iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ဳိးသားအမ်ားစုဟာ မုတ္ဆိတ္ေမြးေတြ မွားယြင္းစြာ ရိတ္ေနၾကျပီး အေကာင္းဆုံးအဆင့္ထိ မေရာက္ႏိုင္ၾကတဲ့သူက မ်ားပါတယ္။ ဒါဟာ ဘာ့ေၾကာင့္လဲဆုိရင္ မုတ္ဆိတ္ရိတ္ဓားနဲ႔ အေမြးရိတ္ခရင္မ္ အဆုံးထိ မေရာက္ႏုိင္လုိ႔ ျဖစ္ပါတယ္။ ေကာင္းမြန္ သန္႔ရွင္းသပ္ရပ္တဲ့ ရုပ္အသြင္ရရိွဖုိ႔ ဒီအဆင့္ေတြ သိထားရပါမယ္။

၁။ မ်က္ႏွာသစ္ျပီး ေရမသုတ္ဘဲထားပါ။

မ်က္ႏွာကို ေရေႏြးနဲ႔ စကၠန္႔အနည္းငယ္ စိမ္ထားႏိုင္ရင္ ပိုေကာင္းပါတယ္။ ေရခ်ိဳးျပီးခါစဆိုရင္ေတာ့ ကုိယ္နဲ႔ ေခါင္းကိိုပဲ ပဝါနဲ႕ သုတ္ျပီး မ်က္ႏွာကိုေတာ့ ေရစုိအတုိင္း ဆက္ထားပါ။ ဒီလုိထားျခင္းက မုတ္ဆိတ္ေမြးငုတ္တုိေတြကို ေပ်ာ့ေပ်ာင္းေစႏိုင္ျပီး ရိတ္ရပိုလြယ္ကူေစပါတယ္။

၂။ မုတ္ဆိတ္ရိတ္ခရင္္လိမ္းပါ။

မုတ္ဆိတ္ရိတ္ခရင္မ္ လိမ္းျပီးမွ ရိတ္ရင္ေတာ့ အေကာင္းဆံုးပါပဲ။ မုတ္ဆိတ္ရိတ္ခရင္မ္က အေရျပားနဲ႔ မုတ္ဆိတ္ရိတ္ဓားႏွစ္ခု ပြတ္တုိက္မႈ ေလ်ာ့နည္းေစပါတယ္။ ရိတ္ရတာ သက္ေသာင့္သက္သာ ပိုရိွျပီး ဓားနဲ႔ရွမိ၊ ျခစ္မိတာမ်ိဳး မျဖစ္ေစပါဘူး။ အဆင္ေျပေျပရိတ္ႏုိင္ဖုိ႔အတြက္  မုတ္ဆိတ္ရိတ္ခရင္မ္ကို မ်က္ႏွာမွာ ထူထူေလးလိမ္းျပီး အေရျပားကို ညင္သာစြာ ႏိွပ္နယ္ေပးပါ။

၃။ မုတ္ဆိတ္ရိတ္ဓားနဲ႔ ရိတ္ေပးပါ။

နားသယ္ေမြးေအာက္ကေန စရိတ္ပါ။ ေနာက္ မ်က္ႏွာတစ္ဖက္ဖက္ကေန စရိတ္ပါ။ ဒီေနရာေတြဟာ မ်က္ႏွာျပင္ ညီညာျပန္႔ျပဴးတာေၾကာင့္ ရိတ္ရတာ ပိုလြယ္ပါတယ္။ အေပၚႏႈတ္ခမ္းကို ဆက္သြားပါ။ ျပီးေတာ့ ခက္တဲ့ေနရာ နားရြက္နဲ႔ ေမးေစ့ကို သြားပါ။ ဒီ ခက္တဲ့ေနရာေတြ ေနာက္ဆုံးမွလုပ္ေပးျခင္းျဖင့္ မုတ္ဆိတ္ရိတ္ခရင္မ္ ကေန အေမြးငုတ္တုိေလးေတြ ေပ်ာ့ေပ်ာင္းေနေစဖုိ႔ လုံေလာက္တဲ့ အခ်ိန္ရရိွေစပါတယ္။

၄။ ရိတ္ျပီးေနာက္မွာ တစ္ခုခုလိမ္းဖို႔ မေမ့ပါနဲ့။

ေခြ်းေပါက္ေတြ ျပန္ပိတ္ဖုိ႔ ေရေအးနဲ႔ ေဆးေၾကာပါ။ ေနာက္ အသားအေရစိုေျပေစဖုိ႔ အေမြးရိတ္ျပီးသုံးတဲ့ မုတ္ဆိတ္ရိတ္ခရင္မ္ After Shave သို႔ Post Shave လိမ္းေပးပါ။ အလွဆီလိမ္းေပးျခင္းက အသားေရကို လန္းဆန္းေခ်ာေမြ႔ေစျပီး အေရျပား စပ္ဖ်ဥ္းဖ်ဥ္းျဖစ္ျခင္း ေလ်ာ့နည္းေစပါလိမ့္မယ္။ အသားအေရေျခာက္ရင္ေတာ့ အယ္လ္ကိုေဟာလ္ပါဝင္မႈမ်ားတဲ့ Post Shave ခရင္မ္ေတြ ေရွာင္ပါ။ Baby Oil ကိုလည္းအစားထိိုး သံုးလို႔ ရပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit  : duwun

#Unicode Version

အမျိုးသားအများစုဟာ မုတ်ဆိတ်မွေးတွေ မှားယွင်းစွာ ရိတ်နေကြပြီး အကောင်းဆုံးအဆင့်ထိ မရောက်နိုင်ကြတဲ့သူက များပါတယ်။ ဒါဟာ ဘာ့ကြောင့်လဲဆိုရင် မုတ်ဆိတ်ရိတ်ဓားနဲ့ အမွေးရိတ်ခရင်မ် အဆုံးထိ မရောက်နိုင်လို့ ဖြစ်ပါတယ်။ ကောင်းမွန် သန့်ရှင်းသပ်ရပ်တဲ့ ရုပ်အသွင်ရရှိဖို့ ဒီအဆင့်တွေ သိထားရပါမယ်။

၁။ မျက်နှာသစ်ပြီး ရေမသုတ်ဘဲထားပါ။

မျက်နှာကို ရေနွေးနဲ့ စက္ကန့်အနည်းငယ် စိမ်ထားနိုင်ရင် ပိုကောင်းပါတယ်။ ရေချိုးပြီးခါစဆိုရင်တော့ ကိုယ်နဲ့ ခေါင်းကိုပဲ ပဝါနဲ့ သုတ်ပြီး မျက်နှာကိုတော့ ရေစိုအတိုင်း ဆက်ထားပါ။ ဒီလိုထားခြင်းက မုတ်ဆိတ်မွေးငုတ်တိုတွေကို ပျော့ပျောင်းစေနိုင်ပြီး ရိတ်ရပိုလွယ်ကူစေပါတယ်။

၂။ မုတ်ဆိတ်ရိတ်ခရင်လိမ်းပါ။

မုတ်ဆိတ်ရိတ်ခရင်မ် လိမ်းပြီးမှ ရိတ်ရင်တော့ အကောင်းဆုံးပါပဲ။ မုတ်ဆိတ်ရိတ်ခရင်မ်က အရေပြားနဲ့ မုတ်ဆိတ်ရိတ်ဓားနှစ်ခု ပွတ်တိုက်မှု လျော့နည်းစေပါတယ်။ ရိတ်ရတာ သက်သောင့်သက်သာ ပိုရှိပြီး ဓားနဲ့ရှမိ၊ ခြစ်မိတာမျိုး မဖြစ်စေပါဘူး။ အဆင်ပြေပြေရိတ်နိုင်ဖို့အတွက်  မုတ်ဆိတ်ရိတ်ခရင်မ်ကို မျက်နှာမှာ ထူထူလေးလိမ်းပြီး အရေပြားကို ညင်သာစွာ နှိပ်နယ်ပေးပါ။

၃။ မုတ်ဆိတ်ရိတ်ဓားနဲ့ ရိတ်ပေးပါ။

နားသယ်မွေးအောက်ကနေ စရိတ်ပါ။ နောက် မျက်နှာတစ်ဖက်ဖက်ကနေ စရိတ်ပါ။ ဒီနေရာတွေဟာ မျက်နှာပြင် ညီညာပြန့်ပြူးတာကြောင့် ရိတ်ရတာ ပိုလွယ်ပါတယ်။ အပေါ်နှုတ်ခမ်းကို ဆက်သွားပါ။ ပြီးတော့ ခက်တဲ့နေရာ နားရွက်နဲ့ မေးစေ့ကို သွားပါ။ ဒီ ခက်တဲ့နေရာတွေ နောက်ဆုံးမှလုပ်ပေးခြင်းဖြင့် မုတ်ဆိတ်ရိတ်ခရင်မ် ကနေ အမွေးငုတ်တိုလေးတွေ ပျော့ပျောင်းနေစေဖို့ လုံလောက်တဲ့ အချိန်ရရှိစေပါတယ်။

၄။ ရိတ်ပြီးနောက်မှာ တစ်ခုခုလိမ်းဖို့ မမေ့ပါနဲ့။

ချွေးပေါက်တွေ ပြန်ပိတ်ဖို့ ရေအေးနဲ့ ဆေးကြောပါ။ နောက် အသားအရေစိုပြေစေဖို့ အမွေးရိတ်ပြီးသုံးတဲ့ မုတ်ဆိတ်ရိတ်ခရင်မ် After Shave သို့ Post Shave လိမ်းပေးပါ။ အလှဆီလိမ်းပေးခြင်းက အသားရေကို လန်းဆန်းချောမွေ့စေပြီး အရေပြား စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း လျော့နည်းစေပါလိမ့်မယ်။ အသားအရေခြောက်ရင်တော့ အယ်လ်ကိုဟောလ်ပါဝင်မှုများတဲ့ Post Shave ခရင်မ်တွေ ရှောင်ပါ။ Baby Oil ကိုလည်းအစားထိုး သုံးလို့ ရပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit  : duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top