iMyanmarHouse.com - Best Property Website for Myanmar
×

အပူပိုင္း ေဒသမ်ား တြင္ ေပါက္ေရာက္ သည္။ သဘာ၀ အေလ်ာက္ အေလ့က် ေပါက္ေရာက္ သည္။ ေဆးဖက္ ၀င္ အျဖစ္လည္း ပန္းအိုး မ်ား ျဖင့္ ေသာ္လည္း ေကာင္း ၊ ေျမတြင္ ခ်၍ ေသာ္ လည္း ေကာင္း ျပဳစု စိုက္ပ်ိဳး ထား ႏိုင္သည္။အရည္ရႊမ္းေသာ ႏွစ္ရွည္ခံ ပင္ေပ်ာ့မ်ိဳး ျဖစ္သည္။ အရည္ရႊမ္းေသာ အပင္ရင္းမွ စုၿပံဳ၍ ျဖာထြက္သည္။ အေပၚ မ်က္ႏွာျပင္သည္ အနည္းငယ္ ခြက္သည္။ ရြက္ထိပ္ခၽြန္၍ ရြက္နားတြင္ ဆူးကေလးမ်ား ရွိသည္။

♥ အပင္

အရည္ ရႊမ္းေသာ ပင္ေပ်ာ့ ပင္ငယ္ မ်ိဳး ျဖစ္၍ အျမင့္ ၁ ေပ မွ ၁၁/၂ ေပ ထိ ျမင့္၏ ။ ပင္စည္လံုး သတ္သတ္ မရွိဘဲ အပင္ရင္း မွ အရြက္မ်ား ၅ ခု ၆ ခု ျဖာ လ်က္ ထြက္သည္။

♥ အရြက္

အေပၚ အခြံ အစိမ္းႏုေရာင္ ရွိၿပီး အတြင္း၌ ေက်ာက္ေက်ာ ကဲ့သို႔ ပ်စ္ခၽြဲ ေသာ အရည္အသား မ်ား ျပည့္လ်က္ ရွိသည္။ အလ်ား ႏွစ္ေတာင္ မွ် ရွည္၍ အနံ ေလးလက္မ ၊ အထူ ၁ လက္မ ၂ လက္မ ထိ ထူ၏ ။ ရြက္နား ပတ္လည္ ဆူးကေလး မ်ား ျခား ၍ ရွိသည္။


♥ အပြင့္

၃-၄ ႏွစ္သား အရြယ္ ရွိေသာ အပင္တြင္ ရွည္လ်ား ေသာ ပန္းခိုင္ ထြက္လာၿပီး နီ၀ါေရာင္ ပန္းပြင့္ ေလးမ်ား ပန္းခိုင္ ထိပ္တြင္ စုၿပံဳ ပြင့္၏ ။ 

► အသံုးဝင္ပံု

အရြက္။

♥ အာနိသင္

ျမန္မာ ေဆးက်မ္းမ်ား အလိုအရ ရွားေစာင္းလက္ပက္ သည္ ေအး ခါး ေသာ အရသာ ရွိၿပီး ေလကို ႏိုင္၏။ အားကို ျဖစ္ေစေသာ အစြမ္း သတၱိ ရွိသည္။

►  အရြက္အသံုးျပဳပံု

၁။ ရွားေစာင္း လက္ပက္သည္ မီးယပ္ ေဆးအျဖစ္ အလြန္ ထင္ရွား ၏ ။ ရွားေစာင္း လက္ပပ္ အတြင္း သားကို ေပါက္ပင္ ပဥၥငါးပါး မီးရႈိ႕ ၍ ရေသာ ျပာကို ခ်က္သည့္ ဆားအနည္းငယ္ ျဖဴးစားေသာ္ မီးယပ္ေသြး စင္ၾကယ္ စြာဆင္း၏။
၂။ရွားေစာင္း လက္ပက္သည္ အနာ စိမ္း ၊ ဖ်ဥ္းစြဲ ေရာဂါ ၊ အသည္း ေရာဂါ ၊ အေရျပား ေရာဂါ ၊ အဖ်ား ေရာဂါ ၊ ပန္းနာ ၊ ႏူနာ ၊ ကိုယ္ေရ၀ါ ေရာဂါ ၊ ဆီး၌ ေက်ာက္တည္ ေသာ ေရာဂါမ်ား ကို အလြန္ ႏိုင္နင္းေသာ ေဆးပင္ ျဖစ္သည္။
၃။ ရွားေစာင္း လက္ပက္ သည္ လိမ္းေဆး အျဖစ္ႏွင့္ လည္းေကာင္း အလြန္ စြမ္းရည္ ရွိေသာ ေဆးပင္ ျဖစ္၍ ၎ ၏ အတြင္း သားကို ၀မ္းဗိုက္ ကပ္၍ အံုေပး ပါက ေသြးလံုး ေလလံုး မ်ားကို ျပင္ပသို႔ ထုတ္ေဆာင္ ႏုိင္၏ ။
၄။ရွားေစာင္း လက္ပက္ ၏ အတြင္းသား ျဖင့္ မ်က္စိ ကို အံုေပး ပါက မ်က္စိနာ ျခင္း ၊ ကိုက္ျခင္း ၊ ပူစပ္ျခင္း ေပ်ာက္၏ ။
၅။ရွားေစာင္း လက္ပက္ အတြင္းသား ကို အရည္ၫွစ္ ၿပီး မီးေႏြး ေႏြး ျပဳ၍ နားတြင္းသို႔ ခတ္ေပး က နားကိုက္ နားနာ လ်င္ျမန္စြာ ေပ်ာက္ကင္း ၏။
၆။ ေျခလက္ တို႔တြင္ ေပါက္ေသာ အက်ိတ္နာ ေသြးစု နာ မ်ား ေပၚတြင္ ရွားေစာင္း လက္ပပ္ကို စည္းေပး ထားပါက အက်ိတ္ေၾက ၍ ျပည္ေပါက္ ျမန္ၿပီး ငန္းမန္း က်ေစသည္။
၇။ ကိုယ္ေရ၀ါ (Jaundice) ေရာဂါ ရွိသူ မ်ား အရြက္သား ကို စားပါက ဆီး၀မ္းသက္ ၿပီး ေရာဂါ လည္း ေပ်ာက္၏။
၈။ အရြက္ အတြင္းသား ကို အေပၚမွ နႏြင္း မႈန္႔ ျဖဴး၍ မ်က္စိ တြင္ အံုေပးလွ်င္ မ်က္စိနာ ျခင္း ၊ ကိုက္ျခင္း ၊ ပူစပ္ျခင္း မ်ား ေပ်ာက္ကင္း၏။
၉။ အတြင္းသား ကို လက္ခ်ား မီးေဖာက္ အမႈန္႔ အနည္းငယ္ ျဖဴး၍ စားလွ်င္ ေရဖ်ဥ္း ေရာဂါ ေပ်ာက္ကင္း ၏။
၁၀။ ရွားေစာင္း လက္ပက္ အႏွစ္ကို ျခစ္ယူ၍ ဆန္ေဆး ရည္တြင္ စိမ္ၿပီး လွ်င္ သၾကား ထည့္ေသာက္ ပါက ဆီးပူ၊ ဆီးေအာင့္ ၊ ဆီးထုိးျခင္း ေပ်ာက္ကင္း သည္။

ျမန္မာ႔ေဆးဖက္ဝင္အပင္မ်ား

♥ မည္သူမဆိုလြတ္လပ္စြာကူးယူေဖၚျပႏိုင္ပါသည္။ ♥
♥ က်န္းမာေရးဗဟုသုတတိုးပြါးေစရန္ Like,share, ,Credit ေပးျခင္းျဖင့္လည္းကူညီႏိုင္ပါသည္။ ♥

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit : thithtoolwin

#Unicode Version

အပူပိုင်း ဒေသများ တွင် ပေါက်ရောက် သည်။ သဘာ၀ အလျောက် အလေ့ကျ ပေါက်ရောက် သည်။ ဆေးဖက် ဝင် အဖြစ်လည်း ပန်းအိုး များ ဖြင့် သော်လည်း ကောင်း ၊ မြေတွင် ချ၍ သော် လည်း ကောင်း ပြုစု စိုက်ပျိုး ထား နိုင်သည်။အရည်ရွှမ်းသော နှစ်ရှည်ခံ ပင်ပျော့မျိုး ဖြစ်သည်။ အရည်ရွှမ်းသော အပင်ရင်းမှ စုပြုံ၍ ဖြာထွက်သည်။ အပေါ် မျက်နှာပြင်သည် အနည်းငယ် ခွက်သည်။ ရွက်ထိပ်ချွန်၍ ရွက်နားတွင် ဆူးကလေးများ ရှိသည်။

♥ အပင်

အရည် ရွှမ်းသော ပင်ပျော့ ပင်ငယ် မျိုး ဖြစ်၍ အမြင့် ၁ ပေ မှ ၁၁/၂ ပေ ထိ မြင့်၏ ။ ပင်စည်လုံး သတ်သတ် မရှိဘဲ အပင်ရင်း မှ အရွက်များ ၅ ခု ၆ ခု ဖြာ လျက် ထွက်သည်။

♥ အရွက်

အပေါ် အခွံ အစိမ်းနုရောင် ရှိပြီး အတွင်း၌ ကျောက်ကျော ကဲ့သို့ ပျစ်ချွဲ သော အရည်အသား များ ပြည့်လျက် ရှိသည်။ အလျား နှစ်တောင် မျှ ရှည်၍ အနံ လေးလက်မ ၊ အထူ ၁ လက်မ ၂ လက်မ ထိ ထူ၏ ။ ရွက်နား ပတ်လည် ဆူးကလေး များ ခြား ၍ ရှိသည်။


♥ အပွင့်

၃-၄ နှစ်သား အရွယ် ရှိသော အပင်တွင် ရှည်လျား သော ပန်းခိုင် ထွက်လာပြီး နီဝါရောင် ပန်းပွင့် လေးများ ပန်းခိုင် ထိပ်တွင် စုပြုံ ပွင့်၏ ။

► အသုံးဝင်ပုံ

အရွက်။

♥ အာနိသင်

မြန်မာ ဆေးကျမ်းများ အလိုအရ ရှားစောင်းလက်ပက် သည် အေး ခါး သော အရသာ ရှိပြီး လေကို နိုင်၏။ အားကို ဖြစ်စေသော အစွမ်း သတ္တိ ရှိသည်။

►  အရွက်အသုံးပြုပုံ

၁။ ရှားစောင်း လက်ပက်သည် မီးယပ် ဆေးအဖြစ် အလွန် ထင်ရှား ၏ ။ ရှားစောင်း လက်ပပ် အတွင်း သားကို ပေါက်ပင် ပဉ္စငါးပါး မီးရှို့ ၍ ရသော ပြာကို ချက်သည့် ဆားအနည်းငယ် ဖြူးစားသော် မီးယပ်သွေး စင်ကြယ် စွာဆင်း၏။
၂။ရှားစောင်း လက်ပက်သည် အနာ စိမ်း ၊ ဖျဉ်းစွဲ ရောဂါ ၊ အသည်း ရောဂါ ၊ အရေပြား ရောဂါ ၊ အဖျား ရောဂါ ၊ ပန်းနာ ၊ နူနာ ၊ ကိုယ်ရေဝါ ရောဂါ ၊ ဆီး၌ ကျောက်တည် သော ရောဂါများ ကို အလွန် နိုင်နင်းသော ဆေးပင် ဖြစ်သည်။
၃။ ရှားစောင်း လက်ပက် သည် လိမ်းဆေး အဖြစ်နှင့် လည်းကောင်း အလွန် စွမ်းရည် ရှိသော ဆေးပင် ဖြစ်၍ ၎င်း ၏ အတွင်း သားကို ဝမ်းဗိုက် ကပ်၍ အုံပေး ပါက သွေးလုံး လေလုံး များကို ပြင်ပသို့ ထုတ်ဆောင် နိုင်၏ ။
၄။ရှားစောင်း လက်ပက် ၏ အတွင်းသား ဖြင့် မျက်စိ ကို အုံပေး ပါက မျက်စိနာ ခြင်း ၊ ကိုက်ခြင်း ၊ ပူစပ်ခြင်း ပျောက်၏ ။
၅။ရှားစောင်း လက်ပက် အတွင်းသား ကို အရည်ညှစ် ပြီး မီးနွေး နွေး ပြု၍ နားတွင်းသို့ ခတ်ပေး က နားကိုက် နားနာ လျင်မြန်စွာ ပျောက်ကင်း ၏။
၆။ ခြေလက် တို့တွင် ပေါက်သော အကျိတ်နာ သွေးစု နာ များ ပေါ်တွင် ရှားစောင်း လက်ပပ်ကို စည်းပေး ထားပါက အကျိတ်ကြေ ၍ ပြည်ပေါက် မြန်ပြီး ငန်းမန်း ကျစေသည်။
၇။ ကိုယ်ရေဝါ (Jaundice) ရောဂါ ရှိသူ များ အရွက်သား ကို စားပါက ဆီးဝမ်းသက် ပြီး ရောဂါ လည်း ပျောက်၏။
၈။ အရွက် အတွင်းသား ကို အပေါ်မှ နနွင်း မှုန့် ဖြူး၍ မျက်စိ တွင် အုံပေးလျှင် မျက်စိနာ ခြင်း ၊ ကိုက်ခြင်း ၊ ပူစပ်ခြင်း များ ပျောက်ကင်း၏။
၉။ အတွင်းသား ကို လက်ချား မီးဖောက် အမှုန့် အနည်းငယ် ဖြူး၍ စားလျှင် ရေဖျဉ်း ရောဂါ ပျောက်ကင်း ၏။
၁၀။ ရှားစောင်း လက်ပက် အနှစ်ကို ခြစ်ယူ၍ ဆန်ဆေး ရည်တွင် စိမ်ပြီး လျှင် သကြား ထည့်သောက် ပါက ဆီးပူ၊ ဆီးအောင့် ၊ ဆီးထိုးခြင်း ပျောက်ကင်း သည်။

မြန်မာ့ဆေးဖက်ဝင်အပင်များ

♥ မည်သူမဆိုလွတ်လပ်စွာကူးယူဖေါ်ပြနိုင်ပါသည်။ ♥
♥ ကျန်းမာရေးဗဟုသုတတိုးပွါးစေရန် Like,share, ,Credit ပေးခြင်းဖြင့်လည်းကူညီနိုင်ပါသည်။ ♥
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : thithtoolwin
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top