iMyanmarHouse.com - Best Property Website for Myanmar
×

Girls' Generation အဖြဲ႕ဝင္ ဆုိေယာင္းဟာ သူမရဲ႕ Beaming Effect ပရဟိတရန္ပံုေငြေစ်းပြဲေတာ္နဲ႔ ႐ႈိးပြဲကို ၁၃ ရက္ေန႔မွာ ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။

သူမဟာ ဒီဇင္ဘာလ ၂၀ ရက္ေန႔ကတည္းက Kakao Story ရန္ပုံေငြကေနတစ္ဆင့္ လွဴဒါန္းမႈမ်ားကို ေကာက္ခံလ်က္ရွိၿပီး ရန္ပံုေငြႏွစ္ခုစလံုးနဲ႔ Beaming Effect က ရတဲ့ ေငြအားလံုးကို Korean Foundation Fighting Blindness ကို လွဴဒါန္းသြားမွာ ျဖစ္ပါတယ္။

ဆုိေယာင္းရဲ႕ ေစ်းေရာင္းပြဲေတာ္မွာ Beaming Effect လိုဂိုပါတဲ့ အားကစားအကႌ်ိမ်ားနဲ႔ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းတဲ့ အိတ္ေတြကို ေရာင္းခ်ေပးသြားမွာ ျဖစ္ပါတယ္။  ယင္းပစၥည္းေတြကို ဆုိေယာင္းကိုယ္တုိင္ ဒီဇိုင္းထုတ္ထားတာပါ။ ဒါ့အျပင္ သူမပိုင္ဆုိင္တဲ့ အဝတ္အစားေတြ၊ အိတ္ေတြနဲ႔ ဖိနပ္ေတြကိုလည္း ေရာင္းခ်ေပးသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

႐ႈိးပြဲအတြက္ေတာ့ အဆိုေတာ္ ယြန္ေဟ်ာင္ဂ်ဳိး၊ ဂ်က္ဇ္အဆုိေတာ္ လီေဒါင္ဝူး၊ ယြန္ဒိုဟန္၊ အဲရစ္ခ္နမ္၊ တစ္ဖနီ၊ ကင္ေဂ်းဘမ္၊ သူမရဲ႕အစ္မ ခၽြဳိင္ဆုိဂ်င္တုိ႔အျပင္ Superstar K Season 4 က လီအရီယမ္တို႔ကို ဖိတ္ေခၚထားပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : duwun

#Unicode Version

Girls' Generation အဖွဲ့ဝင် ဆိုယောင်းဟာ သူမရဲ့ Beaming Effect ပရဟိတရန်ပုံငွေဈေးပွဲတော်နဲ့ ရှိုးပွဲကို ၁၃ ရက်နေ့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

သူမဟာ ဒီဇင်ဘာလ ၂၀ ရက်နေ့ကတည်းက Kakao Story ရန်ပုံငွေကနေတစ်ဆင့် လှူဒါန်းမှုများကို ကောက်ခံလျက်ရှိပြီး ရန်ပုံငွေနှစ်ခုစလုံးနဲ့ Beaming Effect က ရတဲ့ ငွေအားလုံးကို Korean Foundation Fighting Blindness ကို လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

ဆိုယောင်းရဲ့ ဈေးရောင်းပွဲတော်မှာ Beaming Effect လိုဂိုပါတဲ့ အားကစားအင်္ကျီများနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့ အိတ်တွေကို ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။  ယင်းပစ္စည်းတွေကို ဆိုယောင်းကိုယ်တိုင် ဒီဇိုင်းထုတ်ထားတာပါ။ ဒါ့အပြင် သူမပိုင်ဆိုင်တဲ့ အဝတ်အစားတွေ၊ အိတ်တွေနဲ့ ဖိနပ်တွေကိုလည်း ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ရှိုးပွဲအတွက်တော့ အဆိုတော် ယွန်ဟျောင်ဂျိုး၊ ဂျက်ဇ်အဆိုတော် လီဒေါင်ဝူး၊ ယွန်ဒိုဟန်၊ အဲရစ်ခ်နမ်၊ တစ်ဖနီ၊ ကင်ဂျေးဘမ်၊ သူမရဲ့အစ်မ ချွိုင်ဆိုဂျင်တို့အပြင် Superstar K Season 4 က လီအရီယမ်တို့ကို ဖိတ်ခေါ်ထားပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit : duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top