iMyanmarHouse.com - Best Property Website for Myanmar
×

“ကၽြန္မသားေလးကို ၾကည့္လို႔ရၿပီလားဟင္”
မိခင္က ဆရာဝန္ျဖစ္သူကို ေတာင္းဆိုလိုက္သည္။ ေမြးကင္းစ ကေလးငယ္ေလးကို သူနာျပဳဆရာမေလးက ယူလာၿပီးျပသည္။

“သူ အဂၤါစုံရဲ႕လား ဆရာမ”
ဆရာမေလးက မ်က္ႏွာကိုပတ္ထားသည့္ အႏွီးကို လွပ္ျပလိုက္သည္။
သားငယ္ေလးတြင္ နား႐ြက္ေတြ ပါမလာ။ မိခင္က ရင္နာနာႏွင့္ မ်က္စိကို စုံမွိတ္လိုက္သည္။

သားငယ္သည္ နား႐ြက္မပါသည္ကလြဲၿပီး အားလုံးေကာင္းသည္။ နား႐ြက္မရွိျခင္းေၾကာင့္ အျခားကေလးေတြ ထက္ေတာ့ ထူးျခားသည့္ အသြင္ကိုေဆာင္ေနသည္။ တစ္ေန႔တြင္ သားငယ္သည္ ေက်ာင္းမွ ငိုၿပီးျပန္လာကာ၊ မိခင္ရင္ခြင္တြင္းသို႔ တိုးဝင္လိုက္သည္။

“ေမေမ ေက်ာင္းမွာ သားကို ဝိုင္းစၾကတယ္။ သားကို ၿဂိဳဟ္သားတဲ့။ သား ေက်ာင္းမသြားခ်င္ေတာ့ဘူးေမေမ”

ကေလး၏ ဖခင္ျဖစ္သူသည္ ဆရာဝန္ႏွင့္ သြားၿပီးတိုင္ပင္သည္။ နား႐ြက္ကို အစားထိုး၍ ရႏိုင္ မရႏိုင္ျဖစ္သည္။ ဆရာဝန္က ရႏိုင္ေၾကာင္း၊ အလႉရွင္ရွိလၽွင္ ရႏိုင္ေၾကာင္း ျပန္ေျပာလိုက္ေလသည္။

ေနာက္ထပ္ ၂ ႏွစ္ေလာက္အၾကာတြင္ အလႉရွင္တစ္ဦးေပၚလာသည္။
ခြဲစိတ္အစားထိုးကုသမႈ ေအာင္ျမင္သြားသည္။ သားငယ္သည္ အဂၤါစုံျဖင့္ လူသစ္၊ စိတ္သစ္ ျပန္ျဖစ္လာသည္။ အတန္းေက်ာင္းေအာင္ သြားသည္။

တကၠသိုလ္တစ္ခုမွ ဘြဲ႕ရသြားသည္။ ေနာက္ပိုင္းတြင္ သံတမန္ ရာထူးႀကီးတစ္ခုရၿပီး၊ ေခ်ာေမာလွပသည့္ မိန္းကေလးတစ္ဦးႏွင့္ လက္ထပ္လိုက္ၾကသည္။
သားျဖစ္သူက ဖခင္အား သူ႕ကိုနား႐ြက္တစ္စုံလႉဒါန္းသည့္သူအား ႀကဳံတိုင္းေမးျမန္းတတ္သည္။

ဖခင္ကလည္း အလႉရွင္က လၽွိဳ႕ဝွက္ ထားရန္ေျပာသျဖင့္ ထုတ္ေဖာ္မေျပာႏိုင္ေၾကာင္း ျငင္းပယ္ၿပီး ေစာင့္ထိန္းခဲ့သည္။

တစ္ေန႔တြင္ မိခင္ကြယ္လြန္ေၾကာင္း သိလိုက္ရသျဖင့္ ရပ္ေဝးမွ အေျပးအလႊား ျပန္ေရာက္လာခဲ့သည္။ ဖခင္ႏွင့္အတူ ကုတင္ထက္တြင္ ျပင္ဆင္ထားသည့္ မိခင္အေလာင္းကိုၾကည့္ရင္း ဝမ္းနည္းပူေဆြး ခံစားေနၾကရ သည္။

ေနာက္ဆုံးႏႈတ္ဆက္သည့္အေနျဖင့္ မိခင္နဖူးကိုနမ္းကာ မ်က္ရည္မ်ားကို သုတ္လိုက္သည္။
ဖခင္က ေဘးဘီသို႔ၾကည့္ၿပီး သားကို မိခင္၏ ဆံပင္မ်ားအား ဖယ္ရွားျပလိုက္သည္။

မိခင္တြင္ နား႐ြက္ ႏွစ္ဖက္စလုံးမရွိေပ။ ဖခင္က သူတစ္သက္လုံး ထိန္းသိမ္းေပးလာခဲ့သည္ လၽွိဳ႕ဝွက္ခ်က္ကို ေနာက္ဆုံးတြင္ ေဖာ္ထုတ္ျပၿပီး ဆံပင္မ်ားကို ျပန္ဖုံးေပးလိုက္သည္။
ေျဖမဆည္ႏိုင္ေအာင္က်လာသည့္ မ်က္ရည္မ်ားျဖင့္ သူတို႔ မိခင္ကို အေခါင္းထဲသို႔ထည့္ လိုက္ၾကသည္။

ေခါင္းအဖုံးကို ဖုံးလိုက္ၾကၿပီး ေနာက္ သူတို႔ လွ်ိဳ႕ဝွက္ခ်က္ကို အၿပီးတိုင္ ေျမျမႇဳပ္ သၿဂႋဳလ္လိုက္ၾကသည္။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:Tin Nyunt

#Unicode Version

“ကျွန်မသားလေးကို ကြည့်လို့ရပြီလားဟင်”
မိခင်က ဆရာဝန်ဖြစ်သူကို တောင်းဆိုလိုက်သည်။ မွေးကင်းစ ကလေးငယ်လေးကို သူနာပြုဆရာမလေးက ယူလာပြီးပြသည်။

“သူ အင်္ဂါစုံရဲ့လား ဆရာမ”
ဆရာမလေးက မျက်နှာကိုပတ်ထားသည့် အနှီးကို လှပ်ပြလိုက်သည်။
သားငယ်လေးတွင် နားရွက်တွေ ပါမလာ။ မိခင်က ရင်နာနာနှင့် မျက်စိကို စုံမှိတ်လိုက်သည်။

သားငယ်သည် နားရွက်မပါသည်ကလွဲပြီး အားလုံးကောင်းသည်။ နားရွက်မရှိခြင်းကြောင့် အခြားကလေးတွေ ထက်တော့ ထူးခြားသည့် အသွင်ကိုဆောင်နေသည်။ တစ်နေ့တွင် သားငယ်သည် ကျောင်းမှ ငိုပြီးပြန်လာကာ၊ မိခင်ရင်ခွင်တွင်းသို့ တိုးဝင်လိုက်သည်။

“မေမေ ကျောင်းမှာ သားကို ဝိုင်းစကြတယ်။ သားကို ဂြိုဟ်သားတဲ့။ သား ကျောင်းမသွားချင်တော့ဘူးမေမေ”

ကလေး၏ ဖခင်ဖြစ်သူသည် ဆရာဝန်နှင့် သွားပြီးတိုင်ပင်သည်။ နားရွက်ကို အစားထိုး၍ ရနိုင် မရနိုင်ဖြစ်သည်။ ဆရာဝန်က ရနိုင်ကြောင်း၊ အလှူရှင်ရှိလျှင် ရနိုင်ကြောင်း ပြန်ပြောလိုက်လေသည်။

နောက်ထပ် ၂ နှစ်လောက်အကြာတွင် အလှူရှင်တစ်ဦးပေါ်လာသည်။
ခွဲစိတ်အစားထိုးကုသမှု အောင်မြင်သွားသည်။ သားငယ်သည် အင်္ဂါစုံဖြင့် လူသစ်၊ စိတ်သစ် ပြန်ဖြစ်လာသည်။ အတန်းကျောင်းအောင် သွားသည်။

တက္ကသိုလ်တစ်ခုမှ ဘွဲ့ရသွားသည်။ နောက်ပိုင်းတွင် သံတမန် ရာထူးကြီးတစ်ခုရပြီး၊ ချောမောလှပသည့် မိန်းကလေးတစ်ဦးနှင့် လက်ထပ်လိုက်ကြသည်။
သားဖြစ်သူက ဖခင်အား သူ့ကိုနားရွက်တစ်စုံလှူဒါန်းသည့်သူအား ကြုံတိုင်းမေးမြန်းတတ်သည်။

ဖခင်ကလည်း အလှူရှင်က လျှို့ဝှက် ထားရန်ပြောသဖြင့် ထုတ်ဖော်မပြောနိုင်ကြောင်း ငြင်းပယ်ပြီး စောင့်ထိန်းခဲ့သည်။

တစ်နေ့တွင် မိခင်ကွယ်လွန်ကြောင်း သိလိုက်ရသဖြင့် ရပ်ဝေးမှ အပြေးအလွှား ပြန်ရောက်လာခဲ့သည်။ ဖခင်နှင့်အတူ ကုတင်ထက်တွင် ပြင်ဆင်ထားသည့် မိခင်အလောင်းကိုကြည့်ရင်း ဝမ်းနည်းပူဆွေး ခံစားနေကြရ သည်။

နောက်ဆုံးနှုတ်ဆက်သည့်အနေဖြင့် မိခင်နဖူးကိုနမ်းကာ မျက်ရည်များကို သုတ်လိုက်သည်။
ဖခင်က ဘေးဘီသို့ကြည့်ပြီး သားကို မိခင်၏ ဆံပင်များအား ဖယ်ရှားပြလိုက်သည်။

မိခင်တွင် နားရွက် နှစ်ဖက်စလုံးမရှိပေ။ ဖခင်က သူတစ်သက်လုံး ထိန်းသိမ်းပေးလာခဲ့သည် လျှို့ဝှက်ချက်ကို နောက်ဆုံးတွင် ဖော်ထုတ်ပြပြီး ဆံပင်များကို ပြန်ဖုံးပေးလိုက်သည်။
ဖြေမဆည်နိုင်အောင်ကျလာသည့် မျက်ရည်များဖြင့် သူတို့ မိခင်ကို အခေါင်းထဲသို့ထည့် လိုက်ကြသည်။

ခေါင်းအဖုံးကို ဖုံးလိုက်ကြပြီး နောက် သူတို့ လျှို့ဝှက်ချက်ကို အပြီးတိုင် မြေမြှုပ် သင်္ဂြိုလ်လိုက်ကြသည်။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:Tin Nyunt
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top