iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ့္ခ်စ္သူေကာင္ေလး ေျခလွမ္းေတြ ပ်က္ေနတယ္လို႕ ခံစားမိေနတယ္ဆုိပါစို႕။ ဒါမွမဟုတ္လညး္ တစ္ခုခုကို ဖံုးကြယ္ထားတယ္လုိ႕ ထင္ေနတယ္ဆုိရင္ အရင္ဆံုး သင္အေနနဲ႕ သူ႔ Facebook ကိုပဲ ၀င္ၾကည့္မိပါလိမ့္မယ္။ ဒီေတာ့ ဘာမ်ားထူးျခားတာ ေတြ႔ပါသလဲ။ ဘာရယ္မဟုတ္ တျခားေကာင္မေလးေတြရဲ႕ပို႕စ္မွာ ကိုယ့္ခ်စ္သူ Like လုပ္ထားတာ၊ ကြန္မန္႕၀င္ေပးထားတာျမင္ရင္ သံသယေတြက ပိုႀကီးေတာ့မွာေပါ့။ ဒီေတာ့ ဒီနည္းေတြထက္ သင့္ကိုအဆင္ေျပသြားေစႏိုင္သလို၊ ႏွစ္ဦးသားျပန္အဆင္ေျပေစမယ့္ နည္းလမ္းေလးေတြ ေျပာျပေပးခ်င္ပါတယ္။

ပထမဆံုး ေဒါသေတြထြက္ေနတဲ့ သင့္စိတ္ကို ေလ်ွာ့ခ်လိုက္ပါ။  ျပီးတဲ့အခါမွာေတာ့ ဒီ (၇)ခ်က္အတုိင္းသာ လုပ္ေဆာင္ပါေတာ့။

၁။အခင္မင္ရဆံုးသူငယ္ခ်င္းကို ေခၚလိုက္ပါ။ ဒါေပမယ့္ ဒီအေၾကာင္းေတြဖြင့္ဟဖုိ႕ေတာ့ မဟုတ္ပါဘူး။

ခုခ်ိန္မွာ သင့္ခ်စ္သူက ေနာက္တစ္ေယာက္ရွိေနတာလား၊ ေသခ်ာရဲ႕လား မသိရေသးခင္ ဘယ္သူ႔ကိုမွ ဒီအေၾကာင္းေတြ ေျပာေနဖုိ႕ မသင့္ပါဘူး။ ဒီေတာ့ စိတ္ေျပလက္ေပ်ာက္ျဖစ္ေအာင္ တျခားသူငယ္ခ်င္းေတြရဲ႕ အေၾကာင္းေတြ၊ ရယ္ေမာစရာကိစၥေတြ ေျပာပါ။ ေလ့က်င့္ခန္းအတူတူလုပ္ၾကမလားေမးပါ၊ အတူတူေစ်း၀ယ္ထြက္ၾကမလားဆုိတာ ေမးပါ။

၂။အျပင္ထြက္ပါ။

သင့္ရဲ႕ေနာက္က်ိေနတဲ့ အာရံုေတြေဆးေၾကာဖုိ႕ အျပင္ထြက္လိုက္ပါ။ အေကာင္းဆံုးအႀကံဥာဏ္နဲ႕ ဆံုးျဖတ္ခ်က္ဆုိတာ ေခါင္းရႈပ္ေနရင္ ဘယ္လိုမွ ခ်လို႕ရမွာ မဟုတ္ပါဘူး။ ဒီေတာ့ ေလေကာင္းေလသန္႕ရႈရင္း သာယာတဲ့ ေနရာေလးတစ္ခုမွာ အခ်ိန္ကုန္ဆံုးလုိက္ပါ။

၃။ေလ့က်င့္ခန္းလုပ္ပါ၊ GYM ေဆာ့ပါ။

သင္စိတ္ပူေနတာေတြ၊ မနာလိုသလို ခံစားေနရတာေတြ အားလံုးေလ်ွာ့ခ်ေပးႏိုင္တာ GYM ေဆာ့ျခင္းပါပဲ။ ေလ့က်င့္ခန္းလုပ္တာဟာ စိတ္ဖိစီးမႈကို ေလ်ာ့က်ေစျပီး သင့္စိတ္ကို ပိုမိုၾကည္လင္သြားေစပါလိမ့္မယ္။

၄။ဘယ္အရာကမွန္ကန္ေစလိမ့္မလဲ ျပန္သတိရပါ။

သင့္ခ်စ္သူဘာေတြလုပ္ေနလဲဆုိတာ စပုိင္မလုပ္ခင္ အရင္ဆံုးသင္သိထားတဲ့ အခ်က္ေတြကို ျပန္စဥ္းစားပါ၊ ၾကားထားတာေတြေရာေပါ့၊ အခ်က္ေတြကို ကိုက္ညီမႈရွိမရွိ စာရြက္ေပၚ ခ်ေရးျပီး ဘယ္အရာမွန္ကန္လိမ့္မလဲ စဥ္းစားခ်င့္ခ်ိန္ၾကည့္ပါ။

၅။လက္ရွိအခ်ိန္ကို ျပန္စဥ္းစားပါ။

ခုခ်စ္သူနဲ႕ပဲျဖစ္ျဖစ္၊ အရင္တစ္ေယာက္နဲ႕ပဲျဖစ္ျဖစ္ ခုလိုျပသနာ၊ အျဖစ္အပ်က္မ်ိဳး ႀကံဳရတဲ့အခါ ဘယ္လိုလုုပ္ေဆာင္ခ့ဲသလဲဆုိတာ ျပန္စဥ္းစားပါ။ ငါလုပ္သင့္သလား၊ ေျပာလိုက္သင့္ျပီလား စသျဖင့္ ေသခ်ာစဥ္းစားပါ။

၆။ပံုမွန္အေနအထား ျပန္ျဖစ္ပါေစ။

ပထမက စိတ္ဆိုးဆိုးခ်င္း၊ ခံစားေနရခ်ိန္အတြင္း ကိုယ့္ရဲ႕အေနအထားပံုစံက အနည္းငယ္ေျပာင္းလဲသြားပါလိမ့္မယ္။ မယံုမၾကည္ေတြျဖစ္ရင္ ျဖစ္ေနမယ္၊ တစ္ဖက္လူကို မနာလိုစိတ္ရွိေကာင္းရွိႏိုင္ပါတယ္။ ဒါေပမယ့္ အဲ့ဒီအေနအထားကေန ပံုမွန္အေနအထားေရာက္ေအာင္ ျပန္လုပ္ေဆာင္ပါ။ ဘယ္အရာေတြက သင့္ကို စိတ္ေျပာင္းလဲသြားေစႏိုင္မလဲဆုိတာေတြးျပီး ကိုယ့္ပံုစံအစစ္ျပန္ရေအာင္ ႀကိဳးစားပါ။

၇။ကုိယ့္ခ်စ္သူနဲ႕ အရင္လို ျပန္ဆက္ဆံၾကည့္ပါ။

ကိုယ့္စိတ္က သံသယေၾကာင့္၊ ဒါမွမဟုတ္ ခံျပင္းမႈေၾကာင့္ သူ႕ကို ခပ္ခြာခြာေနထုိင္ေနမိတယ္ဆုိရင္ တကယ္ဟုတ္မဟုတ္ ေသခ်ာသိေစဖုိ႕ပဲျဖစ္ျဖစ္၊ မဟုတ္တဲ့အရာကို အဟုတ္ထင္ျပီး အထင္လြဲေနတာမ်ိဳးပဲျဖစ္ျဖစ္ တစ္ခုခုကို ဆက္လက္လုပ္ေဆာင္ႏိုင္ဖုိ႕ဆုိတာ သူနဲ႕ခြာျပီးေနလို႕ မျဖစ္ပါဘူး။ သူ႔ကို တစ္ခ်ိန္လံုး စပုိင္လုိ လုိက္ေနလို႕လည္း မရဘူးေလ။ ဒီေတာ့ သူနဲ႕အေနျပန္နီးစပ္ေအာင္ ေနထုိင္ျပီး သူ႔ကိုဒီကိစၥအေၾကာင္း ဖြင့္ဟကာ ေျဖရွင္း လိုက္ပါ။ ျပီးသြားရင္ နားလည္မႈ ယူတာမ်ိဳး၊ သေဘာတူညီမႈ ယူတာမ်ိဳးေတြလည္း ဆင့္ကဲလုပ္ေဆာင္သြားႏိုင္ပါေသးတယ္။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : trend myanmar

#Unicode Version

ကိုယ့်ချစ်သူကောင်လေး ခြေလှမ်းတွေ ပျက်နေတယ်လို့ ခံစားမိနေတယ်ဆိုပါစို့။ ဒါမှမဟုတ်လည်း တစ်ခုခုကို ဖုံးကွယ်ထားတယ်လို့ ထင်နေတယ်ဆိုရင် အရင်ဆုံး သင်အနေနဲ့ သူ့ Facebook ကိုပဲ ဝင်ကြည့်မိပါလိမ့်မယ်။ ဒီတော့ ဘာများထူးခြားတာ တွေ့ပါသလဲ။ ဘာရယ်မဟုတ် တခြားကောင်မလေးတွေရဲ့ပို့စ်မှာ ကိုယ့်ချစ်သူ Like လုပ်ထားတာ၊ ကွန်မန့်ဝင်ပေးထားတာမြင်ရင် သံသယတွေက ပိုကြီးတော့မှာပေါ့။ ဒီတော့ ဒီနည်းတွေထက် သင့်ကိုအဆင်ပြေသွားစေနိုင်သလို၊ နှစ်ဦးသားပြန်အဆင်ပြေစေမယ့် နည်းလမ်းလေးတွေ ပြောပြပေးချင်ပါတယ်။

ပထမဆုံး ဒေါသတွေထွက်နေတဲ့ သင့်စိတ်ကို လျှော့ချလိုက်ပါ။  ပြီးတဲ့အခါမှာတော့ ဒီ (၇)ချက်အတိုင်းသာ လုပ်ဆောင်ပါတော့။

၁။အခင်မင်ရဆုံးသူငယ်ချင်းကို ခေါ်လိုက်ပါ။ ဒါပေမယ့် ဒီအကြောင်းတွေဖွင့်ဟဖို့တော့ မဟုတ်ပါဘူး။

ခုချိန်မှာ သင့်ချစ်သူက နောက်တစ်ယောက်ရှိနေတာလား၊ သေချာရဲ့လား မသိရသေးခင် ဘယ်သူ့ကိုမှ ဒီအကြောင်းတွေ ပြောနေဖို့ မသင့်ပါဘူး။ ဒီတော့ စိတ်ပြေလက်ပျောက်ဖြစ်အောင် တခြားသူငယ်ချင်းတွေရဲ့ အကြောင်းတွေ၊ ရယ်မောစရာကိစ္စတွေ ပြောပါ။ လေ့ကျင့်ခန်းအတူတူလုပ်ကြမလားမေးပါ၊ အတူတူဈေးဝယ်ထွက်ကြမလားဆိုတာ မေးပါ။

၂။အပြင်ထွက်ပါ။

သင့်ရဲ့နောက်ကျိနေတဲ့ အာရုံတွေဆေးကြောဖို့ အပြင်ထွက်လိုက်ပါ။ အကောင်းဆုံးအကြံဉာဏ်နဲ့ ဆုံးဖြတ်ချက်ဆိုတာ ခေါင်းရှုပ်နေရင် ဘယ်လိုမှ ချလို့ရမှာ မဟုတ်ပါဘူး။ ဒီတော့ လေကောင်းလေသန့်ရှုရင်း သာယာတဲ့ နေရာလေးတစ်ခုမှာ အချိန်ကုန်ဆုံးလိုက်ပါ။

၃။လေ့ကျင့်ခန်းလုပ်ပါ၊ GYM ဆော့ပါ။

သင်စိတ်ပူနေတာတွေ၊ မနာလိုသလို ခံစားနေရတာတွေ အားလုံးလျှော့ချပေးနိုင်တာ GYM ဆော့ခြင်းပါပဲ။ လေ့ကျင့်ခန်းလုပ်တာဟာ စိတ်ဖိစီးမှုကို လျော့ကျစေပြီး သင့်စိတ်ကို ပိုမိုကြည်လင်သွားစေပါလိမ့်မယ်။

၄။ဘယ်အရာကမှန်ကန်စေလိမ့်မလဲ ပြန်သတိရပါ။

သင့်ချစ်သူဘာတွေလုပ်နေလဲဆိုတာ စပိုင်မလုပ်ခင် အရင်ဆုံးသင်သိထားတဲ့ အချက်တွေကို ပြန်စဉ်းစားပါ၊ ကြားထားတာတွေရောပေါ့၊ အချက်တွေကို ကိုက်ညီမှုရှိမရှိ စာရွက်ပေါ် ချရေးပြီး ဘယ်အရာမှန်ကန်လိမ့်မလဲ စဉ်းစားချင့်ချိန်ကြည့်ပါ။

၅။လက်ရှိအချိန်ကို ပြန်စဉ်းစားပါ။

ခုချစ်သူနဲ့ပဲဖြစ်ဖြစ်၊ အရင်တစ်ယောက်နဲ့ပဲဖြစ်ဖြစ် ခုလိုပြသနာ၊ အဖြစ်အပျက်မျိုး ကြုံရတဲ့အခါ ဘယ်လိုလုုပ်ဆောင်ခဲ့သလဲဆိုတာ ပြန်စဉ်းစားပါ။ ငါလုပ်သင့်သလား၊ ပြောလိုက်သင့်ပြီလား စသဖြင့် သေချာစဉ်းစားပါ။

၆။ပုံမှန်အနေအထား ပြန်ဖြစ်ပါစေ။

ပထမက စိတ်ဆိုးဆိုးချင်း၊ ခံစားနေရချိန်အတွင်း ကိုယ့်ရဲ့အနေအထားပုံစံက အနည်းငယ်ပြောင်းလဲသွားပါလိမ့်မယ်။ မယုံမကြည်တွေဖြစ်ရင် ဖြစ်နေမယ်၊ တစ်ဖက်လူကို မနာလိုစိတ်ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒီအနေအထားကနေ ပုံမှန်အနေအထားရောက်အောင် ပြန်လုပ်ဆောင်ပါ။ ဘယ်အရာတွေက သင့်ကို စိတ်ပြောင်းလဲသွားစေနိုင်မလဲဆိုတာတွေးပြီး ကိုယ့်ပုံစံအစစ်ပြန်ရအောင် ကြိုးစားပါ။

၇။ကိုယ့်ချစ်သူနဲ့ အရင်လို ပြန်ဆက်ဆံကြည့်ပါ။

ကိုယ့်စိတ်က သံသယကြောင့်၊ ဒါမှမဟုတ် ခံပြင်းမှုကြောင့် သူ့ကို ခပ်ခွာခွာနေထိုင်နေမိတယ်ဆိုရင် တကယ်ဟုတ်မဟုတ် သေချာသိစေဖို့ပဲဖြစ်ဖြစ်၊ မဟုတ်တဲ့အရာကို အဟုတ်ထင်ပြီး အထင်လွဲနေတာမျိုးပဲဖြစ်ဖြစ် တစ်ခုခုကို ဆက်လက်လုပ်ဆောင်နိုင်ဖို့ဆိုတာ သူနဲ့ခွာပြီးနေလို့ မဖြစ်ပါဘူး။ သူ့ကို တစ်ချိန်လုံး စပိုင်လို လိုက်နေလို့လည်း မရဘူးလေ။ ဒီတော့ သူနဲ့အနေပြန်နီးစပ်အောင် နေထိုင်ပြီး သူ့ကိုဒီကိစ္စအကြောင်း ဖွင့်ဟကာ ဖြေရှင်း လိုက်ပါ။ ပြီးသွားရင် နားလည်မှု ယူတာမျိုး၊ သဘောတူညီမှု ယူတာမျိုးတွေလည်း ဆင့်ကဲလုပ်ဆောင်သွားနိုင်ပါသေးတယ်။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : trend myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top