iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္အေလးခ်ိန္တက္တဲ့ကိစၥက သိမ္ေမြ႔နက္နဲတဲ့အေၾကာင္းအရာတစ္ခု ျဖစ္ပါတယ္။ အစားေသာက္ေတြ ဂရုစုိက္ေကာင္း ဂရုစိုက္ပါလိမ့္မယ္။ ဒါေပမယ့္ ဘီယာေသာက္ေနေသးတယ္ဆုိရင္ ကိုယ္အေလးခ်ိန္ေလွ်ာ့နည္းက်ဆင္းဖုိ႔ အေထာက္အကူျဖစ္ေစမွာ မဟုတ္ပါဘူး။ သတင္းေကာင္းကေတာ့ အရက္ျပင္းေသာက္လုိ႔ရေသးတယ္ဆုိတာပါပဲ။ အဆီ မတက္ေစပါဘူး။ ဒီေနရာမွာ သိထားရမွာက ဘီယာအပါအဝင္ သၾကားဓာတ္မ်ားတဲ့ အခ်ဳိရည္၊ ယမကာေတြ ေရွာင္ၾကဥ္ရပါမယ္။ ဘီယာအစား အျပင္းပဲ ေသာက္ပါ။

အရက္ျပင္းမွာ ကစီဓာတ္ေတြ မပါပါဘူး။ သၾကားဓာတ္ပါေပမယ့္ သဘာဝျဖစ္ျပီး ဘယ္ရီသီး၊ ၾကံရည္၊ သစ္သီးနဲ႔ ဂ်ဳံတုိ႔ကေန လာတာမုိ႔ ပိုေကာင္းပါတယ္။

သၾကားဓာတ္ သုိ႔မဟုတ္ ကစီဓာတ္ကင္း အရက္ျပင္း (၄) မ်ဳိး

၁။ ဝီစကီ

ဝီစကီမွာ သၾကား သုိ႔မဟုတ္ ကစီဓာတ္မပါဘဲ အခ်ဥ္ေဖာက္ထားတဲ့ ဂ်ဳံမုန္႔နဲ႔ ျပဳလုပ္ထားပါတယ္။

၂။ ေဗာ္ကာ

ရနံ႔သတ္ထားတဲ့ ေဗာ္ကာမဟုတ္ဘူးဆုိရင္ ရုိးရုိးေဗာ္ကာမွာ ပိုဝေစတဲ့ သၾကားနဲ႔ ကစီဓာတ္ေတြ မပါဝင္ပါဘူး။ ေဗာ္ကာကို ဂ်ဳံနဲ႔ လုပ္ထားပါတယ္။

၃။ ရမ္

ရမ္ကို ၾကံ၊ သကာစတဲ့ သဘာဝသၾကားအရင္းအျမစ္တုိ႔နဲ႔ ျပဳလုပ္ထားပါတယ္။ ပယင္းေရာင္ရမ္၊ အျဖဴေရာင္ရမ္နဲ႔ ရမ္အနက္ေရာင္အပါအဝင္ ရမ္အမ်ဳိးအစားေပါင္းစုံကေန ေရြးခ်ယ္ႏုိင္ပါတယ္။ ဒါေပမယ့့္ အနံ႔သတ္ထားတဲ့ ရမ္ေတြကို ေရွာင္ၾကဥ္သင့္ပါတယ္။

၄။ ဇင္

ဇင္နဲ႔ ဘိလပ္ရည္ (tonic) စတဲ့ အရက္နဲ႔ စပ္ေသာက္ရတဲ့ အရည္ေတြကို ေရွာင္ပါ။ ဘာလုိ႔လဲဆုိေတာ့ သူတုိ႔မွာ သၾကားေတြေပါင္းထည့္ထားလုိ႔ ျဖစ္ပါတယ္။ ဒါေပမယ့္ ရုိးရုိးဇင္က သၾကားကင္းလြတ္ပါတယ္။

ဝုိင္

ဝုိင္နဲ႔ ရုိးရုိးအရက္ျပင္းေတြဟာ ဘီယာထက္ ပိုမိုေကာင္းမြန္တဲ့ ေရြးခ်ယ္စရာေတြ ျဖစ္ပါတယ္။ ဒါေပမယ့္ အထူးသျဖင့္ ဝုိင္ကို သတိထားရပါမယ္။ ဝုိင္အားလုံး ေကာင္းတာမဟုတ္ပါဘူး။ ဘယ္ဝုိင္ေသာက္မယ္လဲ ေရြးခ်ယ္တဲ့ခါ ဝုိင္နီကို ေရြးခ်ယ္သင့္ပါတယ္။ မခ်ဳိတဲ့ ဝုိင္ျဖဴနဲ႔ ရွန္ပိန္တုိ႔မွာ သၾကားသိပ္မပါဝင္တာေၾကာင့္ ပိုမိုေကာင္းမြန္တဲ့ ေရြးခ်ယ္စရာေတြ ျဖစ္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : trend myanmar

#Unicode Version

ကိုယ်အလေးချိန်တက်တဲ့ကိစ္စက သိမ်မွေ့နက်နဲတဲ့အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။ အစားသောက်တွေ ဂရုစိုက်ကောင်း ဂရုစိုက်ပါလိမ့်မယ်။ ဒါပေမယ့် ဘီယာသောက်နေသေးတယ်ဆိုရင် ကိုယ်အလေးချိန်လျှော့နည်းကျဆင်းဖို့ အထောက်အကူဖြစ်စေမှာ မဟုတ်ပါဘူး။ သတင်းကောင်းကတော့ အရက်ပြင်းသောက်လို့ရသေးတယ်ဆိုတာပါပဲ။ အဆီ မတက်စေပါဘူး။ ဒီနေရာမှာ သိထားရမှာက ဘီယာအပါအဝင် သကြားဓာတ်များတဲ့ အချိုရည်၊ ယမကာတွေ ရှောင်ကြဉ်ရပါမယ်။ ဘီယာအစား အပြင်းပဲ သောက်ပါ။

အရက်ပြင်းမှာ ကစီဓာတ်တွေ မပါပါဘူး။ သကြားဓာတ်ပါပေမယ့် သဘာဝဖြစ်ပြီး ဘယ်ရီသီး၊ ကြံရည်၊ သစ်သီးနဲ့ ဂျုံတို့ကနေ လာတာမို့ ပိုကောင်းပါတယ်။

သကြားဓာတ် သို့မဟုတ် ကစီဓာတ်ကင်း အရက်ပြင်း (၄) မျိုး

၁။ ဝီစကီ

ဝီစကီမှာ သကြား သို့မဟုတ် ကစီဓာတ်မပါဘဲ အချဉ်ဖောက်ထားတဲ့ ဂျုံမုန့်နဲ့ ပြုလုပ်ထားပါတယ်။

၂။ ဗော်ကာ

ရနံ့သတ်ထားတဲ့ ဗော်ကာမဟုတ်ဘူးဆိုရင် ရိုးရိုးဗော်ကာမှာ ပိုဝစေတဲ့ သကြားနဲ့ ကစီဓာတ်တွေ မပါဝင်ပါဘူး။ ဗော်ကာကို ဂျုံနဲ့ လုပ်ထားပါတယ်။

၃။ ရမ်

ရမ်ကို ကြံ၊ သကာစတဲ့ သဘာဝသကြားအရင်းအမြစ်တို့နဲ့ ပြုလုပ်ထားပါတယ်။ ပယင်းရောင်ရမ်၊ အဖြူရောင်ရမ်နဲ့ ရမ်အနက်ရောင်အပါအဝင် ရမ်အမျိုးအစားပေါင်းစုံကနေ ရွေးချယ်နိုင်ပါတယ်။ ဒါပေမယ့့် အနံ့သတ်ထားတဲ့ ရမ်တွေကို ရှောင်ကြဉ်သင့်ပါတယ်။

၄။ ဇင်

ဇင်နဲ့ ဘိလပ်ရည် (tonic) စတဲ့ အရက်နဲ့ စပ်သောက်ရတဲ့ အရည်တွေကို ရှောင်ပါ။ ဘာလို့လဲဆိုတော့ သူတို့မှာ သကြားတွေပေါင်းထည့်ထားလို့ ဖြစ်ပါတယ်။ ဒါပေမယ့် ရိုးရိုးဇင်က သကြားကင်းလွတ်ပါတယ်။

ဝိုင်

ဝိုင်နဲ့ ရိုးရိုးအရက်ပြင်းတွေဟာ ဘီယာထက် ပိုမိုကောင်းမွန်တဲ့ ရွေးချယ်စရာတွေ ဖြစ်ပါတယ်။ ဒါပေမယ့် အထူးသဖြင့် ဝိုင်ကို သတိထားရပါမယ်။ ဝိုင်အားလုံး ကောင်းတာမဟုတ်ပါဘူး။ ဘယ်ဝိုင်သောက်မယ်လဲ ရွေးချယ်တဲ့ခါ ဝိုင်နီကို ရွေးချယ်သင့်ပါတယ်။ မချိုတဲ့ ဝိုင်ဖြူနဲ့ ရှန်ပိန်တို့မှာ သကြားသိပ်မပါဝင်တာကြောင့် ပိုမိုကောင်းမွန်တဲ့ ရွေးချယ်စရာတွေ ဖြစ်ပါတယ်။


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : trend myanmar


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top