါတယ်။ ပုံမှန် နည်းနည်းပါးပါးစားနေပြီး ဘာမှ မဖြစ်ရင် အထူးအထွေ ရှောင်ကြဉ်နေစရာမလိုဘူးလို့ ဆိုပါ တယ်။

အထူးသဖြင့်တော့ အိတ်တွေ၊ ဘူးတွေ၊ ပလတ်စတစ်ထုတ်တွေနဲ့ အသင့်စားနိုင်အောင် စီမံထားတဲ့ အစားအသောက်တွေ မှာ MSG ပါဝင်မှုများတာမို့အဲဒါတွေကတော့ အထွေထွေကျန်းမာရေးအတွက်ပါ ရှောင်ကြဉ်သင့်တယ်လို့ ဆိုပါတယ်။

ဖြစ်နိုင်ရင်တော့ အချိုမှုန့်နည်းနည်းပါးပါးသာပါဝင်တဲ့ အာဟာရပြည့်စုံမျှတအောင် စီမံထားတဲ့ အစားအစာတွေစားသုံး တာကတော့ စိတ်အချရဆုံးလို့သာ ကောက်ချက်ချက်ချ ဆုံးဖြတ်ပေးကြတာကို တွေ့ရတဲ့အကြောင်း ဗဟုသုတ ဝေမျှပေး လိုက်ပါတယ်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:Irrawaddy


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top