iMyanmarHouse.com - Best Property Website for Myanmar
×

ပိုက္ဆံ ျပတ္သြားတဲ့ အခိုက္အတန္႔ ဆိုတာ လူတိုင္းမွာ ရွိၾကပါတယ္။ တစ္ခ်ိဳ႕က လစာနည္းေတာ့ သံုးရတာမေလာက္တာေတြရွိသလို လစာမ်ားတဲ့သူေတြမွာလည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ လက္ထဲမွာ ပိုက္ဆံ ျပတ္သြားတဲ့ အခိုက္အတန္႔ေတြကိုယ္စီရွိၾကပါတယ္။ ဒါေပမယ့္ ပိုက္ဆံ မရွိေတာ့တာေၾကာင့္ ဘ၀ႀကီးကို စိတ္ပ်က္လက္ပ်က္ ျဖစ္ေနဖို႔ မလိုသလို ကံၾကမၼာကိုလည္း အျပစ္တင္ေနဖို႔ မလိုပါဘူး။ လက္ထဲမွာ ပိုက္ဆံ ျပတ္ေနတဲ့အခ်ိန္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနထိုင္ႏိုင္ေစဖို႔ ေခါင္းထဲထည့္ထားရမယ့္ အခ်က္ေလးေတြရွိပါတယ္။ အဲဒါေတြကေတာ့ -

၁။ သင္ပိုင္ဆိုင္ထားတာေတြအတြက္ ေက်နပ္ႏိုင္ပါေစ
သင့္မွာ ပိုက္ဆံ မရွိေတာ့ဘူးဆိုတာသာ ေခါင္းထဲမွာ ရွိေနေပမယ့္ သင့္မွာေနစရာရွိေသးတယ္ ၊ ၀တ္စရာေတြရွိေသးတယ္ ၊ သူငယ္ခ်င္းေတြရွိေသးတယ္ ၊ မိသားစုေတြရွိေသးတယ္ စသျဖင့္ ကိုယ္ပိုင္ဆိုင္ထားတဲ့ အရာေတြကို ေတြးလိုက္တာနဲ႔ ပိုက္ဆံ ျပတ္ေနတာကို ခံစားေနစရာ မလိုေတာ့ပါဘူး။

၂။ ကုန္က်ေငြေတြအတြက္ စိတ္ဖိစီးမခံပါနဲ႔ ၊ အဲဒါေတြက တစ္သက္လံုး ရင္ဆိုင္ေနရဦးမွာပါ
ကိုယ့္ေျခေထာက္ေပၚကိုယ္ ရပ္တည္တဲ့အခါ ၊ အုပ္ထိန္းသူေတြနဲ႔ အတူမေနျဖစ္ေတာ့တဲ့အခါမ်ိဳးမွာ ေဘလ္ ေဆာင္ရတယ္ဆိုတာ အရြယ္ေရာက္ၿပီးသူတစ္ေယာက္ရဲ ႔ တာ၀န္ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ လွ်ပ္မီးသံုးစြဲခ ၊ ေရသံုးစြဲခ ၊ အမိႈက္သိမ္းဆည္းခ အစရွိတဲ့ ကုန္က်ေငြေတြဟာ ပိုက္ဆံ ျပတ္ေနတဲ့အခ်ိန္ အျပစ္လႊဲခ်စရာ ေတြမဟုတ္ပါဘူး။

၃။ ဒါဟာ ခဏပဲ လို႔ အၿမဲေတြးပါ
သင္အခုလက္ထဲမွာ ပိုက္ဆံ ျပတ္ေနေပမယ့္ ေနာက္ ၅ ႏွစ္မွာ ကမာၻေက်ာ္ ဘီလ်ံနာ တစ္ေယာက္ ျဖစ္မလာဘူးလို႔ ဘယ္သူမွ မေျပာႏိုင္ပါဘူး။ ဘ၀ဆိုတာ ပံုေသေျပာလို႔မရပါဘူး။ ဒီေန႔ဆင္းရဲေနလည္း မနက္ျဖန္ ခ်မ္းသာလာႏိုင္ပါတယ္။ လက္ရွိ ပိုက္ဆံ ျပတ္ေနတာေလးေလာက္နဲ႔ စိတ္ညစ္မခံပါနဲ႔။

၄။ လွပေသသပ္စြာ ၀တ္ဆင္ပါ
ပိုက္ဆံ မရွိေတာ့တဲ့ေနာက္ အ၀တ္အစား အသစ္ေတြ ၀ယ္မ၀တ္ျဖစ္ေတာ့သလို ရွိတဲ့ အ၀တ္အစားေကာင္းေတြကို လည္း ထုတ္၀တ္ခ်င္စိတ္ မရွိေတာ့ေလာက္ ေအာင္ စိတ္ညစ္တာမ်ိဳးေတြက လူတိုင္းမွာ ရွိတတ္ပါတယ္။ ဒါေပမယ့္ အေပၚမွာ ေျပာခဲ့သလုိပဲ ပိုက္ဆံ မရွိလည္း အ၀တ္အစားေတြ ရွိေနပါေသးတယ္။ အေကာင္းဆံုး ၀တ္စားေနထိုင္ျခင္းဟာ ကိုယ့္ကိုကိုယ္ ယံုၾကည္မႈ ရွိလာေစတဲ့အတြက္ ပိုက္ဆံ ျပတ္သြားတဲ့ ျပႆနာ ကို ေျဖရွင္းမယ့္နည္းလမ္းေတြ အလြယ္တကူ ေတြ႔လာႏိုင္ပါတယ္။

၅။ ေပ်ာ္ေပ်္ာေနပါ
သူငယ္ခ်င္းေတြနဲ႔ အခမဲ့ေနရာေတြကို ေလွ်ာက္သြားလိုက္ပါ။ သူငယ္ခ်င္းေတြနဲ႔ ေလွ်ာက္သြားတဲ့အခါမွာ အခမဲ့ေနရာေတြကို သြားလို႔ ဘယ္သူမွ မရွက္ၾကပါဘူး။ အားလံုးက ေပ်ာ္ခ်င္တဲ့စိတ္ပဲ ရွိၾကမွာပါ။ အဲဒါေၾကာင့္ ၀င္ေၾကးမေပးရတဲ့ ပန္းၿခံေတြ ၊ ျပတိုက္ေတြ ၊ လမ္းေပၚက ေဖ်ာ္ေျဖပြဲ ေတြကို ေလွ်ာက္သြားပါ။ တစ္ျဖည္းျဖည္း နဲ႔ စိတ္ဖိစီးမႈေတြ ေပ်ာက္သြားပါလိမ့္မယ္။

၆။ သင္ဟာ တစ္ျခား အရာေတြ ၾကြယ္၀ခ်မ္းသာေနေသးတာကို မေမ့ပါနဲ႔
ပိုက္ဆံဟာ အရာရာကို မဖန္တီးႏိုင္ပါဘူး။ ပိုက္ဆံဆိုတာဟာ ေစ်းႏႈန္းသတ္မွတ္ခ်က္ေတြအတြက္ ျဖစ္ေပၚလာတာျဖစ္ေပမယ့္ တန္ဖိုးခ်င္းယွဥ္မယ္ဆိုရင္ သင္ၾကြယ္၀ခ်မ္းသာတဲ့ အရာေတြက ပိုက္ဆံ ထက္ ပိုတန္ဖိုးရွိပါတယ္။ သင္ဟာ ခ်စ္ျခင္းေမတၱာေတြ ၾကြယ္၀ခ်မ္းသာပါတယ္ ၊ သင္ဟာ အေကာင္းျမင္စိတ္ေတြ ၾကြယ္၀ခ်မ္းသာပါတယ္ ၊ သင္ဟာ ဗဟုသုတ ေတြ ၾကြယ္၀ခ်မ္းသာပါတယ္။ အဲဒီခ်မ္းသာမႈေတြကို အသံုးခ်ၿပီး သင့္ရဲ ႔ အိပ္မက္ေတြဆီကို ေရွ႕ဆက္ပါ။ သင့္ဘ၀ အဆင္ေျပလာတဲ့အခါမွာ ပိုက္ဆံ ဆိုတာဟာ ပူပန္စရာတစ္ခု ျဖစ္လာမွာ မဟုတ္ေတာ့ပါဘူး။
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:Trend Myanmar

#Unicode Version


ပိုက်ဆံ ပြတ်သွားတဲ့ အခိုက်အတန့် ဆိုတာ လူတိုင်းမှာ ရှိကြပါတယ်။ တစ်ချို့က လစာနည်းတော့ သုံးရတာမလောက်တာတွေရှိသလို လစာများတဲ့သူတွေမှာလည်း အကြောင်းအမျိုးမျိုးကြောင့် လက်ထဲမှာ ပိုက်ဆံ ပြတ်သွားတဲ့ အခိုက်အတန့်တွေကိုယ်စီရှိကြပါတယ်။ ဒါပေမယ့် ပိုက်ဆံ မရှိတော့တာကြောင့် ဘဝကြီးကို စိတ်ပျက်လက်ပျက် ဖြစ်နေဖို့ မလိုသလို ကံကြမ္မာကိုလည်း အပြစ်တင်နေဖို့ မလိုပါဘူး။ လက်ထဲမှာ ပိုက်ဆံ ပြတ်နေတဲ့အချိန် ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်စေဖို့ ခေါင်းထဲထည့်ထားရမယ့် အချက်လေးတွေရှိပါတယ်။ အဲဒါတွေကတော့ -

၁။ သင်ပိုင်ဆိုင်ထားတာတွေအတွက် ကျေနပ်နိုင်ပါစေ
သင့်မှာ ပိုက်ဆံ မရှိတော့ဘူးဆိုတာသာ ခေါင်းထဲမှာ ရှိနေပေမယ့် သင့်မှာနေစရာရှိသေးတယ် ၊ ဝတ်စရာတွေရှိသေးတယ် ၊ သူငယ်ချင်းတွေရှိသေးတယ် ၊ မိသားစုတွေရှိသေးတယ် စသဖြင့် ကိုယ်ပိုင်ဆိုင်ထားတဲ့ အရာတွေကို တွေးလိုက်တာနဲ့ ပိုက်ဆံ ပြတ်နေတာကို ခံစားနေစရာ မလိုတော့ပါဘူး။

၂။ ကုန်ကျငွေတွေအတွက် စိတ်ဖိစီးမခံပါနဲ့ ၊ အဲဒါတွေက တစ်သက်လုံး ရင်ဆိုင်နေရဦးမှာပါ
ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်တဲ့အခါ ၊ အုပ်ထိန်းသူတွေနဲ့ အတူမနေဖြစ်တော့တဲ့အခါမျိုးမှာ ဘေလ် ဆောင်ရတယ်ဆိုတာ အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် လျှပ်မီးသုံးစွဲခ ၊ ရေသုံးစွဲခ ၊ အမှိုက်သိမ်းဆည်းခ အစရှိတဲ့ ကုန်ကျငွေတွေဟာ ပိုက်ဆံ ပြတ်နေတဲ့အချိန် အပြစ်လွှဲချစရာ တွေမဟုတ်ပါဘူး။

၃။ ဒါဟာ ခဏပဲ လို့ အမြဲတွေးပါ
သင်အခုလက်ထဲမှာ ပိုက်ဆံ ပြတ်နေပေမယ့် နောက် ၅ နှစ်မှာ ကမ္ဘာကျော် ဘီလျံနာ တစ်ယောက် ဖြစ်မလာဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။ ဘဝဆိုတာ ပုံသေပြောလို့မရပါဘူး။ ဒီနေ့ဆင်းရဲနေလည်း မနက်ဖြန် ချမ်းသာလာနိုင်ပါတယ်။ လက်ရှိ ပိုက်ဆံ ပြတ်နေတာလေးလောက်နဲ့ စိတ်ညစ်မခံပါနဲ့။

၄။ လှပသေသပ်စွာ ဝတ်ဆင်ပါ
ပိုက်ဆံ မရှိတော့တဲ့နောက် အဝတ်အစား အသစ်တွေ ဝယ်မဝတ်ဖြစ်တော့သလို ရှိတဲ့ အဝတ်အစားကောင်းတွေကို လည်း ထုတ်ဝတ်ချင်စိတ် မရှိတော့လောက် အောင် စိတ်ညစ်တာမျိုးတွေက လူတိုင်းမှာ ရှိတတ်ပါတယ်။ ဒါပေမယ့် အပေါ်မှာ ပြောခဲ့သလိုပဲ ပိုက်ဆံ မရှိလည်း အဝတ်အစားတွေ ရှိနေပါသေးတယ်။ အကောင်းဆုံး ဝတ်စားနေထိုင်ခြင်းဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိလာစေတဲ့အတွက် ပိုက်ဆံ ပြတ်သွားတဲ့ ပြဿနာ ကို ဖြေရှင်းမယ့်နည်းလမ်းတွေ အလွယ်တကူ တွေ့လာနိုင်ပါတယ်။

၅။ ပျော်ပျေ်ာနေပါ
သူငယ်ချင်းတွေနဲ့ အခမဲ့နေရာတွေကို လျှောက်သွားလိုက်ပါ။ သူငယ်ချင်းတွေနဲ့ လျှောက်သွားတဲ့အခါမှာ အခမဲ့နေရာတွေကို သွားလို့ ဘယ်သူမှ မရှက်ကြပါဘူး။ အားလုံးက ပျော်ချင်တဲ့စိတ်ပဲ ရှိကြမှာပါ။ အဲဒါကြောင့် ဝင်ကြေးမပေးရတဲ့ ပန်းခြံတွေ ၊ ပြတိုက်တွေ ၊ လမ်းပေါ်က ဖျော်ဖြေပွဲ တွေကို လျှောက်သွားပါ။ တစ်ဖြည်းဖြည်း နဲ့ စိတ်ဖိစီးမှုတွေ ပျောက်သွားပါလိမ့်မယ်။

၆။ သင်ဟာ တစ်ခြား အရာတွေ ကြွယ်ဝချမ်းသာနေသေးတာကို မမေ့ပါနဲ့
ပိုက်ဆံဟာ အရာရာကို မဖန်တီးနိုင်ပါဘူး။ ပိုက်ဆံဆိုတာဟာ ဈေးနှုန်းသတ်မှတ်ချက်တွေအတွက် ဖြစ်ပေါ်လာတာဖြစ်ပေမယ့် တန်ဖိုးချင်းယှဉ်မယ်ဆိုရင် သင်ကြွယ်ဝချမ်းသာတဲ့ အရာတွေက ပိုက်ဆံ ထက် ပိုတန်ဖိုးရှိပါတယ်။ သင်ဟာ ချစ်ခြင်းမေတ္တာတွေ ကြွယ်ဝချမ်းသာပါတယ် ၊ သင်ဟာ အကောင်းမြင်စိတ်တွေ ကြွယ်ဝချမ်းသာပါတယ် ၊ သင်ဟာ ဗဟုသုတ တွေ ကြွယ်ဝချမ်းသာပါတယ်။ အဲဒီချမ်းသာမှုတွေကို အသုံးချပြီး သင့်ရဲ့ အိပ်မက်တွေဆီကို ရှေ့ဆက်ပါ။ သင့်ဘ၀ အဆင်ပြေလာတဲ့အခါမှာ ပိုက်ဆံ ဆိုတာဟာ ပူပန်စရာတစ်ခု ဖြစ်လာမှာ မဟုတ်တော့ပါဘူး။
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:Trend Myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top