iMyanmarHouse.com - Best Property Website for Myanmar
×

သားေယာက်ၤားေလးေမြးထားတဲ့ မိဘေတြအေနနဲ႕ လုပ္ေဆာင္ေလ့ရွိတဲ့ အမွား (၈) မ်ိဳးရွိပါတယ္။ အဲ့ဒါေတြကို ေဖာ္ျပေပးရရင္ေတာ့

၁။ သားေယာက်ၤားေလးဟာ စိတ္ဓာတ္မာေၾကာရမယ္လုိ ့ ေမွ်ာ္လင့္ထားတာမ်ိဳး
ေခတ္မီပါတယ္ဆုိတဲ့ မိဘေတြေတာင္ ေယာက်ၤားေလးဆုိတာ ေပ်ာ္ရႊင္မွဳနဲ ့ေဒါသ က လြဲလုိ ့ငိုေၾကြးတာမ်ိဳး၊ ၀မ္းနည္းတာမ်ိဳး ဆုိတဲ့ ခံစားခ်က္မ်ိဳး မရွိသင့္ဘူးလုိ ့သင္ၾကား တတ္ၾကပါတယ္။ ေယာက်ၤားေလးေတြေရာ မိန္းကေလးေတြေရာမွာ ေလးနက္တဲ့ စိတ္ခံစားခ်က္အေတြ ့အၾကဳံေတြ ရွိႏိုင္ျပီး ကေလးေတြ ၀မ္းနည္းတဲ့အခါ ေယာက်ၤား ပီပီသသ ရင္ဆုိင္စမ္းပါကြာလို ့ေျပာတာမ်ိဳးက မျဖစ္သင့္ပါဘူး။

၂။ ေယာက်ၤားကေလးေတြဟာ ဘယ္ေတာ့မွ သားေကာင္မျဖစ္ႏိုင္ဘူးလုိ ့မွတ္ယူတာမ်ိဳး
မိဘေတြဟာ သမီးမိန္းကေလးကို ကာကြယ္မွဳေပးခ်င္ပါတယ္။ ဒါကလည္း အေရးၾကီးတဲ့အရာတစ္ခုပါ။ ဒါေပမယ့္ မိဘေတြသိထားရမွာက ေယာက်ၤားေလးေတြလည္း သားေကာင္ျဖစ္ႏိုင္ပါယ္။ MaleSurvivor ရဲ့ ဒါရိုက္တာ Christopher Anderson ေျပာၾကားခ်က္အရ ေယာက်ၤားကေလး ေျခာက္ေယာက္မွာ ၁ ေယာက္ဟာ လိင္ပုိင္းဆုိင္ရာ အလုိမတူဘဲ ထိေတြ ့ဆက္ဆံခံရႏိုင္တယ္လုိ ့ဆုိပါတယ္။ ဒါဟာ ေတာ္ေတာ္မ်ားတဲ့ ပမာဏပါပဲ။

၃။ အားကစားမွာ ထူးခၽြန္ဖုိ ့ ဖိအားေပးတာမ်ိဳး
အားကစားလုပ္တယ္ဆုိတာ မိုက္ပါတယ္။ ဒါေပမယ့္ လူတုိင္းအတြက္ေတာ့ မဟုတ္ပါဘူး။ ကေလးငယ္ေတြဟာ ငယ္စဥ္အခါကတည္း အသင္းအဖြဲ ့နဲ ့အားကစား မ်ိဳးမွာ ပါ၀င္သင့္ေပမယ့္ အားကစားမွာ ထူးခၽြန္ရမယ္လုိ ့အတင္းၾကီး ဖိအားေပးတာ မ်ိဳးကေတာ့ မျဖစ္သင့္ပါဘူး။

၄။ မိန္းကေလးေတြနဲ ့တြဲခုတ္ဖုိ ့အရြယ္ေရာက္လာေနျပီလို ့မွတ္ယူထားတာမ်ိဳး
ကေလးေတြကို လက္ထပ္ျခင္းနဲ ့ရည္းစားထားျခင္းရဲ့ အက်ိဳးေက်းဇူးေတြကို ေျပာျပ မယ္ဆုိရင္ က်ား၊မလိင္ခြဲျခားမွဳမရွိတဲ့ နာမ္စားေတြနဲ ့ေျပာျပေပးသင့္ပါတယ္။ဥပမာအားျဖင့္ “ မင္း လက္ထပ္ျပီးရင္၊ မင္းနဲ ့မင္းဇနီးတုိ ့အတူလက္တြဲျပီး ဆုံးျဖတ္ခ်က္ေတြ ခ်ရလိမ့္မယ္” လုိ ့ေျပာမယ့္အစား “မင္းအရြယ္ေရာက္ရင္၊ မင္းရယ္ မင္းနဲ ့လက္ထပ္မယ့္လူရယ္ ဆုံးျဖတ္ခ်က္ေတြ အတူလက္တြဲျပီး ဆုံးျဖတ္ခ်က္ေတြ ခ်ရလိမ့္မယ္” လုိ ့ေျပာေပးတာမ်ိဳးေပ့ါ။ အဲဒီလုိမ်ိဳးဆုိရင္ သင့္ရဲ့ သားေယာက်ၤားေလးဟာ gay ဒါမွမဟုတ္ bisexual ျဖစ္ေနရင္ေတာင္ သူ ့မိဘေတြက သူ ့ကို ေယာက်ၤားစင္စစ္ ဧကန္ျဖစ္ရမယ္လုိ ့ပဲ ေမွ်ာ္လင့္ထားတာ မဟုတ္ဘူးလုိ ့ခံစားရတဲ့အတြက္ စိတ္သက္သာရာရႏိုင္ပါတယ္။ တကယ္လုိ ့သူဟာ gay မဟုတ္ဘူးဆုိရင္ေတာင္ မတူညီတဲ့ခ်စ္သံေယာဇဥ္ရွိၾကတဲ့ လူေတြကိုလည္း လက္သင့္ခံေပးတတ္ေနမွာပါ။

၅။ ေယာက်ၤားေလးေတြမွာ အေၾကာက္တရားမရွိေအာင္ ေျပာတာမ်ိဳး
ေယာက်ၤားမွာလည္း အသည္းနဲ ့ပါ။ “ ဒီေလာကမွာ ဘာမွေၾကာက္စရာမရွိဘူး” လုိ ့မေျပာပဲနဲ ့သူတုိ ့တုန္လွဳပ္ေနတဲ့အေၾကာင္းအရာကို သင့္ကို ေျပာျပဖုိ ့ေမးျမန္းၾကည့္ပါ။

၆။ က်ားအဂၤါနဲ ့ပတ္သက္တဲ့ ဟာသေတြ သူတုိ ့နားမွာ ေျပာမိတာမ်ိဳး
ေယာက်ၤားေတြဟာ ဗလေတြၾကီးျပီး လိင္အဂၤါၾကီးရမယ္လုိ ့လူထုအသိုင္းအ၀ုိင္းက သတ္မွတ္ထားတဲ့ ဖိအားေတြက ၾကီးလြန္းပါတယ္။ ဒီလုိ တပါးသူရဲ့ခႏၶာကိုယ္ကို ေလွာင္ေျပာင္တဲ့ အရာမ်ိဳး သင့္ကေလးေတြေရွ ့မွာ ဘယ္ေတာ့မွ မေျပာမိပါေစနဲ ့။

၈။ သားေယာက်ၤားေလးေတြ အရြယ္ေလးေရာက္လာတာနဲ ့ဖက္လွဲတကင္းအျပဳအမူ ေတြ ရပ္လုိက္တာမ်ိဳး
လူပ်ိဳေပါက္၀င္လာတာနဲ ့ပဲ ကၽြန္ေတာ္တုိ ့ေတြဟာ ကိုယ့္သားေလးေတြကို ဖက္လွဲ တကင္း လုပ္တတ္တဲ့အက်င့္ကို ေဖ်ာက္ပစ္လုိက္တတ္ၾကပါတယ္။ လူသားတိုင္းအတြက္ လူသားတစ္ေယာက္ရဲ့အထိအေတြ ့ဆိုတာ အေျခခံ လုိအပ္ခ်က္ တစ္ခုပါပဲ။ သူ စိတ္အားငယ္ေနတဲ့အခ်ိန္မွာ အေဖတစ္ေယာက္ရဲ့ ဖက္ထားမွဳကလည္း သူ ့ကို အမ်ားၾကီး ႏွစ္သိမ့္မွဳေပးႏိုင္မွာပါ။တကယ္လုိ ့လူပ်ိဳေပါက္ေကာင္ေလးကို ေဖေဖေမေမတုိ ့ဖက္ထားရမလားလုိ ့သြား လုပ္တဲ့အခါမ်ိဳးမွာ သူက ဖယ္ထုတ္ပစ္မယ္ ဆုိပါဦးစို ့၊ သူ ့ရဲ့ ႏွလုံးသားေထာင့္ တစ္ေနရာမွာေတာ့ သူ ့အတြက္ ခ်စ္ျခင္းေမတၱာ တရားလုိအပ္ေနခ်ိန္မွာ မိဘေတြက အျမဲတမ္းအဆင္သင့္ပါလားဆုိတာ ၀င္ေရာက္သြားမွာပါ။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : trend myanmar

#Unicode Version

သားယောကျၤားလေးမွေးထားတဲ့ မိဘတွေအနေနဲ့ လုပ်ဆောင်လေ့ရှိတဲ့ အမှား (၈) မျိုးရှိပါတယ်။ အဲ့ဒါတွေကို ဖော်ပြပေးရရင်တော့

၁။ သားယောကျၤားလေးဟာ စိတ်ဓာတ်မာကြောရမယ်လို့ မျှော်လင့်ထားတာမျိုး
ခေတ်မီပါတယ်ဆိုတဲ့ မိဘတွေတောင် ယောကျၤားလေးဆိုတာ ပျော်ရွှင်မှုနဲ့ဒေါသ က လွဲလို့ငိုကြွေးတာမျိုး၊ ဝမ်းနည်းတာမျိုး ဆိုတဲ့ ခံစားချက်မျိုး မရှိသင့်ဘူးလို့သင်ကြား တတ်ကြပါတယ်။ ယောကျၤားလေးတွေရော မိန်းကလေးတွေရောမှာ လေးနက်တဲ့ စိတ်ခံစားချက်အတွေ့အကြုံတွေ ရှိနိုင်ပြီး ကလေးတွေ ဝမ်းနည်းတဲ့အခါ ယောကျၤား ပီပီသသ ရင်ဆိုင်စမ်းပါကွာလို့ပြောတာမျိုးက မဖြစ်သင့်ပါဘူး။

၂။ ယောကျၤားကလေးတွေဟာ ဘယ်တော့မှ သားကောင်မဖြစ်နိုင်ဘူးလို့မှတ်ယူတာမျိုး
မိဘတွေဟာ သမီးမိန်းကလေးကို ကာကွယ်မှုပေးချင်ပါတယ်။ ဒါကလည်း အရေးကြီးတဲ့အရာတစ်ခုပါ။ ဒါပေမယ့် မိဘတွေသိထားရမှာက ယောကျၤားလေးတွေလည်း သားကောင်ဖြစ်နိုင်ပါယ်။ MaleSurvivor ရဲ့ ဒါရိုက်တာ Christopher Anderson ပြောကြားချက်အရ ယောကျၤားကလေး ခြောက်ယောက်မှာ ၁ ယောက်ဟာ လိင်ပိုင်းဆိုင်ရာ အလိုမတူဘဲ ထိတွေ့ဆက်ဆံခံရနိုင်တယ်လို့ဆိုပါတယ်။ ဒါဟာ တော်တော်များတဲ့ ပမာဏပါပဲ။

၃။ အားကစားမှာ ထူးချွန်ဖို့ ဖိအားပေးတာမျိုး
အားကစားလုပ်တယ်ဆိုတာ မိုက်ပါတယ်။ ဒါပေမယ့် လူတိုင်းအတွက်တော့ မဟုတ်ပါဘူး။ ကလေးငယ်တွေဟာ ငယ်စဉ်အခါကတည်း အသင်းအဖွဲ့နဲ့အားကစား မျိုးမှာ ပါဝင်သင့်ပေမယ့် အားကစားမှာ ထူးချွန်ရမယ်လို့အတင်းကြီး ဖိအားပေးတာ မျိုးကတော့ မဖြစ်သင့်ပါဘူး။

၄။ မိန်းကလေးတွေနဲ့တွဲခုတ်ဖို့အရွယ်ရောက်လာနေပြီလို့မှတ်ယူထားတာမျိုး
ကလေးတွေကို လက်ထပ်ခြင်းနဲ့ရည်းစားထားခြင်းရဲ့ အကျိုးကျေးဇူးတွေကို ပြောပြ မယ်ဆိုရင် ကျား၊မလိင်ခွဲခြားမှုမရှိတဲ့ နာမ်စားတွေနဲ့ပြောပြပေးသင့်ပါတယ်။ဥပမာအားဖြင့် “ မင်း လက်ထပ်ပြီးရင်၊ မင်းနဲ့မင်းဇနီးတို့အတူလက်တွဲပြီး ဆုံးဖြတ်ချက်တွေ ချရလိမ့်မယ်” လို့ပြောမယ့်အစား “မင်းအရွယ်ရောက်ရင်၊ မင်းရယ် မင်းနဲ့လက်ထပ်မယ့်လူရယ် ဆုံးဖြတ်ချက်တွေ အတူလက်တွဲပြီး ဆုံးဖြတ်ချက်တွေ ချရလိမ့်မယ်” လို့ပြောပေးတာမျိုးပေ့ါ။ အဲဒီလိုမျိုးဆိုရင် သင့်ရဲ့ သားယောကျၤားလေးဟာ gay ဒါမှမဟုတ် bisexual ဖြစ်နေရင်တောင် သူ့မိဘတွေက သူ့ကို ယောကျၤားစင်စစ် ဧကန်ဖြစ်ရမယ်လို့ပဲ မျှော်လင့်ထားတာ မဟုတ်ဘူးလို့ခံစားရတဲ့အတွက် စိတ်သက်သာရာရနိုင်ပါတယ်။ တကယ်လို့သူဟာ gay မဟုတ်ဘူးဆိုရင်တောင် မတူညီတဲ့ချစ်သံယောဇဉ်ရှိကြတဲ့ လူတွေကိုလည်း လက်သင့်ခံပေးတတ်နေမှာပါ။

၅။ ယောကျၤားလေးတွေမှာ အကြောက်တရားမရှိအောင် ပြောတာမျိုး
ယောကျၤားမှာလည်း အသည်းနဲ့ပါ။ “ ဒီလောကမှာ ဘာမှကြောက်စရာမရှိဘူး” လို့မပြောပဲနဲ့သူတို့တုန်လှုပ်နေတဲ့အကြောင်းအရာကို သင့်ကို ပြောပြဖို့မေးမြန်းကြည့်ပါ။

၆။ ကျားအင်္ဂါနဲ့ပတ်သက်တဲ့ ဟာသတွေ သူတို့နားမှာ ပြောမိတာမျိုး
ယောကျၤားတွေဟာ ဗလတွေကြီးပြီး လိင်အင်္ဂါကြီးရမယ်လို့လူထုအသိုင်းအဝိုင်းက သတ်မှတ်ထားတဲ့ ဖိအားတွေက ကြီးလွန်းပါတယ်။ ဒီလို တပါးသူရဲ့ခန္ဓာကိုယ်ကို လှောင်ပြောင်တဲ့ အရာမျိုး သင့်ကလေးတွေရှေ့မှာ ဘယ်တော့မှ မပြောမိပါစေနဲ့။

၈။ သားယောကျၤားလေးတွေ အရွယ်လေးရောက်လာတာနဲ့ဖက်လှဲတကင်းအပြုအမူ တွေ ရပ်လိုက်တာမျိုး
လူပျိုပေါက်ဝင်လာတာနဲ့ပဲ ကျွန်တော်တို့တွေဟာ ကိုယ့်သားလေးတွေကို ဖက်လှဲ တကင်း လုပ်တတ်တဲ့အကျင့်ကို ဖျောက်ပစ်လိုက်တတ်ကြပါတယ်။ လူသားတိုင်းအတွက် လူသားတစ်ယောက်ရဲ့အထိအတွေ့ဆိုတာ အခြေခံ လိုအပ်ချက် တစ်ခုပါပဲ။ သူ စိတ်အားငယ်နေတဲ့အချိန်မှာ အဖေတစ်ယောက်ရဲ့ ဖက်ထားမှုကလည်း သူ့ကို အများကြီး နှစ်သိမ့်မှုပေးနိုင်မှာပါ။တကယ်လို့လူပျိုပေါက်ကောင်လေးကို ဖေဖေမေမေတို့ဖက်ထားရမလားလို့သွား လုပ်တဲ့အခါမျိုးမှာ သူက ဖယ်ထုတ်ပစ်မယ် ဆိုပါဦးစို့၊ သူ့ရဲ့ နှလုံးသားထောင့် တစ်နေရာမှာတော့ သူ့အတွက် ချစ်ခြင်းမေတ္တာ တရားလိုအပ်နေချိန်မှာ မိဘတွေက အမြဲတမ်းအဆင်သင့်ပါလားဆိုတာ ဝင်ရောက်သွားမှာပါ။
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit : trend myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top