iMyanmarHouse.com - Best Property Website for Myanmar
×

သမီးက အခ်င္းအဲဒီလို အေျခအေနျဖစ္ေနေတာ့ စိုးရိမ္ရပါလားရွင့္။ ေသြးေတြဘာေတြေတာ့ ဆင္းျခင္းမရိွပါ၊ လႈပ္လႈပ္္ရွားရွားလည္းေနပါတယ္ရွင့္၊ ဆီးစပ္ေတြ ဘာေတြလည္းမကိုက္ပါရွင့္၊ သမီးစိုးရိမ္လို႔ပါရွင့္။ ဘယ္လို ျပဳမူေနထုိင္ရမလဲဆိုတာေလးကို ေျပာျပေပးပါေနာ္၊ ကေလးေကာင္းဖို႔အတြက္ ေစာေမြးသင့္ပါလားရွင့္။

လံုးဝစိုးရိမ္စရာမရွိပါ။ (၁) ဗိုက္နာရင္ (၂) ေသြးဆင္းရင္၊ (၃) အရည္ဆင္းရင္ ခ်က္ခ်င္း ခြဲစိတ္ေမြးဖြါးေပးမဲ့ေဆးရံုကို သြားပါ။ ခြဲစိတ္ေမြးဘို႔ အစစျပင္ဆင္ထားပါ။ ဗိုက္မနာခင္လဲ ခြဲေမြးမဲ့ရက္ကို ၾကိဳတင္သတ္မွတ္ျပီး ခြဲႏိုင္ပါတယ္။

ကေလးမီးဖြါးတာမွာ ပံုမွန္ေမြးဖြါးျခင္းဆိုတဲ့ ေမြးလမ္းေၾကာင္းကေနဖြါးတာကအေကာင္းဆံုး ျဖစ္ပါတယ္။ ေမြးလမ္းေၾကာင္းကေနေတာင္မွ ဘာအကူအညီမွ မပါဘဲ၊ ဓမၼတာ-ထံုးစံအတိုင္းေမြးႏိုင္တာက (ပါဖက္) ျဖစ္တယ္။

ေမြးလမ္းေၾကာင္းကေနေမြးရာမွာလဲ တခါတေလကူရတာေတြ ရွိတယ္။ သားဦးေမြးရင္ ေမြးလမ္းကို Episiotomy ခ်ဲ႕ေပး-ျပန္ခ်ဳပ္ေပးရတာ။ သားအိမ္ညွစ္အားနည္းေနရင္ Oxytocin ေဆးကို Drip ထဲထည့္ သြင္းေပးရတာ။ ကေလးေခါင္းထြက္တာ ၾကာမေနေစခ်င္လို႔ Forceps delivery ညွပ္ဆြဲ၊ Vaccum extraction ေလစုပ္စက္နဲ႔ ဆြဲကူေမြးေပးရတာ။ လံုးဝအနာမခံခ်င္လို႔ Epidural delivery ဆိုတဲ့ ခါးထံုေဆးနဲ႔ ေမြးေပးတာလည္းရွိေသးတယ္။

ရိုးရိုးမဟုတ္ႏိုင္လို႔ ခြဲေမြးရတာမွာ “ဘာလို႔ ခြဲေမြးရသလဲ။” “မခြဲရင္ မရဘူးလား။” “တကယ္ကိုမရဘူးလား” ဆိုတာေတြ သိရလိမ့္မယ္။ မခြဲရင္လည္းရတယ္ ဆိုတာနဲ႔ ခြဲကိုခြဲရမွာ ႏွစ္မ်ိဳးရွိတယ္။ တခ်ိဳ႕က ေန႔ေကာင္းရက္သာေရြး ခြဲေမြးခ်င္သူေတြလည္း ရွိတယ္။ တခါတေလ ဆရာဝန္ကစိတ္မရွည္လို႔၊ Risk ကိုနဲနဲေလးမွ မယူခ်င္လို႔ ခြဲတာလည္း ရွိတယ္။ တခ်ိဳ႕ေဆးရံု-ေဆးခန္းေတြကေတာ့ ခြဲေပးရင္ လူနာဆီကေငြပိုယူလို႔ရတာမို႔၊ လံုေလာက္ေအာင္ အခ်ိန္ မေစာင့္ဘဲ ခြဲတာလည္း တကယ္ရွိပါတယ္။

ေမြးလမ္းကေနေမြးမရလို႔ ခြဲရတာမွာတျခားေရြးစရာလမ္းမရွိတာမို႔ ခြဲေမြးတာအေကာင္းဆံုး ျဖစ္တယ္။ ဥပမာ CPD ကေလးေခါင္းနဲ႔ မိခင္ေမြးလမ္းမတန္တဆ ျဖစ္တာ။ ဒါမွာလည္း ၂ မ်ိဳး။ မေအရဲ႕ အရိုးကြင္းကက်ဥ္းေနတာနဲ႔ ကေလး ေခါင္းက ပံုမွန္ထက္ ၾကီးေနတာ။ ဒီအေျခအေန ႏွစ္ရပ္လံုးကခြဲကိုခြဲရမယ္။

ေနာက္တမ်ိဳးက Placenta previa အခ်င္းဟာပံုမွန္ရွိရမဲ့ သားအိမ္အဝနဲ႔ ေဝးရာမွာမဟုတ္ဘဲ၊ ေအာက္ပိုင္းေရာက္ေနတာ။ အခ်င္းက သားအိမ္အဝကို အျပည့္ျဖစ္ျဖစ္၊ တစိတ္တပိုင္း ျဖစ္ျဖစ္ လာဖံုးေနတာမ်ိဳး။ အခ်င္းေရွ႕ေရာက္လို႔ ေခၚတယ္။ ေမြးခါနီးလို႔ သားအိမ္အဝက်ယ္လာတာနဲ႔ အခ်င္းကြာလာျပီး၊ ကေလးမေမြးခင္ ေသြးေတြ အရင္ဆင္းတာမ်ိဳး။ APH ေခၚတာေပါ့။ မေမြးမီေသြးဆင္းျခင္းအေၾကာင္းတရားေတြထဲကအေရးအၾကီးဆံုးျဖစ္တယ္။ ဒါကို Ultrasound မွာ ၾကိဳသိထားႏိုင္တာမို႔၊ ရက္ေရြးျပီး၊ ေအးေအးေဆးေဆး ခြဲေမြးပါေလ။

ကေလးအေနအထားပံုမွန္မဟုတ္တာ၊ ရိုးရိုးေမြးဘို႔ ၾကိဳးစားရင္းအခ်ိန္ ပိုမေစာင့္သင့္တာ။ မိခင္ျဖစ္ျဖစ္ ကေလးျဖစ္ျဖစ္ တခုခုျဖစ္လာလို႔ ေမြးလမ္းကေနေမြးေအာင္ အခ်ိန္ မေစာင့္သင့္ေတာ့တာ။ ဟိုကဆက္ေန-ဒီကဆက္ေန၊ ထူးဆန္းတဲ့ ကေလးျဖစ္ေနတာ၊ ဒါေတြမွာလည္းခြဲတာေကာင္းတယ္။

ဗိုက္ခြဲေမြးရတိုင္းေနာက္လည္းခြဲရမယ္ဆိုတာေနရာတိုင္းမွာယူဆလို႔မရပါ။ အရင္တခါ ခြဲတံုးကဘာအေၾကာင္းေၾကာင့္ ခြဲရလည္းအေပၚမွာမူတည္တယ္။ အခ်င္းေရွ႕ေရာက္လို႔ ခြဲထားရသူဟာ ေနာက္ကိုယ္ဝန္က ပံုမွန္ျဖစ္ျပီးရိုးရိုးေမြးလို႔ရတယ္။ ကေလးအေနအထားဆိုတာလည္း တခါပံုမွန္မဟုတ္တိုင္း အျမဲမွားမေနတတ္ပါ။

ခြဲေမြးတာျဖစ္ျဖစ္ အနာေလးတခုခြဲရတာျဖစ္ျဖစ္ အနည္းနဲ႔အမ်ားသတိထားရတာေတြ ခ်ည္းပါဘဲ။ ခြဲစိတ္ျခင္း အႏၲရာယ္ေတြက ခြဲစိတ္မႈ ၾကီးၾကီးသလို၊ လုပ္တာကိုင္တာေပါ့ဆရင္ ေပါ့ဆသလိုရွိႏိုင္တယ္။ ခြဲေမြးရတဲ့အတြက္ အားသာခ်က္ေတြလည္းရွိပါတယ္။ ရက္၊ အခ်ိန္၊ ေရြးေမြးႏိုင္တယ္။ တတိယကေလးခြဲရရင္ တခါတည္း သားေၾကာ ျဖတ္ေပးႏိုင္တယ္။ ေမြးလမ္းေၾကာင္းဟာအေမေမြးတဲ့အတိုင္းသာရွိေနမယ္။

ေယဘုယ်ေျပာရရင္ ဗိုက္ခြဲေမြးတာဟာစိတ္ခ်ရတဲ့ ခြဲစိတ္မႈ ျဖစ္ပါတယ္။ အထူးသျဖင့္ စီစီစဥ္စဥ္လုပ္ရရင္ ပိုေတာင္မွ စိတ္ခ်ႏိုင္ပါတယ္။ (ေအဂ်င္စီ) ကေေျပာတာက “လမ္းညႊန္ခ်က္ေတြကိုအခါအားေလွ်ာ္စြာ ျပန္သံုးသပ္ျပီးအသစ္ေတြ လုပ္ေနတာပါ။ အခုလုပ္ရတာကဘယ္ကဖိအားေပးလို႔မွ မဟုတ္ပါ။” ဒါေပမဲ့ ေရွ႕ေနေတြေရာဆရာဝန္ေတြကပါ လက္ရွိ ျဗိတိန္က်န္းမာေရးေစာင့္ေရွာက္မႈကအမ်ိဳးသမီးေတြကိုကေလးေမြးတဲ့အေရးမွာကာယကံရွင္သေဘာေျပာခြင့္ရတာနည္းေနတယ္တဲ့။

(ယူေက) မွာအမ်ိဳးသမီး ၂၅% ဟာဗိုက္ခြဲေမြးၾကတယ္။ အေမရိကားမွာ ၃ဝ% ရွိတယ္။ ႏွစ္ႏိုင္ငံလုံးမွာ ျပီးခဲ့တဲ့ ႏွစ္ေတြ အတြင္းမွာဗိုက္ခြဲေမြးရတာတိုးလာေနတယ္။ ဆရာဝန္ေတြကရွင္းျပတာကေတာ့ ေတာင္းဆိုလို႔ ခြဲေပးရတာမို႔ မ်ားလာတာ မဟုတ္ပါ။ မိခင္ေလာင္းေတြကကိုယ္အေလးခ်ိန္ မ်ားလြန္လို႔၊ ဆီးခ်ိဳေရာဂါလဲရွိတာမ်ားလာၾကလို႔ပါ။

ဗိုက္ခြဲေမြးရသူ ၁ဝ% ဟာရက္ေရြးျပီးခြဲေပးရတာျဖစ္တယ္။ ၁၅%က အေရးေပၚခြဲေပးရတာျဖစ္တယ္။ ကမာၻ႔က်န္းမာေရး အဖြဲ႔ေန ျဖစ္သင့္တယ္ယူဆတာကခ်မ္းသာတဲ့တိုင္းျပည္ေတြမွာဗိုက္ခြဲေမြးႏွဳန္း ၁၅% ေလာက္ျဖစ္တယ္။ ျဗိတိန္မွာ ၁၅% ေလာက္ကအျပင္ေဆးခန္းေတြမွာခြဲေမြးျပီးရာခိုင္ႏွဳန္းျမင့္မားတယ္။ နာမည္ၾကီးသူေတြလာေမြးတတ္တဲ့ Portland Hospital ေဆးရံုမွာဆိုရင္ ၃၅-၄ဝ% အထိခြဲေမြးတယ္။

Madonna တို႔ Victoria Beckham တို႔လဲပါတယ္။ ဒီလိုလူမ်ိဳးေတြ လာေမြးရာကေန အရပ္စကားတခုေပၚလာတယ္။ “Too posh to push အလွမပ်က္ခ်င္၊ ဗိုက္မညွစ္ခ်င္ၾကသူေတြ”

“အမ်ိဳးသမီးတဦးဗိုက္ခြဲေမြးရတာဟာ ပန္း ျခံ ထဲလမ္းေလွ်ာက္သလို သေဘာထားပါ။ ဒါေပမဲ့ သိသင့္သိထိုက္တာမွန္သမွ်ေတာ့ ၾကိဳသိထားဘို႔လိုပါတယ္။”


Credit:Dr. တင့္ေဆြ
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version

သမီးက အချင်းအဲဒီလို အခြေအနေဖြစ်နေတော့ စိုးရိမ်ရပါလားရှင့်။ သွေးတွေဘာတွေတော့ ဆင်းခြင်းမရှိပါ၊ လှုပ်လှုပ်ရှားရှားလည်းနေပါတယ်ရှင့်၊ ဆီးစပ်တွေ ဘာတွေလည်းမကိုက်ပါရှင့်၊ သမီးစိုးရိမ်လို့ပါရှင့်။ ဘယ်လို ပြုမူနေထိုင်ရမလဲဆိုတာလေးကို ပြောပြပေးပါနော်၊ ကလေးကောင်းဖို့အတွက် စောမွေးသင့်ပါလားရှင့်။

လုံးဝစိုးရိမ်စရာမရှိပါ။ (၁) ဗိုက်နာရင် (၂) သွေးဆင်းရင်၊ (၃) အရည်ဆင်းရင် ချက်ချင်း ခွဲစိတ်မွေးဖွါးပေးမဲ့ဆေးရုံကို သွားပါ။ ခွဲစိတ်မွေးဘို့ အစစပြင်ဆင်ထားပါ။ ဗိုက်မနာခင်လဲ ခွဲမွေးမဲ့ရက်ကို ကြိုတင်သတ်မှတ်ပြီး ခွဲနိုင်ပါတယ်။

ကလေးမီးဖွါးတာမှာ ပုံမှန်မွေးဖွါးခြင်းဆိုတဲ့ မွေးလမ်းကြောင်းကနေဖွါးတာကအကောင်းဆုံး ဖြစ်ပါတယ်။ မွေးလမ်းကြောင်းကနေတောင်မှ ဘာအကူအညီမှ မပါဘဲ၊ ဓမ္မတာ-ထုံးစံအတိုင်းမွေးနိုင်တာက (ပါဖက်) ဖြစ်တယ်။

မွေးလမ်းကြောင်းကနေမွေးရာမှာလဲ တခါတလေကူရတာတွေ ရှိတယ်။ သားဦးမွေးရင် မွေးလမ်းကို Episiotomy ချဲ့ပေး-ပြန်ချုပ်ပေးရတာ။ သားအိမ်ညှစ်အားနည်းနေရင် Oxytocin ဆေးကို Drip ထဲထည့် သွင်းပေးရတာ။ ကလေးခေါင်းထွက်တာ ကြာမနေစေချင်လို့ Forceps delivery ညှပ်ဆွဲ၊ Vaccum extraction လေစုပ်စက်နဲ့ ဆွဲကူမွေးပေးရတာ။ လုံးဝအနာမခံချင်လို့ Epidural delivery ဆိုတဲ့ ခါးထုံဆေးနဲ့ မွေးပေးတာလည်းရှိသေးတယ်။

ရိုးရိုးမဟုတ်နိုင်လို့ ခွဲမွေးရတာမှာ “ဘာလို့ ခွဲမွေးရသလဲ။” “မခွဲရင် မရဘူးလား။” “တကယ်ကိုမရဘူးလား” ဆိုတာတွေ သိရလိမ့်မယ်။ မခွဲရင်လည်းရတယ် ဆိုတာနဲ့ ခွဲကိုခွဲရမှာ နှစ်မျိုးရှိတယ်။ တချို့က နေ့ကောင်းရက်သာရွေး ခွဲမွေးချင်သူတွေလည်း ရှိတယ်။ တခါတလေ ဆရာဝန်ကစိတ်မရှည်လို့၊ Risk ကိုနဲနဲလေးမှ မယူချင်လို့ ခွဲတာလည်း ရှိတယ်။ တချို့ဆေးရုံ-ဆေးခန်းတွေကတော့ ခွဲပေးရင် လူနာဆီကငွေပိုယူလို့ရတာမို့၊ လုံလောက်အောင် အချိန် မစောင့်ဘဲ ခွဲတာလည်း တကယ်ရှိပါတယ်။

မွေးလမ်းကနေမွေးမရလို့ ခွဲရတာမှာတခြားရွေးစရာလမ်းမရှိတာမို့ ခွဲမွေးတာအကောင်းဆုံး ဖြစ်တယ်။ ဥပမာ CPD ကလေးခေါင်းနဲ့ မိခင်မွေးလမ်းမတန်တဆ ဖြစ်တာ။ ဒါမှာလည်း ၂ မျိုး။ မအေရဲ့ အရိုးကွင်းကကျဉ်းနေတာနဲ့ ကလေး ခေါင်းက ပုံမှန်ထက် ကြီးနေတာ။ ဒီအခြေအနေ နှစ်ရပ်လုံးကခွဲကိုခွဲရမယ်။

နောက်တမျိုးက Placenta previa အချင်းဟာပုံမှန်ရှိရမဲ့ သားအိမ်အဝနဲ့ ဝေးရာမှာမဟုတ်ဘဲ၊ အောက်ပိုင်းရောက်နေတာ။ အချင်းက သားအိမ်အဝကို အပြည့်ဖြစ်ဖြစ်၊ တစိတ်တပိုင်း ဖြစ်ဖြစ် လာဖုံးနေတာမျိုး။ အချင်းရှေ့ရောက်လို့ ခေါ်တယ်။ မွေးခါနီးလို့ သားအိမ်အဝကျယ်လာတာနဲ့ အချင်းကွာလာပြီး၊ ကလေးမမွေးခင် သွေးတွေ အရင်ဆင်းတာမျိုး။ APH ခေါ်တာပေါ့။ မမွေးမီသွေးဆင်းခြင်းအကြောင်းတရားတွေထဲကအရေးအကြီးဆုံးဖြစ်တယ်။ ဒါကို Ultrasound မှာ ကြိုသိထားနိုင်တာမို့၊ ရက်ရွေးပြီး၊ အေးအေးဆေးဆေး ခွဲမွေးပါလေ။

ကလေးအနေအထားပုံမှန်မဟုတ်တာ၊ ရိုးရိုးမွေးဘို့ ကြိုးစားရင်းအချိန် ပိုမစောင့်သင့်တာ။ မိခင်ဖြစ်ဖြစ် ကလေးဖြစ်ဖြစ် တခုခုဖြစ်လာလို့ မွေးလမ်းကနေမွေးအောင် အချိန် မစောင့်သင့်တော့တာ။ ဟိုကဆက်နေ-ဒီကဆက်နေ၊ ထူးဆန်းတဲ့ ကလေးဖြစ်နေတာ၊ ဒါတွေမှာလည်းခွဲတာကောင်းတယ်။

ဗိုက်ခွဲမွေးရတိုင်းနောက်လည်းခွဲရမယ်ဆိုတာနေရာတိုင်းမှာယူဆလို့မရပါ။ အရင်တခါ ခွဲတုံးကဘာအကြောင်းကြောင့် ခွဲရလည်းအပေါ်မှာမူတည်တယ်။ အချင်းရှေ့ရောက်လို့ ခွဲထားရသူဟာ နောက်ကိုယ်ဝန်က ပုံမှန်ဖြစ်ပြီးရိုးရိုးမွေးလို့ရတယ်။ ကလေးအနေအထားဆိုတာလည်း တခါပုံမှန်မဟုတ်တိုင်း အမြဲမှားမနေတတ်ပါ။

ခွဲမွေးတာဖြစ်ဖြစ် အနာလေးတခုခွဲရတာဖြစ်ဖြစ် အနည်းနဲ့အများသတိထားရတာတွေ ချည်းပါဘဲ။ ခွဲစိတ်ခြင်း အန္တရာယ်တွေက ခွဲစိတ်မှု ကြီးကြီးသလို၊ လုပ်တာကိုင်တာပေါ့ဆရင် ပေါ့ဆသလိုရှိနိုင်တယ်။ ခွဲမွေးရတဲ့အတွက် အားသာချက်တွေလည်းရှိပါတယ်။ ရက်၊ အချိန်၊ ရွေးမွေးနိုင်တယ်။ တတိယကလေးခွဲရရင် တခါတည်း သားကြော ဖြတ်ပေးနိုင်တယ်။ မွေးလမ်းကြောင်းဟာအမေမွေးတဲ့အတိုင်းသာရှိနေမယ်။

ယေဘုယျပြောရရင် ဗိုက်ခွဲမွေးတာဟာစိတ်ချရတဲ့ ခွဲစိတ်မှု ဖြစ်ပါတယ်။ အထူးသဖြင့် စီစီစဉ်စဉ်လုပ်ရရင် ပိုတောင်မှ စိတ်ချနိုင်ပါတယ်။ (အေဂျင်စီ) ကေပြောတာက “လမ်းညွှန်ချက်တွေကိုအခါအားလျှော်စွာ ပြန်သုံးသပ်ပြီးအသစ်တွေ လုပ်နေတာပါ။ အခုလုပ်ရတာကဘယ်ကဖိအားပေးလို့မှ မဟုတ်ပါ။” ဒါပေမဲ့ ရှေ့နေတွေရောဆရာဝန်တွေကပါ လက်ရှိ ဗြိတိန်ကျန်းမာရေးစောင့်ရှောက်မှုကအမျိုးသမီးတွေကိုကလေးမွေးတဲ့အရေးမှာကာယကံရှင်သဘောပြောခွင့်ရတာနည်းနေတယ်တဲ့။

(ယူကေ) မှာအမျိုးသမီး ၂၅% ဟာဗိုက်ခွဲမွေးကြတယ်။ အမေရိကားမှာ ၃ဝ% ရှိတယ်။ နှစ်နိုင်ငံလုံးမှာ ပြီးခဲ့တဲ့ နှစ်တွေ အတွင်းမှာဗိုက်ခွဲမွေးရတာတိုးလာနေတယ်။ ဆရာဝန်တွေကရှင်းပြတာကတော့ တောင်းဆိုလို့ ခွဲပေးရတာမို့ များလာတာ မဟုတ်ပါ။ မိခင်လောင်းတွေကကိုယ်အလေးချိန် များလွန်လို့၊ ဆီးချိုရောဂါလဲရှိတာများလာကြလို့ပါ။

ဗိုက်ခွဲမွေးရသူ ၁ဝ% ဟာရက်ရွေးပြီးခွဲပေးရတာဖြစ်တယ်။ ၁၅%က အရေးပေါ်ခွဲပေးရတာဖြစ်တယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့နေ ဖြစ်သင့်တယ်ယူဆတာကချမ်းသာတဲ့တိုင်းပြည်တွေမှာဗိုက်ခွဲမွေးနှုန်း ၁၅% လောက်ဖြစ်တယ်။ ဗြိတိန်မှာ ၁၅% လောက်ကအပြင်ဆေးခန်းတွေမှာခွဲမွေးပြီးရာခိုင်နှုန်းမြင့်မားတယ်။ နာမည်ကြီးသူတွေလာမွေးတတ်တဲ့ Portland Hospital ဆေးရုံမှာဆိုရင် ၃၅-၄ဝ% အထိခွဲမွေးတယ်။

Madonna တို့ Victoria Beckham တို့လဲပါတယ်။ ဒီလိုလူမျိုးတွေ လာမွေးရာကနေ အရပ်စကားတခုပေါ်လာတယ်။ “Too posh to push အလှမပျက်ချင်၊ ဗိုက်မညှစ်ချင်ကြသူတွေ”

“အမျိုးသမီးတဦးဗိုက်ခွဲမွေးရတာဟာ ပန်းခြံထဲလမ်းလျှောက်သလို သဘောထားပါ။ ဒါပေမဲ့ သိသင့်သိထိုက်တာမှန်သမျှတော့ ကြိုသိထားဘို့လိုပါတယ်။”

Credit:Dr. တင့်ဆွေ

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top