iMyanmarHouse.com - Best Property Website for Myanmar
×

ဘ၀ဟာေနတတ္ရင္ ေက်နပ္စရာပါ။ ေငြ ဆိုတာအေရးႀကီးတာ မွန္ပါတယ္။ လူခ်မ္းသာတို႔ရဲ႕ ဘ၀ဟာလည္း အားက်စရာပါ။ ဒါေပမယ္႔ ေငြမ်ားမ်ားမလိုပဲ ခ်မ္းသာသူတစ္ဦးကဲ႔သလို႔ ေနထိုင္ႏိုင္မယ္႔ နည္းလမ္းအခ်ိဳ႕ကလည္း ရွိေနပါတယ္။ ဘာေတြမ်ားပါလိမ္႔?

၁ – ကိုယ္႔ကိုယ္ကိုလက္ခံပါ

ေရာင္႔ရဲတတ္တာမ်ိဳးကို ဆိုလိုတာျဖစ္ပါတယ္။ ၀မရွိပဲ၊ ၀ိလုပ္ခ်င္တဲ႔စိတ္၊ ဆန္မရွိပဲ၊ အစားႀကီးလိုတဲ႔စိတ္က သင္႔ကိုပူေလာင္ေစပါတယ္။ မိမိရဲ႕တတ္ႏိုင္မႈနဲ႔ ထိုက္တန္ေသာ လိုအင္ဆႏၵေတြ ရွိျခင္းကသာ မိမိကို လူခ်မ္းသာတစ္ဦးလို သာသာယာယာ ျဖစ္ေစမွာပါ။

၂ – ဖန္တီးမႈရွိပါ

ရွိတာေလးနဲ႔ လွေအာင္၀တ္၊ ရေအာင္သံုးတတ္တာဟာလည္း အရည္အခ်င္းေကာင္း တစ္ခုပါ။ လူခ်မ္းသာေတြလုိ ေပ်ာ္ရႊင္မႈမ်ိဳးကို ကိစၥေသးေသးေလးေတြကလည္း ရွာေဖြၾကည္႔ႏိုင္ပါတယ္။ ဥပမာ အိုင္ဒီယာေကာင္းေကာင္းနဲ႔ ဓါတ္ပံုေတြ ဖန္တီးတာပဲျဖစ္ျဖစ္၊ ခ်စ္သူကို ကုန္က်စရိတ္နည္းနညး္နဲ႔ Surprise လုပ္တာပဲ ျဖစ္ျဖစ္ေပါ႔။

၃ – မနာလို၀န္တိုမႈကင္းေအာင္ေနပါ ေငြ

အတြင္းစိတ္ရဲ႕ ေအးခ်မ္းမႈအတြက္ အေရးႀကီးတဲ႔ ကိစၥတစ္ရပ္ျဖစ္ပါတယ္။ တစ္စံုတစ္ဦးကို ၀န္တိုေနရျခင္းက ပူေလာင္ေစၿပီး ေငြခ်မ္းသာလြန္းေနရင္ေတာင္ စိတ္ကေတာ႔ ခ်မ္းသာႏိုင္မွာ မဟုတ္ပါဘူး။ ဒီေတာ႔မနာလို၀န္တိုမႈေတြ ကင္းေအာင္ေနေနာ္။

၄ – ကိုယ္ႏွစ္သက္တဲ႔အရာကို ကိုယ္လုပ္ပါ

ေငြရွိတယ္ဆိုတိုင္း ကိုယ္႔ဘ၀ကို ကိုယ္ပိုင္တာေတာ႔ မဟုတ္ပါဘူး။ ကိုယ္ႏွစ္သက္ရာ ကိစၥရပ္ေတြကို ကိုယ္ပိုင္ဖန္တီးခြင္႔ရျခင္းက ေငြရွိၿပီး မေပ်ာ္ရတဲ႔ ေဘာစိေတြထက္ ဘ၀မွာေနေပ်ာ္ႏိုင္မယ္႔ အခြင္႔အေရးပါ။

၅ – ရက္ေရာပါ

အေျခြအရံဆိုတာ ေျခြမွရံတတ္ၾကတာ အမ်ားစုပါ။ မိမိရွိတာေလးနဲ႔ တတ္ႏိုင္တာလည္းနည္း
 ေပးကမ္းေကြ်းေမြးတတ္ျခင္းက အေပါင္းအသင္းေတြရဲ႕ ခင္မင္မႈကို ရရွိေစသလို၊ မိမိအကူအညီ
လိုတဲ႔အခါ အကူအညီေပးမယ္႔ အေျခြအရံအသင္းအပင္းအင္အားကို ပိုမိုေကာင္းမြန္ေစပါတယ္။

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါ
တယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:Momolay

#Unicode Version
ဘဝဟာနေတတ်ရင် ကျေနပ်စရာပါ။ ငွေ ဆိုတာအရေးကြီးတာ မှန်ပါတယ်။ လူချမ်းသာတို့ရဲ့ ဘဝဟာလည်း အားကျစရာပါ။ ဒါပေမယ့် ငွေများများမလိုပဲ ချမ်းသာသူတစ်ဦးကဲ့သလို့ နေထိုင်နိုင်မယ့် နည်းလမ်းအချို့ကလည်း ရှိနေပါတယ်။ ဘာတွေများပါလိမ့်?

၁ – ကိုယ့်ကိုယ်ကိုလက်ခံပါ

ရောင့်ရဲတတ်တာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ဝမရှိပဲ၊ ဝိလုပ်ချင်တဲ့စိတ်၊ ဆန်မရှိပဲ၊ အစားကြီးလိုတဲ့စိတ်က သင့်ကိုပူလောင်စေပါတယ်။ မိမိရဲ့တတ်နိုင်မှုနဲ့ ထိုက်တန်သော လိုအင်ဆန္ဒတွေ ရှိခြင်းကသာ မိမိကို လူချမ်းသာတစ်ဦးလို သာသာယာယာ ဖြစ်စေမှာပါ။

၂ – ဖန်တီးမှုရှိပါ

ရှိတာလေးနဲ့ လှအောင်ဝတ်၊ ရအောင်သုံးတတ်တာဟာလည်း အရည်အချင်းကောင်း တစ်ခုပါ။ လူချမ်းသာတွေလို ပျော်ရွှင်မှုမျိုးကို ကိစ္စသေးသေးလေးတွေကလည်း ရှာဖွေကြည့်နိုင်ပါတယ်။ ဥပမာ အိုင်ဒီယာကောင်းကောင်းနဲ့ ဓါတ်ပုံတွေ ဖန်တီးတာပဲဖြစ်ဖြစ်၊ ချစ်သူကို ကုန်ကျစရိတ်နည်းနည်းနဲ့ Surprise လုပ်တာပဲ ဖြစ်ဖြစ်ပေါ့။

၃ – မနာလိုဝန်တိုမှုကင်းအောင်နေပါ ငွေ

အတွင်းစိတ်ရဲ့ အေးချမ်းမှုအတွက် အရေးကြီးတဲ့ ကိစ္စတစ်ရပ်ဖြစ်ပါတယ်။ တစ်စုံတစ်ဦးကို ဝန်တိုနေရခြင်းက ပူလောင်စေပြီး ငွေချမ်းသာလွန်းနေရင်တောင် စိတ်ကတော့ ချမ်းသာနိုင်မှာ မဟုတ်ပါဘူး။ ဒီတော့မနာလိုဝန်တိုမှုတွေ ကင်းအောင်နေနော်။

၄ – ကိုယ်နှစ်သက်တဲ့အရာကို ကိုယ်လုပ်ပါ

ငွေရှိတယ်ဆိုတိုင်း ကိုယ့်ဘဝကို ကိုယ်ပိုင်တာတော့ မဟုတ်ပါဘူး။ ကိုယ်နှစ်သက်ရာ ကိစ္စရပ်တွေကို ကိုယ်ပိုင်ဖန်တီးခွင့်ရခြင်းက ငွေရှိပြီး မပျော်ရတဲ့ ဘောစိတွေထက် ဘဝမှာနေပျော်နိုင်မယ့် အခွင့်အရေးပါ။

၅ – ရက်ရောပါ

အခြွေအရံဆိုတာ ခြွေမှရံတတ်ကြတာ အများစုပါ။ မိမိရှိတာလေးနဲ့ တတ်နိုင်တာလည်းနည်း
 ပေးကမ်းကျွေးမွေးတတ်ခြင်းက အပေါင်းအသင်းတွေရဲ့ ခင်မင်မှုကို ရရှိစေသလို၊ မိမိအကူအညီ
လိုတဲ့အခါ အကူအညီပေးမယ့် အခြွေအရံအသင်းအပင်းအင်အားကို ပိုမိုကောင်းမွန်စေပါတယ်။

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သ
ပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:Momolay
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top