iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးဆုိတာမ်ိဳးက စိတ္ထားႏုနယ္ၾကသူေတြပါ။ စိတ္ကူးယဥ္ ေတြးေတာလြန္းသူေတြ၊ ႐ိုမန္႔တန္ဆန္သူေတြ၊ စိတ္လႈပ္႐ွားလြယ္သူေတြလည္း ျဖစ္ပါတယ္။ ဆယ္ေက်ာ္သက္ဘဝ အပ်ိဳမေလးအ႐ြယ္မွာေတာ့ အရမ္းကို စိတ္ကူးယဥ္ျဖစ္ၾကပါတယ္။ အဓိက စိတ္ကူးယဥ္ ေတြးေတာျဖစ္ၾကတဲဲ့ အေၾကာင္းအရာေတြကေတာ့ ဒါေတြပါပဲ။

၁။ အလုပ္အကိုင္လမ္းေၾကာင္း

ဘယ္တကၱသိုလ္တက္ၿပီး ဘယ္လိုဘြဲ႔ကို ရေအာင္ယူမယ္။ ၿပီးရင္ ဘာလုပ္မယ္ဆုိတာမ်ိဳးေတြ စိတ္ကူးယဥ္ၾကပါတယ္။ တခ်ိဳ႕ကေတာ့ စီးပြားေရးလုပ္ငန္း၊ တခ်ိဳ႕ကေတာ့ ပညာနဲ႔အသက္ေမြးဝမ္းေၾကာင္းလုပ္ဖုိ႔ ေတြးေတာၾကပါတယ္။ စိတ္ကူးေတြယဥ္ ေတြးေတာတာသာ မ်ားေနၿပီး တကယ္အားစိုက္ဖုိ႔က်ေတာ့ ပ်င္းေနၾကေရာေလ။

၂။ အခ်စ္ေရး

ကိုယ့္ရဲ႕ အိမ္ေထာင္ဖက္ဟာ ဘယ္လုိလူမ်ိဳးျဖစ္ရမယ္ဆိုၿပီးေတာ့လည္း စံသတ္မွတ္ခ်က္ေတြ ထားၾကပါတယ္။ ဥပမာ အရပ္႐ွည္ရမယ္၊ ဘြဲ႔ရျဖစ္ရမယ္ ဆိုတာမ်ိဳးေတြေပါ့။ ခ်စ္သူရည္းစား ရလာၿပီဆုိရင္လည္း သူနဲ႔ပဲအိမ္ေထာင္ျပဳၿပီး ရာသက္ပန္လက္တြဲရလိမ့္မယ္လို႔ ထင္ေနမိခဲ့ပါတယ္။ တကယ္တမ္း အရြယ္ေရာက္လို႔ အိမ္ေထာင္လည္းက်ေရာ ထင္ထားတာေတြနဲ႔ အေတာ္မ်ားမ်ား ကြဲလြဲရတာလည္း မိန္းကေလးတုိ႔ဘဝပါပဲ။

၃။ မဂၤလာပြဲ

အေနာက္တိုင္းဆိုရိုးစကားတစ္ခု ရွိပါတယ္။ ေယာက္်ားေတြက မိန္းမယူဖို႔ မဂၤလာေဆာင္တာျဖစ္ၿပီး မိန္းမေတြကေတာ့ မဂၤလာေဆာင္ခ်င္လို႔ ေယာက္်ားယူၾကတာျဖစ္ပါသတဲ့။ ဆိုလိုတာကေတာ့ မိန္းကေလးေတြဟာ လက္ထပ္မဂၤလာပြဲကို အရမ္းအေလးအနက္ထားတယ္ဆိုတဲ့ သေဘာပါပဲ။ ဘယ္လိုေနရာမွာ ဘယ္လိုမ်ိဳးဝတ္ၿပီး မဂၤလာေဆာင္မယ္ဆုိတာမ်ိဳးကို မိန္းကေလးတိုင္း စိတ္ကူးယဥ္ဖူးၾကပါတယ္။

၄။ ဘဝပန္းတုိင္

အသက္ ၃၀ အရြယ္မွာ အလုပ္ထဲမွာ ေနရာတစ္ခုရေနဖုိ႔၊ ဒါမွမဟုတ္ ကိုယ္ဝါသနာပါတဲ့လမ္းေၾကာင္းေပၚကို ေရာက္ေနဖုိ႔ ႀကိဳတင္စိတ္ကူးထားတတ္ၾကပါတယ္။ အိမ္ေထာင္သည္ျဖစ္ေနရမယ္၊ ကေလးတစ္ေယာက္ေလာက္ေတာ့ ရေနရမယ္လို႔ ဆံုးျဖတ္ထားၾကသူေတြလည္း ရွိပါတယ္။

၅။ ဒရာမာဇာတ္လမ္းေတြ

ဆယ္ေက်ာ္သက္ဘဝမွာ အခ်စ္ဝတၳဳေတြကိုလည္း စတင္ဖတ္႐ႈေနပါၿပီ။ ငယ္ငယ္က နားမလည္ခဲ့တဲ့ အခ်စ္ဇာတ္ကားေတြကိုလည္း အရူးအမူးၾကည့္ေနတတ္တဲ့အရြယ္ပါ။ ကိုရီးယားဇာတ္လမ္းတြဲေတြ၊ ႐ုပ္ရွင္နဲ႔ ဝတၳဳေတြရဲ႕ လႊမ္းမိုးမႈကို အႀကီးအက်ယ္ခံေနရတဲ့အရြယ္္လည္း ျဖစ္ပါတယ္။ ကိုယ္ႀကိဳက္တဲ့ မင္းသားေတြ၊ အဆုိေတာ္ေတြနဲ႔လည္း စိတ္ကူးထဲမွာ ဒရာမာေတြခင္းေနလိုက္တာ မၿပီးႏိုင္ေတာ့ပါဘူး။
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit : duwun

#Unicode Version

 မိန်းကလေးဆိုတာမျိုးက စိတ်ထားနုနယ်ကြသူတွေပါ။ စိတ်ကူးယဉ် တွေးတောလွန်းသူတွေ၊ ရိုမန့်တန်ဆန်သူတွေ၊ စိတ်လှုပ်ရှားလွယ်သူတွေလည်း ဖြစ်ပါတယ်။ ဆယ်ကျော်သက်ဘဝ အပျိုမလေးအရွယ်မှာတော့ အရမ်းကို စိတ်ကူးယဉ်ဖြစ်ကြပါတယ်။ အဓိက စိတ်ကူးယဉ် တွေးတောဖြစ်ကြတဲ့ အကြောင်းအရာတွေကတော့ ဒါတွေပါပဲ။

၁။ အလုပ်အကိုင်လမ်းကြောင်း

ဘယ်တက္တသိုလ်တက်ပြီး ဘယ်လိုဘွဲ့ကို ရအောင်ယူမယ်။ ပြီးရင် ဘာလုပ်မယ်ဆိုတာမျိုးတွေ စိတ်ကူးယဉ်ကြပါတယ်။ တချို့ကတော့ စီးပွားရေးလုပ်ငန်း၊ တချို့ကတော့ ပညာနဲ့အသက်မွေးဝမ်းကြောင်းလုပ်ဖို့ တွေးတောကြပါတယ်။ စိတ်ကူးတွေယဉ် တွေးတောတာသာ များနေပြီး တကယ်အားစိုက်ဖို့ကျတော့ ပျင်းနေကြရောလေ။

၂။ အချစ်ရေး

ကိုယ့်ရဲ့ အိမ်ထောင်ဖက်ဟာ ဘယ်လိုလူမျိုးဖြစ်ရမယ်ဆိုပြီးတော့လည်း စံသတ်မှတ်ချက်တွေ ထားကြပါတယ်။ ဥပမာ အရပ်ရှည်ရမယ်၊ ဘွဲ့ရဖြစ်ရမယ် ဆိုတာမျိုးတွေပေါ့။ ချစ်သူရည်းစား ရလာပြီဆိုရင်လည်း သူနဲ့ပဲအိမ်ထောင်ပြုပြီး ရာသက်ပန်လက်တွဲရလိမ့်မယ်လို့ ထင်နေမိခဲ့ပါတယ်။ တကယ်တမ်း အရွယ်ရောက်လို့ အိမ်ထောင်လည်းကျရော ထင်ထားတာတွေနဲ့ အတော်များများ ကွဲလွဲရတာလည်း မိန်းကလေးတို့ဘဝပါပဲ။

၃။ မင်္ဂလာပွဲ

အနောက်တိုင်းဆိုရိုးစကားတစ်ခု ရှိပါတယ်။ ယောက်ျားတွေက မိန်းမယူဖို့ မင်္ဂလာဆောင်တာဖြစ်ပြီး မိန်းမတွေကတော့ မင်္ဂလာဆောင်ချင်လို့ ယောက်ျားယူကြတာဖြစ်ပါသတဲ့။ ဆိုလိုတာကတော့ မိန်းကလေးတွေဟာ လက်ထပ်မင်္ဂလာပွဲကို အရမ်းအလေးအနက်ထားတယ်ဆိုတဲ့ သဘောပါပဲ။ ဘယ်လိုနေရာမှာ ဘယ်လိုမျိုးဝတ်ပြီး မင်္ဂလာဆောင်မယ်ဆိုတာမျိုးကို မိန်းကလေးတိုင်း စိတ်ကူးယဉ်ဖူးကြပါတယ်။

၄။ ဘဝပန်းတိုင်

အသက် ၃၀ အရွယ်မှာ အလုပ်ထဲမှာ နေရာတစ်ခုရနေဖို့၊ ဒါမှမဟုတ် ကိုယ်ဝါသနာပါတဲ့လမ်းကြောင်းပေါ်ကို ရောက်နေဖို့ ကြိုတင်စိတ်ကူးထားတတ်ကြပါတယ်။ အိမ်ထောင်သည်ဖြစ်နေရမယ်၊ ကလေးတစ်ယောက်လောက်တော့ ရနေရမယ်လို့ ဆုံးဖြတ်ထားကြသူတွေလည်း ရှိပါတယ်။

၅။ ဒရာမာဇာတ်လမ်းတွေ

ဆယ်ကျော်သက်ဘဝမှာ အချစ်ဝတ္ထုတွေကိုလည်း စတင်ဖတ်ရှုနေပါပြီ။ ငယ်ငယ်က နားမလည်ခဲ့တဲ့ အချစ်ဇာတ်ကားတွေကိုလည်း အရူးအမူးကြည့်နေတတ်တဲ့အရွယ်ပါ။ ကိုရီးယားဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်နဲ့ ဝတ္ထုတွေရဲ့ လွှမ်းမိုးမှုကို အကြီးအကျယ်ခံနေရတဲ့အရွယ်လည်း ဖြစ်ပါတယ်။ ကိုယ်ကြိုက်တဲ့ မင်းသားတွေ၊ အဆိုတော်တွေနဲ့လည်း စိတ်ကူးထဲမှာ ဒရာမာတွေခင်းနေလိုက်တာ မပြီးနိုင်တော့ပါဘူး။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : duwun

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top