iMyanmarHouse.com - Best Property Website for Myanmar
×

လူေတြမွာ ခါးနာတာကလည္း အေျပာမ်ားတဲ့ ေဝဒနာတခုပါပဲ။ အေၾကာင္းေတြလည္း အမ်ိဳးမ်ိဳး ရွိၾကပါတယ္။ အဲဒီ ခါးနာတာကို ပိုမဆိုးေအာင္၊ သက္သာေစေအာင္ ရိုးစင္းတဲ့ နည္းလမ္းေလးေတြလည္း ရွိပါတယ္။

မွ်တတဲ့ အစာ

တခ်ိဳ႕ အစားအေသာက္ေတြမွာကိုက ေရာင္ရမ္းနာက်င္မႈ ေပ်ာက္ေစတဲ့ အာနိသင္ရွိၿပီးသားပါ။ ငါးကြမ္းရွပ္၊ တူနာငါး၊ ေဆာ္လ္မြန္ငါး၊ သံလြင္ဆီ၊ ခ်ယ္ရီသီး၊ ပဲပုတ္ေစ့က ထုတ္တဲ့အစားအေသာက္ေတြ၊ အခြံမာသီးရဲ႕ အေစ့ေတြ (သစ္ၾကားသီး၊ ဗန္ဒါသီး လိုမ်ိဳး)၊ လက္ဖက္ရည္ၾကမ္း နဲ႕ ဂ်င္းေတြေပါ့။

တခ်ိဳ႕ အစားအေသာက္ေတြက်ျပန္ေတာ့ နာက်င္မႈ ပိုေစၾကျပန္ပါတယ္။ စည္သြပ္ဗူးေတြ၊ အသင့္စား မုန႔္ေျခာက္ေတြ၊ မာဂ်ရင္း၊ မေကာင္းတဲ့အဆီ (ျပည့္ဝဆီနဲ႕ အသြင္ေျပာင္းဆီေတြ ပါဝင္တဲ့ အစာေတြ)၊ fructose ဆိုတဲ့ သၾကားဓာတ္ အမ်ားႀကီးပါဝင္တဲ့ ေျပာင္းဖူးပါတဲ့ အစားအေသာက္ေတြပါပဲ။ ခ်င့္ခ်ိန္စားေသာက္ဖို႔ သတိထားရမွာပါ။

ေနေရာင္ျခည္

ဗီတာမင္ D ခ်ိဳ႕တဲ့တာလည္း ခါးနာေစပါတယ္။ သဘာဝ အေလ်ာက္ အဲဒီ ဗီတာမင္ ရဖို႔က ေနေရာင္ျခည္နဲ႕ အတန္အသင့္ ထိေတြ႕ေစတာပါ။ အသက္ ၁၅ ႏွစ္ကေန ၅၂ ႏွစ္အၾကား နာတာရွည္ ခါးနာသူ ေတြမွာ ၈၀ ရာခိုင္ႏႈန္းေလာက္က  ဗီတာမင္ D ခ်ိဳ႕တဲ့ၾကတယ္လို႔ဆိုပါတယ္။ ကြၽမ္းက်င္သူေတြကေတာ့ တေန႕မွာ ဗီတာမင္ D – 1000 IU ေလာက္ စားသုံးသင့္တယ္လို႔ ဆိုၾကပါတယ္။

ထိုင္ခုံ

တေန႕တာလုံး ထိုင္ခုံမွာ ထိုင္ အလုပ္လုပ္ေနရသူေတြ အတြက္ ထိုင္ခုံဖြဲ႕စည္းပုံက အေရးႀကီးပါတယ္။ ထိုင္တဲ့ခုံက ပြပြေဖာင္းေဖာင္း ျဖစ္ေနတဲ့အခါ ခါးရိုးေတြကို လိမ္ေနသလိုျဖစ္ၿပီး အာ႐ုံေၾကာေတြ ထိခိုက္ နာက်င္ေစပါတယ္။ အထူးသျဖင့္ တင္ပါးဆုံကေန ေျခဖ်ားအထိ နာက်င္ၿပီး အေၾကာတက္တယ္ ေခၚတာမ်ိဳးျဖစ္ၾကတာေပါ့။ ညီညာၿပီး သက္ေတာင့္သက္သာျဖစ္မယ့္ ထိုင္ခုံေ႐ြးဖို႔ အေရးႀကီးပါတယ္။

အပူနဲ႕ ကုပါ

ခါးနာလာတဲ့ အခါေတြမွာ အေႏြးဓာတ္ေလးနဲ႕ ကုတာက အကိုက္အခဲ ေပ်ာက္ေဆးေတြထက္ အဆင္ေျပတယ္လို႔ ဆိုပါတယ္။ ခါးပတ္လည္မွာ ပူေႏြးတာေလး (ေရေႏြးအိတ္လိုမ်ိဳး) ၈ နာရီေလာက္ အထိ ပတ္ေပးတာ ထိေရာက္တယ္လို႔ ဆိုပါတယ္။ သုေတသန ျပဳခ်က္ေတြအရကိုပဲ ဒါက ခိုင္မာတဲ့ သက္ေသျပခ်က္ေတြ ရွိေနတာပါ။

ေျခေထာက္ အထားအသို

စားပြဲမွာ ကုလားထိုင္နဲ႕ ထိုင္အလုပ္လုပ္ရသူေတြ အဖို႔ ေျခေထာက္ ထားပုံကလည္း စကားေျပာပါတယ္။ေျခေထာက္ ေအာက္မွာ ခုံျဖစ္ေစ၊ တျခား တခုခုျဖစ္ေစ ျမႇင့္ၿပီးထားသင့္တာပါ။ ဒူးေခါင္းက တင္ပါးဆုံထက္ျမင့္တဲ့ အေနအထားမ်ိဳး ထားေပးနိုင္ရင္ ခါးနာ သက္သာတယ္၊ ကာကြယ္ေပးတယ္လို႔ ဆိုပါတယ္။

ခါးနာသူမ်ား စမ္းသပ္ၾကည့္လို႔ အက်ိဳးမဲ့ မျဖစ္နိုင္တဲ့ နည္းလမ္းေတြကို လက္တို႔ လိုက္တာပါ။
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:drmyanmar

#Unicode Version

 လူတွေမှာ ခါးနာတာကလည်း အပြောများတဲ့ ဝေဒနာတခုပါပဲ။ အကြောင်းတွေလည်း အမျိုးမျိုး ရှိကြပါတယ်။ အဲဒီ ခါးနာတာကို ပိုမဆိုးအောင်၊ သက်သာစေအောင် ရိုးစင်းတဲ့ နည်းလမ်းလေးတွေလည်း ရှိပါတယ်။

မျှတတဲ့ အစာ

တချို့ အစားအသောက်တွေမှာကိုက ရောင်ရမ်းနာကျင်မှု ပျောက်စေတဲ့ အာနိသင်ရှိပြီးသားပါ။ ငါးကွမ်းရှပ်၊ တူနာငါး၊ ဆော်လ်မွန်ငါး၊ သံလွင်ဆီ၊ ချယ်ရီသီး၊ ပဲပုတ်စေ့က ထုတ်တဲ့အစားအသောက်တွေ၊ အခွံမာသီးရဲ့ အစေ့တွေ (သစ်ကြားသီး၊ ဗန်ဒါသီး လိုမျိုး)၊ လက်ဖက်ရည်ကြမ်း နဲ့ ဂျင်းတွေပေါ့။

တချို့ အစားအသောက်တွေကျပြန်တော့ နာကျင်မှု ပိုစေကြပြန်ပါတယ်။ စည်သွပ်ဗူးတွေ၊ အသင့်စား မုန့်ခြောက်တွေ၊ မာဂျရင်း၊ မကောင်းတဲ့အဆီ (ပြည့်ဝဆီနဲ့ အသွင်ပြောင်းဆီတွေ ပါဝင်တဲ့ အစာတွေ)၊ fructose ဆိုတဲ့ သကြားဓာတ် အများကြီးပါဝင်တဲ့ ပြောင်းဖူးပါတဲ့ အစားအသောက်တွေပါပဲ။ ချင့်ချိန်စားသောက်ဖို့ သတိထားရမှာပါ။

နေရောင်ခြည်

ဗီတာမင် D ချို့တဲ့တာလည်း ခါးနာစေပါတယ်။ သဘာဝ အလျောက် အဲဒီ ဗီတာမင် ရဖို့က နေရောင်ခြည်နဲ့ အတန်အသင့် ထိတွေ့စေတာပါ။ အသက် ၁၅ နှစ်ကနေ ၅၂ နှစ်အကြား နာတာရှည် ခါးနာသူ တွေမှာ ၈၀ ရာခိုင်နှုန်းလောက်က  ဗီတာမင် D ချို့တဲ့ကြတယ်လို့ဆိုပါတယ်။ ကျွမ်းကျင်သူတွေကတော့ တနေ့မှာ ဗီတာမင် D – 1000 IU လောက် စားသုံးသင့်တယ်လို့ ဆိုကြပါတယ်။

ထိုင်ခုံ

တနေ့တာလုံး ထိုင်ခုံမှာ ထိုင် အလုပ်လုပ်နေရသူတွေ အတွက် ထိုင်ခုံဖွဲ့စည်းပုံက အရေးကြီးပါတယ်။ ထိုင်တဲ့ခုံက ပွပွဖောင်းဖောင်း ဖြစ်နေတဲ့အခါ ခါးရိုးတွေကို လိမ်နေသလိုဖြစ်ပြီး အာရုံကြောတွေ ထိခိုက် နာကျင်စေပါတယ်။ အထူးသဖြင့် တင်ပါးဆုံကနေ ခြေဖျားအထိ နာကျင်ပြီး အကြောတက်တယ် ခေါ်တာမျိုးဖြစ်ကြတာပေါ့။ ညီညာပြီး သက်တောင့်သက်သာဖြစ်မယ့် ထိုင်ခုံရွေးဖို့ အရေးကြီးပါတယ်။

အပူနဲ့ ကုပါ

ခါးနာလာတဲ့ အခါတွေမှာ အနွေးဓာတ်လေးနဲ့ ကုတာက အကိုက်အခဲ ပျောက်ဆေးတွေထက် အဆင်ပြေတယ်လို့ ဆိုပါတယ်။ ခါးပတ်လည်မှာ ပူနွေးတာလေး (ရေနွေးအိတ်လိုမျိုး) ၈ နာရီလောက် အထိ ပတ်ပေးတာ ထိရောက်တယ်လို့ ဆိုပါတယ်။ သုတေသန ပြုချက်တွေအရကိုပဲ ဒါက ခိုင်မာတဲ့ သက်သေပြချက်တွေ ရှိနေတာပါ။

ခြေထောက် အထားအသို

စားပွဲမှာ ကုလားထိုင်နဲ့ ထိုင်အလုပ်လုပ်ရသူတွေ အဖို့ ခြေထောက် ထားပုံကလည်း စကားပြောပါတယ်။ခြေထောက် အောက်မှာ ခုံဖြစ်စေ၊ တခြား တခုခုဖြစ်စေ မြှင့်ပြီးထားသင့်တာပါ။ ဒူးခေါင်းက တင်ပါးဆုံထက်မြင့်တဲ့ အနေအထားမျိုး ထားပေးနိုင်ရင် ခါးနာ သက်သာတယ်၊ ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။

ခါးနာသူများ စမ်းသပ်ကြည့်လို့ အကျိုးမဲ့ မဖြစ်နိုင်တဲ့ နည်းလမ်းတွေကို လက်တို့ လိုက်တာပါ။
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:drmyanmar

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top