iMyanmarHouse.com - Best Property Website for Myanmar
×
၁။ ပြင်ပအရောင်
၂။ လတ်ဆတ်တဲ့ကြက်ဥဆိုတာ
၎။ သန့်စင်တဲ့အသားဓာတ်
Credit :duwun
#Unicode Version
ပရိုတင်းဓာတ် (အသားဓာတ်) ကြွယ်ဝတဲ့ ကြက်ဥဟာ အရသာလည်းရှိသလို ခွန်အားလည်းဖြစ်စေတဲ့အရာပါ။ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ကျန်းမာရေးအတွက်တော့ ကြက်ဥကိုစားပေးသင့်ပါတယ်။ ပရိုတင်းဓာတ်က ခွန်အားဖြစ်စေပြီး ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အတွက်လည်း အထောက်အကူပြုပါတယ်။ ကြက်ဥနဲ့ပတ်သက်ပြီး သိထားသင့်တာလေးတွေကို Duwun က ဖော်ပြပါ့မယ်။
၁။ ပြင်ပအရောင်
ကြက်ဥအရောင်နဲ့ပတ်သက်လို့ ပိုပြီးညိုတဲ့ကြက်ဥက ပိုအားရှိတယ်ဆိုတာ မဟုတ်ပါဘူး။ ကြက်မရဲ့ ဥအုတဲ့နေရာကြောင့်သာ အရောင်ကွဲသွားတာပါ။ အာဟာရချင်းက အတူတူပါပဲ။
၂။ လတ်ဆတ်တဲ့ကြက်ဥဆိုတာ
လတ်ဆတ်တဲ့ကြက်ဥရဲ့ အကာနဲ့အနှစ်ဟာ ကြာနေပြီဖြစ်တဲ့ကြက်ဥထက် ပိုပြီး နီးနီးကပ်ကပ်တင်းတင်းကျပ်ကျပ်ရှိပါတယ်။
၃။ ကြက်ဥလတ်၊မလတ် စမ်းသပ်နည်း
ကြက်ဥ/ဘဲဥ လတ်၊ မလတ် သိချင်ရင် ရေဇလုံထဲ ထည့်ကြည့်ပါ။ ရေထဲမြှုပ်သွားတဲ့ဥက လတ်ပါတယ်။ ရေပေါ် ပေါ်နေရင်တော့ အဲ့ဒီကြက်ဥက ကြာနေပါပြီ။
၄။ သန့်စင်တဲ့အသားဓာတ်
ကြက်ဥအကာမှာပါတဲ့ အသားဓာတ်ဟာ ကြက်ရင်အုံသားမှာပါတဲ့ အသားဓာတ်ထက် ပိုပြီးတော့ သန့်စင်ပါတယ်။
၅။ အသားဓာတ်များများပါဝင်
ကြက်ဥတစ်လုံးထဲကရတဲ့ အကာမှာရှိတဲ့ အသားဓာတ်ဟာ အနည်းဆုံး ၅ ဂရမ်မှ ၆ဂရမ်ကြား ရှိပါသတဲ့။
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit :duwun
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top