iMyanmarHouse.com - Best Property Website for Myanmar
×

အာလူးေၾကာ္၊ ခ်ိစ္ေတြ၊ ေဆာ့ဖ္ေတြ နဲ႔ ျပဳလုပ္ထားတဲ့ ဟမ္ဘာဂါကို ပံုမွာျမင္လိုက္ရရံုနဲ႔ စားခ်င္စရာေလးပါ ။ အခုလို ကိုလက္စထေရာမ်ားတဲ ့အစားအစာရဲ့ ဆိုးက်ိဴးေတြကို ေမ့ေလ်ာ့ၿပီး ကၽြန္မတို႔ဝယ္စားတတ္ေလ့ ရွိၾကပါတယ္။ဟန္ဘာဂါစားသံုးရင္ ဘာျဖစ္ႏိုင္သလဲ။ ဟန္ဘာဂါစားသံုးရျခင္းကေန ရလာတဲ့ ဆိုးက်ိဳး ေကာင္းက်ိးအခ်ိဳ႕ကို မွ်ေဝေပးသြားမွာျဖစ္ပါတယ္။

ႏွလံုး
ဟန္ဘာဂါမွာ ထည့္သြင္းထားတဲ့ အနီေရာင္အဆင္းရွိတဲ့ အသားေတြမွာ ျပည့္ဝဆီေတြပါ၀င္ပါတယ္။ ျပည့္ဝဆီ ပါ၀င္တဲ့ အစားအစာကို အမ်ားအျပားစားသံုးတာဟာ ႏွလံုးေရာဂါနဲ႔ ေလျဖတ္ေရာဂါ ျဖစ္ပြားမႈကို ျမင့္မားေစသလို ကင္ဆာေရာဂါ ျဖစ္ပြားမႈကိုလည္း ျမင့္မားေစပါတယ္။ ဒါ့အျပင္ ဘာဂါမွာ ဆားျပည့္ဝစြာပါဝင္တဲ့အတြက္ ေရမ်ားမ်ားေသာက္သံုးမိတာေၾကာင့္ ဗိုက္ျပည့္တယ္လို႔ ခံစားရႏိုင္ေပမဲ့ ႏွလံုးကို အလုပ္ပိုမိုလုပ္ေစၿပီး ေသြးတိုးႏိုင္ပါတယ္။

ေသြးတြင္းသၾကားဓါတ္

ဟန္ဘာဂါမွာ သန္႔စင္ၿပီးကစီဓါတ္ေတြ ပါ၀င္္ၿပီး အစာေခ်ဖ်က္တာကို လ်င္ျမန္ေစသလို ေသြးတြင္းသၾကားဓါတ္ကိုလည္း ျမင့္မားေစပါတယ္။ အခ်ိန္ၾကာလာတာနဲ႔ အမွ် ဆီးခ်ိဳေရာဂါျဖစ္ပြားမႈ ျမင့္မားေစပါတယ္။

ေသြး

ေသြးလြတ္ေၾကာေတြဟာ အျမန္စားအစားအစာေတြေၾကာင့္ ႀကီးမားတဲ့ ထိခိုက္ပ်က္ဆီးမႈေတြျဖစ္ႏိုင္ပါတယ္။ ဒါေပမဲ့လည္း အနီေရာင္ အသားေတြမွာ သံဓါတ္၊ ဗီတာမင္ B12၊ Zinc လည္းပါဝင္တာေၾကာင့္ ကိုယ္ခံအားစနစ္ကိုလည္း ေကာင္းမြန္ေစပါတယ္။

အရိုးမ်ားႏွင့္ ၾကြက္သားမ်ား

အနီေရာင္အဆင္းရွိ အသားေတြမွာ ပရိုတင္း ျပည့္ဝ

စြာပါ၀င္ၿပီး စြမ္းအင္ေတြ ေပးႏိုင္မွာျဖစ္သလို ၾကြက္သားနဲ႔ အရိုးေတြ ဖြံ႔ၿဖိဳးမႈအတြက္ ေကာင္းမြန္ပါတယ္။

ကိုယ္အေလးခ်ိန္

အျမန္စားအစာအစာေတြမွာ ကယ္လိုရီ မ်ားစြာပါဝင္ေနပါတယ္။ အခ်ိန္ေတြၾကာလာတာနဲ႔ အမွ် အဝလြန္ျခင္းကို ျဖစ္ေပၚေစႏိုင္ၿပီး မ်ိဳးမပြားႏိုင္တ့ဲ့ အႏၱာရာယ္ျဖစ္ေစႏိုင္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit: healthnewz

#Unicode Version

အာလူးကြော်၊ ချိစ်တွေ၊ ဆော့ဖ်တွေ နဲ့ ပြုလုပ်ထားတဲ့ ဟမ်ဘာဂါကို ပုံမှာမြင်လိုက်ရရုံနဲ့ စားချင်စရာလေးပါ ။ အခုလို ကိုလက်စထရောများတဲ့အစားအစာရဲ့ ဆိုးကျိူးတွေကို မေ့လျော့ပြီး ကျွန်မတို့ဝယ်စားတတ်လေ့ ရှိကြပါတယ်။ဟန်ဘာဂါစားသုံးရင် ဘာဖြစ်နိုင်သလဲ။ ဟန်ဘာဂါစားသုံးရခြင်းကနေ ရလာတဲ့ ဆိုးကျိုး ကောင်းကျိးအချို့ကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

နှလုံး
ဟန်ဘာဂါမှာ ထည့်သွင်းထားတဲ့ အနီရောင်အဆင်းရှိတဲ့ အသားတွေမှာ ပြည့်ဝဆီတွေပါဝင်ပါတယ်။ ပြည့်ဝဆီ ပါဝင်တဲ့ အစားအစာကို အများအပြားစားသုံးတာဟာ နှလုံးရောဂါနဲ့ လေဖြတ်ရောဂါ ဖြစ်ပွားမှုကို မြင့်မားစေသလို ကင်ဆာရောဂါ ဖြစ်ပွားမှုကိုလည်း မြင့်မားစေပါတယ်။ ဒါ့အပြင် ဘာဂါမှာ ဆားပြည့်ဝစွာပါဝင်တဲ့အတွက် ရေများများသောက်သုံးမိတာကြောင့် ဗိုက်ပြည့်တယ်လို့ ခံစားရနိုင်ပေမဲ့ နှလုံးကို အလုပ်ပိုမိုလုပ်စေပြီး သွေးတိုးနိုင်ပါတယ်။

သွေးတွင်းသကြားဓါတ်

ဟန်ဘာဂါမှာ သန့်စင်ပြီးကစီဓါတ်တွေ ပါဝင်ပြီး အစာချေဖျက်တာကို လျင်မြန်စေသလို သွေးတွင်းသကြားဓါတ်ကိုလည်း မြင့်မားစေပါတယ်။ အချိန်ကြာလာတာနဲ့ အမျှ ဆီးချိုရောဂါဖြစ်ပွားမှု မြင့်မားစေပါတယ်။

သွေး

သွေးလွတ်ကြောတွေဟာ အမြန်စားအစားအစာတွေကြောင့် ကြီးမားတဲ့ ထိခိုက်ပျက်ဆီးမှုတွေဖြစ်နိုင်ပါတယ်။ ဒါပေမဲ့လည်း အနီရောင် အသားတွေမှာ သံဓါတ်၊ ဗီတာမင် B12၊ Zinc လည်းပါဝင်တာကြောင့် ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။

အရိုးများနှင့် ကြွက်သားများ

အနီရောင်အဆင်းရှိ အသားတွေမှာ ပရိုတင်း ပြည့်ဝ

စွာပါဝင်ပြီး စွမ်းအင်တွေ ပေးနိုင်မှာဖြစ်သလို ကြွက်သားနဲ့ အရိုးတွေ ဖွံ့ဖြိုးမှုအတွက် ကောင်းမွန်ပါတယ်။

ကိုယ်အလေးချိန်

အမြန်စားအစာအစာတွေမှာ ကယ်လိုရီ များစွာပါဝင်နေပါတယ်။ အချိန်တွေကြာလာတာနဲ့ အမျှ အဝလွန်ခြင်းကို ဖြစ်ပေါ်စေနိုင်ပြီး မျိုးမပွားနိုင်တဲ့ အန္တာရာယ်ဖြစ်စေနိုင်ပါတယ်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit: healthnewz
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top