iMyanmarHouse.com - Best Property Website for Myanmar
×

၁ - သိတယ္

အရင္ဆံုး တစ္ဦးနဲ႔တစ္ဦး သိဖို႔လိုပါတယ္။ သူငယ္ခ်င္း ျဖစ္ဖို႔ လိုပါတယ္။ ဒါမွ မိတ္ေဆြတစ္ေယာက္လိုစျပီး စကားေျပာႏုိင္မွာပါ။

၂ - ဟာသ

ဟာသေတြ တအားမေျပာပါနဲ႔။ အထူးသျဖင့္ သူ႔ရဲ႕ ပံုပန္းသဏၭာန္နဲ႔ပတ္သက္ျပီး ဟာသမလုပ္ပါနဲ႔။ သင္နဲ႔ သိပ္မခင္တာေၾကာင့္ သင္ေျပာတဲ့စကားေတြကို ေလးေလးနက္နက္ ယူေနတတ္ပါတယ္။ သင့္ကိုခပ္တံုးတံုး ေၾကာင္ေတာင္ေတာင္လို႔ေတာင္ ထင္သြားႏုိင္ပါတယ္။ ဟာသက တကယ္ရယ္ရမွလည္း ေျပာပါ။

၃ - ႏွစ္ေယာက္အၾကိဳက္

စျပီးစကားေျပာျခင္းမွာပဲ ႏွစ္ေယာက္စလံုးၾကိဳက္မယ့္ အေၾကာင္းအရာကို ရွာပါ။ ႏွစ္ေယာက္စလံုးက စာဖတ္ဝါသနာပါတယ္ဆိုရင္ စာအုပ္အေၾကာင္း ေျပာတာမ်ိဳးပါ။

၄ - လက္ေဆာင္

လက္ေဆာင္ေပးတာဟာ ရိုးတယ္လို႔ ထင္ေပမဲ့ ထိေရာက္ပါတယ္။ စစခ်င္းမွာ အရမ္းတန္ဖိုးၾကီးတာမ်ိဳး မေပးပါနဲ႔။

၅ - မၾကြားနဲ႔

စစခ်င္းမွာ မၾကြားပါနဲ႔။ သင့္အေပၚ သူ႔ရဲ႕ ထင္ျမင္ခ်က္က မေကာင္းႏုိင္ပါဘူး။

၆ - အရွိတုိင္း

အရွိတိုင္းပဲ သူ႔ကို ခ်ည္းကပ္ပါ။ အပိုေတြ၊ ဟန္ေဆာင္တာေတြ မလုပ္ပါနဲ႔။

၇ - ဟိုဟုိဒီဒီ

သူသြားခ်င္တဲ့ ပြဲ၊ သူ သြားခ်င္တဲ့ဆိုင္ ဒီလိုမ်ိဳး ဟိုဟုိဒီဒီ သြားစရာေတြရွိရင္ သင့္ဘက္က လိုက္ႏုိင္ေအာင္ၾကိဳးစားပါ။

၈ - သူငယ္ခ်င္းဆက္ဆံေရး

သင္တို႔ရင္းႏွီးမႈက အေတာ္အသင့္ နီးစပ္ေနျပီဆုိရင္ေတာ့ သင့္သေဘာက်ေနတာကို ဖြင့္ေျပာပါ။ ဒီအခ်ိန္မွာ သူလည္း သိေနေလာက္ပါျပီ။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : duwun


#Unicode Version


၁ - သိတယ်

အရင်ဆုံး တစ်ဦးနဲ့တစ်ဦး သိဖို့လိုပါတယ်။ သူငယ်ချင်း ဖြစ်ဖို့ လိုပါတယ်။ ဒါမှ မိတ်ဆွေတစ်ယောက်လိုစပြီး စကားပြောနိုင်မှာပါ။

၂ - ဟာသ

ဟာသတွေ တအားမပြောပါနဲ့။ အထူးသဖြင့် သူ့ရဲ့ ပုံပန်းသဏ္ဌာန်နဲ့ပတ်သက်ပြီး ဟာသမလုပ်ပါနဲ့။ သင်နဲ့ သိပ်မခင်တာကြောင့် သင်ပြောတဲ့စကားတွေကို လေးလေးနက်နက် ယူနေတတ်ပါတယ်။ သင့်ကိုခပ်တုံးတုံး ကြောင်တောင်တောင်လို့တောင် ထင်သွားနိုင်ပါတယ်။ ဟာသက တကယ်ရယ်ရမှလည်း ပြောပါ။

၃ - နှစ်ယောက်အကြိုက်

စပြီးစကားပြောခြင်းမှာပဲ နှစ်ယောက်စလုံးကြိုက်မယ့် အကြောင်းအရာကို ရှာပါ။ နှစ်ယောက်စလုံးက စာဖတ်ဝါသနာပါတယ်ဆိုရင် စာအုပ်အကြောင်း ပြောတာမျိုးပါ။

၄ - လက်ဆောင်

လက်ဆောင်ပေးတာဟာ ရိုးတယ်လို့ ထင်ပေမဲ့ ထိရောက်ပါတယ်။ စစချင်းမှာ အရမ်းတန်ဖိုးကြီးတာမျိုး မပေးပါနဲ့။

၅ - မကြွားနဲ့

စစချင်းမှာ မကြွားပါနဲ့။ သင့်အပေါ် သူ့ရဲ့ ထင်မြင်ချက်က မကောင်းနိုင်ပါဘူး။

၆ - အရှိတိုင်း

အရှိတိုင်းပဲ သူ့ကို ချည်းကပ်ပါ။ အပိုတွေ၊ ဟန်ဆောင်တာတွေ မလုပ်ပါနဲ့။

၇ - ဟိုဟိုဒီဒီ

သူသွားချင်တဲ့ ပွဲ၊ သူ သွားချင်တဲ့ဆိုင် ဒီလိုမျိုး ဟိုဟိုဒီဒီ သွားစရာတွေရှိရင် သင့်ဘက်က လိုက်နိုင်အောင်ကြိုးစားပါ။

၈ - သူငယ်ချင်းဆက်ဆံရေး

သင်တို့ရင်းနှီးမှုက အတော်အသင့် နီးစပ်နေပြီဆိုရင်တော့ သင့်သဘောကျနေတာကို ဖွင့်ပြောပါ။ ဒီအချိန်မှာ သူလည်း သိနေလောက်ပါပြီ။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top