iMyanmarHouse.com - Best Property Website for Myanmar
×

ျမင္ျမင္ခ်င္းမွာပဲ ဒီအခ်က္ေတြရွိေလာက္မယ့္လူလို႕ အလုိလိုယံုၾကည္ေနမိရင္ေတာ့ သူ႕ကိုျမင္ျမင္ခ်င္း ခ်စ္မိဖို႕ ေသခ်ာသေလာက္ ျဖစ္သြားပါျပီ။

တခ်ိဳ႕က ျမင္ျမင္ခ်င္းခ်စ္မိတယ္ဆိုတဲ့အခ်စ္ကို အယံုအၾကည္မရွိၾကပါဘူး။ ဒါေပမဲ့ လူတစ္ေယာက္ကို ျမင္ျမင္ခ်င္းမွာပဲ ဒီအခ်က္ေတြရွိေလာက္မယ့္လူလို႕ အလုိလိုယံုၾကည္ေနမိရင္ေတာ့ သူ႕ကိုျမင္ျမင္ခ်င္းခ်စ္မိဖို႕ ေသခ်ာသေလာက္ ျဖစ္သြားပါျပီ။

၁။ ခ်ိန္းထားတဲ့စားေသာက္ဆိုင္က ၀န္ထမ္းေတြကို ေကာင္းေကာင္းဆက္ဆံတယ္
ကိုယ့္အျမင္မွာ သူက ကိုယ္နဲ႕ စားေသာက္ဆိုင္တစ္ခုခုမွာ ပထမဆံုးအၾကိမ္ခ်ိန္းေတြ႕တဲ့အခါ စားေသာက္စရာေတြမွာတာ၊ စကားေျပာတာေတြခ်ိဳသာေနတယ္၊ ၀န္ထမ္းေတြကို ယဥ္ယဥ္ေက်းေက်းေကာင္းေကာင္းမြန္မြန္ရွိေနတယ္လို႕ ခံစားေနရရင္ သူ႕ကိုသင္သေဘာက်ေနတာ ခ်စ္မိသြားႏုိင္တာ ေသခ်ာသေလာက္ရွိေနပါျပီ။
၂။ သူ႔မိသားစုနဲ႔လည္း အဆင္ေျပမယ့္လူလို႔ ခံစားမိတယ္
သူနဲ႕စကားစျမည္ေျပာၾကည့္ရာကေန သူဟာ သူ႔မိသားစု၀င္ေတြနဲ႕လည္း အဆင္ေျပမယ့္သူလို႕ ခန္႕မွန္းမိေနတာမ်ိဳး၊ အိမ္ကလူေတြကိုလည္း ဂရုတစိုက္၊ အေရးတယူရွိေနတာမ်ိဳးကိုဆိုလိုတာပါ။

၃။ အလုပ္မ်ားတဲ့သူ၊ အလုပ္နဲ႕ပတ္သက္ျပီး ရည္မွန္းခ်က္ၾကီးမားတဲ့ အရည္အခ်င္းရွိတဲ့သူလို႕ထင္တယ္
သူ႕အလုပ္ကိုလည္း အေလးေပးတယ္၊ အလုပ္မ်ားျပီး အလုပ္နဲ႕ပတ္သက္လို႕ေလာဘၾကီးတယ္လို႕ထင္ေနသလား၊ သူ႕ရည္မွန္းခ်က္ပန္းတိုင္အတြက္ ၾကိဳးၾကိဳးစားစားရွိတယ္လို႕ ခံစားေနရပါသလား၊ ဒါဆိုရင္လည္း သင္သူ႕ကိုေတာ္ေတာ္သေဘာက်ေနတာ ေသခ်ာပါျပီ။
၄။ ငါနဲ႕အဆင္မေျပေလာက္ဘူးလို႕ထင္တယ္
ျမင္ျမင္ခ်င္းခ်စ္မိသြားတတ္သူေတာ္ေတာ္မ်ားမ်ား ပထမဆံုးေတြ႕ေတြ႕ခ်င္း ျဖစ္သြားတတ္တဲ့စိတ္က ဒီလူက ငါနဲ႕ အဆင္မေျပေလာက္ဘူး၊ ငါနဲ႕ပံုစံမတူေလာက္ဘူးဆိုတဲ့ စိတ္ပါ။ တကယ္တမ္းမွာ အဲ့လိုေတြးမိရာကေနပဲ ခ်စ္တဲ့စိတ္ကို လြယ္လြယ္ေျပာင္းသြားတတ္ၾကပါတယ္။

၅။ ၂လ ၃လၾကာတာေတာင္ မေမ့ဘူး
ေတြ႕ျပီး ၂လ ၃လၾကာတာေတာင္ မေမ့ဘဲ သူ႕ကိုထပ္ေတြ႕ခ်င္တဲ့စိတ္ျဖစ္တာ၊ သူနဲ႕ေတြ႕ခဲ့တာကိုစဥ္းစားျပီး ပီတိျဖစ္ေနတာကိုဆိုလိုတာပါ။
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:Duwun
 http://www.duwun.com.mm/lifestyle/-id4761473.html?

#Unicode Version

မြင်မြင်ချင်းမှာပဲ ဒီအချက်တွေရှိလောက်မယ့်လူလို့ အလိုလိုယုံကြည်နေမိရင်တော့ သူ့ကိုမြင်မြင်ချင်း ချစ်မိဖို့ သေချာသလောက် ဖြစ်သွားပါပြီ။

တချို့က မြင်မြင်ချင်းချစ်မိတယ်ဆိုတဲ့အချစ်ကို အယုံအကြည်မရှိကြပါဘူး။ ဒါပေမဲ့ လူတစ်ယောက်ကို မြင်မြင်ချင်းမှာပဲ ဒီအချက်တွေရှိလောက်မယ့်လူလို့ အလိုလိုယုံကြည်နေမိရင်တော့ သူ့ကိုမြင်မြင်ချင်းချစ်မိဖို့ သေချာသလောက် ဖြစ်သွားပါပြီ။


၁။ ချိန်းထားတဲ့စားသောက်ဆိုင်က ဝန်ထမ်းတွေကို ကောင်းကောင်းဆက်ဆံတယ်
ကိုယ့်အမြင်မှာ သူက ကိုယ်နဲ့ စားသောက်ဆိုင်တစ်ခုခုမှာ ပထမဆုံးအကြိမ်ချိန်းတွေ့တဲ့အခါ စားသောက်စရာတွေမှာတာ၊ စကားပြောတာတွေချိုသာနေတယ်၊ ဝန်ထမ်းတွေကို ယဉ်ယဉ်ကျေးကျေးကောင်းကောင်းမွန်မွန်ရှိနေတယ်လို့ ခံစားနေရရင် သူ့ကိုသင်သဘောကျနေတာ ချစ်မိသွားနိုင်တာ သေချာသလောက်ရှိနေပါပြီ။
၂။ သူ့မိသားစုနဲ့လည်း အဆင်ပြေမယ့်လူလို့ ခံစားမိတယ်
သူနဲ့စကားစမြည်ပြောကြည့်ရာကနေ သူဟာ သူ့မိသားစုဝင်တွေနဲ့လည်း အဆင်ပြေမယ့်သူလို့ ခန့်မှန်းမိနေတာမျိုး၊ အိမ်ကလူတွေကိုလည်း ဂရုတစိုက်၊ အရေးတယူရှိနေတာမျိုးကိုဆိုလိုတာပါ။

၃။ အလုပ်များတဲ့သူ၊ အလုပ်နဲ့ပတ်သက်ပြီး ရည်မှန်းချက်ကြီးမားတဲ့ အရည်အချင်းရှိတဲ့သူလို့ထင်တယ်
သူ့အလုပ်ကိုလည်း အလေးပေးတယ်၊ အလုပ်များပြီး အလုပ်နဲ့ပတ်သက်လို့လောဘကြီးတယ်လို့ထင်နေသလား၊ သူ့ရည်မှန်းချက်ပန်းတိုင်အတွက် ကြိုးကြိုးစားစားရှိတယ်လို့ ခံစားနေရပါသလား၊ ဒါဆိုရင်လည်း သင်သူ့ကိုတော်တော်သဘောကျနေတာ သေချာပါပြီ။
၄။ ငါနဲ့အဆင်မပြေလောက်ဘူးလို့ထင်တယ်
မြင်မြင်ချင်းချစ်မိသွားတတ်သူတော်တော်များများ ပထမဆုံးတွေ့တွေ့ချင်း ဖြစ်သွားတတ်တဲ့စိတ်က ဒီလူက ငါနဲ့ အဆင်မပြေလောက်ဘူး၊ ငါနဲ့ပုံစံမတူလောက်ဘူးဆိုတဲ့ စိတ်ပါ။ တကယ်တမ်းမှာ အဲ့လိုတွေးမိရာကနေပဲ ချစ်တဲ့စိတ်ကို လွယ်လွယ်ပြောင်းသွားတတ်ကြပါတယ်။

၅။ ၂လ ၃လကြာတာတောင် မမေ့ဘူး
တွေ့ပြီး ၂လ ၃လကြာတာတောင် မမေ့ဘဲ သူ့ကိုထပ်တွေ့ချင်တဲ့စိတ်ဖြစ်တာ၊ သူနဲ့တွေ့ခဲ့တာကိုစဉ်းစားပြီး ပီတိဖြစ်နေတာကိုဆိုလိုတာပါ။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:Duwun
 http://www.duwun.com.mm/lifestyle/-id4761473.html?
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top