iMyanmarHouse.com - Best Property Website for Myanmar
×

ႏြားႏို႔၊ ႏို႔မႈန္႔ကို ေသာက္သံုးျခင္းအားျဖင့္ အ႐ိုးပြျခင္းႏွင့္ ကင္ဆာေရာဂါအမ်ဳိးမ်ဳိးကို ကာကြယ္ေပးႏိုင္ေၾကာင္း အာဟာရဆိုင္ရာ ဆရာဝန္ႀကီး ေဒါက္တာေဒၚဝင္းဝင္းျမင့္က ေျပာပါသည္။

ပိုးသတ္ေဆးအသံုးျပဳထားေသာ ဟင္းသီးဟင္းရြက္မ်ားႏွင့္ အသီးအႏွံမ်ားစားသံုးျခင္းေၾကာင့္ ျဖစ္ပြားသည့္ အစာအိမ္ကင္ဆာ ၊ အသည္းကင္ဆာႏွင့္ ေမာ္ေတာ္ကားမ်ားမွ ထြက္ရွိေသာ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ ဓာတ္ေငြ႕မ်ား ႐ွဴ႐ိွဳက္မိျခင္း ေၾကာင့္ ျဖစ္ေပၚလာသည့္ အဆုတ္ကင္ဆာမ်ားကို သာမက ေဆးလိပ္ ၊ ေဆးရြက္ႀကီးေၾကာင့္ ျဖစ္လာသည့္ လည္ေခ်ာင္းကင္ဆာႏွင့္ အဆုတ္ကင္္ဆာမ်ား အား ႏြားႏို ႔ႏွင့္ ႏို႔မႈန္႔ကို ေသာက္သံုးျခင္းျဖင့္ ယင္းေရာဂါမ်ားကို ကာကြယ္ေပးႏိုင္ေၾကာင္း သိရသည္ ။

“ေန႔စဥ္ ႏို႔တစ္ခြက္ ပံုမွန္ေသာက္သံုးျခင္းအားျဖင့္ တစ္ေန႔တာအတြက္ လုိအပ္တဲ့ ကယ္လ္ဆီယမ္ ပမာဏရဲ႕ သံုးပံုတစ္ပံုကို ျဖည့္ဆည္းေပးႏိုင္ပါတယ္” ဟု အာဟာရဆိုင္ရာ ဆရာဝန္ႀကီးေဒါက္တာ ေဒၚဝင္းဝင္းျမင့္က အႀကံျပဳ ေျပာၾကားသည္ ။ သို႔ရာတြင္ ႏြားႏို႔ႏွင့္ ႏို႔မႈန္႔တြင္ ပါဝင္ေသာ Lactose ဓာတ္ေၾကာင့္ လူအခ်ဳိ႕တြင္ ဝမ္းပ်က္၊ ဝမ္းေလွ်ာျခင္း ျဖစ္ပြားႏိုင္ၿပီး ပ႐ိုတင္းဓာတ္ေၾကာင့္ လည္း လူအခ်ဳိ႕တြင္ ဝမ္းခ်ဳပ္ျခင္းတို႔လည္း ျဖစ္ပြားႏိုင္ေၾကာင္း သိရသည္ ။

“ႏြားႏို႔ျဖစ္ျဖစ္၊ ႏို႔မႈန္႔ျဖစ္ျဖစ္ မတည့္ရင္ ဝမ္းပ်က္၊ ဝမ္းေလွ်ာျဖစ္ႏိုင္တယ္။ ႏြားႏို႔ Allergy ျဖစ္တဲ့သူေတြကို Lactose Intolarance လို႔ေခၚတယ္။ Lactose နဲ႔ လူေတြရဲ႕ ခႏၶာကိုယ္မတည့္ရင္ ဝမ္း ဝမ္းပ်က္ ၊ ဝမ္းေလွ်ာျဖစ္ႏိုင္တယ္။ ကမာၻေပၚမွာရွိတဲ့ လူဦးေရသံုးပံုတစ္ပံုဟာ Lactose Intolarance ရွိတတ္တယ္။ ဒါေၾကာင့္ ႏို႔နဲ႔ မတည့္တဲ့ သူေတြကို ပဲႏို႔အစားထိုးၿပီး သံုးႏိုင္တယ္” ဟု အာဟာရဆိုင္ရာ ဆရာဝန္ႀကီး ေဒါက္တာ ေဒၚဝင္းဝင္းျမင့္က ဆိုသည္ ။

ထို႔ျပင္ ေမြးစမွ ေျခာက္လအရြယ္ထိ ကေလးမ်ားကို မိခင္ႏို႔တစ္မ်ဳိးတည္းသာ တိုက္ေကၽြးသင့္ေၾကာင္း၊ မိခင္ႏို႔သည္ အပူအေအးမွ်တၿပီး အစာေခ်စနစ္ကို ေကာင္းစြာဖံြ႕ၿဖိဳးေအာင္ ေဆာင္ရြက္ေပးႏိုင္ေၾကာင္း၊ အာဟာရဓာတ္လည္း မွ်တစြာပါရွိၿပီး ေရာဂါမ်ားကိုလည္း ကာကြယ္ေပးႏိုင္ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Mg Mandalay
https://www.facebook.com/mg.mandalay

#Unicode Version

နွားနို့၊ နို့မှုန့်ကို သောက်သုံးခြင်းအားဖြင့် အရိုးပွခြင်းနှင့် ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်ကြောင်း အာဟာရဆိုင်ရာ ဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က ပြောပါသည်။

ပိုးသတ်ဆေးအသုံးပြုထားသော ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများစားသုံးခြင်းကြောင့် ဖြစ်ပွားသည့် အစာအိမ်ကင်ဆာ ၊ အသည်းကင်ဆာနှင့် မော်တော်ကားများမှ ထွက်ရှိသော ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့များ ရှူရှိုက်မိခြင်း ကြောင့် ဖြစ်ပေါ်လာသည့် အဆုတ်ကင်ဆာများကို သာမက ဆေးလိပ် ၊ ဆေးရွက်ကြီးကြောင့် ဖြစ်လာသည့် လည်ချောင်းကင်ဆာနှင့် အဆုတ်ကင်ဆာများ အား နွားနို့နှင့် နို့မှုန့်ကို သောက်သုံးခြင်းဖြင့် ယင်းရောဂါများကို ကာကွယ်ပေးနိုင်ကြောင်း သိရသည် ။

“နေ့စဉ် နို့တစ်ခွက် ပုံမှန်သောက်သုံးခြင်းအားဖြင့် တစ်နေ့တာအတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ် ပမာဏရဲ့ သုံးပုံတစ်ပုံကို ဖြည့်ဆည်းပေးနိုင်ပါတယ်” ဟု အာဟာရဆိုင်ရာ ဆရာဝန်ကြီးဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်က အကြံပြု ပြောကြားသည် ။ သို့ရာတွင် နွားနို့နှင့် နို့မှုန့်တွင် ပါဝင်သော Lactose ဓာတ်ကြောင့် လူအချို့တွင် ဝမ်းပျက်၊ ဝမ်းလျှောခြင်း ဖြစ်ပွားနိုင်ပြီး ပရိုတင်းဓာတ်ကြောင့် လည်း လူအချို့တွင် ဝမ်းချုပ်ခြင်းတို့လည်း ဖြစ်ပွားနိုင်ကြောင်း သိရသည် ။

“နွားနို့ဖြစ်ဖြစ်၊ နို့မှုန့်ဖြစ်ဖြစ် မတည့်ရင် ဝမ်းပျက်၊ ဝမ်းလျှောဖြစ်နိုင်တယ်။ နွားနို့ Allergy ဖြစ်တဲ့သူတွေကို Lactose Intolarance လို့ခေါ်တယ်။ Lactose နဲ့ လူတွေရဲ့ ခန္ဓာကိုယ်မတည့်ရင် ဝမ်း ဝမ်းပျက် ၊ ဝမ်းလျှောဖြစ်နိုင်တယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေသုံးပုံတစ်ပုံဟာ Lactose Intolarance ရှိတတ်တယ်။ ဒါကြောင့် နို့နဲ့ မတည့်တဲ့ သူတွေကို ပဲနို့အစားထိုးပြီး သုံးနိုင်တယ်” ဟု အာဟာရဆိုင်ရာ ဆရာဝန်ကြီး ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်က ဆိုသည် ။

ထို့ပြင် မွေးစမှ ခြောက်လအရွယ်ထိ ကလေးများကို မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးသင့်ကြောင်း၊ မိခင်နို့သည် အပူအအေးမျှတပြီး အစာချေစနစ်ကို ကောင်းစွာဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးနိုင်ကြောင်း၊ အာဟာရဓာတ်လည်း မျှတစွာပါရှိပြီး ရောဂါများကိုလည်း ကာကွယ်ပေးနိုင်ကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:Mg Mandalay
https://www.facebook.com/mg.mandalay
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top