iMyanmarHouse.com - Best Property Website for Myanmar
×

ဘ၀တစ္ခုတည္ေဆာက္ရာမွာ အဖက္ဖက္ကို သတိထားၿပီး စနစ္တက်စဥ္းစားႏုိင္မွ စိတ္ခ်မ္းသာျပည့္စံုတဲ့ ဘ၀ကို တည္ေဆာက္ႏုိင္မွာျဖစ္ပါတယ္။ တစ္ခါတစ္ရံ တစ္ခ်ိဳ႕သူေတြဟာ သူတုိ႕နဲ႕ကိုက္ညီတဲ့ အခ်စ္ကိုေတြ႕ရခ်ိန္မွာ အဲဒီအခ်စ္အတြက္ ေပးဆပ္ရမယ့္ အရင္းအႏွီးက ႀကီးလြန္းေနတာမ်ိဳးလည္း ရွိေနတတ္ပါတယ္။ ဒီေတာ့ အလုပ္ခြင္မွာ မရွိသင့္တဲ့ ပတ္သက္ဆက္ဆံမႈ အေၾကာင္းအနည္းငယ္ ေျပာျပခ်င္ပါတယ္။

(၁)  အိမ္ေထာင္ရွိထားသူမ်ိဳးကို ေရွာင္ပါ ။
အလုပ္ခြင္ထဲမွာ အိမ္ထာင္ရွိထားတဲ့ အမ်ိဳးသမီးတစ္ေယာကို ခ်ဥ္းကပ္ဖုိ႕ႀကိဳးစားတာမ်ိဳး ကေတာ့ လံုး၀ (လံုး၀) “NO” ပါ။ သူမကသင့္ရဲ႕ အဆုိးအေကာင္း မွန္သမွ်ကို အားတက္သေရာ ဂရုစိုက္ေပးတတ္ရံုနဲ႕ သူမဟာ သင့္ကို စိတ္၀င္စားေနၿပီလုိ႕ မထင္မိလုိက္ပါနဲ႕။ ဘာေၾကာင့္လဲဆုိေတာ့ ဒီလုိဂရုစိုက္ေနတာဟာ အလုပ္ခြင္မွာ သင့္ကို သူငယ္ခ်င္းေကာင္းတစ္ေယာက္အေနနဲ႕ လုိအပ္လုိ႕ပါပဲ။ ဒါေၾကာင့္ သင့္ရဲ႕ခံစားခ်က္ကို ျပန္လည္ၿမိဳသိပ္ထားၿပီး အၿပီးတုိင္စြန္႔ပစ္လုိက္တာက အေကာင္းဆံုးေျဖရွင္းနည္းပါပဲ။

(၂)  ကုမၸဏီရဲ႕ account ထဲကေန ေမးလ္ေတြကို အေပးအယူလုပ္တာမ်ိဳး ေရွာင္ပါ။
အေရးႀကီးသတင္းမ်ားကို email account ဒါမွမဟုတ္ social media accounts ေတြကေန မွ်ေ၀မယ့္အစား စိတ္ထဲမွာပဲ ၿမိဳသိပ္ထားလိုက္တာက ပိုေကာင္းပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ သင့္ရဲ႕ ကုမၸဏီပိုင္ account ကို သင့္ရဲ႕သူေဌးက ၀င္ေရာက္ခြင့္ရွိခ်င္ရွိေနတတ္ပါတယ္။ တကယ္လုိ႕မ်ား အလုပ္ထဲမွာ ခ်စ္သူရည္းစားရွိထားတယ္ဆုိရင္ေတာ့ ေျပာခဲ့သလိုမ်ိဳး ကုမၸဏီ account ကေန အျပန္အလွန္ ေမးလ္ပို႕တာမ်ိဳးကို ေရွာင္ပါ။

(၃)  ရံုးထဲမွာ ျပဇာတ္ခင္းမေနမိပါေစနဲ႕။
တစ္ရံုးထဲ အတူတူလုပ္ေနခ်ိန္မ်ိဳးမွာ လုိအပ္တာထက္ပိုတဲ့ ဆက္ဆံေရးမ်ိဳး အမ်ားေရွ႕မွာ မလုပ္ျပမိရင္ ပိုေကာင္းပါတယ္။ ရံုးတြင္းေျပာေနက် အတင္းအဖ်င္း အမ်ိဳးမ်ိဳးေတြက သင္တုိ႕ႏွစ္ဦးရဲ႕ ဆက္ဆံေရး (ဒါမွမဟုတ္) တက္လမ္းကို ပိတ္သြားေစႏုိင္တဲ့ အရာပါ။ ဒီေတာ့ ကိုယ့္ရဲ႕ၿပိဳင္ဘက္ ရွိထားခဲ့ရင္ ကိုယ့္ဘက္က ျပစ္ခ်က္တစ္ခု ေထာက္ျပစရာမျဖစ္ေအာင္ ပိပိရိရိေနထုိင္ၾကဖို႕ လိုအပ္ပါတယ္။

(၄)  ရာထူးၿပိဳင္လုေနသူမ်ိဳးနဲ႕ မအိပ္မိပါေစနဲ႕။
သူမဟာ အခ်စ္အေၾကာင္းေနာေက်ေနတဲ့ ခပ္လည္လည္ေကာင္မေလး တစ္ေယာက္ ဆုိရင္ေတာ့ သင္နဲ႕ ပရိုမိုးရွင္းအၿပိဳင္အဆုိင္ ျဖစ္ေနတဲ့ကာလမ်ိဳးမွာ သြားမပတ္သက္မိပါေစနဲ႕။ ဘာေၾကာင့္လဲဆုိေတာ့ သင့္ကို သေဘာရိုးနဲ႕ခ်ဥ္းကပ္တာမ်ိဳး မဟုတ္ခဲ့ရင္ သင့္ရဲ႕ အားနည္းခ်က္ေတြကို သူမသိသြားႏုိင္ပါတယ္။ ဒါေၾကာင့္ စြမ္းရည္တူူ ၊ အလုပ္အရည္အခ်င္းတူေနသူ မ်ိဳးကို တတ္ႏုိင္သမွ် မပတ္သက္ဖို႕ ေရွာင္သင့္ပါတယ္။

(၅)  သိုသိပ္မႈရွိပါ ။
 ေျပာခဲ့တဲ့ အခ်က္ေတြအားလံုးနဲ႕ ကင္းရွင္းၿပီး တကယ္စစ္မွန္တဲ့ အခ်စ္မ်ိဳးကို အလုပ္ခြင္မွာ ရွာေတြခဲ့တယ္ဆုိတာမ်ိဳးလည္း ရွိႏုိင္ပါတယ္။ ဒါဆုိရင္ေတာ့ ကံေကာင္းပါေစလုိ႕ ဆုေတာင္းေပးရ မွာေပါ့။ ဒါေပမယ့္ အေကာင္းဆံုးကေတာ့ သင္တုိ႕ရဲ႕ ခ်စ္ခင္ပတ္သက္ေနမႈကို ဖံုးကြယ္ထားတာပါပဲ။ အၾကာႀကီး စကားေျပာေနျခင္း ၊ ကိုယ္ထိလက္ေရာက္ ျပဳမူေျပာဆုိေနျခင္း နဲ႕ အလြန္နီးနီးကပ္ကပ္ ရွိေနျခင္းမ်ိဳးက သင္တုိ႕ကို သတိထားမိေစသြားႏုိင္ၿပီး ေကာလဟာလအမ်ိဳးမ်ိဳးေၾကာင့္ စိတ္ရႈပ္ရတာမ်ိဳး ရွိႏုိင္တာမုိ႕ ဒါေလးကိုေတာ့ သတိထားၿပီး ေရွာင္ၾကဥ္သင့္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : trend myanmar

#Unicode Version

ဘဝတစ်ခုတည်ဆောက်ရာမှာ အဖက်ဖက်ကို သတိထားပြီး စနစ်တကျစဉ်းစားနိုင်မှ စိတ်ချမ်းသာပြည့်စုံတဲ့ ဘဝကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ တစ်ခါတစ်ရံ တစ်ချို့သူတွေဟာ သူတို့နဲ့ကိုက်ညီတဲ့ အချစ်ကိုတွေ့ရချိန်မှာ အဲဒီအချစ်အတွက် ပေးဆပ်ရမယ့် အရင်းအနှီးက ကြီးလွန်းနေတာမျိုးလည်း ရှိနေတတ်ပါတယ်။ ဒီတော့ အလုပ်ခွင်မှာ မရှိသင့်တဲ့ ပတ်သက်ဆက်ဆံမှု အကြောင်းအနည်းငယ် ပြောပြချင်ပါတယ်။

(၁)  အိမ်ထောင်ရှိထားသူမျိုးကို ရှောင်ပါ ။
အလုပ်ခွင်ထဲမှာ အိမ်ထောင်ရှိထားတဲ့ အမျိုးသမီးတစ်ယောကို ချဉ်းကပ်ဖို့ကြိုးစားတာမျိုး ကတော့ လုံး၀ (လုံးဝ) “NO” ပါ။ သူမကသင့်ရဲ့ အဆိုးအကောင်း မှန်သမျှကို အားတက်သရော ဂရုစိုက်ပေးတတ်ရုံနဲ့ သူမဟာ သင့်ကို စိတ်ဝင်စားနေပြီလို့ မထင်မိလိုက်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ ဒီလိုဂရုစိုက်နေတာဟာ အလုပ်ခွင်မှာ သင့်ကို သူငယ်ချင်းကောင်းတစ်ယောက်အနေနဲ့ လိုအပ်လို့ပါပဲ။ ဒါကြောင့် သင့်ရဲ့ခံစားချက်ကို ပြန်လည်မြိုသိပ်ထားပြီး အပြီးတိုင်စွန့်ပစ်လိုက်တာက အကောင်းဆုံးဖြေရှင်းနည်းပါပဲ။

(၂)  ကုမ္ပဏီရဲ့ account ထဲကနေ မေးလ်တွေကို အပေးအယူလုပ်တာမျိုး ရှောင်ပါ။
အရေးကြီးသတင်းများကို email account ဒါမှမဟုတ် social media accounts တွေကနေ မျှဝေမယ့်အစား စိတ်ထဲမှာပဲ မြိုသိပ်ထားလိုက်တာက ပိုကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ သင့်ရဲ့ ကုမ္ပဏီပိုင် account ကို သင့်ရဲ့သူဌေးက ဝင်ရောက်ခွင့်ရှိချင်ရှိနေတတ်ပါတယ်။ တကယ်လို့များ အလုပ်ထဲမှာ ချစ်သူရည်းစားရှိထားတယ်ဆိုရင်တော့ ပြောခဲ့သလိုမျိုး ကုမ္ပဏီ account ကနေ အပြန်အလှန် မေးလ်ပို့တာမျိုးကို ရှောင်ပါ။

(၃)  ရုံးထဲမှာ ပြဇာတ်ခင်းမနေမိပါစေနဲ့။
တစ်ရုံးထဲ အတူတူလုပ်နေချိန်မျိုးမှာ လိုအပ်တာထက်ပိုတဲ့ ဆက်ဆံရေးမျိုး အများရှေ့မှာ မလုပ်ပြမိရင် ပိုကောင်းပါတယ်။ ရုံးတွင်းပြောနေကျ အတင်းအဖျင်း အမျိုးမျိုးတွေက သင်တို့နှစ်ဦးရဲ့ ဆက်ဆံရေး (ဒါမှမဟုတ်) တက်လမ်းကို ပိတ်သွားစေနိုင်တဲ့ အရာပါ။ ဒီတော့ ကိုယ့်ရဲ့ပြိုင်ဘက် ရှိထားခဲ့ရင် ကိုယ့်ဘက်က ပြစ်ချက်တစ်ခု ထောက်ပြစရာမဖြစ်အောင် ပိပိရိရိနေထိုင်ကြဖို့ လိုအပ်ပါတယ်။

(၄)  ရာထူးပြိုင်လုနေသူမျိုးနဲ့ မအိပ်မိပါစေနဲ့။
သူမဟာ အချစ်အကြောင်းနောကျေနေတဲ့ ခပ်လည်လည်ကောင်မလေး တစ်ယောက် ဆိုရင်တော့ သင်နဲ့ ပရိုမိုးရှင်းအပြိုင်အဆိုင် ဖြစ်နေတဲ့ကာလမျိုးမှာ သွားမပတ်သက်မိပါစေနဲ့။ ဘာကြောင့်လဲဆိုတော့ သင့်ကို သဘောရိုးနဲ့ချဉ်းကပ်တာမျိုး မဟုတ်ခဲ့ရင် သင့်ရဲ့ အားနည်းချက်တွေကို သူမသိသွားနိုင်ပါတယ်။ ဒါကြောင့် စွမ်းရည်တူူ ၊ အလုပ်အရည်အချင်းတူနေသူ မျိုးကို တတ်နိုင်သမျှ မပတ်သက်ဖို့ ရှောင်သင့်ပါတယ်။

(၅)  သိုသိပ်မှုရှိပါ ။
 ပြောခဲ့တဲ့ အချက်တွေအားလုံးနဲ့ ကင်းရှင်းပြီး တကယ်စစ်မှန်တဲ့ အချစ်မျိုးကို အလုပ်ခွင်မှာ ရှာတွေခဲ့တယ်ဆိုတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါဆိုရင်တော့ ကံကောင်းပါစေလို့ ဆုတောင်းပေးရ မှာပေါ့။ ဒါပေမယ့် အကောင်းဆုံးကတော့ သင်တို့ရဲ့ ချစ်ခင်ပတ်သက်နေမှုကို ဖုံးကွယ်ထားတာပါပဲ။ အကြာကြီး စကားပြောနေခြင်း ၊ ကိုယ်ထိလက်ရောက် ပြုမူပြောဆိုနေခြင်း နဲ့ အလွန်နီးနီးကပ်ကပ် ရှိနေခြင်းမျိုးက သင်တို့ကို သတိထားမိစေသွားနိုင်ပြီး ကောလဟာလအမျိုးမျိုးကြောင့် စိတ်ရှုပ်ရတာမျိုး ရှိနိုင်တာမို့ ဒါလေးကိုတော့ သတိထားပြီး ရှောင်ကြဉ်သင့်ပါတယ်။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : trend myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top