iMyanmarHouse.com - Best Property Website for Myanmar
×

သင္ဟာ စိတ္လႈပ္ရွားလြယ္သူတစ္ဦးလား၊ ဒါမွမဟုတ္ လူေတြေရွ႕မွာ ထြက္ျပီး စကားေျပာဆုိရတဲ့သူလား၊ အေရးၾကီးပုဂၢိဳလ္နဲ႕ေတြ႕ဆံုစရာ ရွိတာမို႕ သင့္စိတ္ထဲ အဆင္ေျပပါ့မလားဆုိျပီး ေတြးပူေနမိပါသလား။ ဒီလိုအေျခအေန ၾကံဳလာရတဲ့အခါ ကိုယ့္စိတ္ကိုအျမန္ဆံုးတည္ျငိမ္သြားေစဖုိ႕ ၾကိဳးစားေျဖရွင္းရေတာ့မွာေပါ့။ ဒီ့အတြက္ အာရံုေနာက္စရာမလိုေအာင္ လြယ္ကူတဲ့ နည္း(၅)နည္းကို ေဖာ္ျပေပးလိုက္ပါတယ္။

အသက္ရႈသြင္းထုတ္နည္းေလး စမ္းၾကည့္ပါ။
ဒီနည္းကေတာ့ ဟိုးေရွးကတည္းက အသံုးျပဳလာခဲ့ၾကတာပါ။ တကယ္လည္း ထိေရာက္ပါတယ္။ လုပ္ေဆာင္ရမွာက တစ္ေနရာမွာ သက္ေတာင့္သက္သာ ထုိင္လိုက္ပါ။ ခါးကိုမတ္မတ္ထားျပီး ပခံုးကို ေလ်ာ့တိေလ်ာ့ရဲသေဘာမ်ိဳး စိတ္ေလ်ွာ့ျပီးထိုင္လိုက္ပါ။ သင့္ရဲ႕ဘယ္ဘက္ ႏွာေခါင္းကို ဘယ္လက္ရဲ႕လက္ညိႈးနဲ႕လက္ခလယ္ကို အသံုးျပဳျပီး ညာဖက္ႏွာေခါင္းနဲ႕ အသက္ကို ၀ေအာင္ရႈသြင္းလိုက္ပါ။ ျပီးတာနဲ႕ ဘက္ဘက္ႏွာေခါင္းကို လက္ေလးနဲ႕ပိတ္ျပီး ညာဘက္ႏွာေခါင္းကေန ရႈထုတ္လိုက္ပါ။ တစ္မိနစ္ကေန သံုးမိနစ္ေလာက္ထိ ဒီလိုလုပ္ေဆာင္ျပီးရင္ သင့္ရဲ႕စိတ္ပူပန္မႈေတြ ေလ်ာ့က်သြားတာ ေတြ႕ရပါလိမ့္မယ္။

ေရေႏြးၾကမ္းတစ္ခြက္ေသာက္လိုက္ပါ။
လက္ဖက္ေျခာက္မွာ အမိုင္ႏိုအက္ဆက္ပါ၀င္ပါတယ္။ သူ႕သေဘာကိုက စိတ္ဖိစီးမႈနဲ႕စိတ္ပူပန္မႈေတြ ေလ်ွာ့ေပးတတ္တာမ်ိဳးဆိုေတာ့ သင္စိတ္လႈပ္ရွားခ်ိန္တုိင္း လက္ဖက္ရည္ၾကမ္းေလးတစ္ခြက္ေသာက္ဖုိ႕ မေမ့ပါနဲ႕။ နည္းနည္းေလး ပူေႏြးေနရင္ ပိုေကာင္းပါတယ္။

ကိန္းဂဏန္းေတြကို ေနာက္ကေန ေရွ႕ကိုျပန္ရြတ္ပါ။
ဒီနည္းၾကည့္ရတာ အူေၾကာင္ေၾကာင္ႏိုင္တယ္လို႕ ထင္ေကာင္းထင္ႏိုင္ပါတယ္။ ဒါေပမယ့္ သင္ဟာ မၾကာခင္လုပ္ေဆာင္ရမယ့္ အစည္းအေ၀းကိစၥအတြက္ စိတ္ပူေနတယ္ဆိုရင္ေတာ့ ကိန္းဂဏန္းေတြကို ေနာက္ကေန ေရွ႕ကို ျပန္ရြတ္ၾကည့္ျပီး မလိုအပ္တဲ့ အပူအပင္ေတြကို ေလ်ာ့ခ်ပစ္ႏိုင္ပါတယ္။

ကုိယ့္အၾကိဳက္ဆံုးသီခ်င္းကို နားေထာင္ပါ။
သင္အျမဲတမ္း နားေထာင္ျဖစ္တဲ့ အၾကိဳက္ဆံုးသီခ်င္းက ဘာမ်ားလဲ။ အဲ့သီခ်င္းဟာ သင္စိတ္ပူ၊ စိတ္လႈပ္ရွားေနခ်ိန္နားေထာင္ဖုိ႕ အေကာင္းဆံုးသီခ်င္းပါပဲ။ မ်က္လံုးေလးမွိတ္ျပီး သီခ်င္းနားေထာင္လိုက္ပါ။ သီခ်င္းတစ္ပုဒ္ျပီးသြားတဲ့အခါ သင့္စိတ္ဟာ ပိုမိုေပါ့ပါးေနတာေတြ႕ရပါလိမ့္မယ္။

ျဖစ္ကိုျဖစ္ရမယ္ဆုိတဲ့စိတ္ကို သြင္းပါ။
သင့္စိတ္ကို သင္ျပန္လည္သင္ၾကားျခင္းနည္းနဲ႕ သံုးေပးပါ။ ျဖစ္ႏိုင္ရင္ တိုးတိုးေလးရြတ္ေနတာပဲ ျဖစ္ျဖစ္ သင့္မ်က္လံုးကို သင္မွန္ထဲျပန္ၾကည့္ျပီး ေျပာေပးတာမ်ိဳးဆုိလည္း အဆင္ေျပပါတယ္။ ဥပမာ သင္ကအင္တာဗ်ဴး၀င္ေျဖရေတာ့မယ္ဆုိရင္ သင့္မ်က္လံုးကို သင္မွန္ထဲကၾကည့္ျပီး ငါေျဖႏိုင္ရမယ္၊ ငါလုပ္ႏိုင္မွာ ေသခ်ာတယ္ ဆုိတာမ်ိဳး ေျပာေပးပါ။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : trend myanmar

#Unicod Version

သင်ဟာ စိတ်လှုပ်ရှားလွယ်သူတစ်ဦးလား၊ ဒါမှမဟုတ် လူတွေရှေ့မှာ ထွက်ပြီး စကားပြောဆိုရတဲ့သူလား၊ အရေးကြီးပုဂ္ဂိုလ်နဲ့တွေ့ဆုံစရာ ရှိတာမို့ သင့်စိတ်ထဲ အဆင်ပြေပါ့မလားဆိုပြီး တွေးပူနေမိပါသလား။ ဒီလိုအခြေအနေ ကြုံလာရတဲ့အခါ ကိုယ့်စိတ်ကိုအမြန်ဆုံးတည်ငြိမ်သွားစေဖို့ ကြိုးစားဖြေရှင်းရတော့မှာပေါ့။ ဒီ့အတွက် အာရုံနောက်စရာမလိုအောင် လွယ်ကူတဲ့ နည်း(၅)နည်းကို ဖော်ပြပေးလိုက်ပါတယ်။

အသက်ရှုသွင်းထုတ်နည်းလေး စမ်းကြည့်ပါ။
ဒီနည်းကတော့ ဟိုးရှေးကတည်းက အသုံးပြုလာခဲ့ကြတာပါ။ တကယ်လည်း ထိရောက်ပါတယ်။ လုပ်ဆောင်ရမှာက တစ်နေရာမှာ သက်တောင့်သက်သာ ထိုင်လိုက်ပါ။ ခါးကိုမတ်မတ်ထားပြီး ပခုံးကို လျော့တိလျော့ရဲသဘောမျိုး စိတ်လျှော့ပြီးထိုင်လိုက်ပါ။ သင့်ရဲ့ဘယ်ဘက် နှာခေါင်းကို ဘယ်လက်ရဲ့လက်ညှိုးနဲ့လက်ခလယ်ကို အသုံးပြုပြီး ညာဖက်နှာခေါင်းနဲ့ အသက်ကို ဝအောင်ရှုသွင်းလိုက်ပါ။ ပြီးတာနဲ့ ဘက်ဘက်နှာခေါင်းကို လက်လေးနဲ့ပိတ်ပြီး ညာဘက်နှာခေါင်းကနေ ရှုထုတ်လိုက်ပါ။ တစ်မိနစ်ကနေ သုံးမိနစ်လောက်ထိ ဒီလိုလုပ်ဆောင်ပြီးရင် သင့်ရဲ့စိတ်ပူပန်မှုတွေ လျော့ကျသွားတာ တွေ့ရပါလိမ့်မယ်။

ရေနွေးကြမ်းတစ်ခွက်သောက်လိုက်ပါ။
လက်ဖက်ခြောက်မှာ အမိုင်နိုအက်ဆက်ပါဝင်ပါတယ်။ သူ့သဘောကိုက စိတ်ဖိစီးမှုနဲ့စိတ်ပူပန်မှုတွေ လျှော့ပေးတတ်တာမျိုးဆိုတော့ သင်စိတ်လှုပ်ရှားချိန်တိုင်း လက်ဖက်ရည်ကြမ်းလေးတစ်ခွက်သောက်ဖို့ မမေ့ပါနဲ့။ နည်းနည်းလေး ပူနွေးနေရင် ပိုကောင်းပါတယ်။

ကိန်းဂဏန်းတွေကို နောက်ကနေ ရှေ့ကိုပြန်ရွတ်ပါ။
ဒီနည်းကြည့်ရတာ အူကြောင်ကြောင်နိုင်တယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် သင်ဟာ မကြာခင်လုပ်ဆောင်ရမယ့် အစည်းအဝေးကိစ္စအတွက် စိတ်ပူနေတယ်ဆိုရင်တော့ ကိန်းဂဏန်းတွေကို နောက်ကနေ ရှေ့ကို ပြန်ရွတ်ကြည့်ပြီး မလိုအပ်တဲ့ အပူအပင်တွေကို လျော့ချပစ်နိုင်ပါတယ်။

ကိုယ့်အကြိုက်ဆုံးသီချင်းကို နားထောင်ပါ။
သင်အမြဲတမ်း နားထောင်ဖြစ်တဲ့ အကြိုက်ဆုံးသီချင်းက ဘာများလဲ။ အဲ့သီချင်းဟာ သင်စိတ်ပူ၊ စိတ်လှုပ်ရှားနေချိန်နားထောင်ဖို့ အကောင်းဆုံးသီချင်းပါပဲ။ မျက်လုံးလေးမှိတ်ပြီး သီချင်းနားထောင်လိုက်ပါ။ သီချင်းတစ်ပုဒ်ပြီးသွားတဲ့အခါ သင့်စိတ်ဟာ ပိုမိုပေါ့ပါးနေတာတွေ့ရပါလိမ့်မယ်။

ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စိတ်ကို သွင်းပါ။
သင့်စိတ်ကို သင်ပြန်လည်သင်ကြားခြင်းနည်းနဲ့ သုံးပေးပါ။ ဖြစ်နိုင်ရင် တိုးတိုးလေးရွတ်နေတာပဲ ဖြစ်ဖြစ် သင့်မျက်လုံးကို သင်မှန်ထဲပြန်ကြည့်ပြီး ပြောပေးတာမျိုးဆိုလည်း အဆင်ပြေပါတယ်။ ဥပမာ သင်ကအင်တာဗျူးဝင်ဖြေရတော့မယ်ဆိုရင် သင့်မျက်လုံးကို သင်မှန်ထဲကကြည့်ပြီး ငါဖြေနိုင်ရမယ်၊ ငါလုပ်နိုင်မှာ သေချာတယ် ဆိုတာမျိုး ပြောပေးပါ။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : trend myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top