iMyanmarHouse.com - Best Property Website for Myanmar
×

ခါးသက္သက္အရသာရွိၿပီး ေဆး ဖက္ဝင္တဲ့ ၾကက္ဟင္းခါးသီးကို အာရွႏုိင္ငံေတြမွာဆိုရင္ ဆီးခ်ိဳ ေရာဂါေပ်ာက္ကင္းဖို႔အတြက္နဲ႔ သဘာဝေဆးဝါးအျဖစ္ စားသံုးမႈ မ်ားျပားပါတယ္။ ဒါေၾကာင့္မို႔ ၾကက္ဟင္းခါးသီးက က်န္းမာေရး အတြက္ ဘာေတြေကာင္းက်ိဳးျပဳ သလဲဆိုတာသိထားရေအာင္လို႔ မွ်ေဝေပးလုိက္ပါတယ္။

ဒီၾကက္ဟင္းခါးသီးဟာ အသက္႐ွဴလမ္းေၾကာင္းဆုိင္ရာ ေရာဂါေတြမျဖစ္ေအာင္ ကာကြယ္ႏုိင္သလုိ ဖ်ားေနတာ၊ ေခ်ာင္းဆိုး တာ၊ ရင္က်ပ္၊ ခြၽဲက်ပ္တာေတြကို ေပ်ာက္ကင္းေစႏိုင္ပါတယ္။ ဒါ့ အျပင္ ဘက္တီးရီးယားေတြကို ေသေစႏုိင္တဲ့ သဘာဝပိုးသတ္ ေဆးလည္းျဖစ္တာေၾကာင့္ အပူ ေလာင္နာ၊ ထိခိုက္ဒဏ္ရာ၊ ျပတ္ ရွဒဏ္ရာနဲ႔ ပြန္းပဲ့တာေတြကိုကုသ ႏုိင္ပါတယ္။

ေသြးတြင္းသၾကားဓာတ္ ပမာဏကို ေလ်ာ့က်ေစတဲ့အျပင္ ကိုယ္တြင္းအဂၤါနဲ႔ တစ္သွ်ဴးေတြ ပ်က္စီးျခင္းက ကာကြယ္ေပးႏုိင္ စြမ္းရွိပါတယ္။ ဒါတင္မက ေလ ျဖတ္တာတုိ႔၊ ႏွလံုး႐ုတ္တရက္ ဒုကၡေပးတာတို႔မျဖစ္ေအာင္ပါ ကာကြယ္ေပးႏုိင္တယ္လို႔ဆုိပါ တယ္။

ဦးေႏွာက္က အာ႐ံုေၾကာ ေတြ ဖိအားမ်ားလာရင္ျဖစ္တတ္ တဲ့ ေခါင္းကိုက္တာေတြကိုလည္း သက္သာေပ်ာက္ကင္းေစတဲ့ အျပင္ စိတ္ဖိစီးမႈလည္းကင္းေစ ပါတယ္။ ၾကမ္းေထာ္တဲ့၊ အနီပိမ့္ ေတြထတဲ့ အေရျပားေရာဂါ အတြက္ဆုိရင္လည္း ၾကက္ဟင္း ခါးသီးက အေကာင္းဆံုးသဘာဝ ေဆးဝါးလို႔ဆုိပါတယ္။ ၾကက္ ဟင္းခါးသီးလတ္လတ္ဆတ္ ဆတ္ညႇစ္ထားတဲ့အရည္ကို အေရျပားမိႈေရာဂါေတြနဲ႔ ေျခ ေထာက္အနံ႔ဆိုးထြက္တာကို သုတ္လိမ္းေပးလို႔ရပါတယ္။

ၾကက္ဟင္းခါးသီးက အရက္ေၾကာင့္ အသည္းနဲ႔ သရက္ရြက္ ပ်က္စီးမႈေတြကို ကာကြယ္ေပးၿပီး အဆိပ္အေတာက္ေတြကို ဖယ္ ရွားေပးႏိုင္စြမ္းရွိပါတယ္။ ဒါတင္ မက ကိုယ္အေလးခ်ိန္ေလ်ာ့က် ေစဖို႔အတြက္လည္း ေထာက္ကူ ေပးတယ္လုိ႔သိရပါတယ္။ မ်က္စိ က်န္းမာေရးအတြက္လည္း အ က်ိဳးျပဳတာေၾကာင့္ မ်က္စိအျမင္ အာ႐ံုအားနည္းသူေတြစားေပး သင့္ပါတယ္။ ၾကက္ဟင္းခါးသီး က အေၾကာတက္စာလည္းျဖစ္ တာေၾကာင့္ တန္ေဆးလြန္ေဘး ဆိုတဲ့အတိုင္း ခ်င့္ခ်ိန္စားဖို႔ေတာ့ လိုအပ္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : 7day daily

#Unicode Version

ခါးသက်သက်အရသာရှိပြီး ဆေး ဖက်ဝင်တဲ့ ကြက်ဟင်းခါးသီးကို အာရှနိုင်ငံတွေမှာဆိုရင် ဆီးချို ရောဂါပျောက်ကင်းဖို့အတွက်နဲ့ သဘာဝဆေးဝါးအဖြစ် စားသုံးမှု များပြားပါတယ်။ ဒါကြောင့်မို့ ကြက်ဟင်းခါးသီးက ကျန်းမာရေး အတွက် ဘာတွေကောင်းကျိုးပြု သလဲဆိုတာသိထားရအောင်လို့ မျှဝေပေးလိုက်ပါတယ်။

ဒီကြက်ဟင်းခါးသီးဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေမဖြစ်အောင် ကာကွယ်နိုင်သလို ဖျားနေတာ၊ ချောင်းဆိုး တာ၊ ရင်ကျပ်၊ ချွဲကျပ်တာတွေကို ပျောက်ကင်းစေနိုင်ပါတယ်။ ဒါ့ အပြင် ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ သဘာဝပိုးသတ် ဆေးလည်းဖြစ်တာကြောင့် အပူ လောင်နာ၊ ထိခိုက်ဒဏ်ရာ၊ ပြတ် ရှဒဏ်ရာနဲ့ ပွန်းပဲ့တာတွေကိုကုသ နိုင်ပါတယ်။

သွေးတွင်းသကြားဓာတ် ပမာဏကို လျော့ကျစေတဲ့အပြင် ကိုယ်တွင်းအင်္ဂါနဲ့ တစ်သျှူးတွေ ပျက်စီးခြင်းက ကာကွယ်ပေးနိုင် စွမ်းရှိပါတယ်။ ဒါတင်မက လေ ဖြတ်တာတို့၊ နှလုံးရုတ်တရက် ဒုက္ခပေးတာတို့မဖြစ်အောင်ပါ ကာကွယ်ပေးနိုင်တယ်လို့ဆိုပါ တယ်။

ဦးနှောက်က အာရုံကြော တွေ ဖိအားများလာရင်ဖြစ်တတ် တဲ့ ခေါင်းကိုက်တာတွေကိုလည်း သက်သာပျောက်ကင်းစေတဲ့ အပြင် စိတ်ဖိစီးမှုလည်းကင်းစေ ပါတယ်။ ကြမ်းထော်တဲ့၊ အနီပိမ့် တွေထတဲ့ အရေပြားရောဂါ အတွက်ဆိုရင်လည်း ကြက်ဟင်း ခါးသီးက အကောင်းဆုံးသဘာဝ ဆေးဝါးလို့ဆိုပါတယ်။ ကြက် ဟင်းခါးသီးလတ်လတ်ဆတ် ဆတ်ညှစ်ထားတဲ့အရည်ကို အရေပြားမှိုရောဂါတွေနဲ့ ခြေ ထောက်အနံ့ဆိုးထွက်တာကို သုတ်လိမ်းပေးလို့ရပါတယ်။

ကြက်ဟင်းခါးသီးက အရက်ကြောင့် အသည်းနဲ့ သရက်ရွက် ပျက်စီးမှုတွေကို ကာကွယ်ပေးပြီး အဆိပ်အတောက်တွေကို ဖယ် ရှားပေးနိုင်စွမ်းရှိပါတယ်။ ဒါတင် မက ကိုယ်အလေးချိန်လျော့ကျ စေဖို့အတွက်လည်း ထောက်ကူ ပေးတယ်လို့သိရပါတယ်။ မျက်စိ ကျန်းမာရေးအတွက်လည်း အ ကျိုးပြုတာကြောင့် မျက်စိအမြင် အာရုံအားနည်းသူတွေစားပေး သင့်ပါတယ်။ ကြက်ဟင်းခါးသီး က အကြောတက်စာလည်းဖြစ် တာကြောင့် တန်ဆေးလွန်ဘေး ဆိုတဲ့အတိုင်း ချင့်ချိန်စားဖို့တော့ လိုအပ်ပါတယ်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : 7day daily
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top