iMyanmarHouse.com - Best Property Website for Myanmar
×

၀ိတ္ေလွ်ာ႔ရာမွာ အသံုးၿပဳတဲ့ နည္းလမ္းအမ်ိဳးမ်ိဳးေတြထဲမွာ အစားအေသာက္နဲ႔ ပတ္သက္ၿပီး အၿပဳအမူပိုင္းဆိုင္ရာ ထိန္းခ်ဳပ္ၿခင္း စိတ္ကုထံုးနည္းလမ္းဟာ အသံုး၀င္တဲ့ နည္းလမ္းအသစ္ၿဖစ္တယ္လို႔ သုေတသန ပညာရွင္ေတြက ဆိုပါတယ္။ ဒီစိတ္ကုထံုး နည္းလမ္းနဲ႔ ပတ္သက္လို႔ ပထမဆံုး သင္သိထားသင့္တဲ့ အခ်က္ကေတာ့ ၀ိတ္ခ်တယ္ဆိုတာ ထင္သေလာက္ မလြယ္ကူဘူးဆိုတာရယ္ နဲ႔ နည္းစနစ္တက် လုပ္မယ္ဆိုရင္ေတာ့ အခ်ိန္တိုအတြင္း ေအာင္ၿမင္ႏိုင္တယ္ဆိုတာပါပဲ။

အဓိကကေတာ့ အစားအေသာက္နဲ႔ ပတ္သက္ၿပီး အလုိလိုက္တတ္တဲ့ အမူအက်င့္ကို သတိထားၿပီး ထိန္းခ်ဳပ္တတ္ဖို႔ပဲၿဖစ္ပါတယ္။ သေရစာ အခ်ိဳမုန္႔ေတြအစား လတ္ဆတ္တဲ့ သစ္သီး၀လံေတြကို စားေသာက္တဲ့ အမူအက်င့္မ်ိဳးကို လုပ္ၾကည့္သင့္ပါတယ္။ အမူအက်င့္အားၿဖင့္ ထိန္းခ်ဳပ္ၿခင္း စိတ္ကုထံုးဟာ အစပိုင္းမွာ အလြန္ခက္ခဲေကာင္းခက္ခဲႏိုင္တဲ့ နည္းလမ္းတစ္ခုၿဖစ္ေပမယ့္ ပံုမွန္အားၿဖင့္ ေလ့က်င့္ထိန္းခ်ဳပ္သြားမယ္ ဆိုရင္ေတာ့ လြယ္ကူသြားမွာပါ။ ထပ္ကာထပ္ကာ ေလ့က်င့္ဖို႔ပဲ လိုတာပါ။

၀ိတ္ေလွ်ာ႔တဲ့အခါမွာ ဘယ္နည္းလမ္းကို အသံုးၿပဳတယ္ဆိုတာ သိပ္အေရးမၾကီးေပမယ့္ သင့္ရဲ႔ အစားအေသာက္ပိုင္းဆိုင္ရာ ထိန္းခ်ဳပ္တဲ့ အေလ့အက်င့္တစ္ခုကိုေတာ့ မွန္မွန္ကန္ကန္နဲ႔ လုပ္ေဆာင္သင့္တယ္လို႔ သုေတသန ပညာရွင္ေတြက အၾကံၿပဳ ေၿပာဆိုထားပါတယ္။ ေနာက္ၿပီး ဒီလို အစားအေသာက္ပိုင္းအားၿဖင့္ ထိန္းခ်ဳပ္တဲ့ စိတ္ကုထံုးဟာ ေပါင္ ၁၉၀ နဲ႔ အထက္ရွိသူကို တစ္လအတြင္း ၉ ေပါင္ကေန ၁၄ ေပါင္အထိ က်ေစႏိုင္တယ္လို႔လည္း သုေတသနပညာရွင္ေတြကဆိုထားပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဝိတ်လျှော့ရာမှာ အသုံးပြုတဲ့ နည်းလမ်းအမျိုးမျိုးတွေထဲမှာ အစားအသောက်နဲ့ ပတ်သက်ပြီး အပြုအမူပိုင်းဆိုင်ရာ ထိန်းချုပ်ခြင်း စိတ်ကုထုံးနည်းလမ်းဟာ အသုံးဝင်တဲ့ နည်းလမ်းအသစ်ဖြစ်တယ်လို့ သုတေသန ပညာရှင်တွေက ဆိုပါတယ်။ ဒီစိတ်ကုထုံး နည်းလမ်းနဲ့ ပတ်သက်လို့ ပထမဆုံး သင်သိထားသင့်တဲ့ အချက်ကတော့ ဝိတ်ချတယ်ဆိုတာ ထင်သလောက် မလွယ်ကူဘူးဆိုတာရယ် နဲ့ နည်းစနစ်တကျ လုပ်မယ်ဆိုရင်တော့ အချိန်တိုအတွင်း အောင်မြင်နိုင်တယ်ဆိုတာပါပဲ။

အဓိကကတော့ အစားအသောက်နဲ့ ပတ်သက်ပြီး အလိုလိုက်တတ်တဲ့ အမူအကျင့်ကို သတိထားပြီး ထိန်းချုပ်တတ်ဖို့ပဲဖြစ်ပါတယ်။ သရေစာ အချိုမုန့်တွေအစား လတ်ဆတ်တဲ့ သစ်သီးဝလံတွေကို စားသောက်တဲ့ အမူအကျင့်မျိုးကို လုပ်ကြည့်သင့်ပါတယ်။ အမူအကျင့်အားဖြင့် ထိန်းချုပ်ခြင်း စိတ်ကုထုံးဟာ အစပိုင်းမှာ အလွန်ခက်ခဲကောင်းခက်ခဲနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပေမယ့် ပုံမှန်အားဖြင့် လေ့ကျင့်ထိန်းချုပ်သွားမယ် ဆိုရင်တော့ လွယ်ကူသွားမှာပါ။ ထပ်ကာထပ်ကာ လေ့ကျင့်ဖို့ပဲ လိုတာပါ။

ဝိတ်လျှော့တဲ့အခါမှာ ဘယ်နည်းလမ်းကို အသုံးပြုတယ်ဆိုတာ သိပ်အရေးမကြီးပေမယ့် သင့်ရဲ့ အစားအသောက်ပိုင်းဆိုင်ရာ ထိန်းချုပ်တဲ့ အလေ့အကျင့်တစ်ခုကိုတော့ မှန်မှန်ကန်ကန်နဲ့ လုပ်ဆောင်သင့်တယ်လို့ သုတေသန ပညာရှင်တွေက အကြံပြု ပြောဆိုထားပါတယ်။ နောက်ပြီး ဒီလို အစားအသောက်ပိုင်းအားဖြင့် ထိန်းချုပ်တဲ့ စိတ်ကုထုံးဟာ ပေါင် ၁၉၀ နဲ့ အထက်ရှိသူကို တစ်လအတွင်း ၉ ပေါင်ကနေ ၁၄ ပေါင်အထိ ကျစေနိုင်တယ်လို့လည်း သုတေသနပညာရှင်တွေကဆိုထားပါတယ်။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top