iMyanmarHouse.com - Best Property Website for Myanmar
×

ခ်ိဳင္းေခြ်းထြက္တာကို ဘယ္လိုလုပ္ရမလဲတဲ့။ ပ်ိဳေမတို႕ေတြက လွတပတေလးဝတ္ၿပီး hanging out ေနခ်ိန္မွာ အက်ႋီခ်ိဳင္းၾကားမွာ ေခြ်းအကြက္လိုက္နဲ႕ဆို ဘယ္အဆင္ေျပပါ့မလဲေနာ္။
အိုးးး ရွက္စရာ
အဲ့ဒီေတာ့ ခ်ိဳင္းေခြ်းထြက္တာကို သက္သာေပ်ာက္ကင္းေစမယ့္ နည္းလမ္းေလးေတြ ေဖာ္ျပေပးလိုက္ရပါတယ္ေနာ္
ေခြ်းထြက္တာဟာ အစားအေသာက္နဲ႕ဆိုင္သလို အေနအထိုင္အဝတ္အစားနဲ႕လည္းဆိုင္တယ္ေနာ္
ေဆာင္ရန္ေရွာင္ရန္ေလးေတြနဲ႕ ေခြ်းထြက္သက္သာေစမယ့္နည္းေလးေတြ ဖတ္ၾကည့္ၾကဦးစို႕ေနာ္

ေကာ္ဖီအပါအဝင္ hot drinks ေတြကိုေရွာင္ပါ။
ေကာ္ဖီမွာပါတဲ့ ကဖင္းဓာတ္က ေခြ်းထြက္ပိုမ်ားေစသလို အပူေတြေသာက္တဲ့အခါမွာလည္း ေခြ်းထြက္တတ္တာေၾကာင့္ ေလွ်ာ့ေသာက္သင့္ပါတယ္

ေရေအးနဲ႕ပဲ ေရခ်ိဳးပါ
ေရေႏြးနဲ႕ေရခ်ိဳးတာက အေရျပားကို အေထာက္အကူျပဳ bla bla ေတြ ခဏေဘးဖယ္ထားပါ
ေရေအးေအးနဲ႕ေသခ်ာခ်ိဳးေပးျခင္းက ေခြ်းထြက္သက္သာေစပါတယ္

ခရမ္းခ်ဥ္သီးေဖ်ာ္ရည္ေသာက္ပါ
ခရမ္းခ်ဥ္သီးမွာပါတဲ့ ဗီတာမင္ဓာတ္ေတြက ေခြ်းဓာတ္ကိုထိန္းသိမ္းေပးပါတယ္။ တျခားအသီးေဖ်ာ္ရည္ေတြလည္း အလ်ဥ္းသင့္သလို ေသာက္ေပးနိုင္ပါတယ္။

ငရုတ္သီးေရွာင္ပါ
အားလားးလားး စပ္သေလာက္ စားလို႕ေကာင္းတဲ့ နီနီရဲရဲအေတာင့္ေလးေတြကို မႀကိဳက္တဲ့သူက ရွားပါတယ္။
ငရုတ္သီးနဲ႕ တျခားအပူအစပ္ေတြက ေခြ်းထြက္မ်ားေစတာ သတိျပဳေနာ္ အခ်ိဳေတြစားတာမ်ားလြန္းတာလည္း ေခြ်းနံ႕နံ႕ေစတတ္တယ္ေနာ္။

cotton pads ေဆာင္ထားပါ
ခ်ိဳင္းေခြ်းထြက္လာတဲ့အခါ ဂြမ္းခ်ပ္ေလးေတြနဲ႕သုတ္ေပးပါ။ ဒါေလးေတြကိုေတာ့ city mart, ocean တို႕လိုေနရာမ်ိဳးကအစ စတိုးဆိုင္ေလးေတြမွာပါဝယ္လို႕ရပါတယ္ေနာ္။

 ေရမ်ားမ်ားေသာက္ပါ
ေခြ်းထြက္မ်ားရင္ ေရဓာတ္ဆံုးရွံဳးပါတယ္။ ေရဘူးေဆာင္ထားတဲ့အက်င့္ လုပ္ပါ။ အားျဖည့္ဓာတ္ဆားရည္ေသာက္ပါ

fit ျဖစ္လြန္းတာေတြ မဝတ္ပါနဲ႕
ေလဝင္ေလထြက္ေကာင္းၿပီး သက္သာေခ်ာင္ခ်ိလြတ္လပ္ေပါ့ပါးတဲ့ အက်ႋီမ်ိဳးကို ေရြးခ်ယ္ဝတ္ဆင္ပါ ။ သက္ေသာင့္သက္သာျဖစ္မွဳအျပင္ ေနရေကာင္းတာကိုလည္းခံစားမိေစပါတယ္ ။ ခ်ည္ထည္ေတြဝတ္ရင္ ပိုၿပီးေနသာထိုင္သာရွိပါတယ္။
အက်ႋီေတြကိုလည္း starch fluid နဲ႕ ဖ်န္းၿပီး မီးပူတိုက္ေပးပါ အဲ့ဒါက အက်ႋီကို ေတာင့္ေတာင့္တင္းတင္းေလးျဖစ္ေစၿပီး
ခႏၶာကုိယ္မွာ ကပ္္ေနေစျခင္းမွ ကာကြယ္ေပးပါတယ္။ ဘယ္သြားသြား တီရွပ္တစ္ထည္အပိုယူသြားတဲ့အက်င့္ လုပ္ထားပါ

ေဆးလိပ္နဲ႕ အရက္ေရွာင္ပါ
ေခြ်းနံ႕ဆိုးေတြ ထြက္တာရဲ႕ အဓိက တရားခံထဲမွာ ဒင္းတို႕လည္း ပါပါေသးတယ္။

သြားခါနီး လာခါနီး exercise လုပ္ျခင္းကို ေရွာင္ပါ
ေခြ်းတလံုးလံုးမျဖစ္ပါေစနဲ႔ ခ်ိန္းထားတာရွိရင္ ေစာေရာက္ေအာင္ သြားပါ ။ အခ်ိန္မီ/ ေနာက္က်တာမ်ိဳးဆိုရင္ ေခြ်းအရမ္းထြက္ပါမယ္ ။
ခ်ိဳင္းေခြ်းနံ႕ဆိုးေတြေပ်ာက္ခ်င္ရင္ ခ်ိဳင္းကို ေရခဲတံုး/ သံပုရာသီးတို႕နဲ႕ ပြတ္ေပးနိုင္ပါတယ္။
ခ်ိဳင္းေမႊးပံုမွန္ရိတ္ပါ
မုန္႕ဖုတ္ေဆာ္ဒါကို ေက်ာက္ခ်ဥ္ေရစိမ္ထားတာနဲ႕ ေဖ်ာ္ၿပီးလည္း တစ္ေန႕ႏွစ္ခါလိမ္းေပးပါ။ နာရီဝက္ခန္႕ထားၿပီး ေရေဆးခ်ပါ။
တခ်ိဳ႕ ေခြ်းနံ႕ေပ်ာက္ေဆးေတြက ကုိယ္နဲ႕မတည့္ရင္ ေခြ်းပိုထြက္တတ္တာကို သတိျပဳပါ။ ခႏၶာကုိယ္ကို သက္သက္သာသာနဲ႕ ေအးေအးလူလူျဖစ္ေအာင္ေနပါ ။ အိမ္ေနရင္းလည္း baby powder လူးထားေပးနိုင္ပါတယ္။

Credit : ForHer Myanmar
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ချိုင်းချွေးထွက်တာကို ဘယ်လိုလုပ်ရမလဲတဲ့။ ပျိုမေတို့တွေက လှတပတလေးဝတ်ပြီး hanging out နေချိန်မှာ အကျႋီချိုင်းကြားမှာ ချွေးအကွက်လိုက်နဲ့ဆို ဘယ်အဆင်ပြေပါ့မလဲနော်။
အိုးးး ရှက်စရာ
အဲ့ဒီတော့ ချိုင်းချွေးထွက်တာကို သက်သာပျောက်ကင်းစေမယ့် နည်းလမ်းလေးတွေ ဖော်ပြပေးလိုက်ရပါတယ်နော်
ချွေးထွက်တာဟာ အစားအသောက်နဲ့ဆိုင်သလို အနေအထိုင်အဝတ်အစားနဲ့လည်းဆိုင်တယ်နော်
ဆောင်ရန်ရှောင်ရန်လေးတွေနဲ့ ချွေးထွက်သက်သာစေမယ့်နည်းလေးတွေ ဖတ်ကြည့်ကြဦးစို့နော်

ကော်ဖီအပါအဝင် hot drinks တွေကိုရှောင်ပါ။
ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်က ချွေးထွက်ပိုများစေသလို အပူတွေသောက်တဲ့အခါမှာလည်း ချွေးထွက်တတ်တာကြောင့် လျှော့သောက်သင့်ပါတယ်

ရေအေးနဲ့ပဲ ရေချိုးပါ
ရေနွေးနဲ့ရေချိုးတာက အရေပြားကို အထောက်အကူပြု bla bla တွေ ခဏဘေးဖယ်ထားပါ
ရေအေးအေးနဲ့သေချာချိုးပေးခြင်းက ချွေးထွက်သက်သာစေပါတယ်

ခရမ်းချဉ်သီးဖျော်ရည်သောက်ပါ
ခရမ်းချဉ်သီးမှာပါတဲ့ ဗီတာမင်ဓာတ်တွေက ချွေးဓာတ်ကိုထိန်းသိမ်းပေးပါတယ်။ တခြားအသီးဖျော်ရည်တွေလည်း အလျဉ်းသင့်သလို သောက်ပေးနိုင်ပါတယ်။

ငရုတ်သီးရှောင်ပါ
အားလားးလားး စပ်သလောက် စားလို့ကောင်းတဲ့ နီနီရဲရဲအတောင့်လေးတွေကို မကြိုက်တဲ့သူက ရှားပါတယ်။
ငရုတ်သီးနဲ့ တခြားအပူအစပ်တွေက ချွေးထွက်များစေတာ သတိပြုနော် အချိုတွေစားတာများလွန်းတာလည်း ချွေးနံ့နံ့စေတတ်တယ်နော်။

cotton pads ဆောင်ထားပါ
ချိုင်းချွေးထွက်လာတဲ့အခါ ဂွမ်းချပ်လေးတွေနဲ့သုတ်ပေးပါ။ ဒါလေးတွေကိုတော့ city mart, ocean တို့လိုနေရာမျိုးကအစ စတိုးဆိုင်လေးတွေမှာပါဝယ်လို့ရပါတယ်နော်။

 ရေများများသောက်ပါ
ချွေးထွက်များရင် ရေဓာတ်ဆုံးရှုံးပါတယ်။ ရေဘူးဆောင်ထားတဲ့အကျင့် လုပ်ပါ။ အားဖြည့်ဓာတ်ဆားရည်သောက်ပါ

fit ဖြစ်လွန်းတာတွေ မဝတ်ပါနဲ့
လေဝင်လေထွက်ကောင်းပြီး သက်သာချောင်ချိလွတ်လပ်ပေါ့ပါးတဲ့ အကျႋီမျိုးကို ရွေးချယ်ဝတ်ဆင်ပါ ။ သက်သောင့်သက်သာဖြစ်မှုအပြင် နေရကောင်းတာကိုလည်းခံစားမိစေပါတယ် ။ ချည်ထည်တွေဝတ်ရင် ပိုပြီးနေသာထိုင်သာရှိပါတယ်။
အကျႋီတွေကိုလည်း starch fluid နဲ့ ဖျန်းပြီး မီးပူတိုက်ပေးပါ အဲ့ဒါက အကျႋီကို တောင့်တောင့်တင်းတင်းလေးဖြစ်စေပြီး
ခန္ဓာကိုယ်မှာ ကပ်နေစေခြင်းမှ ကာကွယ်ပေးပါတယ်။ ဘယ်သွားသွား တီရှပ်တစ်ထည်အပိုယူသွားတဲ့အကျင့် လုပ်ထားပါ

ဆေးလိပ်နဲ့ အရက်ရှောင်ပါ
ချွေးနံ့ဆိုးတွေ ထွက်တာရဲ့ အဓိက တရားခံထဲမှာ ဒင်းတို့လည်း ပါပါသေးတယ်။

သွားခါနီး လာခါနီး exercise လုပ်ခြင်းကို ရှောင်ပါ
ချွေးတလုံးလုံးမဖြစ်ပါစေနဲ့ ချိန်းထားတာရှိရင် စောရောက်အောင် သွားပါ ။ အချိန်မီ/ နောက်ကျတာမျိုးဆိုရင် ချွေးအရမ်းထွက်ပါမယ် ။
ချိုင်းချွေးနံ့ဆိုးတွေပျောက်ချင်ရင် ချိုင်းကို ရေခဲတုံး/ သံပုရာသီးတို့နဲ့ ပွတ်ပေးနိုင်ပါတယ်။
ချိုင်းမွှေးပုံမှန်ရိတ်ပါ
မုန့်ဖုတ်ဆော်ဒါကို ကျောက်ချဉ်ရေစိမ်ထားတာနဲ့ ဖျော်ပြီးလည်း တစ်နေ့နှစ်ခါလိမ်းပေးပါ။ နာရီဝက်ခန့်ထားပြီး ရေဆေးချပါ။
တချို့ ချွေးနံ့ပျောက်ဆေးတွေက ကိုယ်နဲ့မတည့်ရင် ချွေးပိုထွက်တတ်တာကို သတိပြုပါ။ ခန္ဓာကိုယ်ကို သက်သက်သာသာနဲ့ အေးအေးလူလူဖြစ်အောင်နေပါ ။ အိမ်နေရင်းလည်း baby powder လူးထားပေးနိုင်ပါတယ်။



Credit : ForHer Myanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top