iMyanmarHouse.com - Best Property Website for Myanmar
×

လူတုိင္းမွာ အခက္အခဲေတြၾကံဳတဲ့အခါ၊ ဘာလုပ္လို႕ဘာကိုင္ရမွန္းမသိေအာင္ ေဘးၾကပ္နံၾကပ္အေျခအေနေတြ ၾကံဳလာရတဲ့အခါ တစ္ျခားလူတစ္ဦးရဲ႕ အၾကံဥာဏ္ယူရတဲ့အခ်ိန္ေတာ့ ရွိတတ္ၾကစျမဲပါ။ အဲ့ဒီလို တစ္ဖက္လူဆီက အၾကံေတာင္းခံတဲ့အခါ ကိုယ့္ကို အေကာင္းဆံုးအၾကံေတြ ေပးတတတ္ဲ့ ရာသီဖြားေတြရွိေနပါတယ္။ သူတုိ႕က သူတုိ႕ေတြ႕ၾကံဳခဲ့ရတဲ့အေျခအေနေတြကို ဥပမာေပးျပီးပဲ ျဖစ္ျဖစ္၊ သူတုိ႕သိထားသမ်ွကို ဖြင့္ဟျပီး တစ္ဖက္လူအတြက္ ေစတနာအျပည့္နဲ႕ အၾကံေပးတတ္သူေတြေပါ့။ ဘယ္ရာသီဖြားေတြ ျဖစ္မလဲၾကည့္ရေအာင္။

Taurus - ၿပိႆ       ရာသီဖြား ( ဧၿပီလ ၂၀ ရက္ - ေမလ ၂၀ ရက္ )

ဘယ္သူ႕ဆီကမွ မရဖူးတဲ့ အၾကံမ်ိဳးေတြ ျပိႆ      ရာသီဖြားေတြဆီက သင္ရရွိပါလိမ့္မယ္။ သူတုိ႕ေတြဟာ သူတုိ႕ၾကံဳခဲ့ရတဲ့ အေတြ႕အၾကံဳေတြကို အေျခခံျပီး သင့္ကို အရုိးသားဆံုး ေျပာျပေပးတတ္သူေတြပါ။ ဒါ့အျပင္ သူတုိ႕ဟာ ဘယ္အရာက မွန္တယ္ထင္တယ္၊ ဘယ္အရာက မွားတယ္ထင္တယ္ဆုိတာမ်ိဳးထက္ မေကာင္းတဲ့အၾကံဥာဏ္ဟာ ဘာျဖစ္တယ္ဆုိတာ အတိအက် ေျပာျပေပးတတ္ၾကသူေတြပါ။

Cancer - ကရကဋ္ ရာသီဖြား ( ဇြန္လ ၂၁ ရက္ - ဇူလိုင္ ၂၂ ရက္ )

ဒီရာသီဖြားေတြဟာ သူတုိ႕နားက လူေတြနဲ႕ စိတ္ခ်င္းဆက္ႏြယ္မႈအျမဲရွိေနတတ္သူေတြပါ။ ဒါ့ေၾကာင့္လည္း သူတုိ႕ဟာ တစ္ပါးသူေတြကို အၾကံေကာင္းေတြ အျမဲေပးတတ္ၾကတာလို႕ ဆုိရပါလိမ့္မယ္။ ဒါ့အျပင္ သူတုိ႕က ေရြးခ်ယ္မႈတစ္ခုအတြက္ သင္ေကာင္းတယ္ထင္သလား၊ ဆိုးတယ္ထင္သလားဆုိတာကို သင့္ကိုအရင္ဆံုး ဆံုးျဖတ္ခုိင္းျပီးမွ ဘာ့ေၾကာင့္ ဒါကို လုပ္သင့္တယ္၊ မလုပ္သင့္ဘူးဆုိတာကို ေနာက္ကေနေျပာျပေပးတတ္ၾကသူေတြပါ။ ဒီရာသီဖြားေတြက အခ်စ္ေရး၊ ႏွလံုးသားေရးရာေတြနဲ႕ ပတ္သက္လုိ႕ အၾကံေကာင္းေတြ အျမဲေပးတတ္သူလို႕ နာမည္ၾကီးပါတယ္။

Leo - သိဟ္ ရာသီဖြား (ဇူလိုင္လ ၂၃ ရက္ - ၾသဂုတ္လ ၂၂ ရက္ )

သိဟ္ရာသီဖြားေတြကေတာ့ သင္ ဆံုးျဖတ္ခ်က္မွားတစ္ခု ခ်ေတာ့မယ္ဆုိရင္ သူတုိ႕ေပၚလာတတ္ၾကျပီး ဒါကို မလုပ္သင့္ေၾကာင္း ေျပာျပေပးမယ့္ လူမ်ိဳးေတြပါ။ ငါသာနင့္ေနရာမွာဆုိရင္ ဆုိတဲ့စကားလံုးနဲ႕ အၾကံေကာင္းေတြကို အျမဲေပးတတ္သူေတြပါ။  မွားယြင္းတဲ့ ေရြးခ်ယ္မႈေတြကို ေၾကာက္မေနသင့္ပဲ ဒီအရာေတြက သင့္ကိုပိုေတာ္တဲ့သူ ျဖစ္ေစတဲ့ အေၾကာင္းကိုလည္း သင့္ကို သိေအာင္ေျပာျပတတ္ပါလိမ့္တယ္။ တစ္ခါတစ္ေလ ေခါင္းေတြေနာက္ျပီး ဘာလုပ္လို႕ ဘာကိုင္ရမွန္းမသိေတာ့ရင္ သိဟ္ရာသီဖြား သူငယ္ခ်င္းကိုသာ အကူအညီေတာင္းလိုက္ပါ။

Libra - တူ ရာသီဖြား ( စက္တင္ဘာ ၂၃ ရက္ - ေအာက္တိုဘာလ ၂၂ ရက္ )

မ်ွတတဲ့ ဆံုးျဖတ္ခ်က္မ်ိဳးခ်ခ်င္သူေတြအတြက္ အၾကံဥာဏ္ေကာင္းေတြ အေပးတတ္ဆံုးလူကေတာ့ တူရာသီဖြားေတြပါပဲ။ သူတုိ႕က ဟိုဘက္ေရာ၊ ဒီဘက္ပါ ဘက္ႏွစ္ခုလံုးမ်ွတေအာင္ စဥ္းစားေပးတတ္ပါတယ္။ သူေပးတဲ့ အၾကံက သင့္ဘက္ကအႏုိင္ခ်ည္း၊ အသာစီးခ်ည္းပဲ ျဖစ္ခ်င္မွ ျဖစ္ပါလိမ့္မယ္။ ဒါေပမယ့္ နွစ္ဦးႏွစ္ဘက္စလံုးအတြက္ အေကာင္းဆံုးအၾကံေတြ ေပးတတ္သူပါ။

Capricorn - မကာရ ရာသီဖြား ( ဒီဇင္ဘာလ ၂၂ ရက္ - ဇန္န၀ါရီလ ၁၉ ရက္ )

ဒီရာသီဖြားေတြကလည္း သင္အခက္အခဲျဖစ္ေနခ်ိန္ အေကာင္းဆံုးအၾကံေပးတတ္သူေတြပါပဲ။ သူတုိ႕ကေတာ့ တကယ္အခက္အခဲေတြ႕မွသာ အၾကံေကာင္းေတြ ေပးတတ္သူပါ။ ကုိယ့္ဘာသာကိုယ္ ဆံုးျဖတ္ခ်က္ခ်ဖုိ႕ ပိုအားေပးတတ္ၾကတဲ့ မကာရ ရာသီဖြားေတြဟာ ကုိယ့္အားကုိယ္ကိုးတဲ့သူေတြကို သေဘာက်တတ္တဲ့ သေဘာရွိတာေၾကာင့္ မျဖစ္ႏိုင္တဲ့အဆံုးမွ အၾကံေပးတတ္ၾကေပမယ့္ သူတုိ႕ေပးလိုက္တဲ့အၾကံေတြကေတာ့ အေကာင္းဆံုးေတြခ်ည္းပါပဲ။

Pisces - မိန္ရာသီဖြား ( ေဖေဖာ္၀ါရီလ ၁၉ ရက္ - မတ္လ ၂၀ ရက္)

မိန္ရာသီဖြားေတြကေတာ့ ကိုယ္တုိင္ခက္ခဲတဲ့အေျခအေနမ်ိဳး မေရာက္ဖူးသည့္တုိင္ေအာင္ သင့္အတြက္ အေကာင္းဆံုး အၾကံေတြ ေပးႏိုင္တယ္ဆုိရင္ ယံုႏိုင္ပါ့မလား။ ဒီရာသီဖြားေတြကလည္း အခ်စ္ေရးနဲ႕ပတ္သက္ရင္ အၾကံေကာင္းေတြ ေပးႏိုင္ ၾကေပမယ့္ သူတုိ႕ေျပာေနခ်ိန္မွာ ကိုယ့္ဘက္က ဂရုတစိုက္နားေထာင္ေပးဖုိ႕ေတာ့ လိုပါတယ္။ သူတုိ႕ဟာ တျခားသူေတြကို အၾကံေပးေနေပမယ့္ ႏွလံုးသားေရးရာနဲ႕ ပတ္သက္ရင္ ေခါင္းမသံုးပဲ ႏွလံုးသားေနာက္ကိုပဲ လုိက္ေနသူေတြကိုေတာ့ သေဘာမက်တတ္ၾကပါဘူး။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit ; trend myanmar

#Unicode Version

လူတိုင်းမှာ အခက်အခဲတွေကြုံတဲ့အခါ၊ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင် ဘေးကြပ်နံကြပ်အခြေအနေတွေ ကြုံလာရတဲ့အခါ တစ်ခြားလူတစ်ဦးရဲ့ အကြံဉာဏ်ယူရတဲ့အချိန်တော့ ရှိတတ်ကြစမြဲပါ။ အဲ့ဒီလို တစ်ဖက်လူဆီက အကြံတောင်းခံတဲ့အခါ ကိုယ့်ကို အကောင်းဆုံးအကြံတွေ ပေးတတတ်ဲ့ ရာသီဖွားတွေရှိနေပါတယ်။ သူတို့က သူတို့တွေ့ကြုံခဲ့ရတဲ့အခြေအနေတွေကို ဥပမာပေးပြီးပဲ ဖြစ်ဖြစ်၊ သူတို့သိထားသမျှကို ဖွင့်ဟပြီး တစ်ဖက်လူအတွက် စေတနာအပြည့်နဲ့ အကြံပေးတတ်သူတွေပေါ့။ ဘယ်ရာသီဖွားတွေ ဖြစ်မလဲကြည့်ရအောင်။

Taurus - ပြိဿ       ရာသီဖွား ( ဧပြီလ ၂၀ ရက် - မေလ ၂၀ ရက် )

ဘယ်သူ့ဆီကမှ မရဖူးတဲ့ အကြံမျိုးတွေ ပြိဿ      ရာသီဖွားတွေဆီက သင်ရရှိပါလိမ့်မယ်။ သူတို့တွေဟာ သူတို့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို အခြေခံပြီး သင့်ကို အရိုးသားဆုံး ပြောပြပေးတတ်သူတွေပါ။ ဒါ့အပြင် သူတို့ဟာ ဘယ်အရာက မှန်တယ်ထင်တယ်၊ ဘယ်အရာက မှားတယ်ထင်တယ်ဆိုတာမျိုးထက် မကောင်းတဲ့အကြံဉာဏ်ဟာ ဘာဖြစ်တယ်ဆိုတာ အတိအကျ ပြောပြပေးတတ်ကြသူတွေပါ။

Cancer - ကရကဋ် ရာသီဖွား ( ဇွန်လ ၂၁ ရက် - ဇူလိုင် ၂၂ ရက် )

ဒီရာသီဖွားတွေဟာ သူတို့နားက လူတွေနဲ့ စိတ်ချင်းဆက်နွယ်မှုအမြဲရှိနေတတ်သူတွေပါ။ ဒါ့ကြောင့်လည်း သူတို့ဟာ တစ်ပါးသူတွေကို အကြံကောင်းတွေ အမြဲပေးတတ်ကြတာလို့ ဆိုရပါလိမ့်မယ်။ ဒါ့အပြင် သူတို့က ရွေးချယ်မှုတစ်ခုအတွက် သင်ကောင်းတယ်ထင်သလား၊ ဆိုးတယ်ထင်သလားဆိုတာကို သင့်ကိုအရင်ဆုံး ဆုံးဖြတ်ခိုင်းပြီးမှ ဘာ့ကြောင့် ဒါကို လုပ်သင့်တယ်၊ မလုပ်သင့်ဘူးဆိုတာကို နောက်ကနေပြောပြပေးတတ်ကြသူတွေပါ။ ဒီရာသီဖွားတွေက အချစ်ရေး၊ နှလုံးသားရေးရာတွေနဲ့ ပတ်သက်လို့ အကြံကောင်းတွေ အမြဲပေးတတ်သူလို့ နာမည်ကြီးပါတယ်။

Leo - သိဟ် ရာသီဖွား (ဇူလိုင်လ ၂၃ ရက် - သြဂုတ်လ ၂၂ ရက် )

သိဟ်ရာသီဖွားတွေကတော့ သင် ဆုံးဖြတ်ချက်မှားတစ်ခု ချတော့မယ်ဆိုရင် သူတို့ပေါ်လာတတ်ကြပြီး ဒါကို မလုပ်သင့်ကြောင်း ပြောပြပေးမယ့် လူမျိုးတွေပါ။ ငါသာနင့်နေရာမှာဆိုရင် ဆိုတဲ့စကားလုံးနဲ့ အကြံကောင်းတွေကို အမြဲပေးတတ်သူတွေပါ။  မှားယွင်းတဲ့ ရွေးချယ်မှုတွေကို ကြောက်မနေသင့်ပဲ ဒီအရာတွေက သင့်ကိုပိုတော်တဲ့သူ ဖြစ်စေတဲ့ အကြောင်းကိုလည်း သင့်ကို သိအောင်ပြောပြတတ်ပါလိမ့်တယ်။ တစ်ခါတစ်လေ ခေါင်းတွေနောက်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့ရင် သိဟ်ရာသီဖွား သူငယ်ချင်းကိုသာ အကူအညီတောင်းလိုက်ပါ။

Libra - တူ ရာသီဖွား ( စက်တင်ဘာ ၂၃ ရက် - အောက်တိုဘာလ ၂၂ ရက် )

မျှတတဲ့ ဆုံးဖြတ်ချက်မျိုးချချင်သူတွေအတွက် အကြံဉာဏ်ကောင်းတွေ အပေးတတ်ဆုံးလူကတော့ တူရာသီဖွားတွေပါပဲ။ သူတို့က ဟိုဘက်ရော၊ ဒီဘက်ပါ ဘက်နှစ်ခုလုံးမျှတအောင် စဉ်းစားပေးတတ်ပါတယ်။ သူပေးတဲ့ အကြံက သင့်ဘက်ကအနိုင်ချည်း၊ အသာစီးချည်းပဲ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် နှစ်ဦးနှစ်ဘက်စလုံးအတွက် အကောင်းဆုံးအကြံတွေ ပေးတတ်သူပါ။

Capricorn - မကာရ ရာသီဖွား ( ဒီဇင်ဘာလ ၂၂ ရက် - ဇန်နဝါရီလ ၁၉ ရက် )

ဒီရာသီဖွားတွေကလည်း သင်အခက်အခဲဖြစ်နေချိန် အကောင်းဆုံးအကြံပေးတတ်သူတွေပါပဲ။ သူတို့ကတော့ တကယ်အခက်အခဲတွေ့မှသာ အကြံကောင်းတွေ ပေးတတ်သူပါ။ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ချက်ချဖို့ ပိုအားပေးတတ်ကြတဲ့ မကာရ ရာသီဖွားတွေဟာ ကိုယ့်အားကိုယ်ကိုးတဲ့သူတွေကို သဘောကျတတ်တဲ့ သဘောရှိတာကြောင့် မဖြစ်နိုင်တဲ့အဆုံးမှ အကြံပေးတတ်ကြပေမယ့် သူတို့ပေးလိုက်တဲ့အကြံတွေကတော့ အကောင်းဆုံးတွေချည်းပါပဲ။

Pisces - မိန်ရာသီဖွား ( ဖေဖော်ဝါရီလ ၁၉ ရက် - မတ်လ ၂၀ ရက်)

မိန်ရာသီဖွားတွေကတော့ ကိုယ်တိုင်ခက်ခဲတဲ့အခြေအနေမျိုး မရောက်ဖူးသည့်တိုင်အောင် သင့်အတွက် အကောင်းဆုံး အကြံတွေ ပေးနိုင်တယ်ဆိုရင် ယုံနိုင်ပါ့မလား။ ဒီရာသီဖွားတွေကလည်း အချစ်ရေးနဲ့ပတ်သက်ရင် အကြံကောင်းတွေ ပေးနိုင် ကြပေမယ့် သူတို့ပြောနေချိန်မှာ ကိုယ့်ဘက်က ဂရုတစိုက်နားထောင်ပေးဖို့တော့ လိုပါတယ်။ သူတို့ဟာ တခြားသူတွေကို အကြံပေးနေပေမယ့် နှလုံးသားရေးရာနဲ့ ပတ်သက်ရင် ခေါင်းမသုံးပဲ နှလုံးသားနောက်ကိုပဲ လိုက်နေသူတွေကိုတော့ သဘောမကျတတ်ကြပါဘူး။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit ; trend myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top