iMyanmarHouse.com - Best Property Website for Myanmar
×

အသည္းကြဲတယ္ဆိုတာ နာက်င္စရာကိစၥပါပဲ။ ပိုခ်စ္ေလ ကိုယ့္အတြက္ ပိုခံစားရ၊ ပိုနာက်င္ေလေပါ့။ မျပတ္ခင္ကတည္းကလည္း သူနဲ႔ကိုယ္ ရန္ေတြျဖစ္၊ ေဒါသေတြထြက္ေနရတယ္၊ ဒါမွမဟုတ္လည္း ကုိယ့္ဘက္က ရင္ထဲမွာၾကိတ္ ခံစားေနရတယ္။ ခုေတာ့ ဇာတ္လမ္းက လံုး၀ၿပီးသြားၿပီ၊ ဘယ္လိုမွ မျဖစ္ႏိုင္ေတာ့ဘူးလို႔ ေသခ်ာ သြားၿပီဆိုရင္ေတာ့ အသည္းကြဲတာဟာ ငါမွျဖစ္ရလား ဆုိၿပီး ေတြးမေနေတာ့ဘဲ ေကာင္းတဲ့ဘက္ကလည္း ခုလို စဥ္းစားၾကည့္ႏိုင္တာပဲေလ။

၁။အဆိုးဆံုးေတြ အားလံုးၿပီးသြားၿပီ။

ရန္ေတြျဖစ္ရ၊ ေအာ္ေငါက္တာေတြ ခံစားရ၊ ေဖ့စ္ဘြတ္ခ္မွာ စေတးတပ္စ္ေတြ အၿပိဳင္အဆုိင္တင္ၿပီး သူမွန္တယ္၊ ငါမွန္တယ္ ျငင္းခုန္ရ၊ စြပ္စြဲခ်က္ေတြေၾကာင့္ ခံစားရ စတာေတြဟာ ခုခ်ိန္မွာ အားလံုးအဆံုးသတ္သြားၿပီမုိ႔ ငါေအးခ်မ္းသြားၿပီ လို႔ ေတြးပါ။ ေရွ႕ရက္ေတြမွာ ခံစားေနရတာေတြ အားလံုးၿပီးဆံုးသြားၿပီမုိ႔ စိတ္သက္သက္သာသာျဖစ္ၿပီလို႔ ေတြးဖုိ႔လိုပါတယ္။

၂။email တစ္ခုကို ႏွစ္ေယာက္အတူတူ သံုးရတာမ်ိဳးေတြ၊ တစ္ေယာက္ password တစ္ေယာက္ သိတာမ်ိဳးေတြ မရွိေတာ့တာေၾကာင့္ အာရံုမေနာက္ေတာ့ဘူးေပါ့။

ကိုယ္က မရႈပ္ေပမယ့္ တစ္ခါတစ္ေလ ကိုယ္မသိတဲ့ ျပႆနာေတြ အၿမဲတမ္း ရင္ဆိုင္ေနရတာမ်ိုးေတြ ရွိတတ္ပါတယ္။ Email အတူတူ သံုးတာမ်ိဳးေတြ၊ ခ်စ္သူက ကိုယ့္ကို စိတ္မခ်လို႔၊ မယံုလို႔ password ေပးထားရတာမ်ိဳးေတြ မရွိေတာ့ဘူးဆိုေတာ့ ေအးေအးေဆးေဆးျဖစ္သြားၿပီေလ။

၃။သူမုန္းတဲ့အရာေတြကို ကိုယ္ေရွာင္စရာမလိုပဲ လုပ္လုိ႔ရၿပီ။

သူက ဟိုဟာလုပ္တာ မႀကိဳက္ဘူး။ ဒီကိုသြားတာ မႀကိဳက္ဘူး။ ဟိုလူနဲ႔ မေပါင္းနဲ႔။ ဒါမ်ိဳးေတြ မ၀တ္နဲ႔ဆိုတဲ့ အရာေတြ ခုကိုယ့္စိတ္ႀကိဳက္ ေနလို႔၊ လုပ္လုိ႔ရၿပီေပါ့။ သူ႔အတြက္ ထည့္စဥ္းစားစရာ မလိုေတာ့ဘူး။ ဘယ္ေလာက္မိုက္သလဲ။

၄။ကိုယ့္အတြက္ အခ်ိန္ေတြ ပိုရလာတယ္။

မိန္းကေလးေတြဆုိရင္ မ်က္ႏွာေပါင္းတင္မလား၊ ေျခသည္းလက္သည္းအလွျပင္မလား၊ ေရွာ့ပင္ထြက္မလား ၊ ေယာဂက်င့္မလား၊ တစ္ေန႔တစ္ေန႔ သူနဲ႔ေတြ႕ေနရတာေၾကာင့္ ကိုယ္လုပ္ခ်င္တာေတြ မလုပ္ပဲ ေနေနရတာ ခုေတာ့ ကိုယ့္အတြက္ အခ်ိန္ေတြေတာင္ ပိုရလာေသး။ ေယာက်ၤားေလးေတြဆုိရင္လည္း သူငယ္ခ်င္းေတြနဲ႔ ေဘာလံုးပြဲၾကည့္မလား၊ ဘီယာဆုိင္သြားမလား၊ အရင္လို ဖုန္းလိုက္ဆက္ေနမယ့္သူ မရွိေတာ့ ေအးေဆးပဲေပါ့။

၅။သူငယ္ခ်င္းေတြနဲ႔ေတြ႕ဖို႕ အခ်ိန္ပုိရလာတယ္။

ရည္းစားရွိခ်ိန္ကဆို တစ္ပတ္မွာ တစ္ခါ မေျပာနဲ႔၊ တစ္လမွာ တစ္ခါေတာင္ သူငယ္ခ်င္းေတြအတြက္ အခ်ိန္မေပးျဖစ္ဘူး။ ခုေတာ့ သူငယ္ခ်င္းတြနဲ႔ ခ်ိန္းၿပီး ရယ္စရာေတြေျပာ၊ ကိုယ့္စိတ္ႀကိဳက္ေနလုိ႔ရၿပီေပါ့။

၆။ကိုယ့္ကိုယ္ကိုယ္ ရင့္က်င္လာတယ္ဆိုတာ ပိုသိလာလိမ့္မယ္။

အသည္းတစ္ခါကြဲရင္ တစ္ခါရင့္က်က္သြားတတ္ၾကပါတယ္တဲ့။ အခ်ိန္အေတာ္ၾကာ တြဲလာတဲ့ ခ်စ္သူရည္းစားေတြဟာ ဘာေၾကာင့္မ်ား အဆင္မေျပျဖစ္လာၾကရပါသလဲ။ သူတုိ႔ႏွစ္ဦးစလံုးဟာ ပိုမိုရင့္က်က္လာတာေၾကာင့္ ေျပာင္းလဲမႈေတြ ရွိလာတာေၾကာင့္ပါပဲ။ ဒါေပမယ့္ အဲ့ဒီအေျပာင္းအလဲနဲ႔ ရင့္က်က္မႈကို ႏွစ္ဦးစလံုး လက္ခံၿပီး နားလည္မႈရွိဖုိ႔ေတာ့ လိုအပ္ပါတယ္။

၇။ကိုယ္နဲ႔ပိုအဆင္ေျပၿပီး စိတ္တူကိုယ္တူျဖစ္မယ့္ ခ်စ္သူကို ရွာဖုိ႔ အခြင့္အေရးရတာေပါ့။

ဒီတစ္ေယာက္နဲ႔က တြဲသာတြဲေနခဲ့တာ။ ကိုယ္မၾကိဳက္တဲ့ အခ်က္ေတြ သူ႕မွာအမ်ားႀကီးရယ္။ ကိုယ္နဲ႔အဆင္မေျပတာေတြလည္း အမ်ားႀကီး။ ခုလို ျပတ္သြားေတာ့ ကိုယ္နဲ႔ ပိုအဆင္ေျပမယ့္ ခ်စ္သူ ကုိယ့္ဆီေရာက္လာဖုိ႔ အခြင့္အလမ္းပဲေလ။ ဘာလုိ႔  စိတ္ဓာတ္က်ေနမွာလဲ။

၈။ပူပင္ေသာကေတြနဲ႔ စိတ္ဖိစီးမႈကို ဘယ္လိုကိုင္တြယ္သင့္တယ္ဆိုတာေတြ သိလာလိ့မ္မယ္။

ခ်စ္သူနဲ႔ ျပတ္လုိ႔ ထမင္းမစား၊ ဟင္းမစားေနလည္း ေနာက္ဆုံးေတာ့ ကိုယ္လုပ္စရာရွိတဲ့ အလုပ္ေတြျပန္လုပ္ရမယ္၊ ေန႔စဥ္ရုန္းကန္လႈပ္ရွားမႈေတြနဲ႔ အသားက်ေအာင္ ျပန္ေနထုိင္သြားရမွာပါပဲ။ ဒါ့ေၾကာင့္ အသည္းကြဲေပမယ့္လည္း စိတ္ဖိစီးမႈေတြနဲ႔ ခံစားေနရတဲ့ ပူပင္မႈေတြကို ဘယ္လိုေက်ာ္လႊားရမယ္ဆိုတာ သိလာပါလိမ့္မယ္။

၉။ကိုယ့္ကိုယ္ကိုယ္ တန္ဖိုးထားေနတတ္လာမယ္။

ခုခ်ိန္မွာ ကိုယ္ကလြဲၿပီး ကိုယ္တန္ဖိုးထားရမယ့္သူ မရွိေတာ့ပါဘူး။ ကိုယ့္အတြက္ ျပင္ျပင္ဆင္ဆင္ေနရမယ္ဆိုတာလည္း သိလာမယ္။ အရင္က သူ႕ကိုလုပ္ေပးခဲ့သမွ်အရာအားလံုးဟာ ခု ကိုယ့္အတြက္ခ်ည္းပါပဲ။ ကိုယ့္အတြက္ အေကာင္းဆံုးျဖစ္ေအာင္ေနမွ ေနာက္ပိုင္းအနာဂတ္အတြက္လည္း ပိုအဆင္ေျပမယ္ဆိုတာ သိလာလိ့မ္မယ္။

၁၀။ကိုယ့္အားကိုယ္ကိုး တတ္လာမယ္။

အရင္က ေဘးမွာ ခ်စ္သူပါေနတာေၾကာင့္ သူ႕ကို အားကိုးတာမ်ိဳးေတြ ရွိခဲ့ရင္ေတာ့ ခုခ်ိန္ကစၿပီး ကိုယ့္အားကိုယ္ကိုးရေတာ့မယ္ဆိုတာ သိလာရၿပီေပါ့။ စားလည္း တစ္ေယာက္တည္း၊ သြားလည္းတစ္ေယာက္တည္း၊ ကိုယ့္ကိုယ္ကိုယ္ အားကိုးပါ။ ႀကိဴးစားၿပီး ေနထုိင္တတ္လာပါလိမ့္မယ္။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit :trend myanmar

#Unicode Version

အသည်းကွဲတယ်ဆိုတာ နာကျင်စရာကိစ္စပါပဲ။ ပိုချစ်လေ ကိုယ့်အတွက် ပိုခံစားရ၊ ပိုနာကျင်လေပေါ့။ မပြတ်ခင်ကတည်းကလည်း သူနဲ့ကိုယ် ရန်တွေဖြစ်၊ ဒေါသတွေထွက်နေရတယ်၊ ဒါမှမဟုတ်လည်း ကိုယ့်ဘက်က ရင်ထဲမှာကြိတ် ခံစားနေရတယ်။ ခုတော့ ဇာတ်လမ်းက လုံးဝပြီးသွားပြီ၊ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလို့ သေချာ သွားပြီဆိုရင်တော့ အသည်းကွဲတာဟာ ငါမှဖြစ်ရလား ဆိုပြီး တွေးမနေတော့ဘဲ ကောင်းတဲ့ဘက်ကလည်း ခုလို စဉ်းစားကြည့်နိုင်တာပဲလေ။

၁။အဆိုးဆုံးတွေ အားလုံးပြီးသွားပြီ။

ရန်တွေဖြစ်ရ၊ အော်ငေါက်တာတွေ ခံစားရ၊ ဖေ့စ်ဘွတ်ခ်မှာ စတေးတပ်စ်တွေ အပြိုင်အဆိုင်တင်ပြီး သူမှန်တယ်၊ ငါမှန်တယ် ငြင်းခုန်ရ၊ စွပ်စွဲချက်တွေကြောင့် ခံစားရ စတာတွေဟာ ခုချိန်မှာ အားလုံးအဆုံးသတ်သွားပြီမို့ ငါအေးချမ်းသွားပြီ လို့ တွေးပါ။ ရှေ့ရက်တွေမှာ ခံစားနေရတာတွေ အားလုံးပြီးဆုံးသွားပြီမို့ စိတ်သက်သက်သာသာဖြစ်ပြီလို့ တွေးဖို့လိုပါတယ်။

၂။email တစ်ခုကို နှစ်ယောက်အတူတူ သုံးရတာမျိုးတွေ၊ တစ်ယောက် password တစ်ယောက် သိတာမျိုးတွေ မရှိတော့တာကြောင့် အာရုံမနောက်တော့ဘူးပေါ့။

ကိုယ်က မရှုပ်ပေမယ့် တစ်ခါတစ်လေ ကိုယ်မသိတဲ့ ပြဿနာတွေ အမြဲတမ်း ရင်ဆိုင်နေရတာမျိုးတွေ ရှိတတ်ပါတယ်။ Email အတူတူ သုံးတာမျိုးတွေ၊ ချစ်သူက ကိုယ့်ကို စိတ်မချလို့၊ မယုံလို့ password ပေးထားရတာမျိုးတွေ မရှိတော့ဘူးဆိုတော့ အေးအေးဆေးဆေးဖြစ်သွားပြီလေ။

၃။သူမုန်းတဲ့အရာတွေကို ကိုယ်ရှောင်စရာမလိုပဲ လုပ်လို့ရပြီ။

သူက ဟိုဟာလုပ်တာ မကြိုက်ဘူး။ ဒီကိုသွားတာ မကြိုက်ဘူး။ ဟိုလူနဲ့ မပေါင်းနဲ့။ ဒါမျိုးတွေ မဝတ်နဲ့ဆိုတဲ့ အရာတွေ ခုကိုယ့်စိတ်ကြိုက် နေလို့၊ လုပ်လို့ရပြီပေါ့။ သူ့အတွက် ထည့်စဉ်းစားစရာ မလိုတော့ဘူး။ ဘယ်လောက်မိုက်သလဲ။

၄။ကိုယ့်အတွက် အချိန်တွေ ပိုရလာတယ်။

မိန်းကလေးတွေဆိုရင် မျက်နှာပေါင်းတင်မလား၊ ခြေသည်းလက်သည်းအလှပြင်မလား၊ ရှော့ပင်ထွက်မလား ၊ ယောဂကျင့်မလား၊ တစ်နေ့တစ်နေ့ သူနဲ့တွေ့နေရတာကြောင့် ကိုယ်လုပ်ချင်တာတွေ မလုပ်ပဲ နေနေရတာ ခုတော့ ကိုယ့်အတွက် အချိန်တွေတောင် ပိုရလာသေး။ ယောကျၤားလေးတွေဆိုရင်လည်း သူငယ်ချင်းတွေနဲ့ ဘောလုံးပွဲကြည့်မလား၊ ဘီယာဆိုင်သွားမလား၊ အရင်လို ဖုန်းလိုက်ဆက်နေမယ့်သူ မရှိတော့ အေးဆေးပဲပေါ့။

၅။သူငယ်ချင်းတွေနဲ့တွေ့ဖို့ အချိန်ပိုရလာတယ်။

ရည်းစားရှိချိန်ကဆို တစ်ပတ်မှာ တစ်ခါ မပြောနဲ့၊ တစ်လမှာ တစ်ခါတောင် သူငယ်ချင်းတွေအတွက် အချိန်မပေးဖြစ်ဘူး။ ခုတော့ သူငယ်ချင်းတွနဲ့ ချိန်းပြီး ရယ်စရာတွေပြော၊ ကိုယ့်စိတ်ကြိုက်နေလို့ရပြီပေါ့။

၆။ကိုယ့်ကိုယ်ကိုယ် ရင့်ကျင်လာတယ်ဆိုတာ ပိုသိလာလိမ့်မယ်။

အသည်းတစ်ခါကွဲရင် တစ်ခါရင့်ကျက်သွားတတ်ကြပါတယ်တဲ့။ အချိန်အတော်ကြာ တွဲလာတဲ့ ချစ်သူရည်းစားတွေဟာ ဘာကြောင့်များ အဆင်မပြေဖြစ်လာကြရပါသလဲ။ သူတို့နှစ်ဦးစလုံးဟာ ပိုမိုရင့်ကျက်လာတာကြောင့် ပြောင်းလဲမှုတွေ ရှိလာတာကြောင့်ပါပဲ။ ဒါပေမယ့် အဲ့ဒီအပြောင်းအလဲနဲ့ ရင့်ကျက်မှုကို နှစ်ဦးစလုံး လက်ခံပြီး နားလည်မှုရှိဖို့တော့ လိုအပ်ပါတယ်။

၇။ကိုယ်နဲ့ပိုအဆင်ပြေပြီး စိတ်တူကိုယ်တူဖြစ်မယ့် ချစ်သူကို ရှာဖို့ အခွင့်အရေးရတာပေါ့။

ဒီတစ်ယောက်နဲ့က တွဲသာတွဲနေခဲ့တာ။ ကိုယ်မကြိုက်တဲ့ အချက်တွေ သူ့မှာအများကြီးရယ်။ ကိုယ်နဲ့အဆင်မပြေတာတွေလည်း အများကြီး။ ခုလို ပြတ်သွားတော့ ကိုယ်နဲ့ ပိုအဆင်ပြေမယ့် ချစ်သူ ကိုယ့်ဆီရောက်လာဖို့ အခွင့်အလမ်းပဲလေ။ ဘာလို့  စိတ်ဓာတ်ကျနေမှာလဲ။

၈။ပူပင်သောကတွေနဲ့ စိတ်ဖိစီးမှုကို ဘယ်လိုကိုင်တွယ်သင့်တယ်ဆိုတာတွေ သိလာလိ့မ်မယ်။

ချစ်သူနဲ့ ပြတ်လို့ ထမင်းမစား၊ ဟင်းမစားနေလည်း နောက်ဆုံးတော့ ကိုယ်လုပ်စရာရှိတဲ့ အလုပ်တွေပြန်လုပ်ရမယ်၊ နေ့စဉ်ရုန်းကန်လှုပ်ရှားမှုတွေနဲ့ အသားကျအောင် ပြန်နေထိုင်သွားရမှာပါပဲ။ ဒါ့ကြောင့် အသည်းကွဲပေမယ့်လည်း စိတ်ဖိစီးမှုတွေနဲ့ ခံစားနေရတဲ့ ပူပင်မှုတွေကို ဘယ်လိုကျော်လွှားရမယ်ဆိုတာ သိလာပါလိမ့်မယ်။

၉။ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားနေတတ်လာမယ်။

ခုချိန်မှာ ကိုယ်ကလွဲပြီး ကိုယ်တန်ဖိုးထားရမယ့်သူ မရှိတော့ပါဘူး။ ကိုယ့်အတွက် ပြင်ပြင်ဆင်ဆင်နေရမယ်ဆိုတာလည်း သိလာမယ်။ အရင်က သူ့ကိုလုပ်ပေးခဲ့သမျှအရာအားလုံးဟာ ခု ကိုယ့်အတွက်ချည်းပါပဲ။ ကိုယ့်အတွက် အကောင်းဆုံးဖြစ်အောင်နေမှ နောက်ပိုင်းအနာဂတ်အတွက်လည်း ပိုအဆင်ပြေမယ်ဆိုတာ သိလာလိ့မ်မယ်။

၁၀။ကိုယ့်အားကိုယ်ကိုး တတ်လာမယ်။

အရင်က ဘေးမှာ ချစ်သူပါနေတာကြောင့် သူ့ကို အားကိုးတာမျိုးတွေ ရှိခဲ့ရင်တော့ ခုချိန်ကစပြီး ကိုယ့်အားကိုယ်ကိုးရတော့မယ်ဆိုတာ သိလာရပြီပေါ့။ စားလည်း တစ်ယောက်တည်း၊ သွားလည်းတစ်ယောက်တည်း၊ ကိုယ့်ကိုယ်ကိုယ် အားကိုးပါ။ ကြိူးစားပြီး နေထိုင်တတ်လာပါလိမ့်မယ်။
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit :trend myanmar


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top