iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူရည္းစားမွ လမ္းခြဲရတာ မဟုတ္ပါဘူး။ တစ္ခ်ိဳ႕တစ္ခ်ိဳ႕ေသာ သူငယ္ခ်င္းေတြကိုလည္း ကိုယ့္ဘ၀ထဲက ထုတ္ပယ္သင့္ ထုတ္ပယ္ရပါလိမ့္မယ္။ ကိုယ့္အေပၚ အျမဲ အႏိုင္က်င့္တဲ့သူငယ္ခ်င္းမ်ိဳး၊ စိတ္ဓာတ္ပ်က္ျပားေစတဲ့၊ စိတ္ဓာတ္က်ေစတဲ့ သူငယ္ခ်င္းမ်ိဳးေတြဆိုတာ မေပါင္းသင့္ အေပါင္းအပ္တဲ့ သူမ်ိဳးေတြပါ။ ကဲ ခုေျပာျပေပးထားတဲ့ သူငယ္ခ်င္းအမ်ိဳးအစား (၁၀)မ်ိဳးထဲမွာ သင္ေပါင္းေနတဲ့ သူငယ္ခ်င္းေတြကေရာ ဘယ္နံပါတ္မွာ ပါေနသလဲ၊ ဒါမွမဟုတ္ နံပါတ္ (၁၀)ခုစလံုးမွာ သင့္သူငယ္ခ်င္းေတြ လံုး၀မပါဘူးလားဆုိတာ ၾကည့္ရေအာင္။

၁။အျမဲအျပစ္ရွာေျပာဆုိေနတတ္တဲ့သူ

ဘယ္အရာကိုမဆုိ မေက်မနပ္နဲ႕ အျပစ္ရွာေျပာဆုိေ၀ဖန္ေနတတ္တဲ့ သူငယ္ခ်င္းမ်ိဳးရွိရင္ အျမန္ဆံုးလမ္းခြဲလိုက္တာ ေကာင္းပါလိမ့္မယ္။ မဟုတ္ရင္ ကိုယ္ပါ အဲ့ဒီအက်င့္ၾကီးကူးစက္ျပီး သူ႕လိုျဖစ္သြားႏိုင္တာေၾကာင့္ပါ။

၂။အၾကံေပးႏိုင္လြန္းသူ

အားေန အၾကံေပးေနတဲ့သူက်ေတာ့လည္း စိတ္ပ်က္စရာေကာင္းတာပါပဲ။ ကိုယ္ကမေမးပဲ၊ မေတာင္းပဲ အတင္းႀကီး အၾကံလိုက္ေပးေနတဲ့ သူမ်ိဳးဆုိရင္ ေ၀းေ၀းကသာ ေရွာင္လိုက္ပါေတာ့။

၃။ကိုယ့္အတြက္ခ်ည္းပဲ ကိုယ္ၾကည့္တတ္လြန္းသူ

လူဆိုတာ ကိုယ့္အက်ိဳး ကိုယ္ၾကည့္တတ္သူေတြပါ။ ဒါေပမယ့္ သူကေတာ့ သူငယ္ခ်င္းသာဆုိတယ္။ ေဘးလူေတြကို တစ္ခ်က္မွ ဂရုမစိုက္ပဲ လိုမွသာ လာေပါင္းျပီး သူအဆင္ေျပေနရင္ျပီးေရာ ဆိုတဲ့စိတ္ဓာတ္မ်ိဳး ပိုင္ဆိုင္ထားတတ္သူေတြေပါ့။

၄။တစ္ပံုစံတည္း လိုက္ကူးခ်ေနတတ္သူ

သူငယ္ခ်င္းေတြမို႕ ဆင္တူလုပ္ေဆာင္တတ္တာမ်ိဳးေတြ ရွိပါတယ္။ သူကေတာ့ ဆင္တူလုပ္လုပ္မလုပ္လုပ္ ကိုယ့္ပံုစံအတုိင္း လိုက္ခိုးခ်၀တ္ဆင္တတ္သလို ကိုယ္လုပ္တဲ့ပံုစံ၊ ကုိယ္ေနထုိင္တဲ့ပံုစံေတြသာမက ကိုယ္ေရြးခ်ယ္တဲ့ အရာရာတုိင္းကို သူ႔ပံုစံလိုက္လုပ္ပစ္တတ္သူမ်ိဳး ျဖစ္ေနရင္လည္း ဒီလိုလူမ်ိဳး အာရံုေနာက္ခံျပီး မေပါင္းသင့္ပါဘူး။

၅။ကတိခဏခဏဖ်က္တတ္သူ

သူငယ္ခ်င္းေတြနဲ႕ ဘာလုပ္မယ္ဆိုျပီး ဘယ္သြားမယ္ဆုိျပီး ခ်ိန္းဆိုတိုင္း ေရာက္မလာတတ္သူ၊ အေရးႀကီးကိစၥေတြလုပ္မယ့္အခ်ိန္တုိင္း ကတိဖ်က္တတ္သူဆုိရင္ေတာ့ ဒီလို သူငယ္ခ်င္းမ်ိဳးကိုလည္း လမ္းခြဲလိုက္တာ အေကာင္းဆံုးပါပဲ။

၆။မူးယစ္ေဆး၀ါး စြဲေနသူ

လူငယ္ေတြမုိ႕လို႕ မူးယစ္ေဆး၀ါးကို စမ္းသပ္ဖူးတာမွန္ေပမယ့္ အခ်ိန္တုိင္း ဒါေတြနဲ႕ခ်ည္း အခ်ိန္ကုန္ဆံုးေနတဲ့ သူငယ္ခ်င္းနဲ႕ေတာ့ မေပါင္းသင့္တာ အမွန္ပါပဲ။

၇။လိုက္ျပိဳင္ဆိုင္ေနတတ္သူ

သူငယ္ခ်င္းဆုိတာ တစ္ေယာက္ေအာင္ျမင္တာ တစ္ေယာက္က၀မ္းသာ၊ တစ္ေယာက္အဆင္ေျပတာ တစ္ေယာက္က ေပ်ာ္ရႊင္ႀကည္ႏူးေပးရမွာပါ။ ဒါကို မနာလို မရႈစိတ္နဲ႕ လုိက္ျပိဳင္ေနမယ္၊ တစ္ဖက္လူ ေအာင္ျမင္တာကို ေဒါသထြက္ေနတာမ်ိဳးဟာ သူငယ္ခ်င္းေကာင္း ျဖစ္ပါ့မလား။

၈။သာေပါင္းညာစား

ဒီစကားကိုေတာ့ အထူးရွင္းေနစရာ မလုိေတာ့ပါဘူး။ သင္အဆင္ေျပ ေအာင္ျမင္ေနခ်ိန္ သင့္နားရွိေနတတ္တဲ့သူဟာ သင္ဒုကၡေရာက္ေနခ်ိန္မွာေတာ့ သင့္ေဘးကေန ေပ်ာက္ခ်င္းမလွ ေပ်ာက္သြားပါလိမ့္မယ္။ ဒီလိုလူမ်ိဳးဆိုတာ ကေတာ့ မေပါင္းသင့္ဘူလုိ႕ ေျပာေနစရာကို မလိုေတာ့ပါဘူး။

၉။အႏိုင္က်င့္ဗိုလ္က်တတ္သူ

သူငယ္ခ်င္းအဖြဲ႕ေတြထဲမွာ ကိုယ့္အေပၚ အႏုိင္က်င့္ျပီး ဗိုလ္က်တတ္သူပါတယ္ဆုိရင္ သူ႔ကို သူငယ္ခ်င္းစာရင္းကေန ထုတ္ပစ္လိုက္တာ အေကာင္းဆံုးပါပဲ။

၁၀။ ဟိုစကားဒီပုိ႕ ဒီစကားဟိုပို႕လုပ္တတ္သူ

သူငယ္ခ်င္းေတြထဲမွာ ဒီဘက္မွာေျပာတဲ့စကားေတြကို ဟိုဘက္ကိုတစ္မ်ိဳး ျပန္ေျပာ၊ ဟိုဘက္က စကားေတြကို ဒီဘက္တစ္မ်ိဳး ျပန္ပို႕တတ္တဲ့လူေတြ ရွိတတ္ပါတယ္။ ဒီလိုလူမ်ိဳးေတြဟာ တကယ့္ကို အႏၱရာယ္ႀကီးပါတယ္။ သူတစ္ေယာက္ေၾကာင့္ သူငယ္ခ်င္းေတြအားလံုး စိတ္၀မ္းကြဲႏိုင္တယ္ဆုိတာ သိရင္ ဒီလိုလူမ်ိဳး မေပါင္းပဲ လမ္းခြဲလိုက္ပါေတာ့။

 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : trend myanmar

#Unicode Version

ချစ်သူရည်းစားမှ လမ်းခွဲရတာ မဟုတ်ပါဘူး။ တစ်ချို့တစ်ချို့သော သူငယ်ချင်းတွေကိုလည်း ကိုယ့်ဘဝထဲက ထုတ်ပယ်သင့် ထုတ်ပယ်ရပါလိမ့်မယ်။ ကိုယ့်အပေါ် အမြဲ အနိုင်ကျင့်တဲ့သူငယ်ချင်းမျိုး၊ စိတ်ဓာတ်ပျက်ပြားစေတဲ့၊ စိတ်ဓာတ်ကျစေတဲ့ သူငယ်ချင်းမျိုးတွေဆိုတာ မပေါင်းသင့် အပေါင်းအပ်တဲ့ သူမျိုးတွေပါ။ ကဲ ခုပြောပြပေးထားတဲ့ သူငယ်ချင်းအမျိုးအစား (၁၀)မျိုးထဲမှာ သင်ပေါင်းနေတဲ့ သူငယ်ချင်းတွေကရော ဘယ်နံပါတ်မှာ ပါနေသလဲ၊ ဒါမှမဟုတ် နံပါတ် (၁၀)ခုစလုံးမှာ သင့်သူငယ်ချင်းတွေ လုံးဝမပါဘူးလားဆိုတာ ကြည့်ရအောင်။

၁။အမြဲအပြစ်ရှာပြောဆိုနေတတ်တဲ့သူ

ဘယ်အရာကိုမဆို မကျေမနပ်နဲ့ အပြစ်ရှာပြောဆိုဝေဖန်နေတတ်တဲ့ သူငယ်ချင်းမျိုးရှိရင် အမြန်ဆုံးလမ်းခွဲလိုက်တာ ကောင်းပါလိမ့်မယ်။ မဟုတ်ရင် ကိုယ်ပါ အဲ့ဒီအကျင့်ကြီးကူးစက်ပြီး သူ့လိုဖြစ်သွားနိုင်တာကြောင့်ပါ။

၂။အကြံပေးနိုင်လွန်းသူ

အားနေ အကြံပေးနေတဲ့သူကျတော့လည်း စိတ်ပျက်စရာကောင်းတာပါပဲ။ ကိုယ်ကမမေးပဲ၊ မတောင်းပဲ အတင်းကြီး အကြံလိုက်ပေးနေတဲ့ သူမျိုးဆိုရင် ဝေးဝေးကသာ ရှောင်လိုက်ပါတော့။

၃။ကိုယ့်အတွက်ချည်းပဲ ကိုယ်ကြည့်တတ်လွန်းသူ

လူဆိုတာ ကိုယ့်အကျိုး ကိုယ်ကြည့်တတ်သူတွေပါ။ ဒါပေမယ့် သူကတော့ သူငယ်ချင်းသာဆိုတယ်။ ဘေးလူတွေကို တစ်ချက်မှ ဂရုမစိုက်ပဲ လိုမှသာ လာပေါင်းပြီး သူအဆင်ပြေနေရင်ပြီးရော ဆိုတဲ့စိတ်ဓာတ်မျိုး ပိုင်ဆိုင်ထားတတ်သူတွေပေါ့။

၄။တစ်ပုံစံတည်း လိုက်ကူးချနေတတ်သူ

သူငယ်ချင်းတွေမို့ ဆင်တူလုပ်ဆောင်တတ်တာမျိုးတွေ ရှိပါတယ်။ သူကတော့ ဆင်တူလုပ်လုပ်မလုပ်လုပ် ကိုယ့်ပုံစံအတိုင်း လိုက်ခိုးချဝတ်ဆင်တတ်သလို ကိုယ်လုပ်တဲ့ပုံစံ၊ ကိုယ်နေထိုင်တဲ့ပုံစံတွေသာမက ကိုယ်ရွေးချယ်တဲ့ အရာရာတိုင်းကို သူ့ပုံစံလိုက်လုပ်ပစ်တတ်သူမျိုး ဖြစ်နေရင်လည်း ဒီလိုလူမျိုး အာရုံနောက်ခံပြီး မပေါင်းသင့်ပါဘူး။

၅။ကတိခဏခဏဖျက်တတ်သူ

သူငယ်ချင်းတွေနဲ့ ဘာလုပ်မယ်ဆိုပြီး ဘယ်သွားမယ်ဆိုပြီး ချိန်းဆိုတိုင်း ရောက်မလာတတ်သူ၊ အရေးကြီးကိစ္စတွေလုပ်မယ့်အချိန်တိုင်း ကတိဖျက်တတ်သူဆိုရင်တော့ ဒီလို သူငယ်ချင်းမျိုးကိုလည်း လမ်းခွဲလိုက်တာ အကောင်းဆုံးပါပဲ။

၆။မူးယစ်ဆေးဝါး စွဲနေသူ

လူငယ်တွေမို့လို့ မူးယစ်ဆေးဝါးကို စမ်းသပ်ဖူးတာမှန်ပေမယ့် အချိန်တိုင်း ဒါတွေနဲ့ချည်း အချိန်ကုန်ဆုံးနေတဲ့ သူငယ်ချင်းနဲ့တော့ မပေါင်းသင့်တာ အမှန်ပါပဲ။

၇။လိုက်ပြိုင်ဆိုင်နေတတ်သူ

သူငယ်ချင်းဆိုတာ တစ်ယောက်အောင်မြင်တာ တစ်ယောက်ကဝမ်းသာ၊ တစ်ယောက်အဆင်ပြေတာ တစ်ယောက်က ပျော်ရွှင်ကြည်နူးပေးရမှာပါ။ ဒါကို မနာလို မရှုစိတ်နဲ့ လိုက်ပြိုင်နေမယ်၊ တစ်ဖက်လူ အောင်မြင်တာကို ဒေါသထွက်နေတာမျိုးဟာ သူငယ်ချင်းကောင်း ဖြစ်ပါ့မလား။

၈။သာပေါင်းညာစား

ဒီစကားကိုတော့ အထူးရှင်းနေစရာ မလိုတော့ပါဘူး။ သင်အဆင်ပြေ အောင်မြင်နေချိန် သင့်နားရှိနေတတ်တဲ့သူဟာ သင်ဒုက္ခရောက်နေချိန်မှာတော့ သင့်ဘေးကနေ ပျောက်ချင်းမလှ ပျောက်သွားပါလိမ့်မယ်။ ဒီလိုလူမျိုးဆိုတာ ကတော့ မပေါင်းသင့်ဘူလို့ ပြောနေစရာကို မလိုတော့ပါဘူး။

၉။အနိုင်ကျင့်ဗိုလ်ကျတတ်သူ

သူငယ်ချင်းအဖွဲ့တွေထဲမှာ ကိုယ့်အပေါ် အနိုင်ကျင့်ပြီး ဗိုလ်ကျတတ်သူပါတယ်ဆိုရင် သူ့ကို သူငယ်ချင်းစာရင်းကနေ ထုတ်ပစ်လိုက်တာ အကောင်းဆုံးပါပဲ။

၁၀။ ဟိုစကားဒီပို့ ဒီစကားဟိုပို့လုပ်တတ်သူ

သူငယ်ချင်းတွေထဲမှာ ဒီဘက်မှာပြောတဲ့စကားတွေကို ဟိုဘက်ကိုတစ်မျိုး ပြန်ပြော၊ ဟိုဘက်က စကားတွေကို ဒီဘက်တစ်မျိုး ပြန်ပို့တတ်တဲ့လူတွေ ရှိတတ်ပါတယ်။ ဒီလိုလူမျိုးတွေဟာ တကယ့်ကို အန္တရာယ်ကြီးပါတယ်။ သူတစ်ယောက်ကြောင့် သူငယ်ချင်းတွေအားလုံး စိတ်ဝမ်းကွဲနိုင်တယ်ဆိုတာ သိရင် ဒီလိုလူမျိုး မပေါင်းပဲ လမ်းခွဲလိုက်ပါတော့။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit : trend myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top