iMyanmarHouse.com - Best Property Website for Myanmar
×

မိမိရဲ႕တစ္ကိုယ္ရည္သန္႔႐ွင္းေရးအတြက္ နားထဲက နားဖာေခ်းေတြကို မၾကာခဏ ႐ွင္းထုတ္ေလ့ရွိၾကပါတယ္။ ဒါေပမဲ့ မွန္ကန္တဲ့နည္းလမ္းကို အသံုးျပဳၿပီး နားဖာေခ်းေတြကို ဖယ္ရွားသင့္ပါတယ္။ ဆရာဝန္ေတြက Q-Tip လို႔ ေခၚတဲ့ နားၾကပ္ဂြမ္းတံေလးေတြနဲ႔ နားဖာေခ်းဖယ္႐ွားတာကို သေဘာမတူၾကပါဘူး။ အေၾကာင္းရင္းကေတာ့ နားၾကပ္ဂြမ္းတံဟာ နားကိုဒုကၡေပးႏိုင္လို႔ပါပဲ။

၁။ နားၾကပ္ဂြမ္းတံက မသန္႔ဘူးဆုိရင္ နားထဲကို ပိုးဝင္ႏိုင္ပါတယ္။

၂။ ဂြမ္းစက နားထဲမွာ က်န္မိတာမ်ိဳးျဖစ္ႏိုင္ပါတယ္။

၃။ နားၾကပ္တံကို နားအတြင္းထဲ ထိုးသြင္းလိုက္တဲ့အခါ နားစည္ကိုလည္း ထိႏိုင္ၿပီး အၾကားအာ႐ံုထိခိုက္တဲ့အထိ ျဖစ္သြားႏိုင္ပါတယ္။

၄။ နားဖာေခ်းေတြက ထိထိေရာက္ေရာက္ဖယ္႐ွားမေပးႏိုင္ပါဘူး။ နားၾကပ္တံကိုထိုးသြင္းလိုက္တဲ့အခါ နားစည္ဝမွာရွိတဲ့ နားဖာေခ်းေတြကို အတြင္းဘက္ကိုတြန္းလိုက္သလိုျဖစ္သြားလို႔ ပိုဆိုးမွာပါပဲ။

ဒီလိုဆိုရင္ နားထဲက နားဖာေခ်းေတြကို ဘယ္လိုနည္းနဲ႔ ဖယ္႐ွားတာက အေကာင္းဆံုးျဖစ္မလဲ? နား၊ႏွာေခါင္း အထူးကုေဆးခန္းကို သြားမယ္ဆုိရင္ေတာ့ ဆရာဝန္က ပိုးသတ္ထားတဲဲ့ကိရိယာကိုသံုးၿပီး နားဖာေခ်းေတြကို ကၽြမ္းကၽြမ္းက်င္က်င္ ဖယ္႐ွားေပးပါလိမ့္မယ္။ ကိုယ္တုိင္ နားဖာေခ်းေတြကို ဖယ္မယ္ဆုိရင္ေတာ့ ပါေအာက္ဆုိဒ္ရည္ကို သန္႔စင္တဲ့ေရနဲ႔ေရာၿပီး နားထဲထည့္လိုက္တာနဲ႔ နားဖာေခ်းေတြေပ်ာ္သြားတဲ့အခါ မနာမက်င္ဘဲ နားဖာေခ်းေတြ ဖယ္ရွားႏိုင္မွာျဖစ္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit : duwun


#Unicod Version

မိမိရဲ့တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် နားထဲက နားဖာချေးတွေကို မကြာခဏ ရှင်းထုတ်လေ့ရှိကြပါတယ်။ ဒါပေမဲ့ မှန်ကန်တဲ့နည်းလမ်းကို အသုံးပြုပြီး နားဖာချေးတွေကို ဖယ်ရှားသင့်ပါတယ်။ ဆရာဝန်တွေက Q-Tip လို့ ခေါ်တဲ့ နားကြပ်ဂွမ်းတံလေးတွေနဲ့ နားဖာချေးဖယ်ရှားတာကို သဘောမတူကြပါဘူး။ အကြောင်းရင်းကတော့ နားကြပ်ဂွမ်းတံဟာ နားကိုဒုက္ခပေးနိုင်လို့ပါပဲ။

၁။ နားကြပ်ဂွမ်းတံက မသန့်ဘူးဆိုရင် နားထဲကို ပိုးဝင်နိုင်ပါတယ်။

၂။ ဂွမ်းစက နားထဲမှာ ကျန်မိတာမျိုးဖြစ်နိုင်ပါတယ်။

၃။ နားကြပ်တံကို နားအတွင်းထဲ ထိုးသွင်းလိုက်တဲ့အခါ နားစည်ကိုလည်း ထိနိုင်ပြီး အကြားအာရုံထိခိုက်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

၄။ နားဖာချေးတွေက ထိထိရောက်ရောက်ဖယ်ရှားမပေးနိုင်ပါဘူး။ နားကြပ်တံကိုထိုးသွင်းလိုက်တဲ့အခါ နားစည်ဝမှာရှိတဲ့ နားဖာချေးတွေကို အတွင်းဘက်ကိုတွန်းလိုက်သလိုဖြစ်သွားလို့ ပိုဆိုးမှာပါပဲ။

ဒီလိုဆိုရင် နားထဲက နားဖာချေးတွေကို ဘယ်လိုနည်းနဲ့ ဖယ်ရှားတာက အကောင်းဆုံးဖြစ်မလဲ? နား၊နှာခေါင်း အထူးကုဆေးခန်းကို သွားမယ်ဆိုရင်တော့ ဆရာဝန်က ပိုးသတ်ထားတဲ့ကိရိယာကိုသုံးပြီး နားဖာချေးတွေကို ကျွမ်းကျွမ်းကျင်ကျင် ဖယ်ရှားပေးပါလိမ့်မယ်။ ကိုယ်တိုင် နားဖာချေးတွေကို ဖယ်မယ်ဆိုရင်တော့ ပါအောက်ဆိုဒ်ရည်ကို သန့်စင်တဲ့ရေနဲ့ရောပြီး နားထဲထည့်လိုက်တာနဲ့ နားဖာချေးတွေပျော်သွားတဲ့အခါ မနာမကျင်ဘဲ နားဖာချေးတွေ ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top