iMyanmarHouse.com - Best Property Website for Myanmar
×

(၁) သင့္ဘ၀အတြက္ မရွိမျဖစ္ အေရးပါသည့္ ဦးစားေပးအခ်က္မ်ား

ကြ်န္ေတာ္တို ဟာ ဘ၀ရွင္သန္တိုးတက္ေရးအတြက္ အစြမ္းကုန္ၾကိဳးစားရတဲ့အခါမွာ တစ္ခါတစ္ရံ ဘ၀အတြက္ အေရးပါတဲ့ ဦးစားေပးအခ်က္အခ်ိဳ ့ကို ေမ့သြားတတ္တာ၊ လ်စ္လ်ဴရွဴ ထားတတ္တာေတြ ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ ဒီလို အေရးၾကီးတဲ ့ဦးစားေပးအခ်က္ေတြကို ေမ့ မသြားေစဖို ့စာရင္းလုပ္ထားသင့္ပါတယ္။

ဒီလိုအေရးၾကီးတာေတြကို သိႏိုင္ဖို ့ဘယ္လို လုပ္မလဲ။

ကုန္ဆံုးခဲ့တဲ့ ၅ ႏွစ္တာကာလကို ျပန္လည္ ၾကည့္လိုက္ပါ။ ကိုယ္ ဘယ္အရာကို လိုခ်င္လို ့ ၾကိဳးစားအားထုတ္ေနလဲ။အဲ့ဒီလိုခ်င္တဲ့အရာက ကိုယ့္အတြက္ တကယ္အေရးၾကီးတဲ့ အရာလား။

ေနာက္တစ္မ်ိဳးကေတာ့ ဘယ္အရာေတြ က စိတ္ထဲမွာ အစဥ္ရိွိေနျပီး လက္ေတြ ့မွာ ဦးစားမေပးမိတာ ရွိသလား။ အဲ့ဒီလို စိတ္ထဲမွာ အစဥ္ရွိေနတာေတြကိုလည္း ခ်ေရးလိုက္ပါ။ ျပီးယင္ ေတာ့ အဲ့ဒီ ၂ ခု မွာ ထြက္လာတဲ ့အခ်က္ေတြကို ျပန္လည္ သံုးသပ္ၾကည့္လိုက္ပါ။ အဲ့ဒါဆိုလွ်င္ ဘ၀ အတြက္ အေရးၾကီးတာေတြ ထြက္လာမွာပါ။

၂။ သင့္ဘ၀အတြက္ အၾကီးမားဆံုးေသာ အိပ္မက္မ်ား

တစ္ခါတစ္ရံ ဘ၀မွာ ၾကီးမားတဲ့ ေအာင္ျမင္မွဳေတြ မရတာမ်ိဳး ရွိတတ္ပါတယ္။ ဘာလို ့လည္းဆိုေတာ့ ကြ်န္ေတာ္တို ့ရဲ ့ အိပ္မက္ ေတြဟာ ၾကီးမားမွဳ မရွိလို ့ပါပဲ။ ဥပမာ အေၾကြးေတြ ဆပ္ဖို ့၊ အေလးခ်ိန္ ၁၀ ေပါင္က်ဖို့၊ ခရီးထြက္ဖုိ ့ အစရွိတဲ့ အိပ္မက္ေတြဟာ ေကာင္းမြန္ေသာ္လည္း သင့္ဘ၀ကို ေနာက္ တဆင့္သို ့တင္မေပးႏိုင္ပါဘူး။ သင့္ဘ၀မွာ အခက္အခဲေတြ ၾကံဳေတြ လာရတဲ ့အခ်ိန္မွာ ဒီ လို အိပ္မက္ေလးေတြက ခြန္အားေတြကို မတိုးပြားေစႏိုင္ပါဘူး။
အဲ့ဒါဆိုလွ်င္ ဘယ္လို ၾကီးမားတဲ့ အိပ္မက္ေတြ မက္ၾကမလဲ။ ေနာက္ ထပ္ ၅ ႏွစ္၊ ၁၀ ႏွစ္မွာကိုယ့္ကို ကိုယ္ ဘယ္လို ျမင္ခ်င္သလဲ ဆိုတာကို စဥ္းစားသံုးသပ္ပါ။ အဲ့ဒါဟာ သင့္အတြက္ ၾကီးမားတဲ့ အိပ္မက္ ျဖစ္ပါတယ္။ အိိပ္မက္တစ္ခု ျပီးသြားလွ်င္လည္း ေနာက္တစ္ခု ထပ္ျပီး မက္ဖို ့လုိပါတယ္။

၃။ ဖတ္စရာ စာအုပ္မ်ား

ကြ်န္ေတာ္တို ့ေတာ္ေတာ္မ်ားမ်ား ဟာ စာဖတ္သင့္တယ္ဆိုတာကို လက္ခံပါတယ္။ ဒါေပမယ့္ တကယ္တမ္း ဖတ္ၾကလားဆိုေတာ့ ၄ ပံု ၁ ပံုေလာက္သာ ဖတ္ၾကပါတယ္။ ကိုယ့္ကို ကိုယ္ ျပန္သံုးသပ္ၾကည့္ပါ။ သင္ အယင္ႏွစ္က အနည္းဆံုး စာအုပ္တစ္အုပ္ ဖတ္ျဖစ္ခဲ့လားဆိုတာကို သံုးသပ္ၾကည့္ပါ။

အဲ့လို မဖတ္ျဖစ္တာကလည္း ဘာဖတ္ရမယ္ဆိုတာကို ေသခ်ာ list မလုပ္ထားခဲ့လို ့ပါပဲ။ ဒါေၾကာင့္ တကယ္စာဖတ္ျဖစ္ခ်င္တယ္ဆိုလွ်င္ ဒီႏွစ္အတြင္းမွာ ဘာဖတ္မယ္ဆိုတာကို list လုပ္ထားသင့္ပါတယ္။

၄။ စမ္းသပ္ၾကည့္ရမည့္ အသစ္အဆန္းမ်ား

သုေတသန စမ္းသပ္မွဳေတြအရ အသစ္အဆန္း တစ္ခုခုကို စမ္းသပ္ၾကည့္ျခင္းဟာ ဦးေႏွာက္နဲ ့အာရံုေၾကာ ဆက္သြယ္မွဳေတြကို ပိုမုိေကာင္းမြန္ေစတယ္လို ့ဆိုပါတယ္။
ဒါေၾကာင့္မို ့လို ့သင့္ဘ၀မွာလည္း လုပ္ေလ့ မရွိတဲ့ အသစ္အဆန္းမ်ားကို စမ္းသပ္ၾကည့္သင့္ပါတယ္။ အဲ့လို စမ္းသပ္ၾကည့္သင့္တာေတြကိုလည္း မေမ ့သြားေအာင္၊ အျမဲသတိရေနေအာင္ စာရင္းျပဳစုထားသင့္ပါတယ္။
ဥပမာ တူရိယာ ပစၥည္း တစ္ခုခု တီးခတ္တတ္ေအာင္ သင္မယ္ဆိုတာတို ့၊ ဟင္း အသစ္ ခ်က္တတ္ေအာင္ သင္မယ္ဆိုတာမ်ိဳး ေတြ ေပါ့။

၅။ လည္ပတ္စရာေနရာမ်ား

အေျပာင္းအလဲ ဆိုတာ လိုပါတယ္။ ပတ္၀န္းက်င္ အသစ္ဆိုတာလည္း လိုပါတယ္။ ဒါမွသာ သင့္ရဲ ့စိတ္ဟာ ပိုမို လန္းဆန္း လတ္ဆတ္ေနမွာပါ။ ဒါေၾကာင့္ကိုယ္ မေရာက္ဖူးေသးတဲ ့ေနရာအသစ္ေတြကိုသြားေရာက္လည္ပတ္ဖို ့စာရင္းလုပ္ထားသင့္တယ္။ အဲ့လို လုပ္ရာမွာလည္း တိက်တဲ ့ေနရာ ေရြးခ်ယ္ထားသင့္တယ္။ ဥပမာ ကမ္းေျခတစ္ခု သြားမယ္ဆိုတာထက္ ဘာလီကမ္းေျခ သြားခ်င္တယ္ဆိုတာမ်ိဳး တိတိက်က် ေရြးခ်ယ္ထားသင့္ပါတယ္။

၆။ အလုပ္မွာ ေနာက္တစ္ဆင့္ တက္ေရာက္ျခင္း။

သင့္ရဲ ့ဘ၀ရဲ ့ဦးတည္ခ်က္မ်ားမွာ အလုပ္မွာ ေနာက္ထပ္ရာထူးတက္ဖို ့၊ ေခါင္းေဆာင္ေကာင္းတစ္ေယာက္ျဖစ္ဖို ့အစရွိတဲ့ ဦးတည္ခ်က္ေတြ ရွိျပီးသား ျဖစ္မွာပါ။ ဒါဆို ဒီ နံပါတ္ ၆ က ဘာကို ဆိုလိုပါသလဲ။
ခုနက ေျပာတဲ ့ဦးတည္ခ်က္ေတြဟာ ေနာက္ ထပ္ ၆ လ၊ တစ္ႏွစ္အၾကာမွာ ရွိမယ့္ ဦးတည္ခ်က္ေတြ ျဖစ္ျပီး နံပါတ္ ၆ မွာ ေျပာခ်င္တဲ့ ဦးတည္ခ်က္ကေတာ့ သိပ္မေ၀းတဲ ့ကာလအတြင္းမွာ တက္ေရာက္ရမယ့္ အဆင့္ေတြပါ။
ဥပမာ ေရွ ့လထဲမွာ အလုပ္ခြင္မွာ လုပ္ေဆာင္စရာ အသစ္ တစ္ခုကို သင္ယူမယ္၊ သို ့မဟုတ္ လုပ္ႏိုင္ေအာင္ၾကိဳးစားမယ္ေပ့ါ။
ဥပမာ။ အစည္းအေ၀း မွတ္တမ္းကို English လိုေရးႏိုင္ေအာင္ၾကိဳးစားမယ္ ဆိုတာမ်ိဳးေပ့ါ။

၇။ ျပဳျပင္မြမ္းမံ၊ ဆန္းသစ္စရာရွိေသာ အရာမ်ား

ဥပမာ သင္အလုပ္ရျပီးကတည္းက သင့္ရဲ ့CV ကို ထပ္မံ update မလုပ္မိျခင္း၊ သင့္ရဲ ့အလုပ္ website ကို update မလုပ္မိျခင္း အစရွိတာမ်ိဳးေတြ ျဖစ္ပါတယ္။ တစ္ခါတစ္ရံမွာ သင္ဟာ လက္ရွိအေျခအေနမွာ အဆင္ေျပေနတဲ့အတြက္ update လုပ္စရာရွိတာေတြကို မလုပ္မိပဲ ေမ့ထားတတ္ပါတယ္။ တကယ္လုိအပ္လာတဲ့အခါက်လွ်င္ ဘာေတြ update လုပ္ရမလဲဆိုတာကို ေမ့သြားတတ္ပါတယ္။

ကြ်န္ေတာ္ဆိုလွ်င္ ကြ်န္ေတာ့္ CV ကို ၆ လ တစ္ၾကိမ္ေလာက္ update လုပ္ပါတယ္။ ဒီ ၆ လ ထဲမွာ ဘာ accomplishment ေတြ ရခဲ့သလဲ ဆိုတာကို စဥ္းစားျပီး CV မွာ ထည့္ပါတယ္။ CV အျပင္ linkedin account ကိုလည္း အျမဲတမ္း update လုပ္ပါတယ္။

၈။ ရုတ္တရက္ထြက္ေပၚလာေသာ အၾကံဥာဏ္မ်ား

ဒါဟာ အရမ္းအေရးၾကီးပါတယ္။ တစ္ခါတရံ မသိစိတ္ကေန ႏွိဳးဆြမွဳ ျဖစ္ေပၚလာျပီး အရမ္းေကာင္းတဲ့ အၾကံဥာဏ္မ်ိဳးေတြ ထြက္လာႏိုင္ပါတယ္။ အဲ့လို ထြက္လာတဲ့ အခ်ိန္မွာ ခ်က္ခ်င္းထမလုပ္ႏိုင္ေသလွ်င္ေတာင္ ခ်မွတ္ထားဖို ့လိုပါတယ္။ မမွတ္ထားလိုက္လွ်င္ အခ်ိန္ၾကာလာတာနဲ ့အမွ် ေမ့သြားပါလိ့မ္မယ္။ေနာက္တစ္ၾကိမ္ ဒီအၾကံမ်ိဳး ထြက္ခ်င္မွ ထြက္လာပါလိမ့္မယ္။

လြန္ခဲ့တဲ့ ၇ လ ခန္ ့က ကြ်န္ေတာ့္ အြန္လိုင္းစတိုးေတြကို လုိက္ရွာေဖြယင္းနဲ ့အြန္လိုင္းစတိုးေတြကို စုစည္းေပးထားမယ့္ directory တစ္ခုလုပ္လွ်င္ေကာင္းမယ္ဆိုတဲ့ အူေၾကာင္ေၾကာင္ အၾကံထြက္လာပါတယ္။ အဲ့ဒါနဲ ့ေဖ့ဘြတ္ page တစ္ခု လုပ္, Myanmar Online Shopping Directory ဆိုတဲ ့နာမည္ေပးခဲ့ပါတယ္။ အဲ့ဒီကေန စလာလိုက္တာမွာ အခု ၇ လအတြင္းမွာ လူသိလည္း မ်ားလာျပီး earning လုပ္ႏိုင္တဲ့အထိ အေတာ္အသင့္ ေအာင္ျမင္တဲ့ page တစ္ခု ျဖစ္ခဲ့ပါတယ္။ အဲ့ဒီ page နဲ ့ဆက္ႏြယ္ျပီး ရခဲ့တဲ့ ဒီဇင္ဘာလရဲ ့၀င္ေငြဟာ သိန္း ၂၀ နားကို ကပ္သြားပါျပီ။ ကြ်န္ေတာ့္အတြက္ side income တစ္ခု အေနနဲ ့ရပ္တည္ခဲ့ႏိုင္ပါတယ္။ ဒါဟာ အြန္လိုင္းစတိုးေတြကို ရွာေနယင္းနဲ ့ေပၚလာတဲ ့အူေၾကာင္ေၾကာင္ အၾကံဥာဏ္ကို ေကာက္လုပ္လုိက္တာပါပဲ။

၉။ အဆက္အသြယ္ျပဳလုပ္ရမည့္သူမ်ား

ကိုယ့္ လုပ္ငန္းပတ္၀န္းက်င္ေပၚမူတည္ျပီး အျမဲဆက္သြယ္ေနရမည့္ သူေတြ ရွိပါတယ္။ ဥပမာကိုယ့္ ရဲ ့referee ေတြ၊ ဆရာေဟာင္းေတြမ်ိဳးေပ့ါ။ အဲ့လို သူမ်ိဳးေတြကို အခါအားေလ်ာ္စြာ ဆက္သြယ္ဖို ့လိုအပ္ပါတယ္။ အဲ့ဒီ အခါမွာလည္း ေမ့က်န္ခဲ့တာမ်ိဳး မျဖစ္ရေအာင္ စာရင္းေလး လုပ္ထားသင့္ပါတယ္။
အခါအားေလ်ာ္စြာ ဖုန္းဆက္ျခင္း၊ email ပို ့ျခင္းတို ့ကို လုပ္သင့္ပါတယ္။
၁၀။ ကိုယ့္ရဲ ့ေအာင္ျမင္မွဳမ်ား

ဒါကေတာ့ လုပ္စရာေတြ မဟုတ္ပဲ ျပီးေျမာက္သြားျပီးျဖစ္တဲ့ ေအာင္ျမင္မွဳေတြပါ။
ဒါေတြ ဟာလည္း အေရးၾကီးပါတယ္။ ကိုယ္ စိတ္ဓါတ္က်ေနတဲ့အခ်ိန္မွာ သင့္စိတ္ကို ျပန္ျပီး တက္လာေစဖို ့ခြန္အားေတြ ေပးမွာပါ။ ဒါ့အျပင္ သင့္ကုိယ္သင္လည္း ဘယ္ေနရာမွာ ပိုျပီး ေတာ္တယ္ဆိုတာကို နားလည္လာပါလိမ့္မယ္။

၁၁။ လုပ္စရာရွိေသာ အတိုအစမ်ား

တစ္ခါတစ္ရံ မွာ ကြ်န္ေတာ္တို ့ဟာ ၾကီးမားတဲ ့လုပ္စရာေတြကိုသာ အာရံုစိုက္ေနတဲ့အတြက္ ေသးငယ္တဲ့ အလုပ္ေလးေတြကို ေမ့သြားတတ္ပါတယ္။ ေနာက္ဆံုးေျပာရလွ်င္ ကြန္ျပဴတာ မ်က္ႏွာျပင္ေပၚက ဖုန္ေတြေတာင္ မသုတ္ ျဖစ္ပဲရွိေနတတ္တယ္။ ကြ်န္ေတာ့္ကို ကြ်န္ေတာ္ေျပာတာပါ။ အခု ဒီစာေရးေနယင္းနဲ ့ကြန္ျပဴတာ မ်က္ႏွာျပင္မွာ ဖုန္ေတြ တတ္ေနတာ သတိထားမိသြားတာပါ။
ဒီလို ေသးငယ္တဲ့ အလုပ္ေလးေတြကို အားတဲ့ အခ်ိန္မွာ လုပ္ႏိုင္ဖုိ ့အတြက္ သတိရလွ်င္ ရသလို ခ်မွတ္ထားသင့္ပါတယ္။

၁၂။ သင့္အတြက္ လိုအပ္တာမ်ား ၀ယ္ယူရန္။

ဒီဟာ အေရးၾကီးပါတယ္။ ဒီလို လိုအပ္တဲ့ ဟာေတြ ၀ယ္ဖို ့စာရင္းမလုပ္ထားလွ်င္ ျဖင့္ မလိုတာေတြ ပဲ ၀ယ္ျဖစ္ေနမွာပါ။ ဒါေၾကာင့္မို ့လို ့ဘာအဓိက လိုအပ္သလဲ ဆိုတာကို စာရင္းလုပ္ထားသင့္ျပီး အဲ့ဒီစာရင္းအတိုင္း တစ္ခုပဲ တစ္ခု ၀ယ္သင့္ပါတယ္။ (ေစ်း၀ယ္ထြက္လွ်င္လည္း တူတူပါပဲ။ စာရင္းမလုပ္ထားလွ်င္ ေတြ ့ကရာ ေလွ်ာက္၀ယ္မိဖို ့မ်ားပါတယ္)

၁၃။ လက္ေဆာင္ေပးဖို ့အၾကံဥာဏ္ေကာင္းမ်ား

တစ္ခါတစ္ရံ လူတစ္ေယာက္ကို ေပးဖို ့လက္ေဆာင္ စဥ္းစားရတာ အရမး္ကို ခက္ခဲပါတယ္။ အထူးသျဖင့္ ေပးရမယ့္ အခ်ိန္နီးကပ္ေနတဲ ့အခ်ိန္မွာ စဥ္းစားရက်ပ္ျပီး ေနာက္ဆံုးေတြ ့တဲ့ဟာ ေကာက္ေပးလိုက္တာမ်ိဳး ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္မို ့လို ့ျဖစ္ႏိုင္လွ်င္ ဒီလူကိုေတာ့ ဘာေပးသင့္တယ္ ဆိုတာကို အၾကံဥာဏ္ ရတုန္း စာရင္းလုပ္ထားသင့္ပါတယ္။

၁၄။ ေနာက္ထပ္မလုပ္ေတာ့မည္ ့အရာမ်ား

ဥပမာ ေဆးလိပ္လံုး၀မေသာက္ေတာ့ပါ။ အရက္ လံုး၀ မေသာက္ေတာ့ပါ။ မိသားစုနဲ ့ထမင္းစားေနစဥ္ ဖုန္း လံုး၀ မသံုးေတာ့ပါ ဆိုတာမ်ိဳးေတြေပ့ါ။
ဒါေတြကိုလည္း စာရင္းလုပ္ထားဖို ့လိုအပ္ပါတယ္။ ဒါမွသာ အျမဲတေစ သတိေပးသလို ျဖစ္ေနမွာပါ။

၁၅။ မျပီးစီးေသးေသာ အရာမ်ား

သင္ဘာ list လုပ္ရမလဲ ဆိုတာ မသိလွ်င္ ဒီ list ဟာ လုပ္ဖို ့အလြယ္ဆံုးပါ။ ဘာလို ့လည္းဆိုေတာ့ သင့္မွာ တိုးလို ့တန္းလန္း ျဖစ္ေနတဲ့ လုပ္ရမယ့္ အခ်က္ေတြ မ်ားေနေလာက္ပါတယ္။ ဒါေၾကာင့္ ဘာ list လုပ္ရမယ္ဆိုတာ မသိလွ်င္ ဒီ list ကသာ စလိုက္ပါ။ အမ်ားၾကီးထြက္လာပါလိမ့္မယ္။

ကဲ…. List ေလးေတြ လုပ္ၾကည့္ၾကရေအာင္လား။

အားလံုးကို ေက်းဇူးတင္ပါတယ္။
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:: Prospect Myanmar
Link: http://prospectmyanmar.com/archives/437

#Unicode Version

(၁) သင့်ဘဝအတွက် မရှိမဖြစ် အရေးပါသည့် ဦးစားပေးအချက်များ

ကျွန်တော်တို ဟာ ဘဝရှင်သန်တိုးတက်ရေးအတွက် အစွမ်းကုန်ကြိုးစားရတဲ့အခါမှာ တစ်ခါတစ်ရံ ဘဝအတွက် အရေးပါတဲ့ ဦးစားပေးအချက်အချို့ကို မေ့သွားတတ်တာ၊ လျစ်လျူရှူ ထားတတ်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီလို အရေးကြီးတဲ့ဦးစားပေးအချက်တွေကို မေ့ မသွားစေဖို့စာရင်းလုပ်ထားသင့်ပါတယ်။

ဒီလိုအရေးကြီးတာတွေကို သိနိုင်ဖို့ဘယ်လို လုပ်မလဲ။

ကုန်ဆုံးခဲ့တဲ့ ၅ နှစ်တာကာလကို ပြန်လည် ကြည့်လိုက်ပါ။ ကိုယ် ဘယ်အရာကို လိုချင်လို့ ကြိုးစားအားထုတ်နေလဲ။အဲ့ဒီလိုချင်တဲ့အရာက ကိုယ့်အတွက် တကယ်အရေးကြီးတဲ့ အရာလား။

နောက်တစ်မျိုးကတော့ ဘယ်အရာတွေ က စိတ်ထဲမှာ အစဉ်ရှိနေပြီး လက်တွေ့မှာ ဦးစားမပေးမိတာ ရှိသလား။ အဲ့ဒီလို စိတ်ထဲမှာ အစဉ်ရှိနေတာတွေကိုလည်း ချရေးလိုက်ပါ။ ပြီးယင် တော့ အဲ့ဒီ ၂ ခု မှာ ထွက်လာတဲ့အချက်တွေကို ပြန်လည် သုံးသပ်ကြည့်လိုက်ပါ။ အဲ့ဒါဆိုလျှင် ဘ၀ အတွက် အရေးကြီးတာတွေ ထွက်လာမှာပါ။

၂။ သင့်ဘဝအတွက် အကြီးမားဆုံးသော အိပ်မက်များ

တစ်ခါတစ်ရံ ဘဝမှာ ကြီးမားတဲ့ အောင်မြင်မှုတွေ မရတာမျိုး ရှိတတ်ပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ရဲ့ အိပ်မက် တွေဟာ ကြီးမားမှု မရှိလို့ပါပဲ။ ဥပမာ အကြွေးတွေ ဆပ်ဖို့၊ အလေးချိန် ၁၀ ပေါင်ကျဖို့၊ ခရီးထွက်ဖို့ အစရှိတဲ့ အိပ်မက်တွေဟာ ကောင်းမွန်သော်လည်း သင့်ဘဝကို နောက် တဆင့်သို့တင်မပေးနိုင်ပါဘူး။ သင့်ဘဝမှာ အခက်အခဲတွေ ကြုံတွေ လာရတဲ့အချိန်မှာ ဒီ လို အိပ်မက်လေးတွေက ခွန်အားတွေကို မတိုးပွားစေနိုင်ပါဘူး။
အဲ့ဒါဆိုလျှင် ဘယ်လို ကြီးမားတဲ့ အိပ်မက်တွေ မက်ကြမလဲ။ နောက် ထပ် ၅ နှစ်၊ ၁၀ နှစ်မှာကိုယ့်ကို ကိုယ် ဘယ်လို မြင်ချင်သလဲ ဆိုတာကို စဉ်းစားသုံးသပ်ပါ။ အဲ့ဒါဟာ သင့်အတွက် ကြီးမားတဲ့ အိပ်မက် ဖြစ်ပါတယ်။ အိပ်မက်တစ်ခု ပြီးသွားလျှင်လည်း နောက်တစ်ခု ထပ်ပြီး မက်ဖို့လိုပါတယ်။

၃။ ဖတ်စရာ စာအုပ်များ

ကျွန်တော်တို့တော်တော်များများ ဟာ စာဖတ်သင့်တယ်ဆိုတာကို လက်ခံပါတယ်။ ဒါပေမယ့် တကယ်တမ်း ဖတ်ကြလားဆိုတော့ ၄ ပုံ ၁ ပုံလောက်သာ ဖတ်ကြပါတယ်။ ကိုယ့်ကို ကိုယ် ပြန်သုံးသပ်ကြည့်ပါ။ သင် အယင်နှစ်က အနည်းဆုံး စာအုပ်တစ်အုပ် ဖတ်ဖြစ်ခဲ့လားဆိုတာကို သုံးသပ်ကြည့်ပါ။

အဲ့လို မဖတ်ဖြစ်တာကလည်း ဘာဖတ်ရမယ်ဆိုတာကို သေချာ list မလုပ်ထားခဲ့လို့ပါပဲ။ ဒါကြောင့် တကယ်စာဖတ်ဖြစ်ချင်တယ်ဆိုလျှင် ဒီနှစ်အတွင်းမှာ ဘာဖတ်မယ်ဆိုတာကို list လုပ်ထားသင့်ပါတယ်။

၄။ စမ်းသပ်ကြည့်ရမည့် အသစ်အဆန်းများ

သုတေသန စမ်းသပ်မှုတွေအရ အသစ်အဆန်း တစ်ခုခုကို စမ်းသပ်ကြည့်ခြင်းဟာ ဦးနှောက်နဲ့အာရုံကြော ဆက်သွယ်မှုတွေကို ပိုမိုကောင်းမွန်စေတယ်လို့ဆိုပါတယ်။
ဒါကြောင့်မို့လို့သင့်ဘဝမှာလည်း လုပ်လေ့ မရှိတဲ့ အသစ်အဆန်းများကို စမ်းသပ်ကြည့်သင့်ပါတယ်။ အဲ့လို စမ်းသပ်ကြည့်သင့်တာတွေကိုလည်း မမေ့သွားအောင်၊ အမြဲသတိရနေအောင် စာရင်းပြုစုထားသင့်ပါတယ်။
ဥပမာ တူရိယာ ပစ္စည်း တစ်ခုခု တီးခတ်တတ်အောင် သင်မယ်ဆိုတာတို့၊ ဟင်း အသစ် ချက်တတ်အောင် သင်မယ်ဆိုတာမျိုး တွေ ပေါ့။

၅။ လည်ပတ်စရာနေရာများ

အပြောင်းအလဲ ဆိုတာ လိုပါတယ်။ ပတ်ဝန်းကျင် အသစ်ဆိုတာလည်း လိုပါတယ်။ ဒါမှသာ သင့်ရဲ့စိတ်ဟာ ပိုမို လန်းဆန်း လတ်ဆတ်နေမှာပါ။ ဒါကြောင့်ကိုယ် မရောက်ဖူးသေးတဲ့နေရာအသစ်တွေကိုသွားရောက်လည်ပတ်ဖို့စာရင်းလုပ်ထားသင့်တယ်။ အဲ့လို လုပ်ရာမှာလည်း တိကျတဲ့နေရာ ရွေးချယ်ထားသင့်တယ်။ ဥပမာ ကမ်းခြေတစ်ခု သွားမယ်ဆိုတာထက် ဘာလီကမ်းခြေ သွားချင်တယ်ဆိုတာမျိုး တိတိကျကျ ရွေးချယ်ထားသင့်ပါတယ်။

၆။ အလုပ်မှာ နောက်တစ်ဆင့် တက်ရောက်ခြင်း။

သင့်ရဲ့ဘဝရဲ့ဦးတည်ချက်များမှာ အလုပ်မှာ နောက်ထပ်ရာထူးတက်ဖို့၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့အစရှိတဲ့ ဦးတည်ချက်တွေ ရှိပြီးသား ဖြစ်မှာပါ။ ဒါဆို ဒီ နံပါတ် ၆ က ဘာကို ဆိုလိုပါသလဲ။
ခုနက ပြောတဲ့ဦးတည်ချက်တွေဟာ နောက် ထပ် ၆ လ၊ တစ်နှစ်အကြာမှာ ရှိမယ့် ဦးတည်ချက်တွေ ဖြစ်ပြီး နံပါတ် ၆ မှာ ပြောချင်တဲ့ ဦးတည်ချက်ကတော့ သိပ်မဝေးတဲ့ကာလအတွင်းမှာ တက်ရောက်ရမယ့် အဆင့်တွေပါ။
ဥပမာ ရှေ့လထဲမှာ အလုပ်ခွင်မှာ လုပ်ဆောင်စရာ အသစ် တစ်ခုကို သင်ယူမယ်၊ သို့မဟုတ် လုပ်နိုင်အောင်ကြိုးစားမယ်ပေ့ါ။
ဥပမာ။ အစည်းအဝေး မှတ်တမ်းကို English လိုရေးနိုင်အောင်ကြိုးစားမယ် ဆိုတာမျိုးပေ့ါ။

၇။ ပြုပြင်မွမ်းမံ၊ ဆန်းသစ်စရာရှိသော အရာများ

ဥပမာ သင်အလုပ်ရပြီးကတည်းက သင့်ရဲ့CV ကို ထပ်မံ update မလုပ်မိခြင်း၊ သင့်ရဲ့အလုပ် website ကို update မလုပ်မိခြင်း အစရှိတာမျိုးတွေ ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ သင်ဟာ လက်ရှိအခြေအနေမှာ အဆင်ပြေနေတဲ့အတွက် update လုပ်စရာရှိတာတွေကို မလုပ်မိပဲ မေ့ထားတတ်ပါတယ်။ တကယ်လိုအပ်လာတဲ့အခါကျလျှင် ဘာတွေ update လုပ်ရမလဲဆိုတာကို မေ့သွားတတ်ပါတယ်။

ကျွန်တော်ဆိုလျှင် ကျွန်တော့် CV ကို ၆ လ တစ်ကြိမ်လောက် update လုပ်ပါတယ်။ ဒီ ၆ လ ထဲမှာ ဘာ accomplishment တွေ ရခဲ့သလဲ ဆိုတာကို စဉ်းစားပြီး CV မှာ ထည့်ပါတယ်။ CV အပြင် linkedin account ကိုလည်း အမြဲတမ်း update လုပ်ပါတယ်။

၈။ ရုတ်တရက်ထွက်ပေါ်လာသော အကြံဉာဏ်များ

ဒါဟာ အရမ်းအရေးကြီးပါတယ်။ တစ်ခါတရံ မသိစိတ်ကနေ နှိုးဆွမှု ဖြစ်ပေါ်လာပြီး အရမ်းကောင်းတဲ့ အကြံဉာဏ်မျိုးတွေ ထွက်လာနိုင်ပါတယ်။ အဲ့လို ထွက်လာတဲ့ အချိန်မှာ ချက်ချင်းထမလုပ်နိုင်သေလျှင်တောင် ချမှတ်ထားဖို့လိုပါတယ်။ မမှတ်ထားလိုက်လျှင် အချိန်ကြာလာတာနဲ့အမျှ မေ့သွားပါလိ့မ်မယ်။နောက်တစ်ကြိမ် ဒီအကြံမျိုး ထွက်ချင်မှ ထွက်လာပါလိမ့်မယ်။

လွန်ခဲ့တဲ့ ၇ လ ခန့်က ကျွန်တော့် အွန်လိုင်းစတိုးတွေကို လိုက်ရှာဖွေယင်းနဲ့အွန်လိုင်းစတိုးတွေကို စုစည်းပေးထားမယ့် directory တစ်ခုလုပ်လျှင်ကောင်းမယ်ဆိုတဲ့ အူကြောင်ကြောင် အကြံထွက်လာပါတယ်။ အဲ့ဒါနဲ့ဖေ့ဘွတ် page တစ်ခု လုပ်, Myanmar Online Shopping Directory ဆိုတဲ့နာမည်ပေးခဲ့ပါတယ်။ အဲ့ဒီကနေ စလာလိုက်တာမှာ အခု ၇ လအတွင်းမှာ လူသိလည်း များလာပြီး earning လုပ်နိုင်တဲ့အထိ အတော်အသင့် အောင်မြင်တဲ့ page တစ်ခု ဖြစ်ခဲ့ပါတယ်။ အဲ့ဒီ page နဲ့ဆက်နွယ်ပြီး ရခဲ့တဲ့ ဒီဇင်ဘာလရဲ့ဝင်ငွေဟာ သိန်း ၂၀ နားကို ကပ်သွားပါပြီ။ ကျွန်တော့်အတွက် side income တစ်ခု အနေနဲ့ရပ်တည်ခဲ့နိုင်ပါတယ်။ ဒါဟာ အွန်လိုင်းစတိုးတွေကို ရှာနေယင်းနဲ့ပေါ်လာတဲ့အူကြောင်ကြောင် အကြံဉာဏ်ကို ကောက်လုပ်လိုက်တာပါပဲ။

၉။ အဆက်အသွယ်ပြုလုပ်ရမည့်သူများ

ကိုယ့် လုပ်ငန်းပတ်ဝန်းကျင်ပေါ်မူတည်ပြီး အမြဲဆက်သွယ်နေရမည့် သူတွေ ရှိပါတယ်။ ဥပမာကိုယ့် ရဲ့referee တွေ၊ ဆရာဟောင်းတွေမျိုးပေ့ါ။ အဲ့လို သူမျိုးတွေကို အခါအားလျော်စွာ ဆက်သွယ်ဖို့လိုအပ်ပါတယ်။ အဲ့ဒီ အခါမှာလည်း မေ့ကျန်ခဲ့တာမျိုး မဖြစ်ရအောင် စာရင်းလေး လုပ်ထားသင့်ပါတယ်။
အခါအားလျော်စွာ ဖုန်းဆက်ခြင်း၊ email ပို့ခြင်းတို့ကို လုပ်သင့်ပါတယ်။
၁၀။ ကိုယ့်ရဲ့အောင်မြင်မှုများ

ဒါကတော့ လုပ်စရာတွေ မဟုတ်ပဲ ပြီးမြောက်သွားပြီးဖြစ်တဲ့ အောင်မြင်မှုတွေပါ။
ဒါတွေ ဟာလည်း အရေးကြီးပါတယ်။ ကိုယ် စိတ်ဓါတ်ကျနေတဲ့အချိန်မှာ သင့်စိတ်ကို ပြန်ပြီး တက်လာစေဖို့ခွန်အားတွေ ပေးမှာပါ။ ဒါ့အပြင် သင့်ကိုယ်သင်လည်း ဘယ်နေရာမှာ ပိုပြီး တော်တယ်ဆိုတာကို နားလည်လာပါလိမ့်မယ်။

၁၁။ လုပ်စရာရှိသော အတိုအစများ

တစ်ခါတစ်ရံ မှာ ကျွန်တော်တို့ဟာ ကြီးမားတဲ့လုပ်စရာတွေကိုသာ အာရုံစိုက်နေတဲ့အတွက် သေးငယ်တဲ့ အလုပ်လေးတွေကို မေ့သွားတတ်ပါတယ်။ နောက်ဆုံးပြောရလျှင် ကွန်ပြူတာ မျက်နှာပြင်ပေါ်က ဖုန်တွေတောင် မသုတ် ဖြစ်ပဲရှိနေတတ်တယ်။ ကျွန်တော့်ကို ကျွန်တော်ပြောတာပါ။ အခု ဒီစာရေးနေယင်းနဲ့ကွန်ပြူတာ မျက်နှာပြင်မှာ ဖုန်တွေ တတ်နေတာ သတိထားမိသွားတာပါ။
ဒီလို သေးငယ်တဲ့ အလုပ်လေးတွေကို အားတဲ့ အချိန်မှာ လုပ်နိုင်ဖို့အတွက် သတိရလျှင် ရသလို ချမှတ်ထားသင့်ပါတယ်။

၁၂။ သင့်အတွက် လိုအပ်တာများ ဝယ်ယူရန်။

ဒီဟာ အရေးကြီးပါတယ်။ ဒီလို လိုအပ်တဲ့ ဟာတွေ ဝယ်ဖို့စာရင်းမလုပ်ထားလျှင် ဖြင့် မလိုတာတွေ ပဲ ဝယ်ဖြစ်နေမှာပါ။ ဒါကြောင့်မို့လို့ဘာအဓိက လိုအပ်သလဲ ဆိုတာကို စာရင်းလုပ်ထားသင့်ပြီး အဲ့ဒီစာရင်းအတိုင်း တစ်ခုပဲ တစ်ခု ဝယ်သင့်ပါတယ်။ (ဈေးဝယ်ထွက်လျှင်လည်း တူတူပါပဲ။ စာရင်းမလုပ်ထားလျှင် တွေ့ကရာ လျှောက်ဝယ်မိဖို့များပါတယ်)

၁၃။ လက်ဆောင်ပေးဖို့အကြံဉာဏ်ကောင်းများ

တစ်ခါတစ်ရံ လူတစ်ယောက်ကို ပေးဖို့လက်ဆောင် စဉ်းစားရတာ အရမ်းကို ခက်ခဲပါတယ်။ အထူးသဖြင့် ပေးရမယ့် အချိန်နီးကပ်နေတဲ့အချိန်မှာ စဉ်းစားရကျပ်ပြီး နောက်ဆုံးတွေ့တဲ့ဟာ ကောက်ပေးလိုက်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့လို့ဖြစ်နိုင်လျှင် ဒီလူကိုတော့ ဘာပေးသင့်တယ် ဆိုတာကို အကြံဉာဏ် ရတုန်း စာရင်းလုပ်ထားသင့်ပါတယ်။

၁၄။ နောက်ထပ်မလုပ်တော့မည့်အရာများ

ဥပမာ ဆေးလိပ်လုံးဝမသောက်တော့ပါ။ အရက် လုံး၀ မသောက်တော့ပါ။ မိသားစုနဲ့ထမင်းစားနေစဉ် ဖုန်း လုံး၀ မသုံးတော့ပါ ဆိုတာမျိုးတွေပေ့ါ။
ဒါတွေကိုလည်း စာရင်းလုပ်ထားဖို့လိုအပ်ပါတယ်။ ဒါမှသာ အမြဲတစေ သတိပေးသလို ဖြစ်နေမှာပါ။

၁၅။ မပြီးစီးသေးသော အရာများ

သင်ဘာ list လုပ်ရမလဲ ဆိုတာ မသိလျှင် ဒီ list ဟာ လုပ်ဖို့အလွယ်ဆုံးပါ။ ဘာလို့လည်းဆိုတော့ သင့်မှာ တိုးလို့တန်းလန်း ဖြစ်နေတဲ့ လုပ်ရမယ့် အချက်တွေ များနေလောက်ပါတယ်။ ဒါကြောင့် ဘာ list လုပ်ရမယ်ဆိုတာ မသိလျှင် ဒီ list ကသာ စလိုက်ပါ။ အများကြီးထွက်လာပါလိမ့်မယ်။

ကဲ…. List လေးတွေ လုပ်ကြည့်ကြရအောင်လား။

အားလုံးကို ကျေးဇူးတင်ပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:: Prospect Myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top