iMyanmarHouse.com - Best Property Website for Myanmar
×


ဒီကေန႔ေခတ္ ေဖ့ဘုတ္စာမ်က္ႏွာမွာ စကားကုိ မဆင္မျခင္ေျပာဆုိေနၾကသူေတြ မ်ားစြာေတြ႕ရတယ္။ အမွားကုိ အမွန္လုပ္ေျပာတာ။ အမွန္ကုိ အမွားလုပ္ေျပာတာ။ အခ်င္းခ်င္းေသြးခဲြစကားေတြ ေရးသားၾက တယ္။ မုန္းတီးစကားေတြ ေျပာၾကားၾကတယ္။ ကုိယ္က အမွတ္တမဲ့ေျပာလုိက္ေပမယ့္ အခ်ိဳ႕စကားေတြက သံသယေတြပြားေစတယ္။ အာဃာတေတြ မ်ားေစတယ္။ မိမိသူတစ္ပါး ဆုိးက်ိဳးမ်ားကုိ ျဖစ္ေစပါတယ္။ ဒီေတာ့ ရုိင္းစုိင္းတဲ့ လူ႔အသုိင္းအ၀ုိင္းၾကီး ျဖစ္လာတာေပါ့။ ဒါေၾကာင့္ မွန္ကန္ၿပီး မိမိသူတစ္ပါး အက်ိဳး မ်ားေစမယ့္ စကားမ်ိဳးကုိ ေျပာဆုိသင့္ပါတယ္။ တစ္ခါတစ္ေလ ေဖ့ဘုတ္မွာ မဆီမဆုိင္ ရန္စကားေျပာေနၾက တာကိုလည္း ေတြ႕ရတယ္။
 ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

       ဒါကုိ သတိထားေစခ်င္တဲ့အတြက္ ဘုရားလက္ထက္က ႏႈတ္မေစာင့္စည္းလုိ႕ ဆုိးက်ိဳးခံစားရတဲ့ ဇာတ္လမ္းေလးတစ္ပုဒ္ကုိ ေဖာ္ျပခ်င္ပါတယ္။

       ဘုရားရွင္လက္ထက္က အရွင္နာရဒဆုိတာ ရွိခဲ့ပါတယ္။ တစ္ေန႕မွာ အရွင္နာရဒဟာ ရုပ္အဆင္း လွေသာ္လည္း ခံတြင္းပုတ္သုိးၿပီး ပုိးေလာက္ထုိးျခင္းခံေနရတဲ့ ျပိတၱာတစ္ေကာင္ကုိ ေတြ႔ပါတယ္။
       ထုိအခါ အရွင္နာရဒက "သင္ဟာ နတ္အဆင္းလုိလွပၿပီး ေကာင္းကင္မွာ ပ်ံ၀ဲေနတယ္။ ဒါေပမယ့္ အပုပ္နံ႔လိႈင္ေသာ သင့္ခံတြင္းကို ပိုးေတြစားေနတယ္။ ေရွးဘဝက ဘယ္လုိမေကာင္းမႈေတြ ျပဳခဲ့ပါသလဲ"
"အရွင္ဘုရား၊ အကြၽႏု္ပ္ဟာ ေရွးအခါက ယုတ္မာၿပီး အလြန္ၾကမ္းတမ္းတဲ့စကားရွိသူရဟန္း ျဖစ္ခဲ့ပါတယ္။ ၿခိဳးျခံတဲ့အက်င့္ကုိေတာ့ က်င့္ခဲ့ပါတယ္။ ဒါေပမယ့္ ႏႈတ္မေစာင့္စည္းခဲ့ပါ၊ ကုန္းတုိက္စကား၊ လိမ္ညာ စကားေတြ ဆုိခဲ့ပါတယ္။ ျခိဳးျခံတဲ့အက်င့္ေၾကာင့္ နတ္အဆင္းလုိ လွပခဲ့ေသာ္လည္း ကုန္းတိုက္ျခင္းၾကာင့္ အကြၽႏု္ပ္ ခံတြင္းသည္ပုပ္ရပါတယ္။

       အသွ်င္နာရဒ အကြၽႏု္ပ္၏ ႐ုပ္အဆင္းကို အရွင္ဘုရားကိုယ္တိုင္ ျမင္ရပါၿပီ။ သနားေစာင့္ေရွာက္ တတ္ကုန္ေသာ (သူတစ္ပါးအက်ဳိးကို က်င့္ျခင္း၌) လိမၼာကုန္ေသာ မည္သည့္ရဟန္းပုဂၢိဳလ္၊ လူပုဂၢိဳလ္မဆုိ ''ကုန္းတိုက္ေသာ စကားကို မေျပာဆိုပါနဲ႔၊ မမွန္စကားကို မေျပာဆိုပါနဲ႔၊ (ဤသို႔ေစာင့္စည္းသည္ရွိေသာ္) သင္ဟာ လိုလားေတာင့္တအပ္ေသာ နတ္ စည္းစိမ္၌ ေမြ႕ေလ်ာ္ရေသာ နတ္ျဖစ္ရပါလိမ့္မယ္''ဟု တုိက္တြန္းခ်င္ပါတယ္ဘုရား။

       အားလုံးအက်ိဳးရွိၿပီး မွန္ကန္တဲ့ ေမတၱာနဲ႔ယွဥ္တဲ့ စကားေတြကုိ ေျပာဆုိႏုိင္ၾကပါေစ။
(ပူတိမုခေပတဝတၳဳ)



Credit:ေရႊစမ္းေျမ အရွင္က၀ိဓဇသာရ


မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

 ဒီကနေ့ခေတ် ဖေ့ဘုတ်စာမျက်နှာမှာ စကားကို မဆင်မခြင်ပြောဆိုနေကြသူတွေ များစွာတွေ့ရတယ်။ အမှားကို အမှန်လုပ်ပြောတာ။ အမှန်ကို အမှားလုပ်ပြောတာ။ အချင်းချင်းသွေးခွဲစကားတွေ ရေးသားကြ တယ်။ မုန်းတီးစကားတွေ ပြောကြားကြတယ်။ ကိုယ်က အမှတ်တမဲ့ပြောလိုက်ပေမယ့် အချို့စကားတွေက သံသယတွေပွားစေတယ်။ အာဃာတတွေ များစေတယ်။ မိမိသူတစ်ပါး ဆိုးကျိုးများကို ဖြစ်စေပါတယ်။ ဒီတော့ ရိုင်းစိုင်းတဲ့ လူ့အသိုင်းအဝိုင်းကြီး ဖြစ်လာတာပေါ့။ ဒါကြောင့် မှန်ကန်ပြီး မိမိသူတစ်ပါး အကျိုး များစေမယ့် စကားမျိုးကို ပြောဆိုသင့်ပါတယ်။ တစ်ခါတစ်လေ ဖေ့ဘုတ်မှာ မဆီမဆိုင် ရန်စကားပြောနေကြ တာကိုလည်း တွေ့ရတယ်။

       ဒါကို သတိထားစေချင်တဲ့အတွက် ဘုရားလက်ထက်က နှုတ်မစောင့်စည်းလို့ ဆိုးကျိုးခံစားရတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို ဖော်ပြချင်ပါတယ်။

       ဘုရားရှင်လက်ထက်က အရှင်နာရဒဆိုတာ ရှိခဲ့ပါတယ်။ တစ်နေ့မှာ အရှင်နာရဒဟာ ရုပ်အဆင်း လှသော်လည်း ခံတွင်းပုတ်သိုးပြီး ပိုးလောက်ထိုးခြင်းခံနေရတဲ့ ပြိတ္တာတစ်ကောင်ကို တွေ့ပါတယ်။
       ထိုအခါ အရှင်နာရဒက "သင်ဟာ နတ်အဆင်းလိုလှပပြီး ကောင်းကင်မှာ ပျံဝဲနေတယ်။ ဒါပေမယ့် အပုပ်နံ့လှိုင်သော သင့်ခံတွင်းကို ပိုးတွေစားနေတယ်။ ရှေးဘဝက ဘယ်လိုမကောင်းမှုတွေ ပြုခဲ့ပါသလဲ"
"အရှင်ဘုရား၊ အကျွနု်ပ်ဟာ ရှေးအခါက ယုတ်မာပြီး အလွန်ကြမ်းတမ်းတဲ့စကားရှိသူရဟန်း ဖြစ်ခဲ့ပါတယ်။ ခြိုးခြံတဲ့အကျင့်ကိုတော့ ကျင့်ခဲ့ပါတယ်။ ဒါပေမယ့် နှုတ်မစောင့်စည်းခဲ့ပါ၊ ကုန်းတိုက်စကား၊ လိမ်ညာ စကားတွေ ဆိုခဲ့ပါတယ်။ ခြိုးခြံတဲ့အကျင့်ကြောင့် နတ်အဆင်းလို လှပခဲ့သော်လည်း ကုန်းတိုက်ခြင်းကြာင့် အကျွနု်ပ် ခံတွင်းသည်ပုပ်ရပါတယ်။

       အသျှင်နာရဒ အကျွနု်ပ်၏ ရုပ်အဆင်းကို အရှင်ဘုရားကိုယ်တိုင် မြင်ရပါပြီ။ သနားစောင့်ရှောက် တတ်ကုန်သော (သူတစ်ပါးအကျိုးကို ကျင့်ခြင်း၌) လိမ္မာကုန်သော မည်သည့်ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်မဆို ''ကုန်းတိုက်သော စကားကို မပြောဆိုပါနဲ့၊ မမှန်စကားကို မပြောဆိုပါနဲ့၊ (ဤသို့စောင့်စည်းသည်ရှိသော်) သင်ဟာ လိုလားတောင့်တအပ်သော နတ် စည်းစိမ်၌ မွေ့လျော်ရသော နတ်ဖြစ်ရပါလိမ့်မယ်''ဟု တိုက်တွန်းချင်ပါတယ်ဘုရား။

       အားလုံးအကျိုးရှိပြီး မှန်ကန်တဲ့ မေတ္တာနဲ့ယှဉ်တဲ့ စကားတွေကို ပြောဆိုနိုင်ကြပါစေ။
(ပူတိမုခပေတဝတ္ထု)



Credit:ရွှေစမ်းမြေ အရှင်ကဝိဓဇသာရ

 ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...









 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top