iMyanmarHouse.com - Best Property Website for Myanmar
×

ဇနီးသည္က အိပ္ရာထဲမွာ အတူမေနခ်င္တဲ့အေၾကာင္းရင္းမ်ား

၁။အိမ္ေထာင္ေရးအေျခအေနကို စိတ္အလိုမက်ျခင္း

အမ်ိဳးသမီးအမ်ားစုအတြက္ သူတို႕ရဲ႕လိင္စိတ္နဲ႕ သူတို႕ရဲ႕Relationshipအေျခအေနနဲ႕ တိုက္ရိုက္ပတ္သတ္ေနတယ္ဗ်။အကယ္၍ ခင္ဗ်ားရဲ႕အမ်ိဳးသမီးက ခင္ဗ်ားနဲ႕ပတ္သတ္ျပီး ခင္ဗ်ားတို႕Relationshipနဲ႕ပတ္သတ္ျပီး စိတ္အလိုမက်ျဖစ္ေနတယ္ဆိုရင္ေတာ့ လိင္စိတ္ဆိုတာက သူမနဲ႕အေဝးဆံုးအရာျဖစ္သြားျပီကိုယ့္လူ။
၂။သူမအတြက္ လိင္ဆက္ဆံရင္ နာက်င္ေနျခင္း

အသက္အရြယ္ၾကီးလာတာနဲ႕အမွ် ဥာဏ္ပညာပိုင္းမွ ပိုထက္ျမက္လာေပမယ့္ ခႏၶာကို္ယ္ကေတာ့ အရည္အေသြးက်ဆင္းသြားတတ္တယ္ေလ။အဲ့ေတာ့ အမ်ိဳးသမီးရဲ႕ ခႏၶာကိုယ္က လိင္နဲ႕ပတ္သတ္တဲ့ ေဟာ္မုန္းေတြထြက္တာနည္းလာျပီး သူမအတြက္နာက်င္နိုင္ပါတယ္။အကယ္၍ လိင္ဆက္ဆံတာက သူမအတြက္ နာက်င္ေစတယ္ သက္ေတာင့္သက္သာမျဖစ္ဘူးဆိုရင္ ခင္ဗ်ားတို႕၂ေယာက္ရဲ႕ အိပ္ရာထဲက အထိအေတြ႕က နည္းသြားမွာအေသအခ်ာပါပဲ။အဲ့ေတာ့ သူမအတြက္ သက္ေတာင့္သက္သာျဖစ္ျပီး နာက်င္မႈနည္းေစမယ့္ ေခ်ာဆီလိုမ်ိဳး အရာေတြကို သံုးဖို႕ အၾကံျပဳပါရေစဗ်။

၃။အထိအေတြ႕အေပြ႕အဖက္နည္းသြားျခင္း

လိင္ဆက္ဆံတယ္ဆိုတာက လိင္ဆက္ဆံဖို႕ ကိစၥေတြကို လုပ္လိုက္တာနဲ႕ပဲ လိင္ဆက္ဆံတာျဖစ္မသြားဘူးဗ်။တျဖည္းျဖည္းျခင္း တည္ေဆာက္သြားရတဲ့ကိစၥဆိုတာ ခင္ဗ်ားလည္းသိေနတာပဲေလဗ်ာ။ဥပမာ မနက္အလုပ္မသြားခင္ နမ္းသြားတာမ်ိဳးေလးေတြနဲ႕ေပါ့။သူမအနားမွာ ထိုင္ေပးျပီး လက္ေလးေတြကိုင္ထားေပးလိုက္ပါ။သူမကို ေပြ႕ဖက္ပါ။အိပ္ခန္းထဲမွာပဲ မလုပ္ပါနဲ႕။ခင္ဗ်ားက သူ႕ကို ဂရုစိုက္တယ္ဆိုတာ ဒီလိုေထြးေပြ႕ေနေပးျခင္းနဲ႕ သက္ေသျပလိုက္ပါဦးကိုယ့္လူေရ။

၄။ပင္ပန္းေနျခင္း

အလုပ္မွာ အိမ္အလုပ္ေတြမွာ ပင္ပန္းေနတဲ့ ခင္ဗ်ားရဲ႕ဇနီးဟာ ခင္ဗ်ားနဲ႕ လိင္ဆက္ဆံဖို႕ ကိစၥကို စဥ္းစားနိုင္ဦးမယ္လို႕မ်ား ထင္ေနပါသလားကိုယ့္လူေရ။

၅။ျငီးေငြ႕လာျခင္း

ခင္ဗ်ားကိုယ္ခင္ဗ်ား ျပန္ေမးၾကည့္ပါ။ခင္ဗ်ားရဲ႕ဇနီးက ခင္ဗ်ားကိုၾကည့္လိုက္ရင္ သူ႕အတြက္ ခ်စ္ျမတ္နိုးဖြယ္ အံ့အားသင့္ဖြယ္ေကာင္းတဲ့လူတစ္ေယာက္အေနနဲ႕ ရွိေနတုန္းပဲလား။ဒါမွမဟုတ္ အေရာင္အဝါေတြမ်ား က်သြားျပီလားဆိုတာကိုေပါ့။သူ႕ကို ခ်ည္းကပ္ခဲ့တဲ့သူေတြထဲမွာ ခင္ဗ်ားက နံပါတ္(၁)ပဲျဖစ္ေနေစဖို႕ ခင္ဗ်ားရဲ႕ အရင္တုန္းက ပံုစံကို ျပန္ျပင္ၾကည့္လိုက္ေပါ့ကိုယ့္လူေရ။အဆင္ေျပသြားပါလိမ့္မယ္။

၆။ပံုေသကားခ်ျဖစ္လာျခင္း

အိမ္ေထာင္သက္ၾကာလာတာနဲ႕အမ်ွ ခင္ဗ်ားတို႕လိင္ဆက္ဆံေရးကိစၥက တျဖည္းျဖည္းေသြးေအးလာလိမ့္မယ္ဗ်။ခင္ဗ်ားေရာ ခင္ဗ်ားဇနီးေရာက လိင္ဆက္ဆံတဲ့အေၾကာင္းေတြကို ခန္႕မွန္းရလြယ္ေနရင္ ပံုစံနည္းနည္းေျပာင္းၾကည့္လိုက္ေပါ့ေနာ့။

၇။ခံစားခ်က္နည္းေနျခင္း

လိင္ဆက္ဆံဖို႕ ကိစၥမွာပဲ စိတ္ကိုျမွဳပ္ႏွံထားမယ့္အစား ခင္ဗ်ားရဲ႕ဇနီးနဲ႕ ကိုယ္ပိုင္ခံစားခ်က္ေလးေတြ ေဝမွ်ဖို႕လည္း အာရံုစိုက္လိုက္ပါဦးေနာ့။အမ်ိဳးသမီးေတြအတြက္ ခံစားခ်က္ေတြကို ေဝမွ်ေပးျခင္းက လိင္စိတ္အတြက္ အဆင္ေျပေစပါတယ္။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : gentleman magazine


#Unicode Version


ဇနီးသည်က အိပ်ရာထဲမှာ အတူမနေချင်တဲ့အကြောင်းရင်းများ

၁။အိမ်ထောင်ရေးအခြေအနေကို စိတ်အလိုမကျခြင်း

အမျိုးသမီးအများစုအတွက် သူတို့ရဲ့လိင်စိတ်နဲ့ သူတို့ရဲ့Relationshipအခြေအနေနဲ့ တိုက်ရိုက်ပတ်သတ်နေတယ်ဗျ။အကယ်၍ ခင်ဗျားရဲ့အမျိုးသမီးက ခင်ဗျားနဲ့ပတ်သတ်ပြီး ခင်ဗျားတို့Relationshipနဲ့ပတ်သတ်ပြီး စိတ်အလိုမကျဖြစ်နေတယ်ဆိုရင်တော့ လိင်စိတ်ဆိုတာက သူမနဲ့အဝေးဆုံးအရာဖြစ်သွားပြီကိုယ့်လူ။
၂။သူမအတွက် လိင်ဆက်ဆံရင် နာကျင်နေခြင်း

အသက်အရွယ်ကြီးလာတာနဲ့အမျှ ဉာဏ်ပညာပိုင်းမှ ပိုထက်မြက်လာပေမယ့် ခန္ဓာကိုယ်ကတော့ အရည်အသွေးကျဆင်းသွားတတ်တယ်လေ။အဲ့တော့ အမျိုးသမီးရဲ့ ခန္ဓာကိုယ်က လိင်နဲ့ပတ်သတ်တဲ့ ဟော်မုန်းတွေထွက်တာနည်းလာပြီး သူမအတွက်နာကျင်နိုင်ပါတယ်။အကယ်၍ လိင်ဆက်ဆံတာက သူမအတွက် နာကျင်စေတယ် သက်တောင့်သက်သာမဖြစ်ဘူးဆိုရင် ခင်ဗျားတို့၂ယောက်ရဲ့ အိပ်ရာထဲက အထိအတွေ့က နည်းသွားမှာအသေအချာပါပဲ။အဲ့တော့ သူမအတွက် သက်တောင့်သက်သာဖြစ်ပြီး နာကျင်မှုနည်းစေမယ့် ချောဆီလိုမျိုး အရာတွေကို သုံးဖို့ အကြံပြုပါရစေဗျ။

၃။အထိအတွေ့အပွေ့အဖက်နည်းသွားခြင်း

လိင်ဆက်ဆံတယ်ဆိုတာက လိင်ဆက်ဆံဖို့ ကိစ္စတွေကို လုပ်လိုက်တာနဲ့ပဲ လိင်ဆက်ဆံတာဖြစ်မသွားဘူးဗျ။တဖြည်းဖြည်းခြင်း တည်ဆောက်သွားရတဲ့ကိစ္စဆိုတာ ခင်ဗျားလည်းသိနေတာပဲလေဗျာ။ဥပမာ မနက်အလုပ်မသွားခင် နမ်းသွားတာမျိုးလေးတွေနဲ့ပေါ့။သူမအနားမှာ ထိုင်ပေးပြီး လက်လေးတွေကိုင်ထားပေးလိုက်ပါ။သူမကို ပွေ့ဖက်ပါ။အိပ်ခန်းထဲမှာပဲ မလုပ်ပါနဲ့။ခင်ဗျားက သူ့ကို ဂရုစိုက်တယ်ဆိုတာ ဒီလိုထွေးပွေ့နေပေးခြင်းနဲ့ သက်သေပြလိုက်ပါဦးကိုယ့်လူရေ။

၄။ပင်ပန်းနေခြင်း

အလုပ်မှာ အိမ်အလုပ်တွေမှာ ပင်ပန်းနေတဲ့ ခင်ဗျားရဲ့ဇနီးဟာ ခင်ဗျားနဲ့ လိင်ဆက်ဆံဖို့ ကိစ္စကို စဉ်းစားနိုင်ဦးမယ်လို့များ ထင်နေပါသလားကိုယ့်လူရေ။

၅။ငြီးငွေ့လာခြင်း

ခင်ဗျားကိုယ်ခင်ဗျား ပြန်မေးကြည့်ပါ။ခင်ဗျားရဲ့ဇနီးက ခင်ဗျားကိုကြည့်လိုက်ရင် သူ့အတွက် ချစ်မြတ်နိုးဖွယ် အံ့အားသင့်ဖွယ်ကောင်းတဲ့လူတစ်ယောက်အနေနဲ့ ရှိနေတုန်းပဲလား။ဒါမှမဟုတ် အရောင်အဝါတွေများ ကျသွားပြီလားဆိုတာကိုပေါ့။သူ့ကို ချည်းကပ်ခဲ့တဲ့သူတွေထဲမှာ ခင်ဗျားက နံပါတ်(၁)ပဲဖြစ်နေစေဖို့ ခင်ဗျားရဲ့ အရင်တုန်းက ပုံစံကို ပြန်ပြင်ကြည့်လိုက်ပေါ့ကိုယ့်လူရေ။အဆင်ပြေသွားပါလိမ့်မယ်။

၆။ပုံသေကားချဖြစ်လာခြင်း

အိမ်ထောင်သက်ကြာလာတာနဲ့အမျှ ခင်ဗျားတို့လိင်ဆက်ဆံရေးကိစ္စက တဖြည်းဖြည်းသွေးအေးလာလိမ့်မယ်ဗျ။ခင်ဗျားရော ခင်ဗျားဇနီးရောက လိင်ဆက်ဆံတဲ့အကြောင်းတွေကို ခန့်မှန်းရလွယ်နေရင် ပုံစံနည်းနည်းပြောင်းကြည့်လိုက်ပေါ့နော့။

၇။ခံစားချက်နည်းနေခြင်း

လိင်ဆက်ဆံဖို့ ကိစ္စမှာပဲ စိတ်ကိုမြှုပ်နှံထားမယ့်အစား ခင်ဗျားရဲ့ဇနီးနဲ့ ကိုယ်ပိုင်ခံစားချက်လေးတွေ ဝေမျှဖို့လည်း အာရုံစိုက်လိုက်ပါဦးနော့။အမျိုးသမီးတွေအတွက် ခံစားချက်တွေကို ဝေမျှပေးခြင်းက လိင်စိတ်အတွက် အဆင်ပြေစေပါတယ်။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : gentleman magazine
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top