iMyanmarHouse.com - Best Property Website for Myanmar
×

ႏွင္းဆီပန္းပြင့္ခ်ပ္အေရာင္တြက အဓိပၸါယ္အသီးသီးကို ေဖာ္ညြန္းပါတယ္။ ဒါေပမယ့္ စိတ္ကူးယဥ္ဆန္ဆန္ ၾကည္ႏူးဖြယ္ရာ အခ်စ္ေရးအခ်စ္ရာေတြကို အျမဲတမ္း ေဖာ္ညြန္းမေနပါဘူး။


အနီေရာင္

ႏွင္းဆီနီက ခ်စ္ျခင္း၊ ခ်စ္သံေယာဇဥ္ကို ကိုယ္စားျပဳတဲ့ သေကၤတျဖစ္ျပီး "ခ်စ္တယ္" လုိ႔ ေျပာဆိုသည့္ နည္းလမ္းတစ္ခု ျဖစ္ပါတယ္။ ႏွင္းဆီနီဟာ လွပျခင္းနဲ႔ ျပည့္စုံမႈကိုလည္း ထင္ဟပ္ေစပါတယ္။

ပန္းေရာင္

ေလးစားမႈ၊ သိမ္ေမြ႔ျခင္း၊ က်က္သေရ၊ ေပ်ာ္ရႊင္မႈနဲ႔ ခ်ဳိျမိန္ျခင္းစတဲ့ စကားေတြဟာ ပန္းေရာင္ႏွင္းဆီေနာက္ကြယ္က အဓိပၸါယ္ကို ေဖာ္ျပတဲ့ အခ်ဳိ႕ေသာ နည္းလမ္းေတြပဲ  ျဖစ္ပါတယ္။

အဝါေရာင္

ႏွင္းဆီဝါအေၾကာင္း စဥ္းစားတဲ့အခါ အေတြးထဲ ဝင္ေရာက္လာတာက ေတာက္ပ၊ ေပ်ာ္ရႊင္ၾကည္ႏူးစရာေကာင္းတဲ့ အရာေတြ ျဖစ္ပါတယ္။ ႏွင္းဆီဝါက ေႏြးေထြးတဲ့ ခံစားခ်က္ကို ဖန္တီးျပီး ေပ်ာ္ရႊင္မႈ ရရိွေစပါတယ္။ ဒီႏွင္းဆီက ေပ်ာ္ရႊင္မႈ ယူေဆာင္ျပီး မိတ္ေဆြဖြဲ႔မႈကို ေဝမွ်ပါတယ္ဆုိတဲ့ အဓိပၸါယ္ကို ေဖာ္ျပျခင္း ျဖစ္ပါတယ္။

အျဖဴေရာင္

ႏွင္းဆီျဖဴက အျပစ္ကင္းမႈ၊ စင္ၾကယ္မႈနဲ႔ ႏွစ္လုိဖြယ္ေကာင္းမႈကို ကိုယ္စားျပဳပါတယ္။ ႏွင္းဆီျဖဴေတြကို မဂၤလာေဆာင္ပြဲေတြမွာ အသုံးျပဳေလ့ရိွျပီး ေျခလွမ္းသစ္စတင္ျခင္းကို ကိုယ္စားျပဳပါတယ္။

လိေမၼာ္ေရာင္

လိေမၼာ္ေရာင္ႏွင္းဆီက အားအင္ ျဖစ္ေပၚေစျပီး စိတ္အားထက္သန္မႈ၊ စိတ္ဆႏၵနဲ႔ စိတ္လႈပ္ရွားမႈကို ညႊန္ျပပါတယ္။ ခ်စ္စိတ္ျပင္းျပျခင္းကို သေကၤတျပျပီး မိမိခ်စ္ရသူနဲ႔ အခ်စ္ေရးရင္ခုန္စိတ္လႈပ္ရွားမႈကို ေဝမွ်ႏုိင္ပါတယ္။

လာဗင္ဒါေရာင္

ဒါက ျမင္ျမင္ခ်င္းခ်စ္မိတာ သုိ႔မဟုတ္ "ခ်စ္တယ္" လို႔ ေျပာတဲ့ နည္းတစ္ခုပါပဲ။ လာဗင္လာေရာင္ႏွင္းဆီက မိမိအခ်စ္နဲ႔ အခ်စ္ေရးကို တုိးတက္ေျပာင္းလဲေစဖုိ႔ စိတ္အားထက္သန္မႈကို သတိရေစႏုိင္ပါတယ္။

ပန္းလိေမၼာ္ေရာင္

လိေမၼာ္ေရာင္ထက္ အနည္းငယ္ ပုိတယ္။ ေနာက္ကြယ္က အဓိပၸါယ္က လိေမၼာ္ေရာင္ႏွင္းကလုိပဲ ေပးခ်င္တဲ့ မက္ေဆ့ခ်္ကို အတူတူပဲ ျဖစ္ပါတယ္။

ပန္းႏုဝါ

တစ္စုံတစ္ေယာက္ကို ေက်းဇူးတင္စကားေျပာခ်င္လား သုိ႔မဟုတ္ မိမိရဲ႕ အသိအမွတ္ျပဳမႈကို ျပခ်င္သလား။ ပန္းႏုဝါႏွင္းဆီ ေပးပါ။ ဒီပန္းစည္းက မိမိရဲ႕ ႏွစ္ႏွစ္ကာကာ ေက်းဇူးျခင္းကုိ ေဖာ္ျပပါတယ္။ သုိ႔မဟုတ္ "Thank you" လုိ႔ ရည္မြန္စြာ ေျပာဆုိနည္းတစ္ခုပါပဲ။

မလုိင္ေရာင္

မလုိင္ေရာင္ႏွင္းဆီက ႏွစ္လုိဖြယ္နဲ႔ သတိရတတ္ျခင္းကို ညႊန္းပါတယ္။ ပန္းေရာင္ "ေက်းဇူးတင္" ႏွင္းဆီပန္းေတြနဲ႔ တြဲစည္းျပီး အဓိပၸါယ္ႏွစ္မ်ဳိးသက္ေရာက္ေအာင္ ေပးပို႔ႏုိင္ပါတယ္။

အစိမ္းေရာင္

အစိမ္းက ဘဝအေရာင္၊ ၾကီးထြားဖြံ႔ျဖိဳးမႈနဲ႔ အျမဲတမ္းသစ္လြင္ေနတဲ့ ဘဝနဲ႔ အားအင္ပဲ ျဖစ္ပါတယ္။ ႏွင္းဆီစိမ္းက စိတ္ႏုပ်ဳိလန္းဆန္းျခင္းနဲ႔ ၾကည္ႏူးမႈျပယုဂ္တစ္ခု ျဖစ္ပါတယ္။

Credit: Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

နှင်းဆီပန်းပွင့်ချပ်အရောင်တွက အဓိပ္ပါယ်အသီးသီးကို ဖော်ညွန်းပါတယ်။ ဒါပေမယ့် စိတ်ကူးယဉ်ဆန်ဆန် ကြည်နူးဖွယ်ရာ အချစ်ရေးအချစ်ရာတွေကို အမြဲတမ်း ဖော်ညွန်းမနေပါဘူး။

အနီရောင်

နှင်းဆီနီက ချစ်ခြင်း၊ ချစ်သံယောဇဉ်ကို ကိုယ်စားပြုတဲ့ သင်္ကေတဖြစ်ပြီး "ချစ်တယ်" လို့ ပြောဆိုသည့် နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ နှင်းဆီနီဟာ လှပခြင်းနဲ့ ပြည့်စုံမှုကိုလည်း ထင်ဟပ်စေပါတယ်။

ပန်းရောင်

လေးစားမှု၊ သိမ်မွေ့ခြင်း၊ ကျက်သရေ၊ ပျော်ရွှင်မှုနဲ့ ချိုမြိန်ခြင်းစတဲ့ စကားတွေဟာ ပန်းရောင်နှင်းဆီနောက်ကွယ်က အဓိပ္ပါယ်ကို ဖော်ပြတဲ့ အချို့သော နည်းလမ်းတွေပဲ  ဖြစ်ပါတယ်။

အဝါရောင်

နှင်းဆီဝါအကြောင်း စဉ်းစားတဲ့အခါ အတွေးထဲ ဝင်ရောက်လာတာက တောက်ပ၊ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ အရာတွေ ဖြစ်ပါတယ်။ နှင်းဆီဝါက နွေးထွေးတဲ့ ခံစားချက်ကို ဖန်တီးပြီး ပျော်ရွှင်မှု ရရှိစေပါတယ်။ ဒီနှင်းဆီက ပျော်ရွှင်မှု ယူဆောင်ပြီး မိတ်ဆွေဖွဲ့မှုကို ဝေမျှပါတယ်ဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ပြခြင်း ဖြစ်ပါတယ်။

အဖြူရောင်

နှင်းဆီဖြူက အပြစ်ကင်းမှု၊ စင်ကြယ်မှုနဲ့ နှစ်လိုဖွယ်ကောင်းမှုကို ကိုယ်စားပြုပါတယ်။ နှင်းဆီဖြူတွေကို မင်္ဂလာဆောင်ပွဲတွေမှာ အသုံးပြုလေ့ရှိပြီး ခြေလှမ်းသစ်စတင်ခြင်းကို ကိုယ်စားပြုပါတယ်။

လိမ္မော်ရောင်

လိမ္မော်ရောင်နှင်းဆီက အားအင် ဖြစ်ပေါ်စေပြီး စိတ်အားထက်သန်မှု၊ စိတ်ဆန္ဒနဲ့ စိတ်လှုပ်ရှားမှုကို ညွှန်ပြပါတယ်။ ချစ်စိတ်ပြင်းပြခြင်းကို သင်္ကေတပြပြီး မိမိချစ်ရသူနဲ့ အချစ်ရေးရင်ခုန်စိတ်လှုပ်ရှားမှုကို ဝေမျှနိုင်ပါတယ်။

လာဗင်ဒါရောင်

ဒါက မြင်မြင်ချင်းချစ်မိတာ သို့မဟုတ် "ချစ်တယ်" လို့ ပြောတဲ့ နည်းတစ်ခုပါပဲ။ လာဗင်လာရောင်နှင်းဆီက မိမိအချစ်နဲ့ အချစ်ရေးကို တိုးတက်ပြောင်းလဲစေဖို့ စိတ်အားထက်သန်မှုကို သတိရစေနိုင်ပါတယ်။

ပန်းလိမ္မော်ရောင်

လိမ္မော်ရောင်ထက် အနည်းငယ် ပိုတယ်။ နောက်ကွယ်က အဓိပ္ပါယ်က လိမ္မော်ရောင်နှင်းကလိုပဲ ပေးချင်တဲ့ မက်ဆေ့ချ်ကို အတူတူပဲ ဖြစ်ပါတယ်။

ပန်းနုဝါ

တစ်စုံတစ်ယောက်ကို ကျေးဇူးတင်စကားပြောချင်လား သို့မဟုတ် မိမိရဲ့ အသိအမှတ်ပြုမှုကို ပြချင်သလား။ ပန်းနုဝါနှင်းဆီ ပေးပါ။ ဒီပန်းစည်းက မိမိရဲ့ နှစ်နှစ်ကာကာ ကျေးဇူးခြင်းကို ဖော်ပြပါတယ်။ သို့မဟုတ် "Thank you" လို့ ရည်မွန်စွာ ပြောဆိုနည်းတစ်ခုပါပဲ။

မလိုင်ရောင်

မလိုင်ရောင်နှင်းဆီက နှစ်လိုဖွယ်နဲ့ သတိရတတ်ခြင်းကို ညွှန်းပါတယ်။ ပန်းရောင် "ကျေးဇူးတင်" နှင်းဆီပန်းတွေနဲ့ တွဲစည်းပြီး အဓိပ္ပါယ်နှစ်မျိုးသက်ရောက်အောင် ပေးပို့နိုင်ပါတယ်။

အစိမ်းရောင်

အစိမ်းက ဘဝအရောင်၊ ကြီးထွားဖွံ့ဖြိုးမှုနဲ့ အမြဲတမ်းသစ်လွင်နေတဲ့ ဘဝနဲ့ အားအင်ပဲ ဖြစ်ပါတယ်။ နှင်းဆီစိမ်းက စိတ်နုပျိုလန်းဆန်းခြင်းနဲ့ ကြည်နူးမှုပြယုဂ်တစ်ခု ဖြစ်ပါတယ်။


Credit: Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top