iMyanmarHouse.com - Best Property Website for Myanmar
×

အျခားစံုတြဲမ်ား နယူးရီးယား၌ ေပ်ာ္ေပ်ာ္ပါးပါး လက္ခ်င္းခ်ိတ္ကာ လည္ပတ္ၾကသည္။ ကြၽန္မမွာမူ မ်က္ရည္လည္လည္ႏွင့္ ဖီးလ္ေနရသည္။ အရင္ႏွစ္ေတြက နယူးရီးယားဆိုလ်ွင္ သူႏွင့္ကိုယ္ ႐ုပ္႐ွင္ၾကည့္ မုန္႔ထြက္စားၾကရင္း ေပ်ာ္ေပ်ာ္ပါးပါးျဖတ္သန္းေနက်။

ယခုလည္း ေမေမတို႔အတင္းေခၚ၍သာ ျပည္သူ႔ရင္ျပင္သို႔ ယက္ကန္ယက္ကန္ပါသြားသည္။ ကြၽန္မမွာလည္း အနာေပၚ တုတ္က်သည့္အျပင္ သြားၾကားတုတ္ႀကီးႏွင့္ ကေလာ္သလိုမ်ိဳး တစ္ေယာက္တည္းဖီးလ္ေနရသည့္အထဲ ပတ္ပတ္လည္စံုတြဲအသီးသီးနဲ႔မို႔ အသဲကြဲပက္လက္က်န္ခဲ့သည္။

အလိုက္မသိတတ္ေသာ အေမ့မွာမူ ပါလာေသာ မုန္႔ထုပ္မ်ားမွ တစ္ထုပ္ခ်င္းဆီေဖာက္ရင္း “စားေလ၊ စားေလ”ဟု ထိုးေကြၽးေနေတာ့ေလသည္။ ၾကာလာေတာ့ပါးစပ္ပင္အေညာင္းမိလာေလရာ
“အေမ၊ သမီးအိမ္သာသြားလာခဲ့မယ္။” ဟုေျပာၿပီး လစ္ထြက္လာေလသည္။

တစ္ေယာက္တည္းလမ္းေလ်ွာက္ရသည္မွာ သာယာလွသည္မဟုတ္ေသာ္လည္း နားထဲမွ ေသြးစဆို႔ေအာင္ ေပါက္ေပါက္ေဖာက္ေနတတ္သည့္ အေမ့ညီအစ္မေတြၾကားထဲမွ လြတ္လာရသည္ပင္ ေက်နပ္မိသေယာင္။

“ခိုခိုကလည္း..ခစ္ခစ္”
ေ႐ွ႕မွ ပိစိေကြးစံုတြဲကို ျမင္ျမင္းခ်င္း ပိတ္ကန္ခ်င္လာသည္။ ခ်က္ခ်င္းပင္လ်ွင္ ကိုယ္ေတာေခ်ာကို သတိရလာေလသည္။ သူႏွင့္ကြၽန္မ မႏွစ္ကပင္ ျပတ္ခဲ့သည္။ ယခင္ႏွစ္ေတြက နယူးရီးယားတိုင္း ေသာင္းက်န္းခဲ့သည္မွာ အေ႐ွ႕က စံုတြဲပင္ျပန္လည္ ပိတ္ကန္ခ်င္စိတ္ေပါက္သြားေစရမည္။

“ဟဲ့..သဲစုေမ”
“႐ွန္”
ေနာက္မွေခၚသံေၾကာင့္ လွည့္ၾကည့္မိသည့္အခိုက္
“မိယု”
ကြၽန္မ၏ ငယ္ေပါက္ေဖာ္ သူငယ္ခ်င္းမိယု ကို ေနခင္းေၾကာင္ေတာင္ ေနကာမ်က္မွန္တန္းလန္းႀကီးႏွင့္ေတြ႔ရေလသည္။
“ဟယ္..ကမ..မေတြ႔တာၾကာၿပီေနာ္။ လွလာတယ္ၾကည့္စမ္း။”
“ဘယ္ကသာ..စိတ္ေလေနတာ”
“ဟယ္..ဘာျဖစ္ျပန္ၿပီလဲ။ ”
“ငါသူနဲ႔ ၿပီးခဲ့ႏွစ္က ျပတ္သြားၿပီ။”
“ဟယ္၊ ဘယ္လိုျဖစ္လို႔တုန္း။ ဒီေလာက္ သူမ်ားေတြ ဆျမင္ကပ္ေလာက္ေအာင္ ခ်စ္ၾကတဲ့အတြဲက ဘာေတြျဖစ္လို႔”
“သူ႔ေၾကာင့္ေပါ့၊ သူငါ့အေပၚအရမ္းရက္စက္တယ္။”
“ဆိုစမ္းပါဦး။ ဘယ္လိုေတြျဖစ္ၾကတာလဲ”
“အင္း၊ အဲ့ေန႔က ငါနဲ႔သူေတြ႕ဖို႔ ခ်ိန္းထားၾကတယ္။ ျဖစ္ခ်င္ေတာ့ အိမ္မွာမီးပ်က္လို႔ မီးအိမ္နဲ႔ ၾကည့္ျပင္လာရတာ။ သူနဲ႔ေတြ႔ေတာ့သူက ငါ့ကိုၾကည့္ၿပီးရယ္တယ္။ ၿပီးေတာ့ snap shot ေတြေလ်ွာက္႐ုိက္ၿပီး ငါမသိေအာင္ ေဖ့ဘြတ္ေပၚတင္လိုက္တယ္။ နင္ေတြ႔မိေသးတယ္မို႔လား ပါးနီးအထူႀကီးနဲ႔ အေျခာက္မနဲ႔ေတာင္တူေနေသး။ ကံေကာင္းခ်င္ေတာ့ ငါေဖ့ဘြတ္ခ်က္ခ်င္းဖြင့္ျကည့္မိလို့ အခ်ိန္မီေတြ့တာေပါ့။ ေတြ႕တာနဲ႔ ခ်က္ခ်င္းပဲ စီးလာတဲ့ ေဒါက္ဖိနပ္နဲ႔ သူ့ေျခေထာက္ကို တက္နင္းလိုက္တာ အဲ့ကတည္းကေနစကားမေျပာေတာ့ဘူး။ နင္ပဲစဥ္းစားၾကည့္ ငါလြန္လားဟယ္။”
“အယ္။ ဆန္းၾကယ္လိုက္တာဟယ္။ ဒီကိစၥနဲ႔ပဲ ျပတ္သြားၾကတယ္လား။”
“အင္း။”
“ဒါနဲ႔ ..ေနဦး.. နင္တို႔ဓာတ္ပံုေတြ မေန႔ကေတာင္ ေတြ႔လိုက္သလိုပဲ။ ျပတ္သြားတာဘယ္ေလာက္ၾကာၿပီလဲ။”
“တိတိက်က် ေျပာရရင္ေတာ့ ၂၀၁၆ ဒီဇင္ဘာလ ၃၁ရက္ေန႔ ည ၁၀နာရီတိတိ”
“ဟမ္..ဟဲ့ အဲ့ဒါ မေန႔ကေလ။ နင္ေျပာေတာ့ ၿပီးခဲ့တဲ့ႏွစ္ကျပတ္တာဆို”
“၂၀၁၆ ကၿပီးခဲ့တဲ့ ႏွစ္ပဲေလဟာ”
“ကေတာက္စ္..နင္တို႔ျပတ္တယ္ဆိုကတည္းက ငါမယံုခဲ့သင့္ဘူး။အခုေတာ့..ဟြန္႔။”
“နင္ကလည္း၊ အေကာင္းေျပာတာကို၊ ငါသူ႔ကို သတိရတယ္ဟာ။”

ိတီတီ..
တယ္လီေနာဆိုသည္မွာလည္း အလုပ္မ႐ွိ အလိုက္မသိပ႐ုိမိုး႐ွင္းဆင္းတတ္သျဖင့္ အခုလည္း ဒင္းမက္ေဆ့ျဖစ္မည္ဟု ထင္ျမင္၍ ဖြင့္ဖတ္ေလရာ…
“စုေမ..ကိုယ့္ကိုခြင့္လႊတ္ေနာ္။ တကယ္က အဲ့ဒီဓာတ္ပံုကို စုကိုစခ်င္လြနး္လို႔ ကိုယ္နဲ႔စု ႏွစ္ေယာက္ပဲျမင္ေအာင္ only me နဲ႔တင္ထားတာ။ တကယ္က ကိုယ္စိတ္မဆိုးဘူး။ စုကို surprise ျဖစ္ေအာင္လို႔ ညစာစီစဥ္ထားတယ္။ စုႀကိဳက္တဲ့ ေဟာ့ေပါ့ဆိုင္မွာ။ ခ်စ္တယ္။မြမြ။ ဒါနဲ႔ ျပည္သူ႔ရင္ျပင္မွာ ေပ်ာ္ေပ်ာ္ေဆာ့ခဲ့ေနာ္။
စားႂကြင္း..ကိုယ့္ရဲ႕ စုေလးက ပါးနီထူလျပစ္နဲ႔ေတာင္ ခ်စ္ဖို႔ေကာင္းသား။”

“ဟက္..နင့္အေကာင္ မက္ေဆ့ပို႔တာ မဟုတ္လား။”

“ဘာ..ဆကမ..အေကာင္လို႔မေခၚနဲ႔။ ငါ့ခိုခိုကို။ မီးပြင့္သြားမယ္မွတ္။ဟြန္႔။”

“ေအးပါကြာ။ နင္ေျပာတယ္ဆိုၿပီး ယံုစားမိတာငါ့အမွား။ မိယုတို႔ ကေန႔ ကံမေကာင္းပါကလား။” ဟုဆိုၿပီး မိယုတစ္ေယာက္ ေကာ့လိမ္ေကာ့လိမ္ႏွင့္ထြက္သြားေခ်ၿပီ။

ကြၽန္မမွာမူ သူ႔ေတြ႔ရေတာ့မည္ဆိုေသာေၾကာင့္ နားတပ္ခ်ိတ္ေလာက္ေသာ အျပံဳမ်ားႏွင့္ေက်နပ္လ်က္….

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : forhermyanmar

#Unicode Version

အခြားစုံတွဲများ နယူးရီးယား၌ ပျော်ပျော်ပါးပါး လက်ချင်းချိတ်ကာ လည်ပတ်ကြသည်။ ကျွန်မမှာမူ မျက်ရည်လည်လည်နှင့် ဖီးလ်နေရသည်။ အရင်နှစ်တွေက နယူးရီးယားဆိုလျှင် သူနှင့်ကိုယ် ရုပ်ရှင်ကြည့် မုန့်ထွက်စားကြရင်း ပျော်ပျော်ပါးပါးဖြတ်သန်းနေကျ။

ယခုလည်း မေမေတို့အတင်းခေါ်၍သာ ပြည်သူ့ရင်ပြင်သို့ ယက်ကန်ယက်ကန်ပါသွားသည်။ ကျွန်မမှာလည်း အနာပေါ် တုတ်ကျသည့်အပြင် သွားကြားတုတ်ကြီးနှင့် ကလော်သလိုမျိုး တစ်ယောက်တည်းဖီးလ်နေရသည့်အထဲ ပတ်ပတ်လည်စုံတွဲအသီးသီးနဲ့မို့ အသဲကွဲပက်လက်ကျန်ခဲ့သည်။

အလိုက်မသိတတ်သော အမေ့မှာမူ ပါလာသော မုန့်ထုပ်များမှ တစ်ထုပ်ချင်းဆီဖောက်ရင်း “စားလေ၊ စားလေ”ဟု ထိုးကျွေးနေတော့လေသည်။ ကြာလာတော့ပါးစပ်ပင်အညောင်းမိလာလေရာ
“အမေ၊ သမီးအိမ်သာသွားလာခဲ့မယ်။” ဟုပြောပြီး လစ်ထွက်လာလေသည်။

တစ်ယောက်တည်းလမ်းလျှောက်ရသည်မှာ သာယာလှသည်မဟုတ်သော်လည်း နားထဲမှ သွေးစဆို့အောင် ပေါက်ပေါက်ဖောက်နေတတ်သည့် အမေ့ညီအစ်မတွေကြားထဲမှ လွတ်လာရသည်ပင် ကျေနပ်မိသယောင်။

“ခိုခိုကလည်း..ခစ်ခစ်”
ရှေ့မှ ပိစိကွေးစုံတွဲကို မြင်မြင်းချင်း ပိတ်ကန်ချင်လာသည်။ ချက်ချင်းပင်လျှင် ကိုယ်တောချောကို သတိရလာလေသည်။ သူနှင့်ကျွန်မ မနှစ်ကပင် ပြတ်ခဲ့သည်။ ယခင်နှစ်တွေက နယူးရီးယားတိုင်း သောင်းကျန်းခဲ့သည်မှာ အရှေ့က စုံတွဲပင်ပြန်လည် ပိတ်ကန်ချင်စိတ်ပေါက်သွားစေရမည်။

“ဟဲ့..သဲစုမေ”
“ရှန်”
နောက်မှခေါ်သံကြောင့် လှည့်ကြည့်မိသည့်အခိုက်
“မိယု”
ကျွန်မ၏ ငယ်ပေါက်ဖော် သူငယ်ချင်းမိယု ကို နေခင်းကြောင်တောင် နေကာမျက်မှန်တန်းလန်းကြီးနှင့်တွေ့ရလေသည်။
“ဟယ်..ကမ..မတွေ့တာကြာပြီနော်။ လှလာတယ်ကြည့်စမ်း။”
“ဘယ်ကသာ..စိတ်လေနေတာ”
“ဟယ်..ဘာဖြစ်ပြန်ပြီလဲ။ ”
“ငါသူနဲ့ ပြီးခဲ့နှစ်က ပြတ်သွားပြီ။”
“ဟယ်၊ ဘယ်လိုဖြစ်လို့တုန်း။ ဒီလောက် သူများတွေ ဆမြင်ကပ်လောက်အောင် ချစ်ကြတဲ့အတွဲက ဘာတွေဖြစ်လို့”
“သူ့ကြောင့်ပေါ့၊ သူငါ့အပေါ်အရမ်းရက်စက်တယ်။”
“ဆိုစမ်းပါဦး။ ဘယ်လိုတွေဖြစ်ကြတာလဲ”
“အင်း၊ အဲ့နေ့က ငါနဲ့သူတွေ့ဖို့ ချိန်းထားကြတယ်။ ဖြစ်ချင်တော့ အိမ်မှာမီးပျက်လို့ မီးအိမ်နဲ့ ကြည့်ပြင်လာရတာ။ သူနဲ့တွေ့တော့သူက ငါ့ကိုကြည့်ပြီးရယ်တယ်။ ပြီးတော့ snap shot တွေလျှောက်ရိုက်ပြီး ငါမသိအောင် ဖေ့ဘွတ်ပေါ်တင်လိုက်တယ်။ နင်တွေ့မိသေးတယ်မို့လား ပါးနီးအထူကြီးနဲ့ အခြောက်မနဲ့တောင်တူနေသေး။ ကံကောင်းချင်တော့ ငါဖေ့ဘွတ်ချက်ချင်းဖွင့်ကြည့်မိလို့ အချိန်မီတွေ့တာပေါ့။ တွေ့တာနဲ့ ချက်ချင်းပဲ စီးလာတဲ့ ဒေါက်ဖိနပ်နဲ့ သူ့ခြေထောက်ကို တက်နင်းလိုက်တာ အဲ့ကတည်းကနေစကားမပြောတော့ဘူး။ နင်ပဲစဉ်းစားကြည့် ငါလွန်လားဟယ်။”
“အယ်။ ဆန်းကြယ်လိုက်တာဟယ်။ ဒီကိစ္စနဲ့ပဲ ပြတ်သွားကြတယ်လား။”
“အင်း။”
“ဒါနဲ့ ..နေဦး.. နင်တို့ဓာတ်ပုံတွေ မနေ့ကတောင် တွေ့လိုက်သလိုပဲ။ ပြတ်သွားတာဘယ်လောက်ကြာပြီလဲ။”
“တိတိကျကျ ပြောရရင်တော့ ၂၀၁၆ ဒီဇင်ဘာလ ၃၁ရက်နေ့ ည ၁၀နာရီတိတိ”
“ဟမ်..ဟဲ့ အဲ့ဒါ မနေ့ကလေ။ နင်ပြောတော့ ပြီးခဲ့တဲ့နှစ်ကပြတ်တာဆို”
“၂၀၁၆ ကပြီးခဲ့တဲ့ နှစ်ပဲလေဟာ”
“ကတောက်စ်..နင်တို့ပြတ်တယ်ဆိုကတည်းက ငါမယုံခဲ့သင့်ဘူး။အခုတော့..ဟွန့်။”
“နင်ကလည်း၊ အကောင်းပြောတာကို၊ ငါသူ့ကို သတိရတယ်ဟာ။”

ိတီတီ..
တယ်လီနောဆိုသည်မှာလည်း အလုပ်မရှိ အလိုက်မသိပရိုမိုးရှင်းဆင်းတတ်သဖြင့် အခုလည်း ဒင်းမက်ဆေ့ဖြစ်မည်ဟု ထင်မြင်၍ ဖွင့်ဖတ်လေရာ…
“စုမေ..ကိုယ့်ကိုခွင့်လွှတ်နော်။ တကယ်က အဲ့ဒီဓာတ်ပုံကို စုကိုစချင်လွန်းလို့ ကိုယ်နဲ့စု နှစ်ယောက်ပဲမြင်အောင် only me နဲ့တင်ထားတာ။ တကယ်က ကိုယ်စိတ်မဆိုးဘူး။ စုကို surprise ဖြစ်အောင်လို့ ညစာစီစဉ်ထားတယ်။ စုကြိုက်တဲ့ ဟော့ပေါ့ဆိုင်မှာ။ ချစ်တယ်။မွမွ။ ဒါနဲ့ ပြည်သူ့ရင်ပြင်မှာ ပျော်ပျော်ဆော့ခဲ့နော်။
စားကြွင်း..ကိုယ့်ရဲ့ စုလေးက ပါးနီထူလပြစ်နဲ့တောင် ချစ်ဖို့ကောင်းသား။”

“ဟက်..နင့်အကောင် မက်ဆေ့ပို့တာ မဟုတ်လား။”

“ဘာ..ဆကမ..အကောင်လို့မခေါ်နဲ့။ ငါ့ခိုခိုကို။ မီးပွင့်သွားမယ်မှတ်။ဟွန့်။”

“အေးပါကွာ။ နင်ပြောတယ်ဆိုပြီး ယုံစားမိတာငါ့အမှား။ မိယုတို့ ကနေ့ ကံမကောင်းပါကလား။” ဟုဆိုပြီး မိယုတစ်ယောက် ကော့လိမ်ကော့လိမ်နှင့်ထွက်သွားချေပြီ။

ကျွန်မမှာမူ သူ့တွေ့ရတော့မည်ဆိုသောကြောင့် နားတပ်ချိတ်လောက်သော အပြုံများနှင့်ကျေနပ်လျက်….


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : forhermyanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top