iMyanmarHouse.com - Best Property Website for Myanmar
×

ကြ်န္ေတာ္တုိ႔ရဲ႕အျမင္အာရုံဆုိတာ အသက္အရႊယ္ႀကီးရင့္လာတာနဲ႔ တျဖည္းျဖည္းအားနည္းတတ္ၾကပါတယ္။ ေန႔စဥ္ လုပ္ငန္းေဆာင္တာမ်ားမွာ ကြန္ပ်ဴတာနဲ႔အလုပ္လုပ္ခ်ိန္မ်ားတာ ၊ တီဗီအၾကည့္မ်ားတာ၊ ဖုန္းအသုံးမ်ားတာ ၊ စာဖတ္မ်ားတာတုိ႔ေၾကာင့္လည္း ကြ်န္ေတာ္တုိ႔ရဲ႕မ်က္စိကုိ အားနည္းေစႏုိင္ပါတယ္။ ဒီလုိ မ်က္စိအားနည္းေနတဲ႔ လူေတြအတြက္ အေထာက္အကူျပဳႏုိင္မယ့္ အစားအစာမ်ားကုိ ေဖာ္ျပေပးသြားခ်င္ပါတယ္။

 ပထမဆုံးေျပာျပခ်င္တဲ႔ အစားအစာကေတာ့ ၾကက္ဥျဖစ္ပါတယ္။ မနက္စာေတြထဲမွာ ၾကက္ဥကုိထည့္သြင္းစားသုံးျခင္းျဖင့္ စြမ္းအင္ျပည့္လာႏုိင္သလုိ ၾကက္ဥမွာပါဝင္တဲ႔ လူတိန္း ၊ ဗီတာမင္အီးနဲ႔ Omega 3 တုိ႔က အျမင္အာရုံအတြက္ပါ ေကာင္းမြန္ေစႏုိင္ပါတယ္။

 ေနာက္တစ္ခုကေတာ့ ဗီတာမင္စီဓါတ္ မ်ားစြာၾကြယ္ဝေနတဲ႔ လိေမၼာ္ေဖ်ာ္ရည္ျဖစ္ပါတယ္။ လိေမၼာ္သီးေဖ်ာ္ရည္မွာပါဝင္တဲ႔ ဗီတာမင္စီဓါတ္ဟာ ျမင္လႊာကုိအထူးေကာင္းမြန္ႏုိင္ေစတဲ႔ ဗီတာမင္အီးဓါတ္လုိပဲ လုပ္ေဆာင္ႏုိင္စြမ္းရွိတာေၾကာင့္ မနက္စာနဲ႔အတူ တြဲဖက္သုံးေဆာင္သင့္ပါတယ္။ သုိ႔ေပမယ္ ဘာမွမစားသုံးရေသးပဲနဲ႔ လိေမၼာ္ေဖ်ာ္ရည္ကုိ အရင္ေသာက္သုံးျခင္းကုိေတာ့ ေရွာင္ၾကည္သင့္ပါတယ္။

 အျမင္အာရုံကုိ ေကာင္းမြန္ေစႏုိင္တဲ႔ အစားအစာထဲမွာ မပါမျဖစ္ထည္႔သြင္းေျပာရမယ့္ အစားအစာကေတာ့ မုန္လာဥနီျဖစ္ပါတယ္။ မုန္လာဥနီမွာ ပါဝင္တဲ႔ ဗီတာမင္ေအဓါတ္ဟာ မ်က္စိက်န္းမာေအာင္ ပံပုိးေပးႏုိင္သလုိ ညဘက္ေတြေရာက္တုိင္း အျမင္အာရုံခ်ိဳ႕ယြင္းလာတတ္မႈမွလည္း ကာကြယ္ေပးႏုိင္ပါတယ္။

 ေနာက္ဆုံးေျပာျပခ်င္တဲ႔ အစားအစာကေတာ့ ကုိက္လန္ျဖစ္ပါတယ္။ ကုိက္လန္မွာ ကင္ဆာေရာဂါကုိ တြန္းလွန္ေပးႏုိင္တဲ႔ ဗီတာမင္ဓါတ္ေတြမ်ားစြာပါဝင္သလုိ မ်က္စိအတြက္ အက်ိဳးျပဳႏုိင္ေစတဲ႔ beta-Carotene ၊ lutein နဲ႔ zeaxanthin တုိ႔လည္း ပါဝင္ေနပါတယ္။ ဒါေၾကာင့္ သင့္အေနနဲ႔ အျမင္အာရုံျပသာနာေတြ ခံစားေနရတယ္ဆုိရင္ ဒီအစားအစာမ်ားကုိ စားသုံးရင္း ၾကည္လင္ျပတ္သားတဲ႔ ျမင္လႊာပုိင္ရွင္ျဖစ္လာႏုိင္ပါေစလုိ႔ ဆႏၵျပဳလုိက္ပါတယ္ခင္ဗ်ာ။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : thithtoolwin

#Unicode Version

ကျွန်တော်တို့ရဲ့အမြင်အာရုံဆိုတာ အသက်အရွှယ်ကြီးရင့်လာတာနဲ့ တဖြည်းဖြည်းအားနည်းတတ်ကြပါတယ်။ နေ့စဉ် လုပ်ငန်းဆောင်တာများမှာ ကွန်ပျူတာနဲ့အလုပ်လုပ်ချိန်များတာ ၊ တီဗီအကြည့်များတာ၊ ဖုန်းအသုံးများတာ ၊ စာဖတ်များတာတို့ကြောင့်လည်း ကျွန်တော်တို့ရဲ့မျက်စိကို အားနည်းစေနိုင်ပါတယ်။ ဒီလို မျက်စိအားနည်းနေတဲ့ လူတွေအတွက် အထောက်အကူပြုနိုင်မယ့် အစားအစာများကို ဖော်ပြပေးသွားချင်ပါတယ်။

 ပထမဆုံးပြောပြချင်တဲ့ အစားအစာကတော့ ကြက်ဥဖြစ်ပါတယ်။ မနက်စာတွေထဲမှာ ကြက်ဥကိုထည့်သွင်းစားသုံးခြင်းဖြင့် စွမ်းအင်ပြည့်လာနိုင်သလို ကြက်ဥမှာပါဝင်တဲ့ လူတိန်း ၊ ဗီတာမင်အီးနဲ့ Omega 3 တို့က အမြင်အာရုံအတွက်ပါ ကောင်းမွန်စေနိုင်ပါတယ်။

 နောက်တစ်ခုကတော့ ဗီတာမင်စီဓါတ် များစွာကြွယ်ဝနေတဲ့ လိမ္မော်ဖျော်ရည်ဖြစ်ပါတယ်။ လိမ္မော်သီးဖျော်ရည်မှာပါဝင်တဲ့ ဗီတာမင်စီဓါတ်ဟာ မြင်လွှာကိုအထူးကောင်းမွန်နိုင်စေတဲ့ ဗီတာမင်အီးဓါတ်လိုပဲ လုပ်ဆောင်နိုင်စွမ်းရှိတာကြောင့် မနက်စာနဲ့အတူ တွဲဖက်သုံးဆောင်သင့်ပါတယ်။ သို့ပေမယ် ဘာမှမစားသုံးရသေးပဲနဲ့ လိမ္မော်ဖျော်ရည်ကို အရင်သောက်သုံးခြင်းကိုတော့ ရှောင်ကြည်သင့်ပါတယ်။

 အမြင်အာရုံကို ကောင်းမွန်စေနိုင်တဲ့ အစားအစာထဲမှာ မပါမဖြစ်ထည့်သွင်းပြောရမယ့် အစားအစာကတော့ မုန်လာဥနီဖြစ်ပါတယ်။ မုန်လာဥနီမှာ ပါဝင်တဲ့ ဗီတာမင်အေဓါတ်ဟာ မျက်စိကျန်းမာအောင် ပံပိုးပေးနိုင်သလို ညဘက်တွေရောက်တိုင်း အမြင်အာရုံချို့ယွင်းလာတတ်မှုမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

 နောက်ဆုံးပြောပြချင်တဲ့ အစားအစာကတော့ ကိုက်လန်ဖြစ်ပါတယ်။ ကိုက်လန်မှာ ကင်ဆာရောဂါကို တွန်းလှန်ပေးနိုင်တဲ့ ဗီတာမင်ဓါတ်တွေများစွာပါဝင်သလို မျက်စိအတွက် အကျိုးပြုနိုင်စေတဲ့ beta-Carotene ၊ lutein နဲ့ zeaxanthin တို့လည်း ပါဝင်နေပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အမြင်အာရုံပြသာနာတွေ ခံစားနေရတယ်ဆိုရင် ဒီအစားအစာများကို စားသုံးရင်း ကြည်လင်ပြတ်သားတဲ့ မြင်လွှာပိုင်ရှင်ဖြစ်လာနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ခင်ဗျာ။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : thithtoolwin
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top