iMyanmarHouse.com - Best Property Website for Myanmar
×

သင့္၏ သြားကိုနည္းစနစ္ မွန္မွန္ တုိက္ပါက သြားက်န္းမာေရးကိုသာမက အဆစ္ ေရာင္ျခင္းကိုလည္း ထိေရာက္စြာကာကြယ္ႏိုင္ေၾကာင္း အေမရိကန္ႏိုင္ငံ Massachusetts အေထြေထြ ေဆးရံုမွ Dr. MaxilianKonig မွ ဒီဇင္ဘာလ ၃၀ ရက္ေန႔တြင္ ထုတ္ျပန္ေၾကညာခဲ့ေၾကာင္းသိရသည္ ။

သြားခံတြင္းတြင္ ေပါက္ဖြားတတ္သည့္ ဗက္တီးရီးယားပိုးမႊားမ်ားသည္ လူ၏ သြားႏွင့္ ခံတြင္းေရာဂါမ်ား ကို ျဖစ္ပြားေစရံုမကအဆစ္ ေရာင္ျခင္းမ်ားကို ျဖစ္ေပၚေစႏိုင္ေၾကာင္းလူနာအေယာက္ ၂၀၀ ကို ၂ ႏွစ္ ၾကာေလ့လာ ခဲ့ျပီးေနာက္ ေလ့လာေတြ႔ရိွခဲ့ျခင္းျဖစ္ျပီးသြားခံတြင္း၌ ေပါက္ဖြားတတ္သည့္ ဗက္တီးရီးယား ပိုးမႊားမ်ားသည္ လက္ႏွင့္ ေျခေထာက္တို႔ရိွ အဆစ္မ်ားကိုနာက်င္ေစျခင္း ၊ ေရာင္ေစျခင္းတို႔ ျဖစ္ေပၚေစသည့္ အဆစ္ေရာင္ ေရာဂါကို ျဖစ္ပြားေစသည့္အတြက္ သြားခံတြင္းမ်ားကိုနည္းစနစ္ မွန္မွန္ တိုက္ေပးျခင္းျဖင့္ သြားခံတြင္းသန္႔ရွင္းေရးကိုသာမကအဆစ္ေရာင္ ေရာဂါ ျဖစ္ပြားျခင္းကိုလည္းထိေရာက္စြာကာကြယ္ေပးႏုိင္ေၾကာင္း Dr. MaxilianKonig မွ ေျပာၾကားခဲ့ေၾကာင္းသိရသည္ ။

ကမာၻေပၚ၌ အဆစ္ေရာင္ ေရာဂါ ျဖစ္ပြားသူအေယာက္ ၂ သန္းေက်ာ္ ရိွျပီးတစ္ႏွစ္ထက္ တစ္ႏွစ္ ျဖစ္ပြား မွဳႏွဳန္းပိုမိုျမင့္တက္လ်က္ ရိွကာအသက္အရြယ္ ၾကီးရင့္သူမ်ား၌ ပိုမိုျဖစ္ပြားေလ့ ရိွေသာ္လည္း လူငယ္မ်ား ၌လည္း ျဖစ္ပြားလ်က္ ရိွေၾကာင္းသိရသည္ ။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : thithtoolwin

#Unicode Version

 သင့်၏ သွားကိုနည်းစနစ် မှန်မှန် တိုက်ပါက သွားကျန်းမာရေးကိုသာမက အဆစ် ရောင်ခြင်းကိုလည်း ထိရောက်စွာကာကွယ်နိုင်ကြောင်း အမေရိကန်နိုင်ငံ Massachusetts အထွေထွေ ဆေးရုံမှ Dr. MaxilianKonig မှ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည် ။

သွားခံတွင်းတွင် ပေါက်ဖွားတတ်သည့် ဗက်တီးရီးယားပိုးမွှားများသည် လူ၏ သွားနှင့် ခံတွင်းရောဂါများ ကို ဖြစ်ပွားစေရုံမကအဆစ် ရောင်ခြင်းများကို ဖြစ်ပေါ်စေနိုင်ကြောင်းလူနာအယောက် ၂၀၀ ကို ၂ နှစ် ကြာလေ့လာ ခဲ့ပြီးနောက် လေ့လာတွေ့ရှိခဲ့ခြင်းဖြစ်ပြီးသွားခံတွင်း၌ ပေါက်ဖွားတတ်သည့် ဗက်တီးရီးယား ပိုးမွှားများသည် လက်နှင့် ခြေထောက်တို့ရှိ အဆစ်များကိုနာကျင်စေခြင်း ၊ ရောင်စေခြင်းတို့ ဖြစ်ပေါ်စေသည့် အဆစ်ရောင် ရောဂါကို ဖြစ်ပွားစေသည့်အတွက် သွားခံတွင်းများကိုနည်းစနစ် မှန်မှန် တိုက်ပေးခြင်းဖြင့် သွားခံတွင်းသန့်ရှင်းရေးကိုသာမကအဆစ်ရောင် ရောဂါ ဖြစ်ပွားခြင်းကိုလည်းထိရောက်စွာကာကွယ်ပေးနိုင်ကြောင်း Dr. MaxilianKonig မှ ပြောကြားခဲ့ကြောင်းသိရသည် ။

ကမ္ဘာပေါ်၌ အဆစ်ရောင် ရောဂါ ဖြစ်ပွားသူအယောက် ၂ သန်းကျော် ရှိပြီးတစ်နှစ်ထက် တစ်နှစ် ဖြစ်ပွား မှုနှုန်းပိုမိုမြင့်တက်လျက် ရှိကာအသက်အရွယ် ကြီးရင့်သူများ၌ ပိုမိုဖြစ်ပွားလေ့ ရှိသော်လည်း လူငယ်များ ၌လည်း ဖြစ်ပွားလျက် ရှိကြောင်းသိရသည် ။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : thithtoolwin

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top