iMyanmarHouse.com - Best Property Website for Myanmar
×
၁၃၄ဝ x ၄ = ၅၃၆ဝ ရပါတယ်...။
* အကြွင်း ( ၁ ) *
* အကြွင်း ( ၂ ) *
* အကြွင်း ( ၃ ) *
* အကြွင်း ( ၄ ) *
* အကြွင်း ( ၅ ) *
* အကြွင်း ( ၆ ) *
* အကြွင်း ( ဝ ) *
တခုမှတ်ထားရမှာက မြန်မာသက္ကရာဇ်ကို တန်ခူးလကစတာမို့ လို့  ၁လ၊ ၂လ၊ ၃လပိုင်းနဲ့ ၎လပိုင်း သင်္ကြန် မတိုင်ခင် မွေးတဲ့သူများကတော့ ရတဲ့အဖြေကို ( ၁ ) တိုးယူပါ။ ၁၃၄၄ တို ၁၃၄၃ ပေါ့။ နားလည်မယ်ထင် ပါတယ်။
Credit:Lat Pat Pyo
ပို့သပေးပါတယ်။
Unicode Version
မိမိမွေးသက္ကရာဇ်သိရုံနဲ့တွက်လို့ရပြီ။ မြန်မာသက္ကရာဇ် ဖြစ်ရမယ်နော်။ မိမိမွေးသက္ကရာဇ်ကို ( ၄ ) နဲ့မြှောက်၊ ရလာတဲ့ အဖြေကို ( ၇ ) နဲ့စားပြီး ( အကြွင်း ) ရှာရမှာ ဖြစ်ပါတယ်။
ဥပမာ - ၁၃၄ဝ ခုနှစ်မှာ မွေးတဲ့ အမျိုးသားကိုတွက်ပါမယ်...။
၁၃၄ဝ x ၄ = ၅၃၆ဝ ရပါတယ်...။
၅၃၆ဝ ကို ( ၇ ) နဲ့စားတော့ အကြွင်း ( ၅ ) ရပါတယ်...။
သူငယ်ချင်းတို့လည်း တွက်ကြည့်ပြီး အကြွင်းရှာကြည့်နော်။ ရလာတဲ့ အကြွင်းကို မှတ်ပြီး အောက်မှာ အဖြေရှာကြည့်လိုက်ပါဦး။
* အကြွင်း ( ၁ ) *
အကြွင်း ( ၁ ) ရခဲ့ရင်တော့ လက်မထောင်လိုက်ပါ။ ဖိုးကံကောင်းလေးပေါ့။ ကိုယ်ရမဲ့ မိန်းကလေးက အပြစ်ကင်းသူလေးပါ။ ကိုယ်ကျင့်သိက္ခာနဲ့ပြည့်စုံတဲ့သူပါ။ အေးတဲ့နေရာမှာတော့ ရေခဲက ဆရာခေါ်ရေ အာင်ပါပဲ။ ရည်းစားတောင် ထားရကောင်းမှန်း မသိတဲ့သူပါ။ အလုပ်တဖက်၊ ပညာတဖက်နဲ့ဘဝသမားေ လးပါ။ ကိုယ်ပိုင် အစွမ်းအစနဲ့နေနိုင်တဲ့သူ၊ သွက်သွက်လက်လက် နဲ့မိန်းမဆန်တယ်။ ခေတ်မီပေမဲ့ ခေတ် မဆန်ဘူး။ သဝန်လေးတော့ ကြောင်တတ်တယ်။ သူ့ရှေ့မှာ မိန်းကလေးအကြောင်းတော့ ယောင် လို့တောင်မပြောမိစေနဲ့ချော့ရတာမောသွားမယ်။ သူများတွေနဲ့ကျရင် လူကြီးဆန်ပြီး ကိုယ့်အပေါ်ကျေ တာ့ ကလေးဆန်လွန်းလို့ မိဘတွေတောင် အမြင်မကြည်ဖြစ်လိမ့်မယ်။ ကိုယ့်အပေါ်မှာတော့ သစ္စာရှိ သူလေးပါနော်...။
* အကြွင်း ( ၂ ) *
အကြွင်း ( ၂ ) ရခဲ့ရင်တော့ အချစ်ဆိုတာ ပေးဆပ်ခြင်းလို့သာ အဓိပ္ပါယ်ဖွင့်လိုက်ပါတော့။ ကိုယ်ကတော့ အချစ်သူရဲကောင်း ကြီးပေါ့။ မေတ္တာတရားအပြည့်နဲ့ ခွင့်လွှတ်ကြင်နာတတ်တဲ့သူပေါ့။ ကိုယ်နဲ့တွေ့မဲ့ မိန်းကလေးက တခြားသူကြောင့် အသဲကွဲေ ဝဒနာ ခံစားနေရသူလေးပါ။ သူ့အကြောင်းကို မချွင်းမချန် ရင်ဖွင့်လာမဲ့သူပေါ့။ ကိုယ်ကကရုဏာ အပြည့်နဲ့စီးကြိုမဲ့သူပါ။ သူက လည်း အတိတ်လူဆီကို စိတ်မညွတ်ပဲ သစ္စာရှိမဲ့ မိန်းကလေးပါ။ အလွန်သာယာတဲ့ အိမ်ထောင်ရေး ဖြစ်လာပါလိမ့်မယ်။ အိမ်ထောင်တာဝန် ကျေ ပွန်တဲ့ အိမ်ရှင်မတယောက်ပါ။ အချောအလှလေးကလည်း ဖြစ်ဦးမှာ။ ရုပ်ဆင်းရူပါကတော့ လူတကာငေး ရလောက်တဲ့ သူနော်။ အိမ်ထောင်ထိန်းတော်ပြီး ကိုယ့်မိဘ အသိုင်းအဝိုင်းနဲ့လည်း အဆင်ပြေလို့နောက် ဆို ကိုယ်က သမက်လို့တောင် အထင်ခံရလိမ့်မယ်နော်။
* အကြွင်း ( ၃ ) *
အကြွင်း ( ၃ ) ရခဲ့ရင်တော့ တော်တော်ကြီးမဲ့သူပဲ။ ( တမျိုးမတွေးနဲ့ဦး ဆွေကြီးမျိုးကြီး၊ မာနကြီး၊ စိတ်ကြီး၊ ဒေါသကြီး စတဲ့ * ကြီး * တွေကို ပိုင်ထားတဲ့ မမကြီးကိုပြောတာ... းP ) ပကာသန အသိုင်းအဝိုင်းကြားကလာလို့နှလုံးသားလှပေမဲ့ ဘုကျကျ ဆက်ဆံတတ်တဲ့ သူမျိုးပါ။ တော်ရုံကို အဖက်မ လုပ်တတ်တဲ့ သူမျိုး။ ပညာတက်ပြီး ကိုယ်ပိုင်အရည်အချင်းနဲ့ရပ်တည်နိုင်တဲ့သူ။ ကိုယ်နဲ့ အိမ်ထောင်ကျြ ပီးလည်း ကိုယ့်အသိုင်းဝိုင်းထဲ ဝင်လာမဲ့သူမျိုး မဟုတ်ဘူး။ ကိုယ်ကပဲ သူ့အသိုင်းဝိုင်းထဲ ဝင်ရလိမ့်မယ်။ အနိုင်ကျင့်တဲ့ ဝါသနာတော့ရှိတယ်။ ကိုယ့်အပေါင်းအသင်းတောင် အကောင်းစားလေးတွေ မှ ပေါင်းသင်း ဆက်ဆံလိမ့်မယ်။ ခပ်ညံ့ညံ့ အပေါင်းအသင်းမျိုးဆို အိမ်လာလည်တာတောင် လက်သင့်ခံမှာ မဟုတ်ဘူး။ ဒါပေမဲ့ အိမ်ထောင်ကံကောင်းပါတယ်။ သူ့ကြောင့်ပဲ တိုးတက်မှုတွေရလာလိမ့်မယ်။ အောင်မြင်တဲ့ ယော ကျာၤးတယောက်နောက်မှာ ထက်မြက်တဲ့ မိန်းမရှိတယ်ဆိုတာ မျိုးပေါ့။
* အကြွင်း ( ၄ ) *
အကြွင်း ( ၄ ) ရခဲ့ရင်တော့ တော်ဝင်သူလေးပါ။ အသိုင်းဝိုင်းကြီးထဲကနေ အချစ်တွက် အရာရာကို စွန့်လွှ တ်ပြီး ကိုယ့်ဘဝ ထဲ ရောက်လာမဲ့သူလေးပါ။ လေးစားလောက်စရာ လူမျိုးဖြစ်ပါလိမ့်မယ်။ ဘဝအတွေ့ အကြုံနည်းပြီး၊ ဘဝကို အေးအေးချမ်းချမ်း ၊ ပြည့်ပြည့်စုံစုံနဲ့ နေထိုင်ခဲ့တဲ့သူပါ။ သဇင်ပန်းလို မိန်းမသား နဲ့အိမ်ထောင်ကျလို့သူငယ်ချင်းများက မုဒိတာပွားကြပါလိမ့်မယ်။ အလွန် သီးခံတတ်၊ ခွင့်လွှတ်တတ်ပေမဲ့ မဟုတ်တာလုပ်ရင်တော့ တော်တော်ကို ပွဲကြမ်းမဲ့သူ မာနခဲမလေးပါ။ မိဘတွေနဲ့လည်း အဆင်ပြေပါလိမ့် မယ်။ အပေးကမ်လည်း ရက်ရောပါတယ်။ အရာရာ ကိုယ့်သဘောပါ။ အဲ... နောက်တယောက်တော့ စိတ်နဲ့တောင် ရှုတ်ဖို့မစဉ်းစားနဲ့ကွာရှင်းစာချုပ် လက်မှတ်ထိုးပြီးသားနော်။ သဘောထားကြီးပေမဲ့ ဒါမျိုးေ တာ့ ခွင့်မလွှတ်တတ် ဘူး။ အပြင်အလုပ် ထွက်လုပ်ရင်တောင် အိမ်ထောင်မှု မလစ်ဟင်းစေရတဲ့သူမျိုးပါ။ မိန်းမရ ကံကောင်းပါတယ်။
* အကြွင်း ( ၅ ) *
အကြွင်း ( ၅ ) ရခဲ့ရင်တော့ ဆိုရှယ်မမပဲ။ ခေတ်ထက်ကို ရှေးကပြေးနေတဲ့ သူလေ။ ဟော့ေ ရှာ့လို့ပြောရမလား? အလန်းဇယား လို့ပြောရမလား? ( ရုပ်ရှင် ကြော်ငြာဝင်တာ မဟုတ်ပါ ) အတော်ကို စတိုင်မိတဲ့ မလိုင်ခဲမမနော်။ ပြင်ဆင်ထားပုံများကတော့ မားကတ်မှာ အလှပြထားတဲ့ ကော်ပတ်ရုပ်နဲ့နင် လား၊ ငါလားပဲ။ ရည်းစားများတာလား? လာမပြောနဲ့ရှင့်တောင်သနား လို့ယူထားတာနော်။ လွတ်လပ်မှု ကို မြတ်နိုးပြီး ကိုယ်ပိုင်အစွမ်းအစနဲ့နေချင်တဲ့သူ။ သွားများ မပြောမိစေနဲ့ကိုယ့်ကို ပြန် တရားဟောသွား လိမ့်မယ်။ သူ့ကျေးဇူးနဲ့နိုင်ငံခြားလည်းရောက်ဦးမယ်။ ပညာတော်သင်တော့ မဟုတ်ဘူး။ အလုပ်လုပ် ဖို့ အတင်းလွှတ်လိုက်တာ။ ပစ္စည်းဆိုလည်း အကောင်းစားမှသုံးတာ။ အစားအသောက်ဆိုလည်း ထမင်း ချက် ကောင်းကောင်း ခန့်ထားပေးရမယ်။ သူနဲ့အိမ်ထောင်ကျပြီး သူ့ပုံစံ အတိုင်း ကိုယ်ပါမျောပါသွား လို့သူငယ်ချင်းတွေ လမ်းတွေ့ရင်တောင် မမှတ်မိဖြစ်နေလိမ့်မယ်။
* အကြွင်း ( ၆ ) *
အကြွင်း ( ၆ ) ရခဲ့ရင်တော့ မေတ္တာတရား ကြီးမားတဲ့သူပါ။ တယောက်အကြောင်း တယောက်သိတဲ့ သူငယ်ချင်းလို၊ မိတ်ဆွေလိုကနေ အဆင့်တက် သွားမှာပါ။ သူနဲ့အိမ်ထောင်မကျခင် ကိုယ့်မှာရည်းစား ရှိခဲ့တာလည်း သူကသိနှင့်ပြီးသားပါ။ မမျှော်လင့်ပဲ သံယောဇဉ်တွယ်ပြီး ချစ်သွားကြမှာ။ အိမ်ထောင်ကျပြီး သူ့မေတ္တာရိပ်အောက်မှာ အေးအေးချမ်းချမ်းနေရမှာပါ။ ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင် နှစ်ယောက်သား အတူသွား၊ အတူလာ ဖြစ်လာလိမ့်မယ်။ သဘောထားကြီးပြီး အရမ်းချစ်တက်တဲ့ မိန်းကလေးပါ။ နားလည်မှု ရှိပြီး ကိုယ့်ပတ်ဝန်းကျင်နဲ့အဆင်ပြေမဲ့သူပါ။ အိမ်ထောင်ကျပြီးနောက် ကိုယ့်အလုပ်တွေကို ဝိုင်းကူပြီး ကြီးပွားရေး၊ စီးပွားရေးတွေ လုပ်ဖြစ်ပါလိမ့်မယ်။ သင့်အတွက် အရာအားလုံး သူ့လက်သူ့ခြေနဲ့ကိုယ်တိုင် လုပ်ပေးရ မှ ကျေနပ်တဲ့ သူမျိုးပါ။ သင့်ကို သူငယ်ချင်းတွေ ဝိုင်းပြီး အားကျနေလိမ့်မယ်။
* အကြွင်း ( ဝ ) *
အကြွင်း ( ဝ ) ရခဲ့ရင်တော့ တော်တော်လေး ထူးခြားတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ရပါလိမ့်မယ်။ ကိုယ့်ထက် တခုခုကြီးတဲ့ မိန်းကလေးမျိုးနဲ့အိမ်ထောင်ကျလိမ့်မယ်။ ( အသက်တို့ပညာတို့ဂုဏ် တို့ကို ပြောတာနော်... းP ) သဘောမတူတာမျိုး လည်း ဖြစ်တက်ပါတယ်။ ကိုယ့်ပေါ်မှာ အလိုလိုက် လိမ့်မယ်။ အရိပ်တကြည့်ကြည့်နဲ့စိတ်မချဖြစ်တက်တယ်။ သူများ ပစ်သွား မလားဆိုတဲ့ ဆိုးရိမ်စိတ်လေး နဲ့အလှတော့ အတော်ပြင်မဲ့သူပဲ။ ကိုယ့်အပေါ်မှာ မိခင်မေတ္တာမျိုးနဲ့ချစ်လိမ့်မယ်။ ကိုယ်ဆိုးသမျှ အနွံတာ ခံပြီးသူစိတ်အလိုမကျရင်တော့ မျက်ရည်လေး ကလယ်ကလယ်နဲ့ဖြစ်လိမ့်မယ်။ ဘဝမှာ ကြုံတွေ့ရမဲ့ အခက်အခဲတွေကို လက်တွဲမဖြုတ်ပဲ ရင်ဆိုင်ပေးမဲ့သူမျိုးပေါ့။ ခေတ်ပညာတက်ပြီး အစွမ်းအစရှိတဲ့သူ၊ ဆရာလုပ် အမိန့်ပေးနိုင်တဲ့သူပါ။
မြန်မာသက္ကရာဇ်မသိတဲ့ သူငယ်ချင်းတွေအတွက် တွတ်နည်းတခုသင်ပေးလိုက်မယ်။ အင်္ဂလိပ်သက္ကရာဇ်ထဲ က 638 ကိုနုတ်လိုက်ပါ။
ဥပမာ - 1982 မွေးတဲ့သူဆို 638 နုတ်လိုက်ရင် ၁၃၄၄ မြန်မာသက္ကရာဇ်ရပါတယ်။
တခုမှတ်ထားရမှာက မြန်မာသက္ကရာဇ်ကို တန်ခူးလကစတာမို့လို့ ၁လ၊ ၂လ၊ ၃လပိုင်းနဲ့၄လပိုင်း သင်္ကြန် မတိုင်ခင် မွေးတဲ့သူများကတော့ ရတဲ့အဖြေကို ( ၁ ) တိုးယူပါ။ ၁၃၄၄ တို ၁၃၄၃ ပေါ့။ နားလည်မယ်ထင် ပါတယ်။
ပြန်လည်မျှဝေလိုက်ခြင်းဖြစ်ပါသည်။
Credit:Lat Pat Pyo
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top