iMyanmarHouse.com - Best Property Website for Myanmar
×
Credit : trend myanmar
#Unicode Version
လူတော်တော်များများကတော့ သူတို့ဘဝမှာ စွန့်စားမှုတွေကိုတော့ အနည်းနဲ့အများ လုပ်တတ်ကြပါတယ်။ ဥပမာ ကိုယ်သွားမယ့် ခန်းမတံခါးပိတ်သွားလို့ နောက်ပေါက်နေ ခိုးဝင်တာမျိုးလို စွန့်စားမှုလေးတွေ၊ နောက် ကိုယ်လုပ်နေတဲ့အလုပ်တွေ၊ မိသားစုတွေကို အားလုံးကျောခိုင်းပြီး အခြားမြို့တစ်မြို့မှာ အခြေချနေထိုင်တဲ့ စွန့်စားမှုအကြီးစားတွေပေါ့။ အချို့သောလေ့လာမှုတွေမှာတော့ အဲ့ဒီလိုစွန့်စားမှုတွေလုပ်တတ်တဲ့သူတွေဟာ မလုပ်တဲ့သူတွေထက် ပိုစမတ်ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် စွန့်စားမှုကြီးကြီးမားမား လုပ်တာဟာ အကောင်းဆုံး ဆုံးဖြတ်ချက်တွေတော့ ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ ခုပြောပြမယ့် ရာသီဖွား (၅) ဦးဟာ အခြားရာသီဖွားတွေထက် စွန့်စားမှုတွေနဲ့ ဘဝကို ဖြတ်သန်းတတ်ကြသူတွေပါ။ ဘယ်ရာသီခွင်တွေလည်း ကြည့်ကြရအောင်။
Gemini - မေထုန်ရာသီဖွား ( မေလ ၂၁ ရက် - ဇွန်လ ၂၀ ရက် )
မေထုန်ရာသီဖွားတွေကတော့ သူတို့ဘဝအတွက် စွန့်စားမှုတွေပြုလုပ်တဲ့အခါ အမြဲတမ်းအလျှင်စလို လုပ်တတ်တဲ့လူတွေပါ။ တစ်ခါတစ်လေ ဘယ်လိုဆုံးဖြတ်ချက်ချရမှန်းမသိဖြစ်နေတတ်ပြီး  စွန့်စားရမယ့်အရာတွေကိုသာ ရွေးချယ်ဖြစ်သွားတတ်ပါတယ်။ ဥပမာ မေထုန်ရာသီဖွားတစ်ဦးဟာ သူခုလုပ်နေတဲ့ အလုပ်၊ နေထိုင်မှုပုံစံတွေကို သဘောမကျဘူးလို့ ခံစားရရင် အားလုံးကို စွန့်လွှတ်ပြီး မျှော်လင့်မထားတဲ့ မြို့တစ်မြို့ကို ပြောင်းအခြေချတာမျိုးတွေ လုပ်တတ်ပါတယ်။ မေထုန်ရာသီဖွားတွေအတွက် သတိပေးချင်တာက ဆုံးဖြတ်ချက်တစ်ခုကို သေချာချပြီးမှ စွန့်စားမှုတွေ လုပ်သင့်ပါတယ်။ မဟုတ်ရင် စိတ်ပျက်စရာ၊ စိတ်ညစ်စရာအခြေအနေမျိုးတွေ ကြုံနိုင်လို့ပါ။
Leo - သိဟ် ရာသီဖွား (ဇူလိုင်လ ၂၃ ရက် - သြဂုတ်လ ၂၂ ရက် )
သိဟ်ရာသီဖွားတွေကျတော့ မွေးကတည်းက အားလုံးကိုဦးဆောင်ဖို့ မွေးဖွားလာတယ်လို့တောင် ဆိုထားကြတဲ့အတိုင်း သူများနဲ့မတူတဲ့လမ်းကြောင်းကို အမြဲရွေးချယ်တတ်ပါတယ်။ တခြားလူတွေက စွန့်စားမှုကို လုပ်ဖို့စိတ်မဝင်စားဘူးဆိုရင် အဲ့ဒီစွန့်စားမှုကို ပထမဆုံးလုပ်မယ့်သူက သိဟ်ရာသီဖွားပဲ ဖြစ်ပါလိမ့်မယ်။ ပျော်စရာအချိန်တွေမှာတောင် ဒီရာသီဖွားတွေရွေးချယ်လုပ်လိုက်တဲ့အရာမျိုးတွေက စွန့်စားမှုတွေပါတဲ့ အရာမျိုးတွေပါပဲ။ ဥပမာ သူငယ်ချင်းတွေဆုံတဲ့အချိန် အိမ်ကလူတွေမသိအောင် ကားကိုခိုးထုတ်ပြီး တစ်ညလုံးလျှောက်မောင်းပစ်တာ၊ ပါတီပွဲတွေမှာ ငြိမ်ငြိမ်မနေပဲသူများနဲ့မတူတဲ့အရာတွေ လုပ်ဆောင်တတ်တာ၊ စိတ်လှုပ်ရှားရတဲ့အရာတွေကို ရွေးချယ်လုပ်တတ်သူတွေပါ။
Scorpio - ဗြိစ္ဆာရာသီဖွား ( အောက်တိုဘာလ ၂၃ ရက် - နိုဝင်ဘာလ ၂၁ ရက် )
ဒီရာသီဖွားကတော့ ရဲရင့်ပြီး တတ်သိနားလည်တဲ့သူတစ်ဦးပါ။ စွန့်စားမှုဆိုတာ လုပ်ကိုလုပ်သင့်တယ်လို့ ခံယူထားသူဖြစ်ပြီး အသစ်အသစ်သောအရာတွေကိုလည်း စမ်းသပ်လုပ်ကြည့်ချင်သူပါ။ ဒီရာသီဖွားတွေဟာ ဆုံးဖြတ်ချက်ချရတော့မယ်ဆိုရင် စိတ်လှုပ်ရှားတတ်တဲ့ ပုံမျိုးရှိပါတယ်။ ရဲရင့်သူဖြစ်တဲ့အလျှောက် အခွင့်အရေးတွေကို အရယူဖို့ဆိုရင် စွန့်စားမှုတွေပါရင်တောင် လုုပ်ချင်ကြသူတွေပါ။
Sagittarius – ဓနုရာသီဖွား ( နိုဝင်ဘာလ ၂၂ ရက် - ဒီဇင်ဘာလ ၂၁ ရက် )
ဓနုရာသီဖွားတွေကလည်း စွန့်စားရတဲ့အရာတွေကို ချစ်မြတ်နိုးကြပြီး နှစ်ခုယှဉ်လာတဲ့အခါ စွန့်စားလုပ်ဆောင်ရတဲ့အရာကိုသာ ရွေးချယ်တတ်ကြပါတယ်။ သူတို့တွေက အရာရာတိုင်းကို လေ့လာသင်ယူစရာ အတွေ့အကြုံတွေအဖြစ် မြင်တတ်ကြပါတယ်။ ဒီရာသီဖွားတိုင်းဟာ ကိုယ်အရည်အချင်းဘယ်လောက်ရှိတယ်၊ ဘယ်လောက်လုပ်နိုင်တယ်ဆိုတာ သိဖို့အတွက်ဆို၇င် မီးနဲ့ကစားဖို့တောင် ဝန်မလေးတတ်ကြသူတွေပါတဲ့။ သူလုပ်ရမယ့်အရာတွေမှာ စွန့်စားမှုတွေပြည့်နေမှန်းသိရင်တောင် သူက ဒါကိုပဲရွေးချယ်ပြီး လုပ်သွားမှာပါ။ ဘာလို့လဲဆိုတော့ သူ ဒါကိုမလုပ်ခဲ့ရင် နောင်တရနေနိုင်တယ်လို့ ခံစားရလို့ပါပဲ။
Aquarius - ကုံရာသီဖွား ( ဇန်နဝါရီလ ၂၀ ရက် - ဖေဖော်ဝါရီလ ၁၈ ရက် )
ကုံရာသီဖွားတွေကတေ့ သူများတွေမလုပ်တဲ့၊ ရှက်တဲ့အရာတွေကိုလုပ်ဖို့ ၊ စွန့်စားဖို့အမြဲရှိနေသူတွေပါ။ ဥပမာ အလုပ်မှာ သူသိတဲ့တစ်ယောက်ယောက်ကို အများက မညီမမျှဆက်ဆံတယ်လို့ထင်ရင် ကုံရာသီဖွားက အဲ့ဒီတစ်ယောက်အတွက် အားလုံးရှေ့မှာ ဒါကိုမလုပ်သင့်ကြောင့်၊ ဒီလိုမဖြစ်သင့်ကြောင်း ထပြောမယ့်လူစားပါ။ ဒီရာသီဖွားတွေက အသစ်အသစ်သောအရာတွေကို လုပ်ဆောင်ကြည့်ချင်ကြပြီး စွန့်စားမှုလုပ်ခြင်းဟာ ရှေ့ဆက်သွားဖို့အကောင်းဆုံးနည်းလို့ မှတ်ယူထားကြသူတွေပါ။
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit : trend myanmar
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top