iMyanmarHouse.com - Best Property Website for Myanmar
×

ဆြဲေဆာင္မႈအားေကာင္းတဲ့ အနီေရာင္ကို ပြဲတက္အေရာင္လို႔လည္း သတ္မွတ္ၾကပါတယ္။ ျပည္တြင္း၊ ျပည္ပက မင္းသမီးေတြနဲ႔ ေမာ္ဒယ္တုိင္းမွာ အနီေရာင္ကို မဝတ္တာ တစ္ေယာက္မွမရွိပါဘူး။ ေကာ္ေဇာနီေလွ်ာက္လမ္းနဲ႔ အခမ္းအနားေတြမွာဆုိရင္လည္း အနီေရာင္ဖက္႐ွင္ကို ေရြးခ်ယ္လာသူ တစ္ဦးထက္မနည္း ေတြ႔ရပါတယ္။ အနီေရာင္ရဲ႕စြမ္းအားက ႀကီးမားလြန္းေတာ့ အျဖဴ၊ အနက္ကလြဲရင္ တျခားအေရာင္နဲ႔ တြဲဝတ္ဖုိ႔က နည္းနည္းေတာ့ခက္ပါတယ္။ အနီနဲ႔တြဲစပ္ႏိုင္မယ့္ အေရာင္အခ်ိဳ႕ေတာ့ ရွိပါတယ္။

၁။ အနီနဲ႔ သေျပသီးမႇည့္ေရာင္

ခရမ္းခ်ဥ္သီးမွည့္လို အနီေရာင္ကို သေျပသီးမွည့္ေရာင္နဲ႔ တြဲဖက္ျခင္းက ဖက္႐ွင္က်တဲ့အသြင္ကို ေပၚလြင္ေစပါတယ္။ အနီေရာင္ကို ခႏၶာကိုယ္ေအာက္ပိုင္းမွာ ဝတ္ဆင္ပါ။ ေခတ္ေ႐ွ႕ေျပးေနတဲ့ စမတ္က်က်အသြင္ ေပၚထြက္လာပါလိမ့္မယ္။

၂။ အနီနဲ႔ အနက္

ဒါကေတာ့ ဆက္စီအက်ဆံုး အေရာင္တြဲစပ္မႈပါပဲ။ အထူးသျဖင့္ သားေရထည္ေတြမွာဆုိရင္ ပိုၿပီးဆက္ဆီက်တဲ့ပံု ျဖစ္ေစပါတယ္။ ညဘက္တက္ရတဲ့ ပြဲေတြနဲ႔ ႐ႈိးပြဲေတြ၊ EDM ပြဲေတြမွာ အနီ၊အနက္ တြဲစပ္ၿပီး လန္းလို႔ရပါတယ္။

၃။ အနီနဲ႔ ပန္းေရာင္

တည္ၿငိမ္တဲ့ အမ်ိဳးသမီးတစ္ဦးရဲ႕ ပံုရိပ္ကို လိုခ်င္ရင္ေတာ့ အနီေရာင္ကို ပန္းေရာင္နဲ႔တြဲစပ္ၾကည့္ပါ။ သတိထားရမွာက အနီကိုခပ္မ်ားမ်ား ဝတ္ရမွာျဖစ္ၿပီး ပန္းေရာင္ကိုေတာ့ အေပၚပိုင္း၊ ဒါမွမဟုတ္ အနီကို အနားကြပ္ထားတာ ပိုသင့္ေလ်ာ္ပါတယ္။ သိမ္ေမြ႕တဲ့ မိန္းမဆန္ဆန္အလွကို ျဖစ္ေပၚေစတဲ့ အေရာင္တြဲစပ္မႈလို႔ ဖက္႐ွင္ဂု႐ုေတြက ဆိုၾကေလရဲ႕။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : duwun

#Unicode Version

ဆွဲဆောင်မှုအားကောင်းတဲ့ အနီရောင်ကို ပွဲတက်အရောင်လို့လည်း သတ်မှတ်ကြပါတယ်။ ပြည်တွင်း၊ ပြည်ပက မင်းသမီးတွေနဲ့ မော်ဒယ်တိုင်းမှာ အနီရောင်ကို မဝတ်တာ တစ်ယောက်မှမရှိပါဘူး။ ကော်ဇောနီလျှောက်လမ်းနဲ့ အခမ်းအနားတွေမှာဆိုရင်လည်း အနီရောင်ဖက်ရှင်ကို ရွေးချယ်လာသူ တစ်ဦးထက်မနည်း တွေ့ရပါတယ်။ အနီရောင်ရဲ့စွမ်းအားက ကြီးမားလွန်းတော့ အဖြူ၊ အနက်ကလွဲရင် တခြားအရောင်နဲ့ တွဲဝတ်ဖို့က နည်းနည်းတော့ခက်ပါတယ်။ အနီနဲ့တွဲစပ်နိုင်မယ့် အရောင်အချို့တော့ ရှိပါတယ်။

၁။ အနီနဲ့ သပြေသီးမှည့်ရောင်

ခရမ်းချဉ်သီးမှည့်လို အနီရောင်ကို သပြေသီးမှည့်ရောင်နဲ့ တွဲဖက်ခြင်းက ဖက်ရှင်ကျတဲ့အသွင်ကို ပေါ်လွင်စေပါတယ်။ အနီရောင်ကို ခန္ဓာကိုယ်အောက်ပိုင်းမှာ ဝတ်ဆင်ပါ။ ခေတ်ရှေ့ပြေးနေတဲ့ စမတ်ကျကျအသွင် ပေါ်ထွက်လာပါလိမ့်မယ်။

၂။ အနီနဲ့ အနက်

ဒါကတော့ ဆက်စီအကျဆုံး အရောင်တွဲစပ်မှုပါပဲ။ အထူးသဖြင့် သားရေထည်တွေမှာဆိုရင် ပိုပြီးဆက်ဆီကျတဲ့ပုံ ဖြစ်စေပါတယ်။ ညဘက်တက်ရတဲ့ ပွဲတွေနဲ့ ရှိုးပွဲတွေ၊ EDM ပွဲတွေမှာ အနီ၊အနက် တွဲစပ်ပြီး လန်းလို့ရပါတယ်။

၃။ အနီနဲ့ ပန်းရောင်

တည်ငြိမ်တဲ့ အမျိုးသမီးတစ်ဦးရဲ့ ပုံရိပ်ကို လိုချင်ရင်တော့ အနီရောင်ကို ပန်းရောင်နဲ့တွဲစပ်ကြည့်ပါ။ သတိထားရမှာက အနီကိုခပ်များများ ဝတ်ရမှာဖြစ်ပြီး ပန်းရောင်ကိုတော့ အပေါ်ပိုင်း၊ ဒါမှမဟုတ် အနီကို အနားကွပ်ထားတာ ပိုသင့်လျော်ပါတယ်။ သိမ်မွေ့တဲ့ မိန်းမဆန်ဆန်အလှကို ဖြစ်ပေါ်စေတဲ့ အရောင်တွဲစပ်မှုလို့ ဖက်ရှင်ဂုရုတွေက ဆိုကြလေရဲ့။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top