iMyanmarHouse.com - Best Property Website for Myanmar
×

ေလာကႀကီးမွာ အေကာင္းအဆုိး ၊ အေၾကာင္းအက်ိဳးကုိ ခြဲျခားသိျမင္ႏုိင္တဲ့ စြမ္းအင္ကုိ ပုိင္ဆုိင္တဲ့လူဆုိတာ ရွားပါတယ္။ မိန္းမေတြ မႈိလုိေပါတဲ့ ေလာကႀကီးမွာလည္း မိန္းမျမတ္ဆုိတာ ေရႊလုိရွားပါးလြန္းပါတယ္။ ဘယ္လုိမိန္းမမ်ိဳးကုိ မိန္းမျမတ္လုိ႔ ေခၚတာလဲဆုိတာ ခြဲျခားသိျမင္ႏုိင္ဖုိ႔ မိန္းမျမတ္အဂၤါ (၉)ပါးကုိ ေဖာ္ျပလုိက္ပါတယ္။

၁။ ကိုယ့္အားကိုယ္ကိုးတတ္တယ္

မိန္းမျမတ္ဆုိတာ ကုိယ့္ဘဝကုိ ကုိယ္တုိင္အေကာင္အထည္ေဖာ္ၿပီး အိပ္မက္ေတြကုိ အမိအရဆုပ္ကုိင္တတ္သူမ်ား ျဖစ္ပါတယ္။

၂။ စိတ္ခံစားမႈကုိ ထိန္းခ်ဳပ္ႏိုင္တယ္

မိန္းမျမတ္ဆုိတာ ေလာကဓံရွစ္ပါးကုိ ၾကံ့ၾကံ့ခံၿပီး ဘဝပင္လယ္ထဲမွာ အားမေလ်ာ့ဘဲ ဆက္ေလွာ္ေနသူမ်ားျဖစ္ပါတယ္။ ကုိယ့္ခံစားခ်က္ကုိ အမ်ားသူငွာသိေအာင္ ေပါက္ကြဲေနမယ့္အစား မိမိကုိယ္ကုိ ေျဖသိမ့္ႏုိင္သူမ်ားျဖစ္ပါတယ္။

၃။ အတင္းမေျပာဘူး။

မိန္းမအမ်ားစုဟာ အတင္းေျပာေလ့ရွိၾကေပမယ့္ မိန္းမျမတ္ေတြကေတာ့ အတင္းမေျပာပါဘူး။ ဘာေၾကာင့္လဲဆုိေတာ့ သူတစ္ပါးမေကာင္းေၾကာင္း အတင္းေျပာတယ္ဆုိတာဟာ အခ်ိန္ျဖဳန္းျခင္းတစ္မ်ိဳးလုိ႔ ခံယူထားတဲ့အတြက္ ျဖစ္ပါတယ္။

၄။ ရုိးရွင္းစြာ အသက္ရွင္တယ္။

ဆန္႔က်င္ဘက္လိင္ေတြက ကုိယ့္ကုိ စိတ္ဝင္စားတာကုိ မိန္းမအမ်ားစုခံခ်င္ၾကေပမယ့္ မိန္းမျမတ္ေတြကေတာ့ ဘဝကုိ ရုိးရွင္းစြာ ျဖတ္သန္းလုိၾကပါတယ္။ သူတစ္ပါးစိတ္ဝင္စားေအာင္ တမင္လုပ္ကုိင္ျခင္း ၊ အမူအရာျပျခင္းေတြ လုံးဝမလုပ္ၾကပါဘူး။

၅။ အိမ္ေထာင္ဖက္အေပၚမွာလည္း သစၥာရွိတယ္။

ေဖာက္ျပန္တတ္တဲ့ မိန္းမေတြ အမ်ားႀကီးရွိေပမယ့္ မိန္းမျမတ္ေတြကေတာ့ ကုိယ့္ခ်စ္သူ ၊ ကုိယ့္ခင္ပြန္းအတြက္ ရုိးေျမက်ေပါင္းသင္းရေအာင္ အျမဲတမ္းသစၥာေစာင့္သိၾကသူမ်ားျဖစ္ပါတယ္။ ကုိယ့္ၾကင္ေဖာ္တစ္ေယာက္တည္းကုိသာ စြဲစြဲျမဲျမဲခ်စ္ၿပီး သစၥာခုိင္ျမဲေရႊလက္တြဲလုိၾကပါတယ္။

၆။ ကုိယ္ပုိင္ဝါသနာ ၊ ခံယူခ်က္ရွိတယ္။

မိန္းမျမတ္ေတြဆုိတာ ကုိယ္ပုိင္ဝါသနာကုိ လက္ေတြ႕ၾကေအာင္ အေကာင္အထည္ေဖာ္တတ္ၾကၿပီး ကုိယ့္ဒႆနႏွင့္ ကုိယ္တုိင္အသက္ေမြးၾကသူမ်ားျဖစ္ပါတယ္။ ေလာကႀကီးအတြက္ ရုိးရွင္းစြာျဖတ္သန္းၾကၿပီး ဆန္းျပားစြာ ေတြးေခၚၾကသူမ်ားျဖစ္ပါတယ္။

၇။ အသိတရား ျမင့္မားတယ္။

အသိတရားျမင့္မားတယ္ဆုိတာ ဘာသာရပ္တစ္ခုကုိ အလြယ္တကူတတ္ေျမာက္ႏုိင္တဲ့ အစြမ္းသတၱိျဖစ္တဲ့ ဥာဏ္ေကာင္းျခင္းကုိ ဆုိလုိတာမဟုတ္ပါဘူး။ မိန္းမျမတ္ဆုိတာ အေၾကာင္းအက်ိဳး ၊ အေကာင္းအဆုိးကုိ ျပတ္ျပတ္သားသား ဆုံးျဖတ္ႏုိင္တဲ့ အသိတရားမ်ိဳး ပုိင္ဆုိင္ထားၾကပါတယ္။

၈။ မ်က္ႏွာထား ခ်ိဳသာတယ္။

ျပံဳးရႊင္ေနတဲ့ မ်က္ႏွာထားဟာ ျမင္ရသူအေပါင္းကို စိတ္ၾကည္ႏူးေစပါတယ္။ မိန္းမျမတ္ေတြဟာ သူတုိ႔ရဲ႕မ်က္ႏွာအေနအထားဟာလည္း ၾကည္လင္ခ်ိဳသာပါတယ္။ စူပုတ္ေနတဲ့ မ်က္ႏွာထားကုိ ဘယ္ေတာ့မွ ေဖာ္ျပေလ့မရွိဘဲ အျမဲတမ္းျပံဳးရႊင္ေနေလ့ရွိပါတယ္။

၉။ ဆက္ဆံေရး ေကာင္းမြန္ၾကပါတယ္။

မိန္းမျမတ္ေတြဆုိတာ လူတုိင္းႏွင့္အလုိက္သင့္ ေပါင္းသင္းတတ္ပါတယ္။ လူမုန္းမမ်ားေစဘဲ လူတုိင္းႏွင့္တည့္ေအာင္ ေပါင္းသင္းတတ္တဲ့ အသိတရားလည္း လက္ကုိင္ထားတဲ့အတြက္ ဆက္ဆံေရးပါရဂူမ်ားျဖစ္ျပန္ပါတယ္။

Credit: akhayar

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

လောကကြီးမှာ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ခွဲခြားသိမြင်နိုင်တဲ့ စွမ်းအင်ကို ပိုင်ဆိုင်တဲ့လူဆိုတာ ရှားပါတယ်။ မိန်းမတွေ မှိုလိုပေါတဲ့ လောကကြီးမှာလည်း မိန်းမမြတ်ဆိုတာ ရွှေလိုရှားပါးလွန်းပါတယ်။ ဘယ်လိုမိန်းမမျိုးကို မိန်းမမြတ်လို့ ခေါ်တာလဲဆိုတာ ခွဲခြားသိမြင်နိုင်ဖို့ မိန်းမမြတ်အင်္ဂါ (၉)ပါးကို ဖော်ပြလိုက်ပါတယ်။

၁။ ကိုယ့်အားကိုယ်ကိုးတတ်တယ်

မိန်းမမြတ်ဆိုတာ ကိုယ့်ဘဝကို ကိုယ်တိုင်အကောင်အထည်ဖော်ပြီး အိပ်မက်တွေကို အမိအရဆုပ်ကိုင်တတ်သူများ ဖြစ်ပါတယ်။

၂။ စိတ်ခံစားမှုကို ထိန်းချုပ်နိုင်တယ်

မိန်းမမြတ်ဆိုတာ လောကဓံရှစ်ပါးကို ကြံ့ကြံ့ခံပြီး ဘဝပင်လယ်ထဲမှာ အားမလျော့ဘဲ ဆက်လှော်နေသူများဖြစ်ပါတယ်။ ကိုယ့်ခံစားချက်ကို အများသူငှာသိအောင် ပေါက်ကွဲနေမယ့်အစား မိမိကိုယ်ကို ဖြေသိမ့်နိုင်သူများဖြစ်ပါတယ်။

၃။ အတင်းမပြောဘူး။

မိန်းမအများစုဟာ အတင်းပြောလေ့ရှိကြပေမယ့် မိန်းမမြတ်တွေကတော့ အတင်းမပြောပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတစ်ပါးမကောင်းကြောင်း အတင်းပြောတယ်ဆိုတာဟာ အချိန်ဖြုန်းခြင်းတစ်မျိုးလို့ ခံယူထားတဲ့အတွက် ဖြစ်ပါတယ်။

၄။ ရိုးရှင်းစွာ အသက်ရှင်တယ်။

ဆန့်ကျင်ဘက်လိင်တွေက ကိုယ့်ကို စိတ်ဝင်စားတာကို မိန်းမအများစုခံချင်ကြပေမယ့် မိန်းမမြတ်တွေကတော့ ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းလိုကြပါတယ်။ သူတစ်ပါးစိတ်ဝင်စားအောင် တမင်လုပ်ကိုင်ခြင်း ၊ အမူအရာပြခြင်းတွေ လုံးဝမလုပ်ကြပါဘူး။

၅။ အိမ်ထောင်ဖက်အပေါ်မှာလည်း သစ္စာရှိတယ်။

ဖောက်ပြန်တတ်တဲ့ မိန်းမတွေ အများကြီးရှိပေမယ့် မိန်းမမြတ်တွေကတော့ ကိုယ့်ချစ်သူ ၊ ကိုယ့်ခင်ပွန်းအတွက် ရိုးမြေကျပေါင်းသင်းရအောင် အမြဲတမ်းသစ္စာစောင့်သိကြသူများဖြစ်ပါတယ်။ ကိုယ့်ကြင်ဖော်တစ်ယောက်တည်းကိုသာ စွဲစွဲမြဲမြဲချစ်ပြီး သစ္စာခိုင်မြဲရွှေလက်တွဲလိုကြပါတယ်။

၆။ ကိုယ်ပိုင်ဝါသနာ ၊ ခံယူချက်ရှိတယ်။

မိန်းမမြတ်တွေဆိုတာ ကိုယ်ပိုင်ဝါသနာကို လက်တွေ့ကြအောင် အကောင်အထည်ဖော်တတ်ကြပြီး ကိုယ့်ဒဿနနှင့် ကိုယ်တိုင်အသက်မွေးကြသူများဖြစ်ပါတယ်။ လောကကြီးအတွက် ရိုးရှင်းစွာဖြတ်သန်းကြပြီး ဆန်းပြားစွာ တွေးခေါ်ကြသူများဖြစ်ပါတယ်။

၇။ အသိတရား မြင့်မားတယ်။

အသိတရားမြင့်မားတယ်ဆိုတာ ဘာသာရပ်တစ်ခုကို အလွယ်တကူတတ်မြောက်နိုင်တဲ့ အစွမ်းသတ္တိဖြစ်တဲ့ ဉာဏ်ကောင်းခြင်းကို ဆိုလိုတာမဟုတ်ပါဘူး။ မိန်းမမြတ်ဆိုတာ အကြောင်းအကျိုး ၊ အကောင်းအဆိုးကို ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်တဲ့ အသိတရားမျိုး ပိုင်ဆိုင်ထားကြပါတယ်။

၈။ မျက်နှာထား ချိုသာတယ်။

ပြုံးရွှင်နေတဲ့ မျက်နှာထားဟာ မြင်ရသူအပေါင်းကို စိတ်ကြည်နူးစေပါတယ်။ မိန်းမမြတ်တွေဟာ သူတို့ရဲ့မျက်နှာအနေအထားဟာလည်း ကြည်လင်ချိုသာပါတယ်။ စူပုတ်နေတဲ့ မျက်နှာထားကို ဘယ်တော့မှ ဖော်ပြလေ့မရှိဘဲ အမြဲတမ်းပြုံးရွှင်နေလေ့ရှိပါတယ်။

၉။ ဆက်ဆံရေး ကောင်းမွန်ကြပါတယ်။

မိန်းမမြတ်တွေဆိုတာ လူတိုင်းနှင့်အလိုက်သင့် ပေါင်းသင်းတတ်ပါတယ်။ လူမုန်းမများစေဘဲ လူတိုင်းနှင့်တည့်အောင် ပေါင်းသင်းတတ်တဲ့ အသိတရားလည်း လက်ကိုင်ထားတဲ့အတွက် ဆက်ဆံရေးပါရဂူများဖြစ်ပြန်ပါတယ်။


Credit: akhayar



ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top