iMyanmarHouse.com - Best Property Website for Myanmar
×

ဖိနပ္ဆုိတာ ေျခေထာက္မွာစီးရတာဆိုေပမဲ့ ကိုယ့္ရဲ႕အလွအပနဲ႔ ႐ုပ္ဆင္းသြင္ျပင္ကို တုိက္႐ိုက္သက္ေရာက္ေစတဲ့အရာပါ။ ဒါေၾကာင့္မို႔လို႔ ဖက္႐ွင္ကို အေလးထားသူတုိင္းကလည္း ဖိနပ္ကို ေသေသခ်ာခ်ာေ႐ြးခ်ယ္ၾကပါတယ္။ ကိုယ္ေသေသခ်ာခ်ာေရြးထားတဲ့ ဖိနပ္ေလးေၾကာင့္ စိတ္အေႏွာင့္အယွက္မျဖစ္ေစဖုိ႔အတြက္ ဒီအခ်က္ေလးေတြက အသံုးတည့္မွာပါ။

၁။ ႀကိဳးသိုင္းရတဲ့ဖိနပ္ေတြေၾကာင့္ ဖေနာင့္အေပၚပိုင္းေတြ ပြန္းပဲ့ၿပီးနာက်င္ရတတ္ပါတယ္။ ေကြးႏိုင္၊ ဆန္႔ႏိုင္တဲ့ ပလာစတာအပါးေလးကို ဖိနပ္သိုင္းႀကိဳး႐ွိမယ့္ ေျခေထာက္ေနရာေပၚမွာ ကပ္ထားလိုက္ရင္ ႀကိဳးေၾကာင့္ပြန္းပဲ့နာက်င္ရတာ မျဖစ္ေတာ့ပါဘူး။

၂။ ႐ႈးဖိနပ္က်ပ္က်ပ္ေတြေတြစီးလို႔ ေျခေထာက္နဲ႔ဖိနပ္ ပြတ္တိုက္မိတဲ့အခါ နာက်င္ရတာမ်ိဳးမျဖစ္ခ်င္ရင္ေတာ့ ေျခေထာက္ေလးေတြကို ကိုယ္လိမ္းေပါင္ဒါလူးေပးၿပီး ႐ႈးဖိနပ္ကိုစီးပါ။

၃။ ဝယ္ခဲ့တုန္းကေတာ့ ကိုယ္စီးေနက် ဖိနပ္ဆိုဒ္ပါပဲ။ ဒါေပမဲ့ ထိပ္ပိုင္း၊ ေဘးပိုင္းေတြမွာ က်ပ္ေနလို႔ မဝတ္လိုက္ရတာမ်ိဳး မျဖစ္ရေအာင္ နည္းလမ္းေလးသိထားဖုိ႔လိုပါတယ္။ ေျခအိတ္ထူထူတစ္စံုကို ေျခေထာက္မွာစြပ္လိုက္ပါ။ ၿပီးရင္ဖိနပ္စီးပါ။ က်ပ္ေနတဲ့အပိုင္းကို Dryer သံုးၿပီး အပူနည္းနည္းနဲ႔ ျဖည္းျဖည္းခ်င္း အပူေပးပါ။ ဖိနပ္ေခ်ာင္လာပါလိမ့္မယ္။ က်ပ္ေနေသးတယ္ဆုိရင္ေတာ့ ဖိနပ္ေအးသြားမွ ေနာက္ထပ္တစ္ႀကိမ္အပူေပးလိုက္ပါ။

၄။ ေျခေထာက္အနံ႔ဆိုးထြက္တာကိုလည္း ေျဖရွင္းလို႔ရပါတယ္။ ညဘက္မွာ ေျခေထာက္ကို ေသေသခ်ာခ်ာေဆးေၾကာပါ။ ေျခာက္သြားရင္ ေခၽြးနံ႔ေပ်ာက္ေဆးလိမ္းထားၿပီး အိပ္လိုက္ပါ။ မနက္ဆိုရင္ အနံ႔ဆိုးေတြ ႐ွိေတာ့မွာမဟုတ္ပါဘူး။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : duwun

#Unicode Version

ဖိနပ်ဆိုတာ ခြေထောက်မှာစီးရတာဆိုပေမဲ့ ကိုယ့်ရဲ့အလှအပနဲ့ ရုပ်ဆင်းသွင်ပြင်ကို တိုက်ရိုက်သက်ရောက်စေတဲ့အရာပါ။ ဒါကြောင့်မို့လို့ ဖက်ရှင်ကို အလေးထားသူတိုင်းကလည်း ဖိနပ်ကို သေသေချာချာရွေးချယ်ကြပါတယ်။ ကိုယ်သေသေချာချာရွေးထားတဲ့ ဖိနပ်လေးကြောင့် စိတ်အနှောင့်အယှက်မဖြစ်စေဖို့အတွက် ဒီအချက်လေးတွေက အသုံးတည့်မှာပါ။

၁။ ကြိုးသိုင်းရတဲ့ဖိနပ်တွေကြောင့် ဖနောင့်အပေါ်ပိုင်းတွေ ပွန်းပဲ့ပြီးနာကျင်ရတတ်ပါတယ်။ ကွေးနိုင်၊ ဆန့်နိုင်တဲ့ ပလာစတာအပါးလေးကို ဖိနပ်သိုင်းကြိုးရှိမယ့် ခြေထောက်နေရာပေါ်မှာ ကပ်ထားလိုက်ရင် ကြိုးကြောင့်ပွန်းပဲ့နာကျင်ရတာ မဖြစ်တော့ပါဘူး။

၂။ ရှုးဖိနပ်ကျပ်ကျပ်တွေတွေစီးလို့ ခြေထောက်နဲ့ဖိနပ် ပွတ်တိုက်မိတဲ့အခါ နာကျင်ရတာမျိုးမဖြစ်ချင်ရင်တော့ ခြေထောက်လေးတွေကို ကိုယ်လိမ်းပေါင်ဒါလူးပေးပြီး ရှုးဖိနပ်ကိုစီးပါ။

၃။ ဝယ်ခဲ့တုန်းကတော့ ကိုယ်စီးနေကျ ဖိနပ်ဆိုဒ်ပါပဲ။ ဒါပေမဲ့ ထိပ်ပိုင်း၊ ဘေးပိုင်းတွေမှာ ကျပ်နေလို့ မဝတ်လိုက်ရတာမျိုး မဖြစ်ရအောင် နည်းလမ်းလေးသိထားဖို့လိုပါတယ်။ ခြေအိတ်ထူထူတစ်စုံကို ခြေထောက်မှာစွပ်လိုက်ပါ။ ပြီးရင်ဖိနပ်စီးပါ။ ကျပ်နေတဲ့အပိုင်းကို Dryer သုံးပြီး အပူနည်းနည်းနဲ့ ဖြည်းဖြည်းချင်း အပူပေးပါ။ ဖိနပ်ချောင်လာပါလိမ့်မယ်။ ကျပ်နေသေးတယ်ဆိုရင်တော့ ဖိနပ်အေးသွားမှ နောက်ထပ်တစ်ကြိမ်အပူပေးလိုက်ပါ။

၄။ ခြေထောက်အနံ့ဆိုးထွက်တာကိုလည်း ဖြေရှင်းလို့ရပါတယ်။ ညဘက်မှာ ခြေထောက်ကို သေသေချာချာဆေးကြောပါ။ ခြောက်သွားရင် ချွေးနံ့ပျောက်ဆေးလိမ်းထားပြီး အိပ်လိုက်ပါ။ မနက်ဆိုရင် အနံ့ဆိုးတွေ ရှိတော့မှာမဟုတ်ပါဘူး။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top