iMyanmarHouse.com - Best Property Website for Myanmar
×

လူရယ္လို႔ ျဖစ္လာမွေတာ့ တစ္ေယာက္တည္းေနလို႔ မရဘူးေပါ့။ ျဖတ္သန္းရမယ့္ ဘဝခရီးမွာ ေကာင္းတာဆိုးတာမွန္သမွ် ေဝငွဖုိ႔အတြက္ လက္တြဲေဖာ္ေတာ့ လိုပါတယ္။ ဘယ္လိုအ႐ြယ္မွာ လက္ထပ္မလဲဆုိတာကေတာ့ ကိုယ့္ရဲ႕ရပ္တည္မႈ စိတ္ဆႏၵနဲ႔ပဲ သက္ဆိုင္တဲ့အရာပါ။ Psychology Today ဂ်ာနယ္ကေတာ့ အိမ္ေထာင္ေရးခိုင္ၿမဲဖုိ႔အတြက္ လက္ထပ္သင့္တဲ့အ႐ြယ္ကို ေဖာ္ျပခဲ့ပါတယ္။

အေမရိကန္ႏိုင္ငံက လူမႈေရးေဗဒ သုေတသီ နစ္ကိုးလတ္စ္ ဝုလ္ဖင္းဂါးကေတာ့ လက္ထပ္ဖို႔အတြက္ အသင့္ေလ်ာ္ဆံုး အသက္အ႐ြယ္ဟာ အသက္ ၂၀ ေႏွာင္းပိုင္းသာျဖစ္တယ္လို႔ စစ္တမ္းရလဒ္နဲ႔တကြ ေရးသားခဲ့ပါတယ္။

နစ္ကိုးလတ္စ္ရဲ႕ အၾကံေပးခ်က္အရဆုိရင္ေတာ့ အသက္ ၂၈ ႏွစ္မွ ၃၂ နွစ္ၾကား အရြယ္ဟာ အိမ္ေထာင္ျပဳဖုိ႔ အေကာင္းဆံုး ျဖစ္ပါသတဲ့။ ဒီအသက္အပိုင္းအျခားမွာ လက္ထပ္ခဲ့ၾကတဲ့ စံုတြဲေတြမွာ အိမ္ေထာင္ေရးၿပိဳကြဲႏိုင္ေျခ နည္းပါးတယ္လို႔သူက ဆိုပါတယ္။ ေျခာက္ႏွစ္ၾကာ အခ်ိန္ယူေလ့လာၿပီး ရရွိလာတဲ့ အခ်က္အလက္နဲ႔ ရလဒ္ေတြအရ အသက္ ၂၀ မတုိင္မီ လက္ထပ္သူေတြနဲ႔ အသက္ ၃၀ ေႏွာင္းပိုင္းမွ လက္ထပ္သူေတြဟာ အိမ္  ေထာင္ၿပိဳကြဲႏိုင္ေျခ ပိုမ်ားတယ္လို႔ နစ္ကိုးလတ္စ္က ေျပာပါတယ္။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : duwun


#Unicode Version


လူရယ်လို့ ဖြစ်လာမှတော့ တစ်ယောက်တည်းနေလို့ မရဘူးပေါ့။ ဖြတ်သန်းရမယ့် ဘဝခရီးမှာ ကောင်းတာဆိုးတာမှန်သမျှ ဝေငှဖို့အတွက် လက်တွဲဖော်တော့ လိုပါတယ်။ ဘယ်လိုအရွယ်မှာ လက်ထပ်မလဲဆိုတာကတော့ ကိုယ့်ရဲ့ရပ်တည်မှု စိတ်ဆန္ဒနဲ့ပဲ သက်ဆိုင်တဲ့အရာပါ။ Psychology Today ဂျာနယ်ကတော့ အိမ်ထောင်ရေးခိုင်မြဲဖို့အတွက် လက်ထပ်သင့်တဲ့အရွယ်ကို ဖော်ပြခဲ့ပါတယ်။

အမေရိကန်နိုင်ငံက လူမှုရေးဗေဒ သုတေသီ နစ်ကိုးလတ်စ် ဝုလ်ဖင်းဂါးကတော့ လက်ထပ်ဖို့အတွက် အသင့်လျော်ဆုံး အသက်အရွယ်ဟာ အသက် ၂၀ နှောင်းပိုင်းသာဖြစ်တယ်လို့ စစ်တမ်းရလဒ်နဲ့တကွ ရေးသားခဲ့ပါတယ်။

နစ်ကိုးလတ်စ်ရဲ့ အကြံပေးချက်အရဆိုရင်တော့ အသက် ၂၈ နှစ်မှ ၃၂ နှစ်ကြား အရွယ်ဟာ အိမ်ထောင်ပြုဖို့ အကောင်းဆုံး ဖြစ်ပါသတဲ့။ ဒီအသက်အပိုင်းအခြားမှာ လက်ထပ်ခဲ့ကြတဲ့ စုံတွဲတွေမှာ အိမ်ထောင်ရေးပြိုကွဲနိုင်ခြေ နည်းပါးတယ်လို့သူက ဆိုပါတယ်။ ခြောက်နှစ်ကြာ အချိန်ယူလေ့လာပြီး ရရှိလာတဲ့ အချက်အလက်နဲ့ ရလဒ်တွေအရ အသက် ၂၀ မတိုင်မီ လက်ထပ်သူတွေနဲ့ အသက် ၃၀ နှောင်းပိုင်းမှ လက်ထပ်သူတွေဟာ အိမ်ထောင်ပြိုကွဲနိုင်ခြေ ပိုများတယ်လို့ နစ်ကိုးလတ်စ်က ပြောပါတယ်။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit : duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top