iMyanmarHouse.com - Best Property Website for Myanmar
×

အရည္ ၊ အခဲ ဒါမွမဟုတ္ ခဲတံလား ။ ေ၀ခဲြရခက္ေနရင္ေတာ့ ဘယ္အုိင္းလုိင္နာ အမ်ိဳးအစားဟာ သင့္အတြက္ အသင့္ေတာ္ဆံုးလဲဆုိတာ ဆံုးျဖတ္ဖုိ႕အတြက္ ဒါေလး ဖတ္ၾကည့္လိုက္ပါ။ အုိင္းလုိင္နာေတြဟာ မ်က္ႏွာကို အေတာ္ေလးေျပာင္းလဲသြားေစဖုိ႕ အေထာက္အကူ ေပးပါတယ္။ ဆြဲေဆာင္မႈရွိတဲ့ ခ်စ္စရာေၾကာင္ေပါက္ေလးလုိ မ်က္လံုးမ်ိဳးလား၊ တေငြ႕ေငြ႕ ေလာင္ကၽြမ္းေနပံုမ်ိဳးနဲ႕ အေပၚေရာေအာက္ပါ ခပ္နက္နက္ခ်ယ္ထားတဲ့ပံုမ်ိဳးလား၊ ဇာတ္ကား ထဲကလုိပံုမ်ိဳးျခယ္ခ်င္တာလား။ ဒါမွမဟုတ္ မ်က္လံုးကို သပ္သပ္ရပ္ရပ္နဲ႕ ေဘာင္ခတ္လုိက္ ခ်င္တာလား ဆိုတာေတြေရြးခ်ယ္ဖုိ႕ ထုတ္ကုန္ကို အရင္ေရြးရပါမယ္။ ေလ့က်င့္ျခင္းသည္ ကၽြမ္းက်င္ျခင္း”ဆုိသလုိပဲ အလွျပင္ပစည္းေတြနဲ႕ အကၽြမ္းတ၀င္ ရွိေစဖုိ႕ အရည္ ၊ ဂ်ယ္လ္၊ အခဲနဲ႕ ခဲတံဆုိၿပီး အုိင္းလုိင္နာ ေလးမ်ိဳးရွိပါတယ္။

(၁) အရည္
လက္ၿငိမ္ဖုိ႕လုိပါတယ္။ မွန္မွန္ကန္ကန္ ခ်ယ္ႏုိင္မယ္ဆုိရင္ေတာ့ လုိခ်င္တဲ့အေရာင္ အတုိင္း အတိအက်ထြက္ပါတယ္။  ေကတီပယ္ရီ ၊ အန္ဂ်လီနာဂ်ိဳလီ တုိ႕ဟာ သူတုိ႕ရဲ႕ အျပစ္အနာအဆာမရွိတဲ့ တဖ်က္ဖ်က္ခတ္ေနတဲ့ မ်က္ေတာင္မ်ိဳးေတြနဲ႕ လုိက္ဖက္ေအာင္ ဒီအရည္အမ်ိဳးအစားမ်ိဳးကို သံုးၾကပါတယ္။ ဆြဲေဆာင္မႈရွိတဲ့ နတ္ဘုရားမေတြအသြင္ ၀တ္စားဆင္ယင္ပံုမ်ိဳးနဲ႕ တြဲဖက္လုိ႕ေပါ့ ။ ညအခ်ိန္မ်ိဳးမွာ အသံုးျပဳသင့္ၿပီး ေန႕အခ်ိန္မ်ာ သဘာ၀ဆန္တဲ့အသြင္ ၊ အမွတ္မထင္ပံုစံမ်ိဳး လုိခ်င္ရင္ေတာ့ ဒီအရည္အမ်ိဳးအစားကို ေမ့လုိက္ပါ။

(၂) ဂ်ယ္လ္ နဲ႕႔ အခဲ
အစဥ္သျဖင့္ေတာ့ ပုလင္းေလးတစ္လံုးနဲ႕လာၿပီး ေသးငယ္တဲ့ ဘရပ္ရွ္ေလးသံုးၿပီးေတာ့ ခ်ယ္ရပါတယ္။ အလွျပင္ဆရာေတြရဲ႕ လက္စြဲတစ္ခုပါ။ နက္ေမွာင္ၿပီး ႀကီးမားတဲ့ လုိင္းေတြရဖို႕အတြက္ အရည္ထက္ပိုၿပီးသံုးလုိ႕ သင့္ေတာ္ပါတယ္။ အဆီျပန္တဲ့ မ်က္ႏွာနဲ႕ အသားအေရရွိသူေတြအတြက္ သင့္ေတာ္ပါတယ္။ တကယ္လုိ႕မ်ား မင္းက အခုမွအုိင္းလုိင္နာ စသံုးဖုိ႕ႀကိဳးစားေနတဲ့သူတစ္ေယာက္ဆုိရင္ေတာ့ အရည္ထက္ ပိုအဆင္ေျပႏုိင္ပါတယ္။ pen အမ်ိဳးအစားလုိပဲ သံုးရလြယ္ကူပါတယ္။ ေစ်းကြက္ထဲ မွာရွိတဲ့ ေကာင္းမြန္ၿပီး အဆင္ေျပေသးငယ္တဲ့ စုတ္တံေလးေတြနဲ႕ လာတာျဖစ္တဲ့ အတြက္ ကိုယ္လုိခ်င္တဲ့ အထူကို လုိသေလာက္ခ်ိန္ဆၿပီး ခ်ယ္လုိ႕အဆင္ေျပပါတယ္။

(၃)  ခဲတံ
ခဲတံသံုးရင္ေတာ့ ဆြဲရလြယ္ကူေပမယ့္ အေရာင္ေတာက္ေတာက္နဲ႕ လုိင္းျပတ္ျပတ္သားသားမ်ိဳး မရႏုိင္ပါဘူး။ တာရွည္ခံမႈအေနနဲ႕လည္း အရည္နဲ႕ အခဲ အမ်ိဳးအစားေတြေလာက္ မခံပါဘူး။ အထူးသတိထားရမွာက ခဲသားသံုးထားၿပီးရင္ လက္နဲ႕မပြတ္မိဖုိ႕ပါပဲ ။ ဒါေပမယ့္ သဘာ၀ဆန္တဲ့ပံုစံကိုေတာ့ ရရွိေစပါတယ္။

ဒီေလာက္ဆုိရင္ေတာ့ ကိုယ္လိုခ်င္တဲ့ အုိင္းလုိင္နာပံုစံနဲ႕ သြားရမယ့္ပြဲနဲ႕ လိုက္ဖက္တဲ့ အမ်ိဳးအစားကို ေရြးခ်ယ္တတ္ေအာင္ အကူအညီေပးႏုိင္မယ္လုိ႕ ထင္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit : trend myanmar

#Unicode Version

အရည် ၊ အခဲ ဒါမှမဟုတ် ခဲတံလား ။ ဝေခွဲရခက်နေရင်တော့ ဘယ်အိုင်းလိုင်နာ အမျိုးအစားဟာ သင့်အတွက် အသင့်တော်ဆုံးလဲဆိုတာ ဆုံးဖြတ်ဖို့အတွက် ဒါလေး ဖတ်ကြည့်လိုက်ပါ။ အိုင်းလိုင်နာတွေဟာ မျက်နှာကို အတော်လေးပြောင်းလဲသွားစေဖို့ အထောက်အကူ ပေးပါတယ်။ ဆွဲဆောင်မှုရှိတဲ့ ချစ်စရာကြောင်ပေါက်လေးလို မျက်လုံးမျိုးလား၊ တငွေ့ငွေ့ လောင်ကျွမ်းနေပုံမျိုးနဲ့ အပေါ်ရောအောက်ပါ ခပ်နက်နက်ချယ်ထားတဲ့ပုံမျိုးလား၊ ဇာတ်ကား ထဲကလိုပုံမျိုးခြယ်ချင်တာလား။ ဒါမှမဟုတ် မျက်လုံးကို သပ်သပ်ရပ်ရပ်နဲ့ ဘောင်ခတ်လိုက် ချင်တာလား ဆိုတာတွေရွေးချယ်ဖို့ ထုတ်ကုန်ကို အရင်ရွေးရပါမယ်။ လေ့ကျင့်ခြင်းသည် ကျွမ်းကျင်ခြင်း”ဆိုသလိုပဲ အလှပြင်ပစည်းတွေနဲ့ အကျွမ်းတဝင် ရှိစေဖို့ အရည် ၊ ဂျယ်လ်၊ အခဲနဲ့ ခဲတံဆိုပြီး အိုင်းလိုင်နာ လေးမျိုးရှိပါတယ်။

(၁) အရည်
လက်ငြိမ်ဖို့လိုပါတယ်။ မှန်မှန်ကန်ကန် ချယ်နိုင်မယ်ဆိုရင်တော့ လိုချင်တဲ့အရောင် အတိုင်း အတိအကျထွက်ပါတယ်။  ကေတီပယ်ရီ ၊ အန်ဂျလီနာဂျိုလီ တို့ဟာ သူတို့ရဲ့ အပြစ်အနာအဆာမရှိတဲ့ တဖျက်ဖျက်ခတ်နေတဲ့ မျက်တောင်မျိုးတွေနဲ့ လိုက်ဖက်အောင် ဒီအရည်အမျိုးအစားမျိုးကို သုံးကြပါတယ်။ ဆွဲဆောင်မှုရှိတဲ့ နတ်ဘုရားမတွေအသွင် ဝတ်စားဆင်ယင်ပုံမျိုးနဲ့ တွဲဖက်လို့ပေါ့ ။ ညအချိန်မျိုးမှာ အသုံးပြုသင့်ပြီး နေ့အချိန်မျာ သဘာဝဆန်တဲ့အသွင် ၊ အမှတ်မထင်ပုံစံမျိုး လိုချင်ရင်တော့ ဒီအရည်အမျိုးအစားကို မေ့လိုက်ပါ။

(၂) ဂျယ်လ် နဲ့ အခဲ
အစဉ်သဖြင့်တော့ ပုလင်းလေးတစ်လုံးနဲ့လာပြီး သေးငယ်တဲ့ ဘရပ်ရှ်လေးသုံးပြီးတော့ ချယ်ရပါတယ်။ အလှပြင်ဆရာတွေရဲ့ လက်စွဲတစ်ခုပါ။ နက်မှောင်ပြီး ကြီးမားတဲ့ လိုင်းတွေရဖို့အတွက် အရည်ထက်ပိုပြီးသုံးလို့ သင့်တော်ပါတယ်။ အဆီပြန်တဲ့ မျက်နှာနဲ့ အသားအရေရှိသူတွေအတွက် သင့်တော်ပါတယ်။ တကယ်လို့များ မင်းက အခုမှအိုင်းလိုင်နာ စသုံးဖို့ကြိုးစားနေတဲ့သူတစ်ယောက်ဆိုရင်တော့ အရည်ထက် ပိုအဆင်ပြေနိုင်ပါတယ်။ pen အမျိုးအစားလိုပဲ သုံးရလွယ်ကူပါတယ်။ ဈေးကွက်ထဲ မှာရှိတဲ့ ကောင်းမွန်ပြီး အဆင်ပြေသေးငယ်တဲ့ စုတ်တံလေးတွေနဲ့ လာတာဖြစ်တဲ့ အတွက် ကိုယ်လိုချင်တဲ့ အထူကို လိုသလောက်ချိန်ဆပြီး ချယ်လို့အဆင်ပြေပါတယ်။

(၃)  ခဲတံ
ခဲတံသုံးရင်တော့ ဆွဲရလွယ်ကူပေမယ့် အရောင်တောက်တောက်နဲ့ လိုင်းပြတ်ပြတ်သားသားမျိုး မရနိုင်ပါဘူး။ တာရှည်ခံမှုအနေနဲ့လည်း အရည်နဲ့ အခဲ အမျိုးအစားတွေလောက် မခံပါဘူး။ အထူးသတိထားရမှာက ခဲသားသုံးထားပြီးရင် လက်နဲ့မပွတ်မိဖို့ပါပဲ ။ ဒါပေမယ့် သဘာဝဆန်တဲ့ပုံစံကိုတော့ ရရှိစေပါတယ်။

ဒီလောက်ဆိုရင်တော့ ကိုယ်လိုချင်တဲ့ အိုင်းလိုင်နာပုံစံနဲ့ သွားရမယ့်ပွဲနဲ့ လိုက်ဖက်တဲ့ အမျိုးအစားကို ရွေးချယ်တတ်အောင် အကူအညီပေးနိုင်မယ်လို့ ထင်ပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : trend myanmar


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top